@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 14 January 2015

Deed (ကံ) လေးမျိုးလေးလီ



ကံ ၄-မျိုး ၄-လီ (ကမ္မ စတုက္က) Four Kinds of Kamma (Kamma-catukka)
Kamma, Sanskrit karma, literally means volitional action or deed. As a rule good actions bear good results and bad actions bear bad results.

ကိစ္စ၏ အစွမ်းဖြင့် ကိစ္စကမ္မ စတုက္ကကံ ၄-မျိုး --
With respect to function, there are four kinds of kamma (Kicca-kamma Catukka)

(၁) ဇနကကံ (Janaka-kamma)
  • Reproductive kamma which produces mental aggregates and material aggregates at the moment of conception as well as throughout the life-time of the individual;
  • ပဋိသန္ဓေ အကျိုးနှင့် ပဝတ္တိအကျိုးတို့ကို ကိုယ်တိုင် ဖြစ်စေတတ်သောကံ။
ဇနကံသည် ပဋိသန္ဓေအခါ နှင့် ပဝတ္တိအခါတို့၌ ဝိပါက်စိတ် နှင့် စေတသိက်များ (ဝိပါက်နာမက္ခန္ဓာ)၊ ကမ္မဇရုပ် နှင့် ဥတုဇရုပ် (ကဋတ္တာရုပ်) တို့ကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ် စေတနာ ဖြစ်၏။

(၂) ဥပတ္ထမ္ဘကကံ (Upatthambhaka-kamma)
  • Supportive kamma which supports the janaka-kamma as well as the effect of the janaka-kamma throughout the life-time of the individual;
  • ဇနကကံကို အထောက်အပံ့ပြုသော ကံ။
မိမိကိုယ်တိုင်ကား အကျိုး မပေးနိုင်။ တစ်ပါးသော ကံကို အကျိုးပေးခွင့် ရလေအောင်၊ အကျိုးပေးခွင့် ရသည့်အခါ အကျိုးပေးသန်လေအောင်၊ အကျိုးပေးနေသည့်အခါ ထိုအကျိုးများ ကြာရှည် ဖွံ့ဖြိုးလေအောင် လျော်စွာ ထောက်ပံ့ ကူညီတတ်သော ကုသိုလ်, အကုသိုလ်ကံကို ဆိုလို၏။


(၃) ဥပပီဠကကံ (Upapilaka-kamma)
  • Obstructive kamma which weakens, interrupts or retards the fruition of the janaka kamma;
  • ဇနကကံ၏ အကျိုးကို အားနည်းချဲ့နဲ့အောင် ဖိနှိပ်တတ်သော ကံ။
တစ်ပါးသောကံ အကျိုးပေးခွင့် မရလေအောင်၊ အခွင့်ရလျှင် အကျိုးပေး မထက်သန်အောင်၊ ရပြီးသည့် အကျိုးကိုလည်း မဖွံ့ဖြိုးလေအောင် ကပ်၍ နှိပ်စက်တတ်သော ကံကို ဆိုလို၏။

(၄) ဥပဃာတကကံ (Upaghàtaka-kamma)
  • Destructive kamma which not only cuts off the effect of the janaka kamma but also destroys the janaka kamma and produce its own effect. In other words, the person dies abruptly and is reborn in accordance with the upaghàtaka-kamma.
  • ဇနကကံ အကျိုးပေးထားသော ဝိပါက်နာမက္ခန္ဓာ နှင့် ကဋတ္တာရုပ် အစဉ်ကို ဖြတ်တတ်သော ကံ။

  • အကျိုးပေးသော အလှည့်အကြိမ်အားဖြင့် ပါကဒါနပရိယာယကမ္မစတုက္က ကံ ၄-မျိုး ---
With respect to the priority in bearing results, there are four kinds of kamma (Pàkadànapariyàya-kamma Catukka)

(၁) ဂရုကကံ (Garuka-kamma)
  • Weighty kamma which is so strong that no other kamma can stop its function in the next life. In other words, it certainly produces its results in the next life.
Bad weighty kammas are pa¤cànantariya kamma, namely, (i) creating a schism in the Saügha, (ii) wounding a Buddha, (iii) murdering an arahat, (iv) matricide, and, (v) parricide. Niyata-micchàdiññhi (permanent false view) is also termed as one of the weighty kammas.
On the other hand, 5 råpàvacara-kusala kammas and 4 aråpàvacara-kusala kammas are good weighty kammas. Lokuttara-magga is also a weighty force for it closes the
doors of the four apàya abodes for ever.
  • တစ်ပါးသော ကံများက မတားမြစ်နိုင်ဘဲ စုတိပြီး အခြားမဲ့၌ အကျိုးပေးမြဲဖြစ်သော အလွန် အပြစ်ကြီးသည့် အကုသိုလ်ကံ (သို့) အလွန် အာနုဘော်ကြီးသည့် ကုသိုလ်ကံ။
{ အမိကို သတ်သော မာတုဃာတကကံ, အဘကို သတ်သော ပိတုဃာတကကံ, ရဟန္တာကို သတ်သော အရဟန္တဃာတကကံ, မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် ပြုသော လောဟိတုပ္ပါဒကကံ, သံဃာကို သင်းခွဲသော သံဃဘေဒကကံ ဟူ၍ ဤအနန္တရိယကံ ၅-ပါး (ပဉ္စာနန္တရိယကံ) တို့ကို အကုသိုလ်အရာ၌ ဂရုကံများဟု မှတ်အပ်၏၊ ကံ-ကံ၏ အကျိုးမရှိဟု မှတ်ယူသော နိယတမိစ္ဆာဒိဋ္ဌိကိုလည်း အချို့က ဂရုကကံ၌ ထည့်သွင်းကြ၏။}
{ကုသိုလ်အရာ၌မူ မဟဂ္ဂုတ် ကုသိုလ်ကံ နှင့် လောကုတ္တရာကံ တို့ကို ဂရုကကံ များဟု မှတ်အပ်၏၊}

(၂) အာသန္နကံ
  • Proximate kamma that is performed or remembered just before death.
  • ရှေးအခါက ပြုခဲ့ပြီး၍ သေခါနီးအခါ၌ အောက်မေ့အပ် (ဆင်ခြင်နေအပ်) သော ကုသိုလ်ကံသည် လည်းကောင်း၊ သေခါနီးသော အချိန်၌ ပြုအပ်သော ကုသိုလ်, အကုသိုလ်ကံ သည်လည်းကောင်း အာသန္နကံ မည်၏။

(၃) အာစိဏ္ဏကံ
  • Habitual kamma which is performed regularly, or it may be a kamma which is performed once and is recollected and remembered all the time.
  • အမြဲမပြတ် နေ့စဉ် ဝတ်ထား၍ လေ့လာပြုလုပ်အပ်သော ကုသိုလ်, အကုသိုလ် ကံသည် လည်းကောင်း၊ တစ်ကြိမ် ပြုပြီးနောက် အမြဲမပြတ် ဆင်ခြင်အောက်မေ့အပ်သော ကုသိုလ်, အကုသိုလ်ကံသည် လည်းကောင်း အာစိဏ္ဏံ မည်၏။

(၄) ကဋတ္တာကံ
  • Unspecified kamma which is done once and soon forgotten.
  • ဂရုကံ, အာသန္န, အာစိဏ္ဏကံ အခြေအနေသို့ မရောက်တတ်ဘဲ ဤဘဝ၌ ပြုလုပ်ခဲ့သော ကံများနှင့် ရှေးရှေးဘဝများ၌ ပြုလုပ်ခဲ့သော ကံများတည်း။ ဤကံတို့လည်း အခွင့်သာသည့်အခါ ပဋိသန္ဓေအကျိုးနှင့် ပဝတ္တိအကျိုးတို့ကို ပေးနိုင်ကြ၏။

အထက်ပါ ပါကဒါနပရိယာယကမ္မစတုက္က က ၄-မျိုးတို့၏ အလှည့်အစဉ်အတိုင်း အကျိုးပေးပုံမှာ အကြင် ပုဂ္ဂိုလ်တစ်ဦးတွင် ကံ ၄-မျိုးစလုံး ရှိငြားအံ့။ ဂရုကကံသည် ရှေးဦးစွာ စုတိ၏ အခြားမဲ့ ဖြစ်သော ဒုတိယဘဝ၌ အကျိုးပေး၏၊ ထိုကံ မရှိခဲ့သော် အာသန္နကံသည် အကျိုးပေး၏၊ အာသန္နကံ မရှိခဲ့သော အာစိဏ္ဏကံသည် အကျိုးပေး၏၊ ယင်း အာစိဏ္ဏကံ မရှိခဲ့သော် ကဋတ္တာကံသည် အကျိုးပေး၏။

  • အကျိုးပေးရာ ကာလ၏ အစွမ်းအားဖြင့် ‘ပါကကာလ ကမ္မစတုက္က’ ကံ ၄-မျိုး --
With respect to the time of taking effect there are four kinds of kamma: (Pàkakàla-kamma Catukka)

(၁) ဒိဋ္ဌဓမ္မဝေဒနိယကံ (Diññhadhammavedanãya-kamma)
Immediately effective kamma which bears fruits in the present life;
မျက်မှောက်ဘဝ၌ အကျိုးပေးသော ကံ။ ဇော ၇-ချက်တို့တွင် ပထမ ဇောစေတနာသည် အခုပစ္စုပ္ပန်ဘဝ၌ အကျိုးပေးခြင်းကြောင့် ဒိဋ္ဌဓမ္မဝေဒနိယကံ မည်၏။

(၂) ဥပပဇ္ဇ ဝေဒနိယကံ (Upapajjavedanãya-kamma)
Subsequently effective kamma which bears fruits in the next (second) life;
အခြားမဲ့ ဖြစ်သော ဒုတိယ ဘဝ၌ အကျိုးပေးသော သတ္တမ ဇော စေတနာ။

(၃) အပရာ ပရိယ ဝေဒနိယကံ (Aparàpariyavedanãya-kamma)
Indefinitely effective kamma which bears fruits from the third life till the last life when the person realizes Nibbàna;
မျက်မှောက်ဘဝ နှင့် ဒုတိယဘဝတို့မှ တစ်ပါး တတိယ ဘဝမှ စ၍ အနာဂတ် နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အကျိုးပေးတတ်သော အလယ်ဇော ၅-ချက် စေတနာ။

(၄) အဟောသိကံ (Ahosi-kamma)
Defunct kamma which no longer bears fruits. 
အထက်တွင် ဆိုခဲ့ပြီးသော ဒိဋ္ဌဓမ္မ ဝေဒနိယကံ စသည့် ကံ ၃-ပါးတို့သည် အကျိုးပေးရန် အခွင့်မသာ အခါမသင့် ဖြစ်ခဲ့လျှင် မိမိတို့ ဆိုင်ရာ ကာလ အားလျော်စွာ အကျိုးမပေးနိုင်ကြတော့ဘဲ အလိုလို သုဉ်း၍ သုဉ်း၍ သွားကြ၏၊ ထိုအခါ ထိုကံတို့သည် အဟောသိကံ ဖြစ်ကြကုန်၏။

  • အကျိုးပေးရာ ဘုံဌာန၏ အစွမ်းအားဖြင့် ပါကဌာန ကမ္မစတုက္က ကံ ၄-မျိုး ---
With respect to the place where the kammic effect takes place, kamma is divided into four classes: Pàkathàna-kamma Catukka ---

(၁) အကုသိုလ်ကံ (Akusala kamma)
Immoral action which produces its effect in the four apàya abodes.
အပါယ် ၄-ဘုံ၌ ပဋိသန္ဓေအကျိုး နှင့် ပဝတ္တိအကျိုး တို့ကို ပေးသောကံ

(၂) ကာမ ကုသိုလ်ကံ (Kàmàvacara-kusala kamma)
Moral action in the sense-sphere that produces its effect in the seven sensuous blissful realms (kàmaloka);
ကာမ သုဂတိ ၇-ဘုံ၌ ပဋိသန္ဓေအကျိုး နှင့် ပဝတ္တိအကျိုး တို့ကို ပေးသောကံ

(၃) ရူပါဝစရ ကုသိုလ်ကံ (Råpàvacara-kusala kamma)
Moral action in the fine-material sphere that produces its effect in the sixteen råpa-realm (råpaloka);
ရူပ ဗြဟ္မာ ၁၆-ဘုံ၌ ပဋိသန္ဓေအကျိုး နှင့် ပဝတ္တိအကျိုး တို့ကို ပေးသောကံ

(၄) အရူပါဝစရ ကုသိုလ်ကံ (Aråpàvacara-kusala kamma)
Moral action in the non-material sphere that produces its effect in the four aråpa-realms (aråpaloka).
အရူပ ဗြဟ္မာ ၄-ဘုံ၌ ပဋိသန္ဓေအကျိုး နှင့် ပဝတ္တိအကျိုး တို့ကို ပေးသောကံ။

  • The place where kamma occurs or the means by which kamma arises is called kamma-dvàra.
  • ကံ ဖြစ်ရာ ဖြစ်ကြောင်း ဖြစ်သည့်ဌာနကို ‘ကမ္မ ဒွါရ’ ဟု ခေါ်၏။
  • Kàya-dvàra : Special bodily movement called kàyavi¤¤atti where bodily action (kàya-kamma) occurs.
  • ကာယ ဝိညတ်ရုပ် ဟုဆိုအပ်သော ကိုယ်အမူအရာအထူးသည် ကိုယ်ဖြင့် ပြုလုပ်သော ကာယကံ၏ ဖြစ်ရာ ဖြစ်ကြောင်း ဖြစ်သောကြောင့် ကာယဒွါရ မည်၏။
  • Vacã-dvàra : Speech-producing movement of the mouth called vacivi¤¤atti where verbal action (vacãkamma) arises.
  • ဝစီဝိညတ်ရုပ်ဟု ဆိုအပ်သော နှုတ်အမူအရာအထူးသည် နှုတ်ဖြင့် ပြောဆို၍ အထမြောက်စေသော ဝစီကံ ဖြစ်ရာ ဖြစ်ကြောင်း ဖြစ်သောကြောင့် ဝစီဒွါရ မည်၏။
  • Mano-dvàra ; All cittas where mental action (mano-kamma) arises.
  • အဘိဇ္ဇာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ (လောဘ, ဒေါသ, ဒိဋ္ဌိ) တို့နှင့် အတူတကွ ဖြစ်သော လောဘမူ, ဒေါသမူ ဇောစိတ်တို့သည် မနောဒွါရ မည်၏။

အကုသိုလ် ကံ ၁၀-ပါး (အကုသလ ကမ္မပထ ဒုစရိုက် ၁၀-ပါး) Akusala-kàya-kamma
အကုသလ ကမ္မ = အကုသိုလ်ကံ၊ ပထ = အပါယ်ရောက်ကြောင်းလမ်း၊ ဒု = မကောင်းသော၊ စရိတ = စရိုက်, အကျင့်)

(၁) ကာယကံ ၃-ပါး , 3 unwholesome bodily actions
1 Pànàtipàtà – killing any living being,
2 Adinnàdànà – stealing or taking other’s property unlawfully,
3 Kamesu-micchàcàrà – sexual misconduct such as unlawful sexual intercourse.
၁။  ပါဏာတိပါတကံ - သူ့အသတ်သက်ခြင်း       - ဒေါသ ကြောင့်ဖြစ်။
၂။  အဒိန္နာဒါနကံ - သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက် လှည့်ပတ်၍ ယူခြင်း  -  လောဘ, ဒေါသ ကြောင့်ဖြစ်။
၃။  ကာမေသုမိစ္ဆာစာရကံ - ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း  - လောဘ ကြောင့်ဖြစ်။

(၂) ဝစီကံ ၄-ပါး , 4 unwholesome verbal actions
4 Musàvàdà – lying,
5 Pisunavàcà – slandering,
6 Pharusavàcà – rude or harsh speech,
7 Samphappalàpa – vain talk or foolish babble.
၁။ မုသာဝါဒကံ -  လိမ်လည်ပြောဆိုခြင်း။          - လောဘ, ဒေါသ ကြောင့်ဖြစ်။
၂။ ပိသုဏဝါစာကံ - ကုန်းတိုက်ခြင်း။                - လောဘ, ဒေါသ ကြောင့်ဖြစ်။
၃။ ဖရုသဝါစာကံ - ကြမ်းတမ်းသော စကားကို ပြောခြင်း။  -  ဒေါသ ကြောင့်ဖြစ်။
၎။ သမ္ဖပ္ပလာပဝါစာကံ -  ပိန်ဖျင်းသော စကားကို ပြောခြင်း။   -  လောဘ, ဒေါသ ကြောင့်ဖြစ်။

(၃) မနောကံ ၃-ပါး , 3 unwholesome mental actions
8 Abhijjhà – covetousness,
9 Vyàpàda – ill-will
10 Micchàdiññhi – wrong view
၁။  အဘိဇ္ဈာကံ -  သူတစ်ပါး စည်းစိမ်ကို မတရား ယူလိုမှု။          - လောဘ ကြောင့်ဖြစ်။
၂။  ဗျာပါဒ -  သူတစ်ပါး၏ ပျက်စီးသေစေရန် ကြံစည်မှု။             - ဒေါသ ကြောင့်ဖြစ်။
၃။ မိစ္ဆာဒိဋ္ဌိ -  အယူမှားမှု                                                          - လောဘ ကြောင့်ဖြစ်။

မှတ်ချက် -  ကံ ဟူသည်မှာ စိတ်နှင့် ယှဉ်ဖက် ဖြစ်သည့် စေတနာကို ခေါ်၏၊ အကုသိုလ်ကံသည် မကောင်းမှုကို ဖြစ်စေလေိုသော စေတနာ ဖြစ်၏။ ကာယကံ ဟူသည်မှာ ကိုယ်လက်လှုပ်ရှားမှု ကာယဝိညတ်ဖြင့် အများအားဖြင့် ပြုလုပ်လေ့ရှိသော အကုသိုလ်ကံ နှင့် ကုသိုလ်ကံတို့ကို ဆို၏၊ သို့သော် ကာယကံဟု သတ်မှတ်ထားသော ပါဏာတိပါတကံ, အဒိန္နာဒါနကံ နှင့် ကာမေသုမိစ္ဆာစာရကံ တို့ကို ကာယပယောဂဖြင့် သာမက ဝစီ ပယောဂဖြင့်လည်း ကျူးလွန်နိုင်၏။ (ဥပမာ - ဓားပြဗိုလ်က မိမိ၏ လက်အောက်ငယ်သားအား ‘ သတ်စေ’ ဟု အမိန့်ပေးလိုက်၍ သတ်ခြင်းအမှုကို ပြီးမြောက်စေလျှင် ဝစီ ပယောဂဖြင့် ပါဏာတိပါတကံကို ကျူးလွန်ခြင်း ဖြစ်၏။)

ငါးပါး သီလကို စောင့်ထိန်းရုံဖြင့် ဒုစရိုက် ၁၀-ပါးကို လုံခြုံစွာ တားဆီးနိုင်ပါသည်။
အကုသိုလ်ကံ ၁၀-ပါးကို သဘောတူ, ကိစ္စတူ, လက္ခဏာဟာရနည်းဖြင့် အကျဉ်းချူံး၍ ပေါင်းရုံးသော် -
(၁) ပါဏာတိပါတကံ၊ အဒိန္နာဒါနကံ (၃) ကာမေသုမိစ္ဆာစာရကံ (၄) မုသာဝါဒကံ (၅) မိစ္ဆာဒိဋ္ဌိကံ - ဟူ၍ ကံ ငါးပါးကိုသာ ရပါသည်။

ပေါင်းရုံးသည့် နည်းမှာ --- သူတစ်ပါး၏ အသက်စည်းစိမ် သေကျေပျက်စီးရန် ကြံစည်ခြင်း ဟူသော
ဗျာပါဒကံကို ပါဏာတိပါတကံ၌ ၄င်း၊ အဘိဇ္ဈာကံကို အဒိန္နာဒါနကံ၌ ၄င်း၊ ပိသုဏဝါစာ, ဖရုဝါစာ နှင့် သမ္မပ္ပလာပ တည်းဟူသော ကံသုံးပါးကို မုသာဝါဒကံ၌ ၄င်း အသီးသီး ထည့်သွင်း၍ ရေတွက်ခြင်း ဖြစ်၏။

မကောင်းမှု ဒုစရိုက်ကံသည် အပါယ်ငရဲသို့ လားရောက်စေခြင်း စသည့် မကောင်းကျိုးပေးမည်ကို ယုံကြည်သောကြောင့်သာ သီလ စောင့်ထိန်းသည် ဖြစ်၍ ငါးပါးသီလ ခံယူဆောက်တည်ကတည်းက မိစ္ဆာဒိဋ္ဌိအယူကို ပယ်စွန့်ပြီး ဖြစ်ပေ၏။

မေ့လျော့ မူးယစ်နေသော သူသည် အကောင်း အဆိုး အမှန်အမှားကို မခွဲခြား မဆုံးဖြတ်နိုင်တော့သည့်အတွက် အကုသိုလ်အမှုများကို ပြုလုပ်ရန် ဝန်မလေးတော့ချေ။ ထို့ကြောင့် ဒုစရိုက်မှုများကို မပြုလုပ်မိစေရန် မီးမလောင်ခင် ကြိုတင်ကာကွယ်သည့် အနေဖြင့် ‘သုရာမေရယ မဇ္ဇပမာဒဋ္ဌာန ဝေရမဏိ’ ဟူသည့် သိက္ခာပုဒ်ကို စောင့်ထိန်းစေခြင်း ဖြစ်၏။

အကုသိုလ် အမှုပြုတိုင်း အမှား နှင့် အမှန်ကို ဝေဖန်ပိုင်းခြား၍ မသိမြင်အောင် ဖုံးလွှမ်းထားသည့် အဝိဇ္ဇာ အမည်ရသော ‘မောဟ’ သည် အခြေခံ အကြောင်းရင်း တစ်ပါးအဖြစ် အစဉ် ပါဝင်၏။
အကုသလ ကမ္မပထ ၁၀-ပါးသည် စိတ်အားဖြင့် အကုသိုလ်စိတ် ၁၂-ပါးလုံးဖြင့် ပြုကျင့်နေသည်ဟု မှတ်ယူအပ်၏။

  • ကာမ ကုသိုလ်ကံ ၁၀-ပါး (ကုသလ ကမ္မပထ သုစရိုက် ၁၀-ပါး)
ဒုစရိုက် ၁၀-ပါးကို မကျူးလွန်မိအောင် စောင့်ထိန်းပေးခြင်းသည်ပင် သုစရိုက် (ဝါ) ကောင်းသော အကျင့်စရိုက် ဖြစ်၍ ကာမ သုဂတိဘုံများသို့ လားရောက်ရန် အကျင့်ကောင်း ဖြစ်၏။

  • ပုညကြိယာ ဝတ္ထု ၁၀-ပါး
ပုည = ကောင်းမှု၊ ကြိယ = ပြုသင့်ပြုထိုက်သော၊ ဝတ္ထု = တည်ရာ၊
(ကောင်းသော အကျိုး၏ တည်ရာ ဖြစ်၍ ပြုသင့်ပြုထိုက်သည့် ကောင်းမှု)

1 Dàna – giving charity or generosity
2 Sãla – morality; observing five precepts, eight precepts, ten precepts, etc.
3 Bhàvanà – meditation, both tranquility and insight
4 Appacàyana – reverence to elders and holy persons
5 Veyàvacca – service in wholesome deeds
6 Pattidàna – transference of merit      
7 Pattànumodana – rejoicing in others’ merit
8 Dhamma-savana – listening to the Doctrine
9 Dhamma-desanà – expounding the Doctrine
10 Diññhijjukamma – straightening one’s right view

(၁) ဒါန = မိမိပိုင် ပစ္စည်းကို သူတစ်ပါးတို့အား ပေးကမ်း လှူဒါန်းမှု။
(၂) သီလ = ငါးပါး, ရှစ်ပါး, ၁၀ပါး စသော သီလ တို့ကို ဆောက်တည်မှု။
(၃) ဘာဝနာ = သမထ ကမ္မဋ္ဌာန်း နှင့် ဝိပဿနာ ကမ္မဋ္ဌာန်းတို့ကို ပွားများ အားထုတ်မှု။
(၄) အပစာယန = အသက်, သိက္ခာ, ဂုဏ် ကြီးမြင့်သူတို့အား အရိုအသေ ပြုမှု။
(၅) ဝေယျာဝစ္စ = ရတနာ သုံးပါး, မိဘဆရာတို့၏ အမှုကိစ္စများ နှင့် ကုသိုလ်ရေး ကိစ္စများ၌ ပါဝင်ဆောင်ရွက်မှု။
(၆) ပတ္တိ ဒါန = မိမိ ဖြည့်ဆည်း ရရှိသည့် ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား အမျှပေးဝေမှု။
(၇) ပတ္တာနုမောဒန = ကောင်းမှုရှင်တို့က ပေးဝေသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု။
(၈) ဓမ္မဿဝန = သူတစ်ပါးတို့ ဟောကြားသော သူတော်ကောင်း တရားတို့ကို ရိုသေစွာ နာကြားမှု။
(၉) ဓမ္မဒေသနာ = သူတစ်ပါးတို့အား ကောင်းသော စိတ်ထားဖြင့် သူတော်ကောင်းတရားကို ဟောပြောပြသမှု။
(၁၀) ဒိဋ္ဌိဇုကမ္မ = ကံ-ကံ၏ အကျိုး ရှိသည်ဟု အယူကို ဖြောင့်မှန်စွာ ယူမှု။

မှတ်ချက် - ပိဋက စာပေ နှင့် အပြစ်ကင်းသော လောကီပညာများကို လေ့လာဆည်းပူးခြင်းသည် ‘ဘာဝနာ’တွင် အကျုံးဝင်၏၊ အပြစ်ကင်းသော လောကီ အတတ်ပညာကို ကောင်းသော စိတ်ထားဖြင့် သင်ကြားပို့ချပေးခြင်း နှင့် ကြားနာမှတ်သားခြင်းတို့သည် ‘ဓမ္မ ဒေသနာ’ နှင့် ‘ ဓမ္မဿဝန’ တို့၌ အကျုံးဝင်၏။

ဒါန, သီလ, ဘာဝနာ , dàna, sila and bhàvanà
1 Dàna group – Dàna, Pattidàna, Pattànumodana
2 sila group – sila, Appacàyana, Veyàvacca
3 Bhàvanà group – Bhàvanà, Dhamma-savana, Dhammadesanà, Diññhijjukamma.

ပုညကြိယ ဝတ္ထု ၁၀-ပါးတို့ကို သဘောတူ, ကိစ္စတူ, လက္ခဏာဟာရနည်းဖြင့် အကျဉ်းချုံး၍ ပေါင်းရုံးသော် ဒါန သီလ ဘာဝနာ သုံးပါးကိုသာ ရပါသည်။
ပတ္တိဒါန နှင့် ပတ္တာနုမောဒနာ တို့ကို ဒါန နှင့် သဘောတူ, ကိစ္စတူသဖြင့် ဒါန ။
အပစာယန နှင့် ဝေယျာဝစ္စ တို့ကို သီလ။
ဓမ္မဿဝန နှင့် ဓမ္မဒေသနာ တို့ကို ဘာဝနာ။
ဒိဋ္ဌိဇုကမ္မကို ဒါန, သီလ, ဘာဝနာ အားလုံး၌ ပေါင်းစပ်၍ ဖြစ်စေ၊ ဘာဝနာ တစ်ခုတည်း၌ ပေါင်းရုံး၍ ဖြစ်စေ ယူနိုင်ပါသည်။

ကာမာဝစရကံသည် အကုသိုလ်ကံ ၁၂-ပါး, မဟာကုသိုလ်ကံ ၈-ပါး ဟူ၍ ပေါင်း ၂၀ ရှိ၏။
ရူပကုသိုလ်ကံ နှင့် အရူပကုသိုလ်ကံ သည် မနောကံ တစ်မျိုးသာ ဖြစ်၏၊ ဘာဝနာ တစ်မျိုးသာ ဖြစ်၏၊ အပ္ပနာဈာန်သို့ ရောက်သော မနောကံ ဘာဝနာမယ ဖြစ်၏။

  • ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။” (အင်္ဂုတ္တရပါဠိတော်)
ရဟန်းတို့၊ သီလ ရှိသော ပုဂ္ဂိုလ်တို့အား၊ မိမိစိတ် အလိုရှိတိုင်း, တောင့်တတိုင်းသည် ပြည့်စုံ ပြီးစီး၏၊  အဘယ်ကြောင့်နည်းဟူမူကား, အကုသိုလ် အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်သည်၏ အဖြစ်ကြောင့်တည်း။


Source :
  • Fundamental AbhiDhamma – Dr. Ashin Nandamalar Bhivamsa
  • Ultimate Science (Buddha AbhiDhamma) – Dr. U Mehm Tin Mon
  • သင်္ဂြိုဟ်ဘာသာ ဋီကာ - အရှင် ဇနကာဘိဝံသ
  • အဘိဓမ္မာ မြတ်ဒေသနာ - ဒေါက်တာ အရှင် နန္ဒမာလာဘဝံသ
  • အဘိဓမ္မာသင်တန်း ပို့ချချက်များ - အရှင် သီလာနန္ဒာဘိဝံသ (D. Litt)
  • တက္ကသိုလ် အဘိဓမ္မာ ပေါင်းချူပ် - ဒေါက်တာ ဦးမင်းတင်မွန်
  • ဆရာမကြီး ဒေါ်ခင်လှတင် (ဓမ္မဗျူဟာ) သင်ကြားပို့ချချက်များ
ဒီနေရာကနေ ကူးယူဖော်ပြဝေငှ ဓမ္မဒါနပြုလိုက်ပါတယ်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated