@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 17 December 2014

အမှတ်စဉ်(၂) - “အဘိဓမ္မတ္ထသင်္ဂဟကျမ်း”

 


အဘိဓမ္မာ မြတ်ဒေသနာ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ 
ကျန်းဦးနိဒါန်း

                      “ အဘိဓမ္မာ မြတ်ဒေသနာ” ခေါင်းစီးကစပြီး ဘုန်းကြီးတို့ အဘိဓမ္မာဒေသနာတော်ကို လိုရင်း အနှစ်ချုပ် ထုတ်ပြီး ၁၀-ညတိုင်တိုင် ဟောပါမယ်၊ ဟောလို့ပြီးဆုံးသွားရင် အဘိဓမ္မာ တရားတော်ရဲ့ အနှစ်ချုပ်ဖြစ်တဲ့ စိတ်အကြောင်း၊ စေတသိက်အကြောင်း၊ ရုပ်အကြောင်း၊ မိမိတို့သန္တာန် မိမိတို့ရဲ့ ဘ၀မှာ ဖြစ်ပေါ်နေတဲ့ သဘာဝတရားတွေရဲ့ အကြောင်းကို အခြေခံအားဖြင့် သိရှိသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
          ဒီကနေ့ ဘုန်းကြီးတို့  “ အဘိဓမ္မာ မြတ်ဒေသနာ” ဆိုတဲ့ ခေါင်းစီးနဲ့ ဟောပြီး နက်ဖြန်ခါကျတော့ ဆိုင်ရာ ဆိုင်ရာ ခေါင်းစီး အသေးလေးတွေ ပေးပြီးတော့ ဟောသွားပါ့မယ်။

အမှတ်စဉ် (၁) အဘိဓမ္မာ မြတ်ဒေသနာ

ဂုဏ်တော်အမွှမ်း ဘုရားရှိခိုး

    “ ကျန်းဦးပဏာမ ”

            ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ မဟာကရုဏာတော်ကို အာရုံပြုကာ သီကျူးဖွဲ့ဆိုအပ်သော ၀န္ဒာနာပဏာမ အာသီသဂါထာကို ရွတ်ဆို ပူဇော်ခြင်းဖြင့် တရားပွဲကို စတင်ကြရအောင်။

ယော ကပ္ပကောဋိဟိပိ အပ္ပမေယျံ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာကာရုဏိကဿ တဿ။

ယော နာထော - ဝေနေယျများစွာ သတ္တ၀ါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊
ကပ္ပိကောဋီဟိပိ -  ကုဋေကမ္ဘာ အရေအတွက်သချာင်္တို့ဖြင့်သော်လည်း။

နိဂုံးလင်္ကာ (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၉)

နိဂုံးလင်္ကာ

ကျမ်းပြီးမှတ်ထုံး၊ ကမ္ပတ်ဖုံး၍၊ နိဂုံးအရာ၊ အကျဉ်းမှာပိမ့်၊ 
ခုခါမျက်မြင်၊ လူရောရှင်တို့၊ ပြည်ခွင်နိဗ္ဗာန်၊ 
ဝင်ဖို့ရန်ဟု၊ ဓိဋ္ဌာန်မနော၊ စိတ်ကြံစောလည်း၊ 
သဘောရင်းနှစ်၊ အတွင်းစစ်က၊ သစ်သစ်လွင်လွင်၊ 
မဖြူစင်သော်၊ ခင်မင် ရွှေပြည်၊ ဝေးဦးမည်ကြောင့်၊ 
ငါသည်လည်းကောင်း၊ ငါ့အပေါင်းနှင့်၊ ငါ့နှောင်းငယ်သား၊ အစထား၍၊ 
တရားယူလိုများလူဗိုလ်တို့၊ နဂိုမြင့်မြင့်၊ အလိုတင့်အောင် ကိုယ်ကျင့်အဘိဓမ္မာ၊

ကျားငစဉ်းလဲအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၈)



ကျားငစဉ်းလဲအကြောင်း 
ဟိတောပဒေသ၌ ကျားအိုကြီး စဉ်းလဲပုံကို ပုံဝတ္ထုလုပ်၍ ပြထားသည်မှာ အသိနှင့် ကိုယ်ကျင့် တခြားစီဖြစ်၍နေကြောင်း ထင်ရှားစေတော့သည်။ ကျားကြီးကား အတော်အိုပြီ။ ရှေးကလို သားကောင်းများကို လျင်လျင်မြန်မြန် မဖမ်းနိုင်တော့ချေ။ သို့ဖြစ်၍ တစ်နေ့သ၌ တောသွားတောလာတို့ ကြားလောက်အောင် ဟစ်အော်သည်မှာ-

“အို-အို ခရီးသွားတို့ ဤရွှေလက်ကောက်ကို ယူလှည့်ပါကုန်” ထိုစကားကို ခရီးသွားတစ်ယောက်ကြား၍ အနားလာပြီးလျှင် “ဘယ်မှာလဲရွှေလက်ကောက်”ဟု မေးသဖြင့် ကျားအိုကြီးက လက်ကိုဖြန့်၍ ရွှေလက်ကောက်ကို ပြသောအခါ ထိုခရီးသည်က “သူများအသက်ကို သတ်ဖြတ် စားသောက်လေ့ရှိသော အသင်၏ အနား၌ ဘယ့်နှယ်လုပ်ပြီး အကျွမ်းတ၀င် ယူဝင့်ဝံ့ပါမည်လဲ”ဟု ပြောလေသော် ကျားကြီးက ပြောသည်မှာ “ကျွန်ုပ်ငယ်ရွယ်စဉ်က တရားကို နားမလည်၍ သူများကို သတ်ဖြတ်ခဲ့၏။ ထိုသို့ သူများကို သတ်မိခဲ့၍

ကိုယ့်တာဝန်နှင့် အသိနဲ့ ကိုယ်ကျင့် (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၇)



ကိုယ့်တာဝန်နှင့် အသိနဲ့ ကိုယ်ကျင့်

ကိုယ့်တာဝန်
ဤမျှလောက်သော စကားအစဉ်ဖြင့် ကိုယ်ကျင့်တရား သိဖွယ်များကို နားလည်လောက်ကြပေပြီ။ တတ်သိနားလည်မူမှာ ကျမ်စာ၏ တာဝန်ဖြစ်၏။ တတ်သိ နားလည်သည့်အတိုင်း သတိထားမူ၊ စောင့်စည်းမူ၊ ကြိုးစားမူတို့ကား ကျမ်းစာရူသူတို့၏ တာဝန်ဖြစ်၏။ “ယခုအခါ ကျမ်းစာ၏ တာဝန်ကျေပွန်လောက်ပြီဖြစ်၍ ကျမ်းစာရူသူတို့၏ တာဝန်သာ ကျန်တော့သည်”ဟု ဆိုလိုပါသည်။
အသိနှင့် ကိုယ်ကျင့်
အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်း မကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏။ ကျင့်၍ မပေးနိုင်ကြ။ ယခု ကာလ စာပေလိုက်စားသူ၊ အဆုံးအမများများ ခံရသူတို့သည် အသိမနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျောက် စောင့်စည်းသူ သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေပေါများနေသော ဤလောကကြီးဝယ် လူကောင်းသူကောင်းများပင် စိတ်ထားကောင်းဖို့ ခဲယဉ်းလေတော့သည်။

နိရောဓသမာပတ်ကို ၀င်စားခြင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၆)




နိရောဓသမာပတ်ကို ၀င်စားခြင်း

စိတ် စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော ရုပ်များ၏ အသစ်မဖြစ်ဘဲချုပ်ငြိမ်းနေအောင် ပြုနိုင်သော သမာပတ်ကို “နိရောဓသမာပတ်”ဟုခေါ်၏။ အနာဂါမ် ရဟန္တာဖြစ်ပြီး ဈာန်အကုန်ရပြီး ပုဂ္ဂိုလ်ကိုသာ ထိုသမာပတ်ကို ၀င်စားနိုင်၏။ အနာဂါမ်၊ ရဟန္တာ အရှင်မြတ်တို့သည် ရုပ်နာမ် ခန္ဓာကြီးကို လေးလံလှစွာသော ၀န်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြကုန်၏။
ထို့ကြောင့် ရုပ်ခန္ဓာ ကင်းနိုင်သမျှကင်းဖို့ရာ နိရောဓသမာပတ်ကို ၀င်စားတော်မူကြသည်။ ထိုသမာပတ်အတွင်း၌ ခံစားမူလုံးဝမရှိ။ နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ဘဲရပ်စဲနေခြင်းသာတည်း။ ထိုရပ်စဲခြင်းသည်ပင် ချမ်းသာသေးလျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းနေသော နိဗ္ဗာန်သည် အဘယ်မှာ

သုခ ၂-မျိုး (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၅)



သုခ ၂-မျိုး

သုခသည် ဝေဒယိတသုခ, သန္တိသုခဟု ၂-မျိုးရှိ၏။ ယခုခေတ် လူအများတို့ မြင်ရ၊ ကြားရ၊ နမ်းရ၊ စားသောက်ရ၊ တွေ့ထိရသောအခါ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်းကို “ဝေဒယိတသုခ”ဟု ခေါ်သည်။ ထိုသို့ ခံစားမူမရှိဘဲ ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းသဘောကို “သန္တိသုခ”ဟု ခေါ်သည်။


ဝေဒယိတသုခ
ခံစားမူ ဟူသော ဝေဒယိတ သုခသည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ်ရအောင် ပစ္စည်းဥစ္စာရှာရခြင်း စသော ဒုက္ခဖြင့် ထူထောင်ရ၏။ ထိုအသစ် အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ။ ထိုသို့ ဒုက္ခဖြင့် ထူထောင်ကြပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမို အကြွေးယူကာ မတရားခံစားမူအတွက် အပါယ်သွား၍ သုခကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရလေသည်။

နိဗ္ဗာန်၏ ဂုဏ်တော်တချို့ (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၄)



နိဗ္ဗာန်၏ ဂုဏ်တော်တချို့ 

ခယဂုဏ်တော်
ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရာဂစသော ကိလေသာအချို့သည်လည်းကောင်း၊ ထိုကိလေသာရှိသူတိုင်း (၇-ဘ၀နောက်ရရှိမည့်) ရုပ်နာမ်တို့သည်လည်းကောင်း ကုန်ခန်းကြရတော့၏။ အထက်မဂ်များကို ရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာတို့၏လည်းကောင်း၊ ရုပ်နာမ်တို့၏လည်းကောင်း ကုန်ခန်းကြောင်းခယဂုဏ်နှင့် ပြည့်စုံပါသည်။

နိဗ္ဗာန် ၂-မျိုးမှ တစ်မျိုး နိဗ္ဗာန် (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၃)



နိဗ္ဗာန် ၂-မျိုးမှ တစ်မျိုး နိဗ္ဗာန် 
ရဟန္တာအားလုံး၌ ရနိုင်သော ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန် ၂-မျိုးသည် “သိဝံ ပတ္ထေထ ဘိက္ခဝေ၊ သိဝံ ပတ္ထေတွာ ဒါနံ ဒါတဗ္ဗံ = ဘိက္ခုတို့၊ ဘေးခပ်သိမ်းတို့၏ အေးငြိမ်းရာ နိဗ္ဗာန်ကို တောင့်တကြလော့၊ နိဗ္ဗာန်ကို တောင့်တ၍ ဒါနကို ပြုကြလော့၊ သီလကို ဆောက်တည်ကြလော့၊ ဘာဝနာကို ပွားစေကြလော့” ဤသို့ ဗုဒ္ဓမြတ်စွာ တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏”ဟု လူအများ တောင့်တအပ် ဆုတောင်းအပ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “ငါဘုရားသည် ယနေ့ညဉ့်၏ နောက်ဆုံးအချိန်၌ ရှေးရှေးဘုရားတို့ ၀င်အပ်သော အမြိုက် နိဗ္ဗာန်သို့ ၀င်ရတော့မည်” ဟု ဆင်ခြင်တော်မူသောအခါ “စိတ်တော်သည် အလွန်ကြည်၏”ဟု မိန့်တော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “အနေဇော သန္တိမာရဗ္ဘ၊ ယံ ကာလ မကရီမုနိ = ငါးဖြာအာရုံ ကာမဂုဏ်၌ တုန်လူပ်တတ်စွာ တဏှာ ကင်းပြီးသော အကြင် မုနိထွတ်တင် ဘုရားရှင်သည် ဒုက္ခ ခပ်သိမ်း အေးငြိမ်းရာနိဗ္ဗာန်ကိုရည်ရွယ်တော်မူ၍ ကွယ်လွန်ချိန်ကို ပြုတော်မူပြီ”ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူအပ်သော စကားတော်အရ ဘုရားရှင် ရည်ရွယ်တော်မူအပ်သော သန္တိသုခအမတ - မဟာနိဗ္ဗာနန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “နိဗ္ဗာနံ ပန လောကုတ္တရာ သင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ၊ မဂ္ဂဖလာန မာရမ္မဏဘူတံ ၀ါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္ထာ နိဗ္ဗာနန္တိ ပ၀ုစ္စတိ”ဟု အဘိဓမ္မတ္ထ သင်္ဂဟကျမ်း၌ “မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်”ဟုလည်းကောင်း၊ “နိဗ္ဗာနံ ပရမံ သုခံ”ဟု ဓမ္မပဒအဋ္ဌကထာ၊ သုခ၀ဂ်၊ ဧကဥပါသက၀တ္ထု၌ “နိဗ္ဗာန်သည် အမြတ်ဆုံးသုခ”ဟုလည်းကောင်း၊ “အသင်္ခတာ စ ဓာတု”ဟု ဓမ္မ သင်္ဂဏီ၊ ရူပကဏ္ဍ၊ ဥဒ္ဒေသ၌ “အသင်္ခတဓာတ်”ဟုလည်းကောင်း ဟောတော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
ပြအပ်ခဲ့သောနိဗ္ဗာန် ၂-မျိုးသည် သစ္စာ ၄-ပါးတွင် နိရောဓသစ္စာ အဖြစ်ဖြင့်ပါဝင်သော၊ သောတာပတ္တိမဂ်ကိုရလျှင်ပင် ၀ိသာခါကဲ့သို့ ၇-နှစ်သမီးအရွယ် သူငယ်မတို့ ထိုက်တန်သမျှ မြင်အပ်သော၊ တစ်ခါမြင်ပြီးလျှင် ဒိဋ္ဌိ ၀ိစိကိစ္ဆာတို့ ကင်းကွာရကြောင်းဖြစ်သော၊ တစ်ခါမြင်ဖို့ရန်လည်း ငါးပါးသီလ လုံခြုံမူအခြေခံရသော နိဗ္ဗာန်မဟုတ်သေးပါ။
ထို့ကြောင့် ယခုအခါ အကြောင်းတရားတို့ကို မပြုအပ်သောကြောင့် “အသင်္ခတဓာတ်” အမည်တော်ရသော ဘုရားရှင်သာမက ရဟန္တာ ဟူသမျှတို့သည် ပရိနိဗ္ဗာန်မ၀င်စံခင်ကာလ၌ မကြာမကြာ အာရုံပြု၍နေအပ်သော ပရိနိဗ္ဗာန်စံတော်မူပြီးနောက်လည်း မပျောက်မပျက် ဆက်လက်တည်ရှိရစ်သော၊ လူအများတို့ ဆုတောင်းအပ်သော၊ ဘုရားရှင်လည်း ဆုတောင်းဖို့ရန် တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန်တရားတော်မြတ်ကို ရိုသေလေးမြတ်စွာရေးသား ပူဇော်ပါမည်။
လူအများတို့ဆုတောင်းနေသော နိဗ္ဗာန်၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်
ရှေးပညာရှိများဖွင့်ပြပုံ
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူသော ပရမတ္ထ တရားတို့သည် ရူပါရုံမှတစ်ပါး မျက်စေ့ဖြင့် မြင်ကောင်းသော တရား မဟုတ်ကြပါ။ ထိုသို့မမြင်ကောင်းသော်လည်း ရှေးပညာရှိ အဋ္ဌကထာဆရာတို့သည် မျက်စေဖြင့် မြင်ရသကဲ့သို့ ဉာဏ်ထဲ၌ ထင်မြင်လာအောင် လက္ခဏာအားဖြင့်လည်းကောင်း၊ ကိစ္စရသ၊ သမ္ပတ္တိရသ တစ်မျိုးမျိုးအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်ရူစားသော ယောဂီပုဂ္ဂိုလ်၊ ပညာရှိပုဂ္ဂိုလ်တို့၏ ဉာဏ်အားထင်လာသော အခြင်းအရာအားဖြင့်လည်းကောင်း၊ အနီးဆုံးအကြောင်းဟူသော ပဒဋ္ဌာန်အားဖြင့်လည်းကောင်း ဖွင့်ပြကြပါသည်။
နိဗ္ဗာန်ကိုလည်းဉာဏ်၌ ထင်မြင်လာအောင်လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်အားဖြင့် ဖွင့်ပြရမည်ဖြစ်၍ ထိုသို့ မဖွင့်ပြမီ သန္တိလက္ခဏာရှိသော နိဗ္ဗာန်နှင့်တစ်ဖက်တစ်လမ်း (ဟိုဘက်ကမ်း ဤဘက်ကမ်းကဲ့သို့) ကွာလှမ်းသော ရုပ်နာမ်၏ မငြိမ်မသက် ဖြစ်ရပုံကို ရှေးဦးစွာ ပြသပါမည်။
သင်္ခတဓာတ်
ရုပ်နာမ်တို့ကို ရှေ့၌ ပြခဲ့ပြီ။ ရုပ်နာမ်တို့သည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံစသော အကြောင်းတို့က ပြုအပ်သော သင်္ခတဓာတ် (ပြုပြင်အပ်သော ဓာတ်) ဖြစ်၏။ ပြု၍ ဖြစ်သောအခါ ချက်ချင်းပျက်၏။ ပျက်ပြီးလျှင်လည်း ထပ်၍ဖြစ်၏။ ဖြစ်ပြီးလည်း ပျက်ပြန်၏။ ဤသို့ ဖြစ်ပျက်ဖြစ်ပျက် ဆက်၍နေသော အစဉ်သည် လက်ဖျောက် တစ်ချက်တီးခန့် ကာလ၌ ကုဋေသိန်းပေါင်းများစွာပင်တည်း။ (စိတ်စေတသိက်တို့ တစ်ဆယ့်ခုနှစ်ကြိမ် ပျက်ပြီးမှ ရုပ်ကတစ်ကြိမ်သာပျက်၏။) ဤအချိန်ကလေး၌ ဤမျှလောက်များအောင် ဖြစ်ပျက်နေရသော ရုပ်နာမ်သည် အဘယ်မှာ ငြိမ်သက် အေးမြ၍ သုခ ဖြစ်နိုင်တော့အံ့နည်း။ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် အမြဲပင် ဒုက္ခဖြစ်၏။ ဥဒယဗ္ဗယပဋိပီဠနဋ္ဌေနဒုက္ခာ = အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် ရုပ်နာမ်ဟူသမျှ ဒုက္ခချည်းသာ။
သန္တိလက္ခဏာ
“လက္ခဏ”ဟူသည် မှတ်သားကြောင်း အမှတ်အသား၊ မှတ်သားအပ်သော သဘောတည်း။ လူတစ်ယောက်၌ အများနှင့်မတူသော ထူးခြားသော အမှတ်အသား ရှိသကဲ့သို့ ပရမတ္ထတရား ၄-ပါး၌လည်း တစ်ပါးနှင့်တစ်ပါး မတူအောင် ထူးခြားသော အမှတ်အသား၊ ထူးခြားသော သဘောရှိ၏။ နိဗ္ဗာန်အတွက် ထူးခြားသော လက္ခဏာ(အမှတ်အသား)ကား သန္တိလက္ခဏာတည်း။
သန္တိဖြစ်ပုံ
ရုပ်၊ စိတ်၊ စေတသိက်၊ နာမ်တို့သည် ပြအပ်ခဲ့သည့်အတိုင်း အမြဲဖြစ်ပျက်နေရကား ငြိမ်ငြိမ်သက်သက် မရှိကြ။ အမြဲပူလောင်နေသကဲ့သို့ ငြိမ်းငြိမ်းအေးအေးလည်း မရှိကြ။ အသေင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကား အဖြစ်မရှိသောကြောင့် အလွန်ငြိမ်သက်၏။ အဖြစ်အပျက် အပူအလောင် မရှိသောကြောင့် အလွန်အေးငြိမ်း၏။ ထိုအေးငြိမ်းခြင်းသည် နိဗ္ဗာန်၏ “သန္တိ”ဟု ခေါ်ရသော ထူးခြားသော လက္ခဏာ ဖြစ်သည်။
အစ္စုတရသ
ရုပ် နာမ် ခန္ဓာတို့သည် ရှေးဦးစွာ ဖြစ်ရ၏။ ဖြစ်ပြီးသောအခါ ပျက်ရခြင်းအားဖြင့် ပင်ကို သဘောမှ ရွေ့လျောရ၏။ နိဗ္ဗာန်၏ သန္တိသဘောကား ဘယ်အခါမှ မပျောက်မပျက်သောကြောင့် ပင်ကို သဘောမှမရွေ့လျားခြင်း ဟူသော ထူးသော အရသာရှိ၏။
အနိမိတ္တမစ္စုပဋ္ဌာန်
ကမ္မဋ္ဌာန်းအားထုတ်သော ယောဂီ ပုဂ္ဂိုလ်ဖြစ်စေ၊ တရားသဘောကို စဉ်းစားသော ပညာရှိဖြစ်စေ ဉာဏ်ဖြင့် ရူမြင်သောအခါ အမှန်အတိုင်း ထင်လာ၏။ ထိုသို့ ထင်လာသည်ကို “ပစ္စုပဋ္ဌာန်”ဟုခေါ်၏။ နိဗ္ဗာန်၏ သဘောကို ဉာဏ်ဖြင့် ရူမြင်သောအခါ (စိတ် စေတသိက် ရုပ်တို့မှာ သဘောအထည်ကိုယ် ရှိသကဲ့သို့) “အထည်ကိုယ် မရှိသော တရား”ဟု ဉာဏ်အားဖြင့် ထင်လာသည်။ နိမိတ္တ ဓမ္မာ သင်္ခါရာ၊ တေဟိ သနိမိတ္တာ သ၀ိဂ္ဂဟာ ၀ိယ ဥပဋ္ဌဟန္တိ။ အဋ္ဌသာလိနီ၊ လောကုတ္တရာ ကုသိုလ် အဖွင့်။ -အနုဋီကာ (နှာ ၁၂၁)။
ပဒဋ္ဌာန်
နီးကပ်သောအကြောင်းကို ပဒဋ္ဌာန (ပဒဋ္ဌာန်)ဟု ခေါ်၏။ (စိတ်သည် ယှဉ်ဖက်စေတသိက်၊ မှီရာရုပ်ဟူသော နီးကပ်သော အကြောင်းရှိသကဲ့သို့) နိဗ္ဗာန်မှာ နီးကပ်သောအကြောင်းမရှိ။ အရိယာတို့ သန္တာန်၌ နိဗ္ဗာန်တရား ပေါ်လာဖို့ရန် ဒါန၊ သီလ၊ ဘာဝနာ စသော ဝေးသော အကြောင်းကား များစွာရှိရပါသည်။
သန္တိလက္ခဏံ အစ္စုတ - ရသံ နိဗ္ဗာနအမတံ။
အနိမိတ္တဥပဋ္ဌာနံ၊ ပဒဋ္ဌာနံ န လဗ္ဘတိ။
နိဗ္ဗာနအမတံ၊ အမြိုက်နိဗ္ဗာန်သည်။ သန္တိလက္ခဏံ၊ ငြိမ်သက် အေးငြိမ်းခြင်း လက္ခဏာ ရှိ၏။ အစ္စုတရသံ၊ ပင်ကို သဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသ ရှိ၏။ အနိမိတ္တဥပဋ္ဌာနံ၊ အထည်ကိုယ်ဟန် ပုံသဏ္ဌာန်မရှိသော တရားဟု ဉာဏ်အားထင်လာ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းကို။ န လဗ္ဘတိ၊ မရအပ်။

နိဗ္ဗာန် - ပရိနိဗ္ဗာန် (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၂)



နိဗ္ဗာန် - ပရိနိဗ္ဗာန် 
ပရိနိဗ္ဗာန် ၃-မျိုး
နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်သည် သဘောတူ၏ ထိုပရိနိဗ္ဗာန်သည် ကိလေသာတို့၏ ငြိမ်းအေးခြင်းဟူသော ကိလေသပရိနိဗ္ဗာန်၊ ရုပ်ခန္ဓာတော်၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန်၊ ဓာတ်တော်တို့၏ ငြိမ်းအေးခြင်းဟူသော ဓာတုပရိနိဗ္ဗာန်အားဖြင့် ၃-ပါး အပြားရှိ၏။
ကိလေသပရိနိဗ္ဗာန်
သတ္တ၀ါတိုင်း၌ရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့သည် စိတ်ကို ပူလောင်စေကြကုန်၏။ တဏှာ၊ ရာဂ၊ လောဘမီး၏ ပူလောင်မူကြောင့် ဆရာ မိဘ စသူတို့၏ စကားကိုမျှ နားမထောင်နိုင်ဘဲ လုပ်ချင်ရာ လုပ်ကြသူတွေ၊ အလိုမကျသော ဒေါသမီးကြောင့် ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံကြသူတွေကို ကြည့်လျှင် လောဘ၊ ဒေါသမီးတို့ ပူလောင်ပုံမှာ အလွန်ထင်ရှား၏။ 

သောတာပန်ဖြစ်ဖို့ခက်သလား? (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၁)




သောတာပန်ဖြစ်ဖို့ခက်သလား? 
ပါဠိတော်။ ။တသ္မာတိဟာနန္ဒ ဓမ္မာဒါသံနာမ ဓမ္မပရိယာယံ ဒေသေဿာမိ၊ ယေန သမန္နာဂတော အရိယ သာဝကော အာကင်္ခမာနော အတ္တနာဝ အတ္တာနံ ဗျာကရေယျ၊ ခီဏနိရယောမှိ ခီဏ တိရစ္ဆနယောနိ ခီဏပေတ္တိ ၀ိသယော ခီဏာပါယဒုဂ္ဂတိ ၀ိနိပါတော၊ သောတာပန္နော ဟမ သ္မိ အ၀ိနိပါတ ဓမ္မော နိယတော သမ္မောဓိပရာယဏောတိ။
မြန်မာပြန်။ ။နောက်၌ ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာဂုဏ်တော် ၉-ပါး၊ ဤဂုဏ်တော်များ၌ အဝေစ္စပသာဒ (ဉာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း) ၃-မျိုး၊ ငါးပါးသီလနှင့် ပြည့်စုံခြင်း ဤဂုဏ်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသူသည် မိမိ ကိုယ်ကို သောတာပန်ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်။

နိဗ္ဗာန်အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၀)



နိဗ္ဗာန်အကြောင်း
နိဗ္ဗာန်အကြောင်းကိုရေးသားလျှင် ကြောင်းကျိုးစုံလင်အောင် ကျယ်ဝန်းစွာရေးမှ တာဝန်ကျေပေလိမ့်မည်။ ဤစာ၌ကား ထိုမျှလောက် ကျယ်ဝန်းစွာ ရေးခွင့်မရ။ အနည်းငယ် မထိတထိ ရေးခြင်းထက် လုံးလုံးမရေးခြင်းက သင့်တော်သေး၏ဟု သဘောရ၍ နိဗ္ဗာန်အကြောင်းကို လျစ်လျူရူခဲ့ပါသည်။ သို့သော် အထိုက်အလျောက် သိနှင့်ကြဖို့ရန် ၁၃၂၀-ခုရိုက် စာအုပ်၌ကား သင်္ဂြိုဟ် ဘာသာဋိကာ၌ ပါသော ဥပသမာနုဿတိခန်းကို ထည့်သွင်းပြလိုက်ပါသည်။


ဥပသမာနုဿတိ

နိဗ္ဗာန်၏ ချမ်းသာအေးမြ သန္တိသုခ တစ်မျိုးရှိပုံကို အဖန်ဖန် အောက်မေ့နေခြင်းသည် ဥပသမာနုဿတိ မည်၏။ နိဗ္ဗာန်တရားကို “ရုပ်ဝိသေသ၊ နာမ်ဝိသေသ”ဟုလည်းကောင်း၊ “ခန္ဓာကိုယ်တွင်း၌ အနှစ်အမတေအလား မြဲခိုင်သော နိစ္စတရားရှိ၏။ ရုပ်တရား နာမ်တရား ချုပ်ပျောက်သောအခါ ထိုအနှစ်အမြူတေသာ အဖတ်တင်ရစ်၏။ ထိုအနှစ်အမြူတေအဖြစ်ဖြင့် တည်နေရခြင်းသည်ပင် နိဗ္ဗာန်တည်း”ဟုလည်းကောင်း၊ “နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့်မရလျှင် အဘယ်မှာ ချမ်းသာဟု ဆိုနိုင်ပါအံ့နည်း”ဟုလည်းကောင်း မိမိတို့ထင်ရာမြင်ရာပြောဆိုကြ၏။ တစ်စုံတစ်ခုသော အာရုံ၏ အကြောင်းအရာကို ထိုအာရုံရဖူးသူသာ ပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်သကဲ့သို့ နိဗ္ဗာန်အကြောင်းကိုလည်း ထိုနိဗ္ဗာန်ကိုရပြီးသော အရိယာပုဂ္ဂိုလတို့သာ ပိုင်နိုင်စွာ သိနိုင်ပါသည်။ ပုထုဇဉ်တို့ အတွေးဖြင့် လေးနက်သော နိဗ္ဗာန်ကို အမှန်မထိမိနိုင်ရာ။ သို့သော် ကျမ်းဂန်သာဓက ယုတ္တိကို ချိန်ဆ၍ ဉာဏ်မြင်သလောက် ရေးပြဦးအံ့။

ဗြဟ္မာ့စည်းစိမ် (ကိုယ်ကျင့်အဘိဓမ္မာ - ၁၀၉)




ဗြဟ္မာ့စည်းစိမ်
ဗြဟ္မာ့ပြည်ရောက်ရန် ဈာန်ကို အားထုတ်စဉ်ကပင် လောကီအာရုံ ကာမဂုဏ်နှင့် လူသူထူထပ်သော မြို့ ရွာ၊ အိမ် ကျောင်းတို့ကို ရှောင်းရှား၍ ဆိတ်ဆိတ်ငြိမ်ငြိမ် နေထိုင်အားထုတ်ရသောကြောင့် ထိုဈာန်ကုသိုလ်တရားတို့အတွက် ဗြဟ္မာ့ပြည်၌ ဖြစ်ရသော ဗြဟ္မာတို့လည်း လွန်စွာ ငြိမ်သက်ကြပေသည်။ သားသမီး ဇနီး မောင်နှံဟူ၍ မရှိကြ။ အားလုံး ဗြဟ္မာတို့မှာ ယောက်ျားသဏ္ဌာန်ရှိသော်လည်း ယောက်ျားအင်္ဂါနှင့် မိန်းမအင်္ဂါ မပါကြတော့ချေ။ သို့အတွက် ကာမဂုဏ်ချမ်းသာကို ခံစားခြင်း မရှိကြ။ ဈာန်ကို အားထုတ်စဉ် (လူ့ဘ၀) တုန်းကပင် ကာမဂုဏ်အပြစ်ကို နှစ်နှစ်ကာကာ မြင်ခဲ့ပြီး ဖြစ်သောကြောင့် ကာမစိတ်ဓာတ်များလည်း လုံးဝမဖြစ်အောင် ငြိမ်ဝပ်လျက် ရှိကြလေသည်။


ထို့ကြောင့် နတ်ဘုံ နတ်နန်းတို့ထက် ခမ်းနားလှသော ဗိမာန်ဥယျာဉ်တွင် တကယ့်ယောဂီသူတော်စင်များ နေသလို တချို့က မေတ္တာစသော ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ၊ တချို့က ဈာန်ဝင်စားလျက် ငြိမ်သက်အေးချမ်းစွာ စံမြန်းနေကြလေသည်။ သို့သော် လူ့ပြည်၌ အတန်းအစား ကွာခြားနေသကဲ့သို့ ဗြဟ္မာ့ချင်းလည်း အတန်းအစား ကွာခြားနေရကား တချို့ ဗြဟ္မာက ဗြဟ္မာမင်း (ဗြဟ္မာ ဘုရင်) ဖြစ်ကြ၍ တချို့က ဗြဟ္မာ့ပုရောဟိတ် (ဗြဟ္မာမင်း၏ အမတ်) များဖြစ်ကြပြီးလျှင် တချို့ကမူ ဗြဟ္မာမင်း၏ အခြွေအရံ ပရိသတ်များ ဖြစ်ကြလေသည်။

စဉ်းစားဖွယ်ရာအဖြာဖြာ (ကိုယ်ကျင့်အဘိဓမ္မာ -၁၀၈)



စဉ်းစားဖွယ်ရာအဖြာဖြာ

ဤတရားတော်အရ စဉ်းစားပါလျှင် နတ်ပြည်အာရုံသည်တရားမေ့အောင် မိုင်းတိုက်နိုင်ကြောင်း နားလည်နိုင်ပေပြီ။ မှန်၏။ သိကြားမင်းသည် ပင်ကိုအားဖြင့် သတိကောင်း ဉာဏ်ထက်၍ အလွန် သွက်လက်သူပေတည်း။ ထိုအချိန်မှာ သောတာပန်လည်း ဖြစ်ပြီးပေပြီ။ နာခဲ့ရသော တရားမှာလည်း သူကိုယ်တိုင် သိချင်လှ၍ လျှောက်ထားသော ပြဿနာ၏အဖြေ တရားအကျဉ်းမျှသာ ဖြစ်၏။ ရှင်မောဂ္ဂလာန် မေးချိန်နှင့် ထိုတရားနာခဲ့ချိန်မှာ မိနစ်လောက်သာ ဝေးပေလိမ့်ဦးမည်။ သို့ပါလျက် ဥယျာဉ်ပွဲ၏ မိုင်းတိုက်မူကြောင့် စဉ်းစား၍ မရနိုင်အောင်ပင် မေ့ရလေသည်။
၁။ ဤ၀တ္ထုကိုထောက်ထား၍ မိမိတို့အတွက် လေးလေးနက်နက် စဉ်းစားသင့်၏။ မိမိကိုယ်ကို “သူတော်ကောင်းဟုတ်ပါသည်”ဟု ၀န်ခံနိုင်သော သူတော်ကောင်းမှန်လျှင် နောက်ဘ၀အတွက် ဂတိကောင်းဖို့ များပါ၏။ သို့သော် ထိုရောက်ရမည့် ဂတိကား လူနှင့်နတ် ဘ၀သာဖြစ်ပါသည်။ ဈာန်မရ၍ ဗြဟ္မာမဖြစ်နိုင်။ ရဟန္တာမဟုတ်သေး၍ နိဗ္ဗာန်မရနိုင်ပါ။ အထက်နတ်ဖြစ်ခဲ့သော် သိကြားမင်းလို အရိယာပုဂ္ဂိုလ်သော်မှ မေ့ရပုံကို ထောက်၍ မိမိတို့အတွက်သိပြီးတရား ကလေးများ မေ့ပျောက်သွားမည်ကို မစိုးရိပ်ရပါလော။

သိကြားမင်းကြီးတရားမေ့ပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၁၀၇)



သိကြားမင်းတရားမေ့ပုံ 
သောတာပန်ဖြစ်ပြီးသော သိကြားမင်းသည် အခါတစ်ပါး၌ ကြီးကျယ်ခမ်းနားသော ဥယျာဉ်ပွဲကို ရူစားဖို့ရန် အခြွေအရံများဖြင့် ဧရာဝဏ်ဆင်ကိုစီး၍ ထွက်လာ၏ ဥယျာဉ် တံခါးပေါက်သို့ ရောက်သောအခါ ဘုရားရှင်အား ပြဿနာမေးရန် အကြံပေါ်လာလေ၏။ ထိုပြဿနာကား တဏှာကုန်ခန်း နိဗ္ဗာန်သို့ လွတ်လွတ်ကျွတ်ကျွတ် ကြွမြန်းနိုင်သော ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ် ပြဿနာတည်း။
ထိုပြဿနာမေးလျှောက်လိုသော စိတ်အကြံသည် ဥယျာဉ်တွင်းဝယ် ပွဲသဘင်အလယ်သို့ရောက်လျှင် မေ့ပျောက်သွားဖွယ်ရှိသောကြောင့် “ယခုပင် သွား၍မေးလျှောက်မည်”ဟု ကြံစည်ကာ ဧရာဝဏ်ဆင်ပေါ်မှ ကွယ်ပျောက်၍ ဘုရားထံအရောက်လာခဲ့လေသည်။ ဆင်ကြီးလည်း ဥယျာဉ်အပေါက်မှာ ရပ်၍ နေရစ်၏။ နောက်ပါ အခြံအရံများလည်း ဥယျာဉ်ပေါက်မှာ ကျန်ရစ်ကြလေသည်။

ရှိသမျှ ဓာတ်ခံကလေးများ ပျောက်မသွားအောင် (ကိုယ်ကျင့်အဘိဓမ္မာ - ၁၀၆)



ဤကာမဂုဏ်စခန်း၌အစွမ်းကုန် ပျော်ဖွယ်ကောင်းသည့်အပြင် ပျော်မွေ့ဖွယ်ကောင်းသလောက်လည်း ပျော်စံလေ့ရှိကြသောကြောင့် ကာမဂုဏ်ကို စက်ဆုပ်သော အနာဂါမ်နှင့် ရဟန္တာအဖြစ်သို့ ရောက်သောအခါ နတ်ပြည်မှာကြာရှည်စွာ မနေနိုင်ကြတော့ဘဲ အနာဂါမ်ဖြစ်သူတို့ ဗြဟ္မာ့ပြည်သို့ စုတေရွေ့ပြောင်း၍ ရဟန္တာအပေါင်းတို့မှာ ပရိနိဗ္ဗာန် စံကြလေတော့သည်။ သို့ဖြစ်၍ နတ်ပြည်ကျမှ အန္တရာယ်ကင်း ရန်ဘေးရှင်းလျက် တရားဘက်၌သာ အားထုတ်၍ ယောဂီလုပ်မည်ဟု မမျှော်လင့်လေနှင့်။ 
လူ့ပြည်က အသေအလဲ အားခဲသွားသူနှင့် ဘုရားလက်ထက်တော်က ဘုရားတရားကို နာရသူလောက်သာ နတ်ပြည်၌ တရားသားတက်ဖွယ်ရှိသည်။ မလိုလဲလိုလဲ တရားမြဲသူကား နန္ဒဥယျာဉ် အပေါက်ဝတွင် တရားကလေးများ ပျောက်ကျရစ်လတ္တံ့။

နတ်ဘုံခန်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၀၅)



နတ်ဘုံခန်း 
ထိုကဲ့သို့ တည်ထောင်ပြီးသော ကမ္ဘာသစ်၌ ငရဲသူငရဲသားတို့ ဆင်းရဲရပုံကိုပြခဲ့ပြီ။ တိရစ္ဆာန် ပြိတ္တာတို့ ဆင်းရဲပုံကိုလည်း မျက်မြင်အားဖြင့်လည်းကောင်း၊ ကြားဖူးနားဝဖြင့်လည်းကောင်း အတော်အတန် သိလောက်ပြီ။ လူများ၏ ဆင်းရဲချမ်းသာမှာ ကိုယ်တွေ့ဖြစ်၍ အထူးရေးဖွယ်မလို။ နတ်စည်းစိမ်ကိုကား အများပင် သိလိုကြပေလိမ့်မည်။ ထို့ကြောင့် ကျမ်းဂန်လာ အချက်များကို အကျဉ်းချုပ်စုပေါင်း၍ နတ်တို့ နေထိုင်ကြပုံ အကြောင်းများကို ပြပေအံ့။


နတ်ဘုံနတ်ခန်း
နတ်စည်းစိမ်ကား လူ့စည်းစိမ်ထက် နေရာတိုင်းပင်သာလွန်၏။ မြက်ဖျားပေါ်က ဆီးနှင်းပေါက်နှင့် သမုဒ္ဒရာရေများ ကွာခြားသလောက် လူ့စည်းစိမ်နှင့် နတ်စည်းစိမ်များ ကွာခြား၏။ တာဝတိံသာနတ်တို့၏ “သုဒဿန” မည်သော နေပြည်တော်သည် မြင်းမိုရ်တောင်ထိပ်ဝယ် ယူဇနာတစ်သောင်းကျယ်သော အရပ်၌ တည်ရှိ၏။ ထိုနေပြည်တော်၏ အရှေ့ဘက်၌ နန္ဒ၀န် ဥယျာဉ်ခေါ် နန္ဒနဥယျာဉ်သည်ကား စုတေခါနီး၌ အလွန်ပူဆွေးနေသော နတ်များကိုပင် စုတေရမည့် အရေးကို မတွေးမိလောက်အောင် ပျော်မွေ့ဖွယ်ကို ဆောင်လေသတဲ့။

လူများဖြစ်ပေါ်လာပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၁၀၄)




လူများဖြစ်ပေါ်လာပုံ

ထိုကဲ့သို့ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံတို့ တည်မိသောအခါ အထက် ဗြဟ္မာ့ပြည်၌ရှိသော ဗြဟ္မာတို့တွင် အသက်တမ်းစေ့၍ဖြစ်စေ၊ ကံကုန်၍ဖြစ်စေ အချို့ဗြဟ္မာတို့ စုတေကြလေ၏။ ထိုစုတေသူတို့တွင် တချို့ အောာက်ဗြဟ္မာ့ဘုံမှာ ဖြစ်ကြ၏။ တချို့ကား နတ်ဘုံ၌ ဖြစ်ကြ၏။ တချို့ကား ဤလူဘုံဝယ် လူဖြစ်လာကြလေသည်။ ထိုကဲ့သို့ ဗြဟ္မာ့ပြည်မှစုတေ၍ လူ့ပြည်၌ဖြစ်ကြသော ကမ္ဘာဦး လူတို့၌ မိဘိမရှိကြ။ နတ်ပြည်၌ နတ်ဖြစ်ကြသလို လူ့ပြည်၌လည်း ကံ၏အစွမ်းကြောင့် လူကိုယ်ကြီး အထင်အရှား ဖြစ်လာကြသည်။


ထိုကမ္ဘာဦးလူတို့၌ ယောက်ျားမိန်းမဟု ခွဲခြားဖို့ရာ ယောက်ျားအင်္ဂါ မိန်းမအင်္ဂါများလည်း မပါကြသေးချေ။ မည်သည့် အစားအစာကိုမျှလည်း မစားသောက်ဘဲ နေနိုင်ကြ၏။ နေလ နက္ခတ်တို့လည်း မရှိကြသေး။ မိမိတို့၏ ကိုယ်ရောင်ကိုယ်ဝါဖြင့်သာ ထွန်းလင်းတောက်ပ ကုန်လျက် ဗြဟ္မာဖြစ်တုန်းကကဲ့သို့ ကောင်းကင်၌ လှည့်လည် သွားလာနိုင်ကြလေသည်။

ကမ္ဘာတည်ပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၁၀၃)

ကမ္ဘာတည်ပုံ 
ထိုကဲ့သို့ ကမ္ဘာပျက်ပြီးနောက် တည်ချိန်ရောက်သောအခါ၌ ကမ္ဘာပြုမိုးကြီး ရွာသွန်းလာလေသည်။ ရှေးဦးစွာ မိုးဖွဲကလေးကစပြီး တဖြည်းဖြည်းကြီးမား၍ အိမ်လုံး တောင်လုံးခန့် မိုးပေါက်တွေကျသဖြင့် ပျက်စီးသောနေရာတွင် ဗြဟ္မာ့ပြည် အထိအောင် ရေအလျဉ်ပြည့်လာ၏။ နှစ်ပေါင်းအတော်ကြာ၍ ထိုရေများ တဖြည်းဖြည်း ခန်းခြောက်လေသော် မီးလောင်သော ဗြဟ္မာ့ဘုံ နတ်ဘုံတို့တည်ရာ အရပ်သို့ရောက်လျှင် ဗြဟ္မာ့ဘုံ နတ်ဘုံများလည်း တည်ပြီးဖြစ်တော့၏။
ထို့နောက် တဖြည်းဖြည်း ရေလျော့လာခဲ့ရာ လူ့ဘုံတည်ရာသို့ ရောက်လာလျှင် ရေအလျဉ် မလျှော့ကျတော့ဘဲ မြင့်မောက်သောနေရာ၌ တောင်ကြီး တောင်ငယ်၊ ချိုင့်ဝှမ်းသောနေရာ၌ မြစ်ကြီးမြစ်ငယ်၊ ညီညွတ်သောနေရာ၌ မြေပြင်ဖြစ်ဖို့ရာ ရေ၏ အထက်ပေါ်မှာ (နွားနို့ မလိုင်တက်သကဲ့သို့) ခပ်ပျစ်ပျစ် ခပ်ခဲခဲဖြစ်ရာမှာ ကာလကြာလျှင် ကျောက်တောင်ကျောက်သား မြေသားတွေ ဖြစ်ကြရလေသည်။

ကမ္ဘာပျက်ပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၁၀၂)


ကမ္ဘာပျက်ပုံ 
ဖြစ်ဖြစ်သမျှ အရာဝတ္ထုအစုစုသည် တစ်နေ့ကျလျှင် ဧကန်ပျက်ရမည် အနိစ္စတရားသာဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါတို့တည်နေရာ ဤကမ္ဘာလောကကြီးလည်း ထို အနိစ္စနယ်တွင် ပါဝင်ရကား ခိုင်မြဲတည်တံ့နိုင်မည်မဟုတ်။ တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရချေမည်။ ကမ္ဘာလောကပျက်ဖို့ရာ အကြောင်းမှာ မီး၊ ရေ၊ လေ အားဖြင့် ၃-မျိုးရှိ၏။

မီးကြောင့်ပျက်စီးရမည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေ ၂-စင်းပေါ်လာ၏။ ရိုးရိုးနေက နေ့အခါထွက်၍ နေသစ်က ညဉ့်အခါ ဆက်လက်တက်လာသဖြင့် ညဉ့်အခါဟု မရှိတော့ပြီ။ ထိုနေအသစ်၏ ပူလောင်မူကြောင့် မြစ်ငယ် ချောင်းငယ်များ၌ ရှိသော ရေတွေ ခြောက်ခန်းရလေတော့ သည်။ ထို့နောက် ၃-စင်းမြောက် နေအသစ်ပေါ် လာပြန်သောအခါ မြစ်ကြီးများ၌ရှိသော ရေတွေခြောက်ခန်း၏။ ၄-စင်းမြောက်နေ ပေါ်လာပြန်လျှင် ဟိမ၀န္တာအတွင်းရှိ အိုင်ကြီး ၇-အိုင်လည်း ခြောက်ခန်းရတော့သည်။

ငရဲဒုက္ခ အကုန်မပြနိုင် (ကိုယ်ကျင့်အဘိဓမ္မာ - ၁၀၁)



ငရဲဒုက္ခ အကုန်မပြနိုင်

ဤငရဲကြီးရှစ်ထပ်မှ နောက်၌ ဘင်ပုပ်ငရဲစသော ဒုဿဒငရဲများဝယ် ဆင်းရဲပုံတွေ များစွာရှိသေး၏။ ထို့ပြင် ဒု၊ သ၊ န၊ သောဟု ဟစ်အော်ကြသော သူဋ္ဌေးသား ၄ယောက်တို့၏ ကျက်ရာ “လောဟကုမ္ဘီ” သံရည်အိုးငရဲကား ရာဇဂြိုဟ်ပြည်၏အနီး အောက်မှာပင်ရှိ၏။ ရာဇဂြိုဟ်ပြည်အနီးက တပေါဒါမြစ်ခေါ်သော လောဟကုမ္ဘီငရဲ ၂-ခုစပ်ကြားမှ စီးတက်လာသော မြစ်ပင်တည်း။
ထို့ကြောင့် ငရဲငယ်တွေ လူ့ပြည်အနီးမှာပင် များစွာရှိလေသည်။ ငရဲ၌ခံနေရသော ဒုက္ခအမျိုးမျိုးကား “ယာဝဉ္စိဒံ ဘိက္ခဝေ န သုကရာ အက္ခာ နေန ပါပုဏိတုံ၊ ယာဝ ဒုက္ခာ နိရယာ” နှင့်အညီ နှစ်လရှည်စွာ ဘုရားရှင်ဟောပြတော်မူသော်လည်း ကုန်နိုင်ဖွယ် မရှိဘူးတဲ့။

အ၀ီစိငရဲ (ကိုယ်ကျင့်အဘိဓမ္မာ-၁၀၀)


အ၀ီစိငရဲ
(အ = မရှိ + ၀ီစိ = အကြား) ထိုအ၀ီစိငရဲ၌ မီးတောက်မီးလျှံများလည်း အကြားမရှိ။ တစ်ငရဲလုံး၌ မီးလျှံချင်း ဆက်၍နေ၏။ ငရဲသတ္တ၀ါချင်းလည်း အကြားမရှိ။ ၀ါးကျည်တောက်အတွင်း၌ မုန်ညင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ သတ္တ၀ါတွေ ပြည့်ကျပ်ညှပ်နေတော့၏။ ဆင်းရဲဒုက္ခသည် အကြားမရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့်လုံးဝမရနိုင်။ ဤသို့ မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲဒုက္ခ ဤ ၃-မျိုးတို့ အကြားမရှိအောင် ဆက်စပ်နေသောကြောင့် “အ၀ီစိငရဲ”ဟုခေါ်၏။


ဇာလာနံ သတ္တာနံ ယတ္ထ၊ နတ္ထိ ဒုက္ခဿ အန္တရံ။
ဗာလာနံ နိဝါရသာ သောဟိ၊ အ၀ီစီတိ ပ၀ုစ္စတေ။

တာပနငရဲနှင့် မဟာတာပနငရဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၉ )



တာပနငရဲ
“တာပန” ဟူသောပါဠိသည် “ပူလောင်စေတတ်” ဟူသော အနက်ကိုပြ၏။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်း၌ မလူပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုထန်းလုံးလောက်ရှိသော တံကျင်မှ ထွက်သော မီးအလျှံတို့က အမြဲပူလောင်စေသည်။


ဇလိတေ အယသူလမှိ၊ နိစ္စလံ နိသီဒါပိတေ။
တာပေတိ ပါပကေ ပါဏေ၊ တာပနောတိ ပ၀ုစ္စတေ။
ယောနိရယော- ကံကြမ္မာရင်း ဖန်လာညှင်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီးသည်၊
ဇလိတေ- ရဲရဲညိလောင် ပြောင်တလက်လက် အရောင်ထွက်၍နေသော၊
အယသူလမှိ- ထန်းလုံးပင်စည် ပမာထင်သည့် သံလျှင်အတိပြီး တံကျင်ကြီး၌၊
နိစ္စလံ နိသီဒါပိတေ- မယိမ်းမယိုင် ထိုင်စေအပ်ကုန်လျက်၊
ပါပကေ ပါဏေ- အယုတ်တမာ သတ္တ၀ါအများ ငရဲသားတို့ကို၊
တာပေတိ- ကိုယ်လုံးရဲရဲ မီးလျှံစွဲ၍ အမြဲပုံသေ ပူလောင်စေ၏၊
သော နိရယော- သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်လောင်ရိုး ထိုငရဲအိုးကို၊
တာပနောတိ၊ တာပနငရဲဟူ၍၊
ပ၀ုစ္စတေ- ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သည်။

မဟာရောရုဝငရဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၈)



မဟာရောရုဝ
ဤငရဲကား မီးတောက်မီးလျှံမဟုတ်ဘဲ မီးခိုးတွေ တစ်ငရဲလုံး လွှမ်းဖုံးနေ၏။ ငရဲသို့ကျရောက်သူတို့ကို မီးခိုးတွေက အတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြလေတော့၏။ ငရဲသူ ငရဲသားတို့မှာ ဘာမျှမတတ်နိုင်ကြတော့ဘဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာလေတော့သည်။ ဤငရဲကို “ဓူမရောရုဝငရဲ”ဟုလည်းခေါ်၏။


ဓူမေဟိ ပ၀ိသိတွာန၊ သေဒမာနာ ဒယာဝဟံ။
မဟာရ၀ံ ရ၀န္တေတ္ထ၊ ၀ုစ္စတေ ဓူမရောရုဝေါ။
ဧတ္ထ နိရယေ- ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌၊

ရောရုဝငရဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၇)



ရောရုဝငရဲ 
“ရောရု” ဟူသောပါဠိသည် “ပြင်းစွာငိုကြွေးခြင်း” ဟူသော အနက်ကိုပြ၏။ ထိုငရဲ၌ မီးတောက်တို့သည် တဟုန်းဟုန်းထလျက် ရှိ၏။ ငရဲသို့ ကျရောက်လာသူတို့အား ထိုမီးတောက်မီးလျှံများက ဒွါရ ၉-ပေါက်မှ အတင်းဝင်ရောက် လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာလေသည်။ ဤသို့ မီးတောက်မီးလျှံ အလောင်ခံနေရသောကြောင့် “ဇလရောရုဝ”ဟုလည်းခေါ်သည်။


ဇာလာဟိ ပ၀သိတွာန၊ ဍယှမာနာ ဒယာဝဟံ။
မဟာရ၀ံ ရ၀န္တေတ္ထ၊ ၀ုစ္စတေ ဇလာရောရုဝေါ။
ဧတ္ထ နိရယေ- ကံကြမ္မာရင်း ဖန်လာညဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌၊

Tuesday 16 December 2014

သံဃာတငရဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၆)



သံဃာတငရဲ 
အပြင်းအထန် ကြိတ်ချေ သတ်ဖြတ်ရာဖြစ်သော ငရဲကို “သံဃာတငရဲ” ဟုခေါ်သည်။
ထိုငရဲ၏ အောက်မြေအပြင်မှာ မီးအလျှံတွေထလျက် အထု ၉-ယူဇနာရှိသော သံမြေပြင်ကြီးတည်း။ ထိုငရဲသို့ ကျရောက်သောသူများကို ထိုသံမြေအပြင်၌ (ထန်းပင်ငုတ် ကလေးတွေကို စိုက်ထားသလို) ခါးထိအောင် စိုက်ထားကြသည်။ ထိုအခါ အရှေ့အရပ်မှလာသော သံတောင်ကြီးက စားမည် ၀ါးမည်ဟု ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာ ကြိတ်ကာ အနောက်အရပ်သို့ သွားပြီးနောက် တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာ ကြိတ်ကာ မြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာ ကြိတ်ကာ ပြန်၍လာလေသည်။ ဤနည်းအတိုင်းပင် အရပ်လေးမျက်နှာမှ သံတောင်တွေ (သန်းဥတုပ်သလို) ဖိနိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံမကုန်သမျှ ငုတ်စုစုပေါ်ထွက်လျက် ဆက်ကာ ဆက်ကာ အကြိတ်ခံရရှိလေသည်။

ကာဠသုတ်ငရဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၅)




ကာဠသုတ်ငရဲ

သစ်တုံးကို ရွေသော လက်သမားတို့ အသုံးပြုသော မျဉ်းကြိုးကို ပါဠိလို “ကာဠသုတ္တ” မြန်မာလို “ကာဠသုတ်” ဟုခေါ်သည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါများကို ငရဲထိန်းတို့က (သားကောင်ကို ခွေးတွေလိုက်သလို) အတင်းလိုက်ကြ၏။ ထိုသို့အတင်းလိုက်၍ မောဟိုက်သွားသည့်အခါ (သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့) ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး၊ မှောက်လျက်တစ်မျိုး၊ ၀ဲယာတစ်မျိုး၊ ရှေ့နောက်တစ်မျိုးအားဖြင့် အမျိုးမျိုး ခုတ်ရွေကြလေတော့သည်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ လွတ်ခွင့်မရ။ သေလည်းမသေနိုင်ကြ။

သဉ္စိုဝ်းငရဲ ( ကိုယ်ကျင့်အဘိဓမ္မာ - ၉၄)



သဉ္စိုဝ်းငရဲ 
“သဉ္စိုဝ်”ဟူသောပါဠိကို မြန်မာလို “သိဉ္စိုး”ဟု ပြန်ထာသည်။ “သံ = အဖန်ဖန် + ဇိဝ = အသက်ရှင်ရာငရဲ” ဟုဆိုလိုသည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါကို ငရဲထိန်းတို့က အပိုင်းပိုင်းပြတ်အောင် ခုတ်ဖြတ်ကြ၏။ ထိုကဲ့သို့ ခုတ်ဖြတ်ကြသည့်အတွက် တစ်ခါတည်းသေစရာပင်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ တစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ကာထပ်ကာ အသက်ရှင်လျက် ငရဲထိန်တို့၏ ခုတ်ဖြတ်မူ သတ်ပုတ်မူကိုသာ ပြင်းစွာခံကြရရှာလေသည်။ အကုသိုလ်ကံ၏ ကြောက်ဖွယ်ကောင်းပုံသည် ငရဲ၌ သာ၍ ထင်ရှားပေသည်။

ဇလိတာဝုဓဟတ္ထေဟိ၊ ခဏ္ဍိတာပိ နေရယိကာ။
ဇီဝန္တာ ယမှိ ပုနောပိ၊ သဉ္စီဝေါတိ ပ၀ုစ္စတေ။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated