@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 24 July 2015

မေတ္တာကို စနစ်တကျနဲ့ပွားပြီး စိတ်ရဲ့ထွက်ပေါက်ကို ရှာမယ်



★ ဘုန်းကြီးတို့တွေ ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်။ထိုအလိုမကျမှုဟာ ကြီးထွားလာရင် ပေါက်ကွဲတယ်။ ဒါကိုဒေါသ ဗျာပါဒ လို့ခေါ်တယ်။ ကိုယ့်ရဲ့ငြိမ်းချမ်းတဲ့ စိတ်ကလေး ပျက်စီးလာတယ်။ စိတ်ရဲ့အလိုကျမှုကို တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်။ သို့မဟုတ် မကျေနပ်တဲ့သူကို အနိုင်ယူလိုက်တယ်။ အဲ့ဒီအနိုင်ယူလိုက်တာ စိတ်ရဲ့ ထွက်ပေါက်မဟုတ်ဘူး။ မြတ်စွာဘုရားက "နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ" တဲ့။ စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ထွက်ပေါက်အစစ်က
မေတ္တာပါတဲ့။ မေတ္တာပွားရမယ်တဲ့။ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်တယ်တဲ့။

တစ်ခါတလေ တစ်ယောက်တည်းပဲ ကောင်းပါတယ်


                         
ကဿပဘုရားရှင်လက်ထက်တော်ကတရားကျင့်ဘက်သူငယ်ချင်းရဟန်းနှစ်ပါးရှိပါတယ်။ တရားကျင့်ပြီး
နတ်ပြည်မှာဖြစ်ရပါတယ်။ တစ်ခါနတ်ပြည်ကစုတေတော့ တစ်ပါးကဘုရင့်သားဖြစ်ပြီး၊တစ်ပါးက
ပုရောဟိတ်ရဲ့သားဖြစ်ရပါတယ်။

တစ်နေ့တော့ပုရောဟိတ်သားကဘုရင့်သားကို“သူငယ်ချင်းတချိန်မှာ သင်ကဘုရင်ဖြစ်ပြီးငါက
ပုရောဟိတ်ဖြစ်လိမ့်မယ်။ဒါကြောင့် ငါတို့ပညာတတ်မှဖြစ်မယ်”ဆိုပြီးသူငယ်ချင်းနှစ်ယောက်
ပညာသင်ဖို့မြို့ရွာတွေကိုထွက်ခဲ့ပါတယ်။ ရွာတစ်ရွာရောက်တော့ ပစ္စေကဗုဒ္ဓတွေကိုရွာသူ
ရွာသားတွေက ဆွမ်းလောင်းနေတာတွေ နေရာထိုင်ခင်းပေးနေ တာတွေအရိုအသေ
ပြုနေတာတွေကိုတွေ့ပြီး“အရှင်မြတ်တွေဟာ အတတ်ပညာတစ်ခုခုကို
တတ်လို့လူတွေက အရိုအသေပြုနေကြတာပဲ”လို့တွေးပြီး ပညာသင်ပေးဖို့ပစ္စေကဗုဒ္ဓတွေကို
တောင်းပန်ပါတယ်။ ဒီတော့ပစ္စေကဗုဒ္ဓအရှင်မြတ် တွေက
“ရဟန်းအတတ်ပညာကို ရဟန်းပြုမှသင်ပေးမယ်”ပြောလို့သူငယ်ချင်းနှစ်ယောက် ရဟန်းပြုကြပါတယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated