@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 5 December 2014

ဖဿ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၂)


"စိတ်ကောင်း စိတ်ဆိုး ၂ မျိုးလုံး၌ ပါဝင်သော စေတသိက်များ"

၁။ ဖဿ         ၂။ ဝေဒနာ
၃။ သညာ        ၄။ စေတနာ
၅။ ဧကဂ္ဂတာ     ၆။ ဇီဝိတိနြေ္ဒ
၇။ မနသိကာရ   ၈။ ၀ိတက်  
၉။ ၀ိစာရ        ၁၀။ အဓိမောက္ခ
၁၁။ ၀ီရိယ       ၁၂။ ပီတိ
၁၃။ ဆန္ဒ
ဆောင်။ ။တွေ့ထိ - တရား၊ ဖဿ ထားလော့၊ ခံစား - ဝေဒနာ၊ မှတ် - သညာ၊ စေတနာတွက်၊ စေ့ဆော်ချက်နှင့်၊ ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား၊ မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက်မပြုန်း၊ နှလုံးသွင်းကို၊ မနသိ ဆို၏၊ ထိုထိုကြံစည်၊ ၀ိတက်မည်ရှင့်၊ အလီလီသုံးသပ်၊ ၀ိစာရ မှတ်လော့၊ ဆုံးဖြတ်ဓိမောက်၊ ရဲစွမ်းရောက်က၊ ၀ီရီယဟု၊ အားရနှစ်သက်၊ ပီတိဆက်၍၊ သက်သက်အာရုံ၊ ပြုလိုရုံမျှ၊ ဆန္ဒသဘော၊ ကောင်း - ဆိုးရောသည်၊ မှတ်လော့တစ်ဆယ့်သုံးပါးတည်။
"ဖဿအကြောင်း"

အာရုံကို တွေ့ထိခြင်းသဘောသည် ဖဿတည်း။ ထို့ကြောင့် “တွေ့ထိတရား၊ ဖဿ ထားလော့”ဟု ဆိုခဲ့ပေသည်။ “တွေ့ထိ” ဟူရာ၌ ကိုယ်ထိ လက်ထိမျိုး၊ ပစ္စည်း တစ်ခုနှင့်တစ်ခု တိုက်မိသော အထိမျိုးမဟုတ်။ စိတ်နှင့်အာရုံ တွေ့ကြုံသောအခါ ဓာတ်ခိုက်ခြင်းသာတည်း။ ထိုဓာတ်ခိုက် ဓာတ်ထိ ဓာတ်တွေ့မျိုးသည် အချို့အရာ၌ ကိုယ်ထိ လက်ရောက် တွေ့ထိရ သလောက်ပင် ထင်ရှား၏။
ချဲ့ဦးအံ့ - နာလန်ထစ လူတစ်ယောက်သည် သူတစ်ပါးတို့ သံပရာသီးစားသည်ကိုမြင်ရလျှင် သွားရည်ကျတတ်၏။ ကြောက်တတ်သောသူသည် သူတစ်ပါးတို့ သတ်ပုတ်နေကြသည်ကို မြင်လျှင် ကြောက်ဒူးတုန်နေတတ်၏။ အရွယ်ရောက်ခါစ မိန်းကလေးများသည် မိမိနှင့် အရွယ်တူ ဂုဏ်တူ ယောက်ျားကလေး၏ အဆင်းအသံကို ကြားရသောအခါ ရင်တွင်း၌ တစ်မျိုးတစ်မည် ဖြစ်တတ်၏။ ယောက်ျားကလေးများလည်း ဤနည်းဖြစ်တတ်ကြ၏။ ဤသို့ဖြစ်ရာ၌ စိတ်သည် သံပရာသီးစသည်တို့နှင့် ဓာတ်တွေ့ဓာတ်ထိ ဓာတ်ခိုက်မိသောကြောင့် ခန္ဓာကိုယ် တိုင်အောင် သွားရည်ကျခြင်း၊ တုန်လူပ်ခြင်း စသည်တို့ ဖြစ်ကြရပေသည်။ ဤဓာတ်တွေ့ ဓာတ်ထိ ဓာတ်ခိုက်မိခြင်း သဘောသည် ဖဿ သဘောတည်း။
ဤ ဖဿသည် ကုသိုလ်ဆိုင်ရာ အာရုံကိုလည်းထိရ၊ အကုသိုလ်ဆိုင်ရာအာရုံကိုလည်း ထိရသဖြင့် စိတ်ကောင်းစိတ်ဆိုး ၂-မျိုးတွင် အမြဲပါဝင်ရသော တရားတည်း။ 

ဥပမာ - ဆားသည် ကောင်းသောဟင်း၌ ခတ်လည်းငန်၊ မကောင်းသောဟင်း၌ ခတ်လည်းငန် သကဲ့သို့တည်း။ နောက်၌ပြမည့် ဝေဒနာစသော စေတသိက်များလည်း ဤကဲ့သို့ စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံးတွင် ပါဝင်ရကြောင်း သတိပြုပါ။ (ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်း မဟုတ်သော ၀ိပါက် ကြိယာစိတ်ဖြစ်ဖို့လည်း အာရုံ၌ ဖဿက ထိရသည်သာ။)


မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ 


♣ဝိရတီသုံးပါးအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated