@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 5 December 2014

အလှူပေးရာ၌ မျိုးစေ့စိုက်ပုံနှင့် တူဟန် (ကိုယ်ကျင့်အဘိဓမ္မာ - ၄၄)

"အလှူပေးရာ၌ မျိုးစေ့စိုက်ပုံနှင့် တူဟန် "

 အလှူခံမှာ လယ်ပမာ၊ လှူရှာသူများ လယ်သမား။
အများလှူဖွယ်မျိုးစေ့နှယ်၊ နောက်ဝယ် အသီးစား။

ပေတ၀တ္ထုပါဠိတော်ဝယ် “အလှူခံပုဂ္ဂိုလ်သည် လယ်ယာနှင့် တူ၏။ အလှူ့ဒကာ အလှူ့အမတို့မှာ လယ်ယာလုပ်သူနှင့်တူ၏။ လှူဖွယ် ၀တ္ထုများက မျိုးစေ့နှင့် တူ၏။ နောက်သံသရာ၌ ရနိုင်မည့် အကျိုးတို့မှာ ထိုမျိုးစေ့ကြောင့် အပင်ပေါက်၍ အသီးသီးခြင်းနှင့် တူသည်”ဟု ဥပမာပြထား၏။ ဤဥပမာများကို လေးလေးနက်နက် စဉ်းစားသောအခါ လယ်ယာလုပ်ကိုင်မူ၌

၁။ လယ်ယာက မြေကောင်း၊ မကောင်း လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ အလှူခံပုဂ္ဂိုလ်က ကောင်း၊ မကောင်းလိုက်၍ အကျိုးပေး ကွာခြားဖွယ်ရှိ၏။

ပုညကြိယ၀တ္ထု ၁၀-ပါး အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၄၃)


ပုညကြိယ၀တ္ထု ၁၀-ပါး
 
မိမိစိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေတတ်သော တရားကို ပါဠိလို “ပုည”၊ မြန်မာလို “ကောင်းမူ=ကောင်းသောအမူ” ဟုခေါ်၏။ ထိုပုညစုကို ဧကန်ပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်မာလို ပြုသင့်သောတရား” ဟုခေါ်၏။ [၀တ္ထု = ကောင်းကျိုးချမ်းသာ၏ တည်ရာ] ဤစကားစဉ်ဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ် ပြုထိုက်သော ကောင်းမူများကို “ပုညကြိယ၀တ္ထု”ဟုခေါ်သည်ဟု မှတ်ပါ။ ထိုပုညကြိယ ၀တ္ထုတို့သည် ၁၀-ပါးရှိ၏။

၁။ ဒါန
၂။ သီလ
၃။ ဘာဝနာ
၎။ အပစာယန
၅။ ဝေယျာဝစ္စ
၆။ ပတ္တိဒါန
၇။ ပတ္တာနုမောဒန
၈။ ဓမ္မဿဝန
၉။ ဓမ္မဒေသနာ
၁၀။ ဒိဋ္ဌိဇုကမ္မ…တည်း။


ဝါသနာဘာဂီ ဆက်တိုင်းမီ (ကိုယ်ကျင့်အဘိဓမ္မာ - ၄၂)


မကောင်းသော အရာဌာန၌ ၀ါသနာဟူသည် ကိလေသာ၏ သတ္တိတည်း။ ကောင်းသော ဌာန၏ ၀ါသနာကား သမ္မာဆန္ဒပင်တည်း။ ထိုဝါသနာသည် သတ္တ၀ါတှို့၏ သန္တာန်၌ ဘ၀တိုင်းမှာ စွဲကပ်နေ၏။ ထို့ကြောင့် ရှေးကံအားလျော်စွာ ရာဂစရိုက် အားကြီးနေပါမူ ထိုရာဂအတွက် ယောက်ယက်ခတ်တတ်သော ၀ါသနာသည် စိတ်အစဉ်မှာ စွဲထုံနေရကား ထိုစရိုက်ဆိုးကို ယခုဘ၀၌ တရားသဖြင့် မနှိမ်ချိုးပါလျှင် ထိုဝါသနာ အထုံ စွဲကပ်၍ နောက်ဘ၀များသို့ လိုက်ပါသွားတတ်၏။ ဒေါသ မောဟ ၀ိတက်များလည်း ဤနည်းပင်တည်း။
ပညာစရိုက်ရှိသူလည်း စရိုက်အားလျော်စွာ အခွင့်သာသလောက် ကြိုးစားပါလျှင် ထိုပညာ၏ အထုံဝါသနာသည် မိမိ၌ စွဲကပ်လေရကား နောက်နောင်အခါ သံသရာတစ်လျှောက်လုံးပင် ပညာတုံးကြီးဖြစ်နေတတ်သည်။ ဘုရားဆုကိုပန်လျှင် ပညာဓိက၊ သာဝကဆုကို ပန်လျှင် ရှင်သာရိပုတ္တရာကဲ့သို့ ပညာဘက်၌ ဧတဒဂ်ရကြသည်မှာ ထိုဝါသနာဘာဂီက ဆက်တိုင်းမီနေသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ယခုဘ၀၌ပင် မကောင်းသော ဒုစရိုက်များ မပျောက်၍ စရိုက်ကောင်း တစ်ခု အထမြောက်အောင် ထူထောင်ကြဖို့ အရေးကား စဉ်းစားတိုင်း ကြီးလေးကြသည်။

စရိုက်အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၄၁)



တင်ပြခဲ့ပြီးသော အကြောင်းများအရ စိတ်စေတသိက်တို့ ဖြစ်ပုံကို နားလည်လောက်ပြီ။ စိတ်ကောင်း စိတ်ဆိုး အမျိုးမျိုး ဖြစ်မူများ၌ ယခု တစ်ဘ၀နှင့်သာ သက်ဆိုင်သည် မဟုတ်သေး။ ရှေးရှေးဘ၀က အထုံဝါသနာနှင့်လည်း ဆိုင်သေး၏။ ရှေးရှေးဘ၀က အထုံကောင်း ပါလာသူသည် ယခုဘ၀၌ စိတ်ကောင်းရှိတတ်၏။ ရှေးရှေးဘ၀က အထုံဝါသနာဆိုး ပါလာသူသည် ယခုဘ၀၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခဲယဉ်းလှ၏။
ပညာရှိသူတော်ကောင်းနှင့် ပေါင်းမိ၍ “စိတ်ကို ပြင်ပါသည်”ဟု ဆိုသော်လည်း ပညာရှိ သူတော်ကောင်းနှင့် ဝေးနေရသောအခါ “မီးဝေးသောချိပ်”ပမာ စိတ်ကြမ်း စိတ်ယုတ်မာတွေသာ ပြန်၍ ဖြစ်တတ်၏။ ခွေးမြီးကောက်ကို ဖြောင့်လာအောင် ပြုပြင်သူသည် ၁၂-နှစ်လုံးလုံး ဆီဖြင့် နှူးကာ ကျည်တောက်ကို စွပ်ထားသော်လည်း ကျည်တောက်ကို ချွတ်လိုက်သည်နှင့် တစ်ပြိုင်နက်ကောက်မြဲ ကောက်သကဲ့သို့ ဖြစ်လေသည်။

ဆန္ဒအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၄၀)



အာရုံတစ်ခုခုကို ပြုလိုခြင်း(ရယူလိုခြင်း) သဘောသည် ဆန္ဒတည်း။ “ပြုလိုခြင်း ရယူလိုခြင်း” ဟူရာ၌ လောဘကဲ့သို့ စွဲလမ်းတတ်ခြင်း၊ ကပ်ငြိခြင်းမဟုတ်၊ ပြုလိုရုံမျှ ရလိုရုံမျှသာ ဖြစ်သည်။

ထို့ကြောင့် “သက်သက်အာရုံ၊ ပြုလိုရုံမျှ၊ ဆန္ဒသဘော”ဟု ဆိုခဲ့သည်။ ဤဆန္ဒသဘောလည်း သတ္တ၀ါတို့၌ အလွန်ထင်ရှား၏။ ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍ လက်လှမ်း၏။ ဤလိုက်ချင်မူသည် ဆန္ဒတည်း။ ဟိုသွားချင် သည်လာချင်၊ တစ်စုံတစ်ယောက်ကို တွေ့ချင်မြင်ချင်၊ ကြားချင်၊ နာချင်၊ နမ်းချင်၊ စားချင်၊ ကိုင်ချင်၊ ထိချင်၊ တတ်သိနားလည်ချင်မူ အစုစုသည် ဆန္ဒချည်းတည်း။

နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝက ဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်၍ နေချင်၊ ကုသိုလ်ရချင်စသည်တို့လည်း ဆန္ဒပင်တည်း။ တော်ရုံတန်ရုံ လိုချင်မူ၌ ဆန္ဒအားသေး၏။ မရမကလိုချင်၊ မဖြစ်မနေ ဖြစ်ချင်မူများ၌ကား ဆန္ဒအားကြီး၏။ ဤဆန္ဒကို အရင်းခံ၍ ၀ီရိယသန်သန်ဖြင့် ပါရမီ = ဖြည့်တော်မူခဲ့သောကြောင့် နောက်ဆုံး၌ ဆန္ဒတော်အတိုင်း ဘုရားဖြစ်တော်မူရသည်။

ပီတိအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၉ )


အာရုံတစ်ခုခုကို နှစ်သက်အားရ သဘောကျခြင်းသည် ပီတိတည်း။ ထို့ကြောင့် “အားရနှစ်သက်၊ ပီတိဆက်၍”ဟု ဆိုခဲ့သည်။ ဤပီတိသည် သုခဝေဒနာကဲ့သို့ ခံစားခြင်းမဟုတ်။ နှစ်သက်အားရခြင်း၊ သဘောကျခြင်းမဟုတ်။ ရေငတ်သူသည် ရေရှိကြောင်းကို ကြားရ၊ ရေကို မြင်ရသောအခါ နှစ်သက်၏။ ပီတိဖြစ်၏။ ရေကိုသောက်ရသောအခါ သုခဝေဒနာဖြစ်သည်။

မိမိချစ်သူကို မြင်ရသည်ဖြစ်စေ၊ စကားအတူ ပြောနေရသည်ဖြစ်စေ၊ သီချင်းသံကို ကြားရသည်ဖြစ်စေ၊ တရားသံကို ကြားရသည်ဖြစ်စေ ကြက်သီးထလာအောင် နှစ်သက်ခြင်းဖြစ်၏။ ထိုနှစ်သက်မူသည် ပီတိပင်တည်း။ ရှေးတုန်းက အမျိုးသမီးတစ်ယောက်တောင်ပေါ်က ဘုရားပွဲတော်အချိန်မှာ ကိုယ်လေးလက်ဝန် ရှိနေသောကြောင့် ဘုရားပွဲသို့ မလိုက်ရသဖြင့် မိမိအိမ်မှနေ၍ တောင်ပေါ်ဘုရားကို ဖူးမြော်ရင်း ဖူးမြော်ရင်း အလွန်အမင်း နှစ်သက်ရကာား ထိုပီတိ အဟုန်ကြောင့် တစ်ကိုယ်လုံး မြောက်ပြီးလျှင် ဘုရားရင်ပြင်တော်သို့ ရောက်မှန်းမသိ ရောက်သွားဖူးသတဲ့။

ဝီရိယအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၈)

အားထုတ်ခြင်းသဘောကို “၀ီရိယ”ဟု အများနားလည်ကြပြီ။ ထိုအားထုတ်ခြင်းသဘောကို စဉ်းစားလျှင် ဆိုင်ရာ ကိစ္စကို ပြုလုပ်ဆောင်ရွက်ဖို့ရာ မကြောက်မရွံ့ ရဲဝံ့ခြင်း သဘောတည်း။ ထို့ကြောင့် “ရဲစွမ်းရောက်က၊ ၀ီရိယ”ဟု ဆိုခဲ့ပေသည်။ 
ထိုစကားမှန်၏။ ၀ီရိယ လုံ့လကင်းမဲ့သူကို “အပျင်းထူသူ”ဟု ခေါ်ကြသည်။ ထိုငပျင်းကား အလုပ်တစ်ခုရှိလျှင် “စောပါသေးတယ်၊ မိုးချုပ်လှပြီ၊ ချမ်းလှသေးတယ်၊ နေပူလွန်းပါသေးတယ်။ ယနေ့ထမင်းစားလို့ မကောင်းဘူး၊ ယနေ့ ထမင်းအများကြီးစားမိလို့ နည်းနည်း နေမကောင်းဘူး။ နေကောင်းပြီးစမို့ ခရီးသွားစရာ ရှိသေးလို့၊ ခုမှ ခရီးပြန်ရောက်စမို့” စသည်ဖြင့် ဆင်ခြေပေးလျက် အလုပ်လုပ်ရမည့် အရေးကို တွေး၍ ကြောက်နေတတ်၏။ ထိုသို့ ပျင်းနေသောစိတ်သည် ကုသိုလ်စိတ်မဟုတ်။ ထိန မိဒ္ဓ လွန်ကဲသော အကုသိုလ် စိတ်ပင်ဖြစ်သည်။

ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၇)




ဝိတက်အကြောင်း

ကြံစည်ခြင်းသဘောသည် ၀ိတက်တည်း။ ထို့ကြောင့် “ထိုထိုကြံစည်၊ ၀ိတက်မည်ရှင့်”ဟု ဆိုခဲ့သည်။ ဤကြံစည်ခြင်းကို “စိတ်ကူးခြင်း=စဉ်းစားခြင်း”ဟုလည်း ခေါ်ကြသည်။ 

ဤ၀ိတက်သည် ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာဝိတက်ဟု မကောင်းဝိတက် ၃-မျိုး၊ နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက် ဟု အကောင်း ၀ိတက် ၃-မျိုးအားဖြင့် ၆-မျိုးပြား၏။

ကာမနှင့် နေက္ခမ္မ၀ိတက်


ရူပါရုံ သဒ္ဒါရုံ စသော ကာမဂုဏ်အကြောင်းအရာ ကာမဂုဏ်အမူကိစ္စတို့ကို ကြံစည် စိတ်ကူးခြင်း။ ပစ္စည်းဥစ္စာ ရှာဖွေမူကို ကြံစည်စိတ်ကူးခြင်း စသော လောဘနှင့် မကင်းသော ကြံစည်စိတ်ကူးခြင်း “ကာမ၀ိတက်”ဟု ခေါ်သည်။

ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၆)


ဧကဂ္ဂတာအကြောင်း
တည်ငြိမ်ခြင်း ငြိမ်သက်ခြင်း သဘောသည် ဧကဂ္ဂတာတည်း။ ထို့ကြောင့် “ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား”ဟု ဆိုခဲ့သည်။ ဤ ဧကဂ္ဂတာကို “သမာဓိ” ဟုလည်း ခေါ်ကြသည်။ 
ဧကဂ္ဂတာခေါ်သော သမာဓိ၏ အစွမ်းကြောင့် စိတ်သည် အာရုံကို ယူသောအခါ အာရုံတစ်ခု၌ အတော်ကြာအောင် ထပ်ကာထပ်ကာ ယူနိုင်၏။ ထို့ကြောင့် ဤသမာဓိကို လေငြိမ်ရာ၌ ထွန်းထားသော မီးတောက်၏ ငြိမ်သက်နေပုံကဲ့သို့ အာရုံတစ်ခု၌ တည်တံ့သော (တည်ကြည်သော) ငြိမ်သက်သော တရားဟု ဆိုရပေသည်။

စေတနာ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၅)




"စေတနာ အကြောင်း"

မိမိနှင့်အတူဖြစ်ကြသော စိတ်စေတသိက်များကို စေ့ဆော်ခြင်းသည် စေတနာတည်း။ ထို့ကြောင့် “စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။

ထင်ရှားစေဦးအံ့ - အာရုံတစ်ခုကို စိတ်က ယူရာ၌ ဖဿက ထိုအာရုံကို ထိ၏။ ဝေဒနာက ခံစား၏။ သညာက မှတ်၏။ ဤသို့ စသည်ဖြင့် နောက်၌ပြမည့် ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရတို့လည်း ဆိုင်ရာ တာဝန်ကို ရွက်ဆောင်လျက် စိတ်နှင့် တစ်ပြိုင်နက်ဖြစ်ကြသည်။ လောဘ၊ ဒေါသ စသော မကောင်းတရား၊ သဒ္ဓါ၊ သတိစသော ကောင်းသော တရားများလည်း စိတ်ကအာရုံယူရာတွင် ပါဝင်ကြသည်။

ထိုသို့ ဆိုင်ရာယှဉ်ဖက် စေတသိက်များနှင့်အတူ စိတ် အာရုံကိုယူရာ၌ မည်သည့် စေတသိက်မျှ နောက်ချန်၍ မနေရစ်ရ၊ မည်သည့် စေတသိက်မျှလည်း မိမိ တာဝန်ကို မလစ်လပ်စေရ။ အားလုံးစေတသိက်မျှလည်း မိမိ တာဝန်ကို မလစ်လပ်စေရ။

သညာ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၄)


မှတ်သားခြင်း သဘောသည် သညာတည်း။ ထို့ကြောင့် “မှတ် - သညာတည်း” ဟု ဆိုခဲ့သည်။ ဤမှတ်သားပုံသည် အသိဉာဏ်နည်းပါးသူ၊ ဗဟုသုတနည်းပါးသူများ၌သာ ထင်ရှား၏။ ငယ်ရွယ်သော ကလေးကို ဆွေမျိုးများက “ဟောဒီလူက အဖေ၊ ဟောဒီလူက အမေ”ဟု ပြကြ၏။ ကလေးက ထိုသူများကို “အဖေ၊ အမေ”ဟု မှတ်လိုက်၏။ လေယာဉ်ပျံကို ပထမ စ၍ မြင်ရာ၌ “အတောင်က ဘယ်နည်း၊ အမြီးက ဘယ်လို၊ အထည်ကိုယ်က ဘယ်ပုံ”ဟု မှတ်လိုက်၏။ မရောက်ဖူးသော အရပ်သို့ ရောက်သောအခါ၌လည်း အထူးအဆန်း ဟူသမျှကို မှတ်၏။ ဤသို့ သညာ၏ မှတ်သားမူတွေများစွာ ရှိပေသည်။

ဝေဒနာ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၃)


အာရုံအရသာကို ခံစားရခြင်းသဘောသည် ဝေဒနာတည်း။ ထို့ကြောင့် “ခံစား - ဝေဒနာ”ဟု ဆိုခဲ့သည်။ ရူပါရုံ စသော အာရုံ ၆-မျိုးကို စိတ်အကြောင်း၌ ပြခဲ့ပြီ။ ထိုအာရုံ ၆-ပါးကိုပင် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ၊ ဣဋ္ဌာမဇ္ဈတ္တာရုံဟု ၃-မျိုးခွဲရာ၏။ ထိုတွင် လူအများတို့လိုလားတောင့်တအပ် ရှာမှီးအပ်သော အာရုံမျိုးသည် ဣဋ္ဌာရုံမည်၏။ (ဣဋ္ဌာ = လိုလားနှစ်သက်အပ်သော + အာရုံ) လှသော အဆင်း၊ ကောင်းသော အသံ၊ အနံ့၊ အရသာ အတွေ့များနှင့် ကောင်းသော နာမည်၊ ကောင်းသော အဆောက်အအုံ စသည်များတည်း။

လူအများတို့ မလိုလားအပ် မတောင့်တအပ် မရှာဖွေအပ်သော အာရုံသည် အနိဋ္ဌာရုံမည်၏။ (အနိဋ္ဌာ = အလိုမရှိအပ်သော + အာရုံ) မလှသောအဆင်း၊ မကောင်းသော အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ နာမည်၊ အိမ်အိုအိမ်ပျက် စသော အဆောက်အအုံများတည်း။ 

ဖဿ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၂)


"စိတ်ကောင်း စိတ်ဆိုး ၂ မျိုးလုံး၌ ပါဝင်သော စေတသိက်များ"

၁။ ဖဿ         ၂။ ဝေဒနာ
၃။ သညာ        ၄။ စေတနာ
၅။ ဧကဂ္ဂတာ     ၆။ ဇီဝိတိနြေ္ဒ
၇။ မနသိကာရ   ၈။ ၀ိတက်  
၉။ ၀ိစာရ        ၁၀။ အဓိမောက္ခ
၁၁။ ၀ီရိယ       ၁၂။ ပီတိ
၁၃။ ဆန္ဒ
ဆောင်။ ။တွေ့ထိ - တရား၊ ဖဿ ထားလော့၊ ခံစား - ဝေဒနာ၊ မှတ် - သညာ၊ စေတနာတွက်၊ စေ့ဆော်ချက်နှင့်၊ ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား၊ မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက်မပြုန်း၊ နှလုံးသွင်းကို၊ မနသိ ဆို၏၊ ထိုထိုကြံစည်၊ ၀ိတက်မည်ရှင့်၊ အလီလီသုံးသပ်၊ ၀ိစာရ မှတ်လော့၊ ဆုံးဖြတ်ဓိမောက်၊ ရဲစွမ်းရောက်က၊ ၀ီရီယဟု၊ အားရနှစ်သက်၊ ပီတိဆက်၍၊ သက်သက်အာရုံ၊ ပြုလိုရုံမျှ၊ ဆန္ဒသဘော၊ ကောင်း - ဆိုးရောသည်၊ မှတ်လော့တစ်ဆယ့်သုံးပါးတည်။

ဝိရတိ သုံးပါး အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၁)

"သမ္မာဝစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ"

ဤ၀ိရတိ စေတသိက် ၃-ပါးကို လေ့လာရာ၌ ရှေးဦးစွာ ဒုစရိုက် ၁၀-ပါးကို နားလည်ပြီး ဖြစ်ရမည်။ (ဤကျမ်း၌ကား ဒုစရိုက်ကို မပြေတော့။) ထိုဒုစရိုက်များကို အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်, မဆိုင် ၂-မျိုးခွဲရာ၏။

ထိုတွင် သူ့အသက်ကို သတ်ရာ၌ သေသူ၏ ဥစ္စာကို လိုချင်၍ဖြစ်စေ၊ သူတစ်ပါးက ငွေဖြင့် ခိုင်း၍ဖြစ်စေ၊ မုဆိုးတံငါအလုပ်ဖြင့် အသက်မွေးနေ၍ဖြစ်စေ သတ်ဖြတ်ခြင်းသည် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ကာယဒုစရိုက်တည်း။

တစ်စုံတစ်ခု ပစ္စည်းကို မမျှော်လင့်ဘဲ သက်သက်မုန်း၍ သတ်ခြင်းသည် အသက်မွေးဝမ်းကျောင်းနှင့် မဆိုင်သော ကာယဒုစရိုက်တည်း။ အခြားဒုစရိုက်တို့၌လည်း ရထိုက်သလို ခွဲခြားရာ၏။

မေတ္တာအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၂၈)


(( မေတ္တာအခါတော်နေ့ နီးလာပြီ ဖြစ်လို့ မေတ္တာအကြောင်းအရာလေးကို ပြန်လည် update လုပ် တင်ပြပေးလိုက်ပါတယ်))
 


“မေတ္တာ”ဟူသော အမည်နာမဖြင့် စေတသိက် သီးခြားမရှိချေ။ ရှေ့၌ ပြခဲ့သော အဒေါသ-စေတသိက်ကိုပင် သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာ”ဟု ခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား-မေတ္တာပွား၍”ဟု ဆိုခဲ့သည်။ သို့ဖြစ်၍ တစ်ယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက်ကူညီလိုသော) ချစ်ခင်မူကို မေတ္တာဟု မှတ်ပါ။

(မေတ္တာအတု)

ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များလည်း တစ်ယောက်အကျိုး တစ်ယောက်က လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်”ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ = အိမ်၌မှီသောအချစ်”တည်း။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated