@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 2 July 2014

အနာဂတ်သာသနာရေး အပိုင်း(၁၁၂)ကြောက်၍တစ်ပါးတည်းနေသော ဆရာတော်



ကြောက်၍တစ်ပါးတည်းနေသော ဆရာတော်           
သာလွန်မင်းတရားကြီး လက်ထက်ဝယ်  ၀ိနည်း ပါဠိတော် အဋ္ဌကထာ နိဿယများကို “အရှင်ဇမ္ဗုဓဇ” မည်သော ရွှေဥမင်ဆရာတော်နှင့် တောင်ဖီလာဆရာတော်တို့ စီရင်တော်မူကြ၏၊ အခါတစ်ပါး၌ တောင်ဖီလာဆရာတော်သည် နိဿယချင်း တိုက်ဆိုင်လို၍ ပုခန်း သာဂရ၀က်ကျ ဥမင်၌ တောရကျင့်သော ရွှေဥမင်ဆရာတော် အထံသို့ အခြွေအရံ လှူဖွယ်များဖြင့် ကြွလာ၏၊ အလုပ်အကျွေး ဖိုးသူတော် တစ်ယောက်သာ ရှိသော ရွှေဥမင်ဆရာတော်သည် မင်းဆရာအတွက် ခင်းပေးစရာ ဘာမျှ မရှိသောကြောင့် မိမိသုံးစွဲ နေကျဖြစ်သော စမ္မခဏ် (သားရေနယ်)ကို ခါ၍ ခင်းပေးရလေ သတတ်၊ ပညာရှိ သူတော်ကောင်းကြီး နှစ်ပါးတို့ အားရ၀မ်းသာ နှုတ်ခွန်းဆက်သ ပြီးသောအခါ မင်းဆရာတော်က “ပရိသတ်ခြွေရံ နည်းပါးလှပါသည်, ကြောက်တော်မမူပါလား”ဟု မေးလျှောက်ရာ “ကြောက်သောကြောင့် ပရိသတ် နည်းနည်းနှင့် နေပါသည်”ဟု ပြန်ပြောလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၁၁)အင်းဝခေတ်သာသနာ



အင်းဝခေတ်သာသနာ
[စတုတ္ထ အ၀မြို့တည် မင်းတရား၏ ညီတော်လက်ထက်၌ ၀ိနန္ဒာသဘထေရ်စီရင်၍ ကောဇာသက္ကရာဇ် (၁၁၉၉)ခု, သာသနာသက္ကရာဇ် (၂၃၈၁)ခုနှစ်၌ ပြီးစီးသော သီလ ၀ိသောဓနီကျမ်းမှ ထုတ်နုတ်ဖော်ပြချက်]
အမတ်စည်းစိမ်ထက် ရဟန်းအဖြစ် သာပုံ
မြောက်နန်းကျောင်းဆရာတော်သည်   မှူးမတ်မျိုးမှ  ထွက်၍  ရဟန်းပြုခဲ့၏၊ အခါတစ်ပါး၌  အမတ်များက “အရှင် ဘုရားသည် တပည့်တော်တို့လို လူဝတ်ကြောင်ဘ၀ဖြင့် နေပါလျှင် အမတ်စည်းစိမ်ကို ရလောက်ပါကြောင်း” လျှောက်ကြလေသော် “သင်တို့ အမတ်စည်းစိမ်သည် ရေအိမ်ထက်၌ ငါပွားများအပ်သော အသုဘသညာ၏ တစ်စိတ်လောက်ကိုမျှ မီနိုင်မည်လော”ဟု ပြန်၍ မိန့်တော်မူလေသည်၊ မိန့်လိုရင်းကား… ကျင်ငယ်စွန့်အိမ်ကို “ရေအိမ်”ဟု ခေါ်၏၊ 

အနာဂတ်သာသနာရေး အပိုင်း(၁၁၀) မြန်မာပြည်သာသနာခန်း

၎။ မြန်မာပြည်သာသနာခန်း
သထုံနှင့်ပုဂံ
သထုံပြည်၌ စစ်မှန်သော သာသနာရောက်သည်မှာ ပုဂံပြည်ထက် နှစ်ပေါင်းများစွာ အလျင်ကျ သည်ဟု မှတ်ရပေမည်၊ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုလွှတ်စဉ်ကပင် “သုဝဏ္ဏဘူမိ”ဟု ထင်ရှား သော ထိုအချိန်မှာ သမုဒ္ဒရာနှင့်လည်း နီးကပ်နေသော သထုံပြည် နေရာဟောင်းသို့ သာသနာပြု လွှတ်တော်မူသည်ဟု ယူဆကြ၏၊ မည်သို့ပင် ယူဆသည်ဖြစ်စေ ပုဂံပြည်ထက် သာသနာအစစ်အမှန် အလျင်ရောက်နေသည်ကား သေချာလောက်ပေသည်၊ ဘာ့ကြောင့်နည်း၊… အရှင်အရဟံ၏ အမိန့်တော်အရ သထုံပြည်သို့ ပိဋက အတောင်းလွှတ်ရသဖြင့် ပုဂံပြည်၌ သာသနာအစစ်အမှန် စတည် ချိန်ဝယ် သထုံပြည်၌ စာနှင့် ပေနှင့် ကျကျနန သာသနာတည်ပြီး ဖြစ်သောကြောင့်တည်း၊ ထိုသို့ သထုံပြည်၌ သာသနာမှန် တည်ရှိစဉ် ပုဂံပြည်၌ အရည်းကြီးဟု ထင်ရှားသော ရဟန်းတု ရဟန်းယောင် များသည် လက်ထပ်ခါနီး သတို့သမီးကို သူတို့ထံသို့ တစ်ညလုံး ပန်းဦးဆက်ရန် ပို့ရလောက်အောင် သောင်းကျန်း ညစ်ညမ်းလျက် ရှိကြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၀၉) မဟာထေရ်များ ကြိုးစားတော်မူခဲ့ပုံ



ပေထက်အက္ခရာတင်ခန်း
မဟာထေရ်များ ကြိုးစားတော်မူခဲ့ပုံ
         
သီဟိုဠ်ကျွန်းဝယ်…(ပိတုရာဇာ ဟုလည်း ထင်ရှားသော) ၀ဋ္ဋဂါမဏိမင်း စိုးစံစဉ် တိဿမည်သော ဗြာဟ္မဏတစ်ယောက် က သူပုန်ထသည့်ပြင် စောဠတိုင်းမှ ကျေးမင်းတို့ကလည်း စစ်ဖက်လာကြ၏၊ တိုင်းသူပြည်သားတို့သည် အိမ်ခြေရာခြေ မတည်နိုင်အောင် ရှိရကား သံဃာတော်များ ဆွမ်းခဲယဉ်းစဉ်မှာပင် စိတ္တလပဗ္ဗတကျောင်းတိုက်, မဟာဝိဟာရကျောင်းတိုက် စသည်၌ သုံးနှစ် တိုင်တိုင် စုဆောင်းထားအပ်သော ၀တ္ထုကံ စပါးများကို ကြက်ကြီး များစွာ ဖျက်ဆီးကြသဖြင့် တစ်ညဥ့်အတွင်း၌ပင် ဖွဲမျှသာ ကျန်လေတော့၏၊ ရဟန္တာဖြစ်ပြီးသော ရဟန်းတော်များစွာလည်း ပရိနိဗ္ဗာန် စံကြ၏၊ များစွာသော ရဟန်းတို့သည် ဇမ္ဗူဒိပ် (အိန္ဒိယ)ဘက်သို့ ကူးပြောင်း နေထိုင်ကြရလေသည်။

          ထိုအချိန်၌ ပိဋကကျမ်းစာများကို ပေထက်၌ မရေးကြရသေး သောကြောင့် ဇမ္ဗူဒိပ်သို့ မကူးဘဲ ဖြစ်သလိုနှင့် နေရစ်ခဲ့ကြသော ရဟန်းတော်များသည် မိမိတို့ နှုတ်တက်ဆောင်ထားသော ပါဠိတော် နှင့် အဋ္ဌကထာများကို အလွန် ပင်ပန်းစွာ ရွတ်အံတော်မူရှာကြရ ပေသည်၊ တချို့ ရက်များ၌ကား ဆွမ်းကို မဆိုထားဘိ စားဖွယ်ရာ အာဟာရ တစ်စုံတစ်ရာကိုမျှ မရကြရှာချေ၊ သို့သော် မရွတ်မအံလျှင် ပိဋကတော်များ တိမ်းပါး ချွတ်ယွင်းမည် စိုးသောကြောင့် ၀မ်းမီး ဆောင်သဖြင့် ပူလောင်နေသော ရင်ပေါ်မှာ သဲအစိုများ တင်ထား၍ ကြိုးစား ပမ်းစား

အနာဂတ်သာသနာရေး အပိုင်း(၁၀၈) ဒုဋ္ဌဂါမဏိမင်းအကြောင်း



ဒုဋ္ဌဂါမဏိမင်းအကြောင်း
စစ်ရှုံးစဉ်လည်း ဒါနကို မမေ့
မဟာဝင်၌ တွေ့ရသော သီဟိုဠ်မဟာရာဇာတို့တွင် ဒုဋ္ဌဂါမဏိမဟာရာဇာ၏  သာသနာ                   ကြည်ညိုပုံသည် ဗုဒ္ဓဘာသာဝင်တို့၏စိတ်ကို အားအရစေဆုံး အနှစ်သက်စေဆုံးဖြစ်၏၊ ထိုမဟာရာဇာသည် ညီတော်တိဿနှင့်စစ်ဖြစ်၍ စစ်ရှုံးခိုက် မြင်းတစ်စီး အမတ်တစ် ယောက်မျှဖြင့် တိမ်းရှောင်နေရာ တောထဲမှာပင် လွန်စွာဆာလောင်နေစဉ် အမတ်၏ပွဲတော်တစ်ယောက်စာကို (မြင်း,အမတ်, မိမိဖို့အပြင် လှူဖို့ပါ) လေးဖို့ခွဲ၍ အလှူခံပုဂ္ဂိုလ်ကို ကြေးကြော်ပင့်ယူလေသည်၊
အလှူခံပုဂ္ဂိုလ်သည် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြား၍ ကြွရောက် လာသဖြင့် မိမိတို့ဖို့ မှန်းထားသော အဖို့ကိုပါ အားလုံးလှူလိုက်ကြလေသည်၊ နတ်ရွာစံခါနီး၌ကား မိမိအလှူတော်စာရင်းကို ဖတ်စေရာဝယ် အခြားသော စေတီတော်ကြီး ကျောင်းတော်ကြီးများ အလှူထက် ဤအလှူကို သာ၍နှစ်သက်ပါသတဲ့။ [အချို့ဒါနရှင်များ သည် မိမိပြုပြီးသော ကောင်းမှုအထူးများကို ပုရပိုက်စာအုပ်များ၌ ရေးမှတ်၍ ထားပြီးလျှင် ထိုကောင်းမှုစာရင်းများကို မကြာ မကြာ ကြည့်ရှုကာ နောက်ထပ် ကုသိုလ်စေတနာ တိုပွားကြစေ၏။]

အနာဂတ်သာသနာရေး အပိုင်း(၁၀၇) တိတ္ထိများ သာသနာဝင်လာပုံ


တိတ္ထိများ သာသနာဝင်လာပုံ           
သာသနာတော်ဝင်   အရှင်မြတ်တို့ဘက်၌ သာသနာဝင်လာပုံ  တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော  ရဟန္တာပုဂ္ဂိုလ် အများအပြားရှိ၍ အရှင်မဟိန္ဒကဲ့သို့ အထက်တန်းအမျိုးကောင်း သားများက သာသနာ့ဝန်ကို ထမ်းနေကြ ရုံမက မဟာရာဇာကိုယ်တိုင်ပင် အမြတ်တနိုးပြု၍ ကိုးကွယ်ကာ မဟာရာဇာ၏ အာဏာပျံ့နှံ့ရာ အရပ်တိုင်းဝယ် ဗုဒ္ဓတရားတော်မှ လူဝတ်ကြောင်နှင့် ဆိုင်သော တရားတော်များကို ရေးသား၍ ကျောက်တိုင်စိုက်လျက်လူအများအားတရားပေးကာ တရားတော်ကို ယုံကြည်သက်ဝင်လာအောင် ကြိုးစားနေသောအခါဖြစ်၏၊ ထိုအခါ၌ ဗုဒ္ဓသာသနာတော်ဝယ် ပစ္စည်းလေးပါး ပေါများပြည့်စုံသလောက် ရသေ့တိတ္ထိတို့၌ ပစ္စည်းလေးပါး ရှားပါးရကား များစွာသော ရသေ့တိတ္ထိတု့သည် အစားအသောက် အနေအထိုင်ကျပ်ကြ၏၊ ထို့ကြောင့် သာသနာတွင်းသို့ တိတ်တိတ်ပုန်း ၀င်ရောက်လာပြီးလျှင် သံဃာ အစစ်များနှင့် ရောနှောနေထိုင်ကာ တချို့ကမူ မိမိတို့ယူမြဲ မိစ္ဆာအယူ ကို ယူကြခြင်းဖြင့် သာသနာတော် မသန့်ရှင်အောင် ပြုကြတော့၏၊ ထိုအခါ ရဟန်းစစ် ရဟန်းမှန်တို့သည် သူတို့နှင့်အတူ သံဃာ့ကံများ ကို မပြုနိုင်ကြသောကြောင့် အသောကာရုံတိုက်ကြီး၌ ခုနစ်နှစ် တိုင်တိုင် ဥပုသ်ပြုကိစ္စ ရပ်စဲခဲ့ရသတဲ့။

အနာဂတ်သာသနာရေး အပိုင်း(၁၀၆) သားတော်,သမီးတော် သာသနာဝင်ခန်း


သားတော်,သမီးတော် သာသနာဝင်ခန်း        
ကျောင်းတိုက်များကို လှူဒါန်းပူဇော်ရာ၌ မဟာရာဇာသည်  အလွန်ဝမ်းမြောက်သည် ဖြစ်၍… “ဗုဒ္ဓရှင်တော်မြတ်၏ သာသနာဝယ် အဘယ်သူ၏ စွန့်ကြဲလှူဒါန်းမှုသည် အကြီးကျယ်ဆုံး ဖြစ်ပါသနည်း”ဟု မေးလျှောက်လေရာ သံဃာများ၏ တာဝန်လွှဲခံရ သော အရှင်မောဂ္ဂလိပုတ္တတိဿထေရ်က မိန့်တော်မူသည်မှာ…
          မထေရ်                            မဟာရာဇာ … ပစ္စည်းလေးပါး လှူဒါန်းရေး၌ ဒကာတော်နှင့်တူသူသည် ဗုဒ္ဓမြတ်စွာ၏ လက်ထက်တော်တုန်းကပင် မရှိခဲ့ပါ၊ ဒကာတော်၏ စွန့်ကြဲမှုသာ အကြီးကျယ်ဆုံးဖြစ်ပါပေသည်။
          မဟာရာဇာ              ။(ထိုစကားကိုကြားရလျှင် အလွန့်အလွန်နှစ်သက် ရွှင်ပျ၍) ဒီလိုဖြစ်လျှင် ဒကာတော်သည် သာသနဒါယာဒ (သာသနာ့အတွင်းသား=သာသနာ့ဆွေတော် မျိုးတော်) ဖြစ်ပြီ မဟုတ်ပါလား။

          မထေရ်                   ။(ထိုစကားကို ကြားရလျှင် မဟိန္ဒမင်းသားကို သတိထားတော်မူမိ၏၊ သာသနာတော်၌ ဤမင်းသား ရောက်လာလျှင် သာသနာတော် အလွန်တိုးတက်လာ မည်ကိုလည်း မြော်မြင်တော်မူ၏၊ ထို့ကြောင့် အမှန် လည်းကျ စကားသုံးလည်း လှလေအောင်) မဟာရာဇာ…မြေပြင်မှအထက် ဘ၀ဂ်တိုင်အောင် ပစ္စည်း ပုံကြီးကို လှူဒါန်းပါသော်လည်း “သာသနဒါယာဒ”ဟု မခေါ်နိုင်သေး၊ “ပစ္စယဒါယကာ”ဟုသာ ခေါ်နိုင် သည်၊ ဆင်းရဲ ချမ်းသာမဟူ မည်သူမဆို မိမိရင်သွေး ကို သာသနာတွင်း သွင်းပို့ ချီးမြှောက်နိုင်သူသာ သာသနာတော်နှင့်သွေးစပ်၍ “သာသနဒါယာဒ”ဟု ဆိုအပ်ပေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၀၅) နိဂြောဓသာမဏေ၏ ဇာစ်မြစ်



နိဂြောဓသာမဏေ၏ ဇာစ်မြစ်
အသောကမဟာရာဇာသည်  ခမည်းတော် ဗိန္ဒုသာရမင်း နတ်ရွာစံလျှင် စံချင်း မိကွဲဖတူ ညီနောင် ကိုးကျိပ် ကိုးယောက်တို့ကို ရှင်းလင်းလေရာ အကြီးဆုံး သုမနမင်းသား၏ ကြင်ယာတော်သည် ကိုယ်ဝန်အရင့်အမာဖြင့် ထွက်ပြေးကာ စဏ္ဍာလတို့၏ ရွာဝယ် စဏ္ဍာလ အကြီးအကဲ၏ သမီးအမှတ်ဖြင့် အစောင့်အရှောက်ကို ခံယူနေစဉ်    နိဂြောဓသာမဏေ  အလောင်းတော်ကလေးကို ဖွားမြင်ရလေသည်၊ ထို့နောက် ကလေး၏ အစွမ်းအစကို (ရဟန္တာ ဖြစ်သည့်တိုင်အောင်) မြင်တော်မူသော မဟာဝရုဏရဟန္တာအရှင်မြတ်က စောင့်ရှောက်၍ ခုနစ်နှစ်အရွယ်၌ ရှင်သာမဏေ ပြုပေး လေသည်၊ ထိုသို့ သာမဏေ ဖြစ်ပြီး၍ အတော်ကြာသောအခါ မယ်တော်ရှိရာသို့ သွားမည်ဟု ကြံကာ နန်းတော်မြေလမ်းဖြင့် ကြွသွားစဉ် အသောက မဟာရာဇာ မြင်ရလေသည်၊ ထို့ကြောင့် ““နိဂြောဓသာမဏေ””ဟူသည် အသောကမဟာရာဇာ၏ တူတော် အရင်း မင်းမျိုးမင်းနွယ်ဖြစ်သည်ဟု မှတ်ပါ။

အနာဂတ်သာသနာရေး အပိုင်း(၁၀၄) မဟာထေရ်များ၏ အမြော်အမြင်



တတိယသင်္ဂါယနာတင်ခန်း
မဟာထေရ်များ၏ အမြော်အမြင်
ဒုတိယသင်္ဂါယနာ တင်ကြပြီးသောအခါ…မဟာထေရ်တို့သည် “နောက်နောင်အခါဝယ် သာသနာတော်၌ ယခုလို ဘေး အန္တရာယ်များ ဖြစ်ဖွယ်ရှိသေးသလား”ဟု စဉ်းစားတော်မူကြ၏၊ ထိုအခါ နောင်နှစ်ပေါင်း (၁၁၈) နှစ်မြောက်ဝယ် ဓမ္မာသောက မဟာရာဇာ၏ လက်ထက်၌ ဘေးရန်ဖြစ်ဖွယ်ရှိကြောင်းကို မြင်တော်မူကြရ၍ ထိုအချိန်မှာ မိမိတို့ မရှိနိုင်ကြောင်းကိုလည်း သိတော်မူရကား ထိုအခါ၌ သာသနာပြုနိုင်မည့် ပုဂ္ဂိုလ်ကို လူ့ပြည် နတ်ပြည်မှာ ရှာသော်လည်း မတွေ့ကြ၊ ဗြဟ္မာ့ပြည်ကို ကြည့်မှ အသက်ကုန်ခါနီး၌ အထက်ဗြဟ္မာ့ပြည်သို့ ဆက်လက်ဖြစ်ဖို့ရန် ကုသိုလ်ဈာန်လည်း ရှိသော “တိဿဗြဟ္မာမင်း”ကို တွေ့သဖြင့် သာသနာပြုရေးအတွက် အထက်သို့ မဖြစ်ဘဲ လူ့ပြည်၌ ဖြစ်ဖို့ရန် တောင်းပန်ကြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၀၃) နိဂြောဓသာမဏေ




နိဂြောဓသာမဏေ
ထိုသို့ မကြာခဏ စဉ်းစားမိလေရာ တစ်နေ့သောအခါဝယ်… နန်းတော် မြေလမ်း၌ သွားလာနေသော လူအများတွင် စက္ခုနြေ္ဒချလျက် ဦးခေါင်း လက်တို့ မလှုပ်မယှက် ငြိမ်သက်စွာ ကြွသွားနေသော ကိုရင်ကလေးကို နန်းတော်ပေါ်မှ လှမ်းမျှော်ကြည့်မိလေရာ လွန်စွာကြည်ညိုခြင်းဖြင့် စဉ်းစားသည်မှာ…
အခြားလူတွေ သွားလာကြသည်မှာ မငြိမ်မသက် ဣနြေ္ဒမရ ရှိလှ၏၊ ဤသာမဏေသွားပုံသည် ငြိမ်သက် တည်ကြည်၏၊ သူ့သန္တာန်မှာ ထူးခြားသောတရား ရှိပေလိမ့်မည်တွေးကာ ကြည့်ရင်း ကြည့်ရင်း စဉ်းစားမိ၍ စဉ်းစားရင်း စဉ်းစားရင်းလည်း လွန်မင်းစွာ ချစ်ခင်ကြည်ညိုရကား အနီးအပါး၌ ရှိသော အမတ်များကို အမြန် သွား၍ အပင့်ခိုင်း, ခိုင်းပြီး မကြာခင် နှေးသည်ဟု ထင်သောကြောင့် “မြန်မြန် ကြွခဲ့ပါ”ဟု မှာလျက် နှစ်ခါ သုံးခါ ထပ်ကာ လွှတ်၍ ဇွတ်တရွတ်ကြီး ကြည်ညိုလေသည်။
          သို့သော် သာမဏေကား (မလျင်မမြန်) မှန်မှန်ပင် သွားလျက် နန်းတော်ပေါ် တက်မိသည့်အခါ “သင့်လျော်သော နေရာမှာ ထိုင်ပါ” ဟု (စုံစမ်းသောသဘောဖြင့်) လျှောက်ထားလျှင်  အခြားရဟန်းများ မရှိကြောင်းကို သိ၍ ရာဇပလ္လင်ပေါ်မှာပင် ထိုင်တော်မူ လေသည်၊ [စိတ်နေစိတ်ထားနှင့် အမျိုးအနွယ် အောက်ကျသူ ဖြစ်လျှင် ဘုရင့်ထက်မြင့်သော နေရာ၌ ထိုင်ဝံ့မည် မဟုတ်၊] ထို့နောက် ဆွမ်းကပ်ပြီးသောအခါ…

အပိုင်း(၁၀၂)တတိယသင်္ဂါယနာတင်ခန်း(မဟာထေရ်များ၏ အမြော်အမြင်)



တတိယသင်္ဂါယနာတင်ခန်း
မဟာထေရ်များ၏ အမြော်အမြင်
ဒုတိယသင်္ဂါယနာ တင်ကြပြီးသောအခါ…မဟာထေရ်တို့သည် “နောက်နောင်အခါဝယ် သာသနာတော်၌ ယခုလို ဘေး အန္တရာယ်များ ဖြစ်ဖွယ်ရှိသေးသလား”ဟု စဉ်းစားတော်မူကြ၏၊ ထိုအခါ နောင်နှစ်ပေါင်း (၁၁၈) နှစ်မြောက်ဝယ် ဓမ္မာသောက မဟာရာဇာ၏ လက်ထက်၌ ဘေးရန်ဖြစ်ဖွယ်ရှိကြောင်းကို မြင်တော်မူကြရ၍ ထိုအချိန်မှာ မိမိတို့ မရှိနိုင်ကြောင်းကိုလည်း သိတော်မူရကား ထိုအခါ၌ သာသနာပြုနိုင်မည့် ပုဂ္ဂိုလ်ကို လူ့ပြည် နတ်ပြည်မှာ ရှာသော်လည်း မတွေ့ကြ၊ ဗြဟ္မာ့ပြည်ကို ကြည့်မှ အသက်ကုန်ခါနီး၌ အထက်ဗြဟ္မာ့ပြည်သို့ ဆက်လက်ဖြစ်ဖို့ရန် ကုသိုလ်ဈာန်လည်း ရှိသော “တိဿဗြဟ္မာမင်း”ကို တွေ့သဖြင့် သာသနာပြုရေးအတွက် အထက်သို့ မဖြစ်ဘဲ လူ့ပြည်၌ ဖြစ်ဖို့ရန် တောင်းပန်ကြလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၀၁) ငွေအလှူခံခြင်းနှင့် ဒုတိယသင်္ဂါယနာ



သာ၍စိတ်ဆိုးကြပုံ
ကျောင်းတိုက်သို့ ပြန်ရောက်ကြ၍ အဖော်လိုက်သွားသော ကိုယ်တော်ကလေးကို အကျိုးအကြောင်း မေးကြလေရာ ရှင်ယသက ပြောပုံ, ဒကာများက “အရှင်ယသ တစ်ပါးက လွှဲလျှင် ဝေသာလီမြို့မှာ ရဟန်းအစစ် မရှိ”ဟု လျှောက်ပုံကို ကြားရသဖြင့် သာ၍ ဒေါသထွက်ကာ သံဃာစည်းဝေးစေလျက် အရှင်ယသကို “ဥက္ခေပနီယကံ” ပြုဖို့ရန် စီမံ စိုင်းပြင်းကြလေသော် သူတို့ စီမံနေတုန်းမှာပင် အရှင်မဟာယသ သည် ကောင်းကင်သို့ ပြန်ကြ၍ ကောသမ္ဗီပြည်၌ သက်ဆင်းတော်မူလေသည်။
          [““ဥက္ခေပနီယကံ””ဟူသည် နှင်ထုတ်သော ကံတည်း၊ ထိုအချိန်၌ အရှင်ယသသည် တန်ခိုးရှိပြီးသော ရဟန္တာ မဟုတ်ပါလျှင် မည်မျှ လောက်ပင် ပိဋကကျွမ်းကျင်သော်လည်း သူတို့ အနှိပ်အနင်းကို ခံရှာရပေလိမ့်မည်။]
  
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated