@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 7 March 2014

သူတော်ကောင်း ယောက်ျားမြတ်


၁။ ဤလောက၌ သူတော်ကောင်း ယောက်ျားမြတ်သည် သူတပါး၏ ဂုဏ်မဲ့စကား (မကောင်းကြောင်း)ကို မေးသော်လည်း ထင်ရှားစွာပြု၍မပြော။
မမေးလျှင်ကား အထူးဆိုဖွယ်ရာမရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် (သူ့စကားကို အခြေတည်၍ စဉ်းစားဖို့မေးလျှင်) သူတပါး၏ ဂုဏ်မဲ့ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏။
ဤသည်ကား ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

၂။ နောက်တမျိုးကား သူတော်ကောင်းယောက်ျားမြတ်သည် သူတပါး၏ ဂုဏ်ရှိစကားကို မမေးသော်လည်း ထင်ရှားစွာပြု၍ ပြောတတ်၏။
မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင် သူတပါး၏ဂုဏ်ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင် ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင်ဖြစ်၏။

ကိုယ် နှုတ် စိတ် စောင့်စည်းခြင်း


တနေ့သ၌ အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်ရှိသော ပုဏ္ဏားအို နှစ်ယောက်သည် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် အရှင်ဂေါတမ-အကျွန်ုပ်တို့သည် အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်သို့ ရောက်ကြပါပြီ၊
ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် တည်းဟူသော အပါယ်လေးဘုံမှ ကင်းဝေးမည့် ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရသေးပါ၊ အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့်စွာ အစီးအပွားဖြစ်ခြင်း၊ ချမ်းသာခြင်း ဖြစ်နိုင်သော အဆုံးအမကို ပေးတော်မူပါ-ဟူ၍ လျှောက်ထားကြ၏။

ထိုအခါ မြတ်စွာဘုရားက ပုဏ္ဏားတို့-ဤသတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့သည် လောင်မြိုက်လျက် ရှိသည်၊ ထို့ကြောင့် မျက်မှောက်ဘ၀၌ ကိုယ်ဖြင့်စောင့်စည်းခြင်း၊ နှုတ်ဖြင့်စောင့်စည်းခြင်း၊ စိတ်ဖြင့်စောင့်စည်းခြင်းတို့ ပြုရမည်။
ယင်းသို့ စောင့်စည်းမှုသည် တမလွန်ဘ၀သို့ ပြောင်းသွားသူ၏ ခိုကိုးရာလည်း ဖြစ်၏၊ ပုန်းအောင်းရာလည်း ဖြစ်၏၊ မှီခိုရာလည်း ဖြစ်၏၊ ကိုးကွယ်ရာလည်း ဖြစ်၏၊ လည်းလျောင်းရာလည်း ဖြစ်၏။

ပုဏ္ဏားတို့-အိမ်ကို မီးစွဲလောင်သည်ရှိသော် အကြင်အိုးခွက်စသောပစ္စည်းကို ထုတ်ယူထားအပ်၏၊ ထိုထုတ်ယူထားအပ်သည့် အိုးခွက်စသည့် ပစ္စည်းသည်၎င်း။ ထိုအိမ်၌ အကြင်အကြင်ပစ္စည်းကို မီးမလောင်၊ ထိုမီးမလောင်သော ပစ္စည်းတို့သည်၎င်း၊ အိမ်ရှင်၏အကျိုးငှါ ဖြစ်၏။
ဤအတူပင် သတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့ စွဲလောင်နေရာ ချမ်းသာကိုပေးစွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပြုခြင်းဖြင့် ထုတ်ယူအပ်၏၊ ပေးလှူအပ်ပြီးသော အလှူဒါနသည် ကောင်းစွာထုတ်ယူထားအပ်ပြီး မည်၏။

ဤမျက်မှောက်ဘ၀၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်၎င်း၊ အသက်ဝိညာဉ် ရှင်နေစဉ် ကောင်းမှုပြုခြင်းသည်၎င်း၊ တမလွန်ဘ၀သို့ ပြောင်းသွားသူအား ချမ်းသာမှုကို ဖြစ်စေ၏-ဟူ၍ ဆိုဆုံးမတော် မူလေသည်။

ပျက်စီးခြင်း ငါးပါး


တနေ့သောအခါ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပျက်စီးခြင်းတို့နှင့် ပတ်သက်၍ ဤသို့ ဟောတော်မူသည်။

ရဟန်းတို့၊ သတ္တ၀ါတို့တွင် ပျက်စီးခြင်းတို့သည် ငါးမျိုးရှိ၏၊ ယင်းတို့မှာ-
၁။ အဆွေအမျိုးတို့၏ ပျက်စီးခြင်း။
၂။ စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း။
၃။ အနာရောဂါ နှိပ်စက်မှုဟူသော ပျက်စီးခြင်း။
၎။ အကျင့်သီလ၏ ပျက်စီးခြင်း။
၅။ အယူ၏ ပျက်စီးခြင်းတို့တည်း။

ဤသို့ ပျက်စီခြင်း ငါးမျိုးရှိရာတွင် သတ္တ၀ါတို့သည်
အဆွေအမျိုးတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
အနာရောဂါ နှိပ်စက်မှု ဟူသော ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသောအခါ ချမ်းသာကင်းသော ငရဲ၌ မဖြစ်ရကုန်။

အကျင့်သီလ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
အယူ၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသောအခါတွင်ကား ချမ်းသာကင်းသော ငရဲ၌ ဖြစ်ရကုန်၏။

( အင်္ဂုတ္တရ ဂိလာန၀ဂ်၊ ဗျသနသုတ် )

အဆွေခင်ပွန်းကောင်း ဟူသည်


တနေ့သ၌ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပေါင်းဖော်အပ်သော အဆွေခင်ပွန်းကောင်းအကြောင်း
ဤသို့ ရှင်းပြ မိန့်တော်မူသည်

ရဟန်းတို့ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်းကို ပေါင်းဖော်အပ်၏။
ထိုအင်္ဂါ ခုနစ်ပါးကား-
၁။ သူတပါးကို ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏။
၂။ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။
၃။ မကောင်းဆိုသော စကားတို့ကို၎င်း၊ သည်းခံနိုင်ခဲသော အရာတို့ကို၎င်း သည်းခံ၏။
၎။ အဆွေခင်ပွန်းအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏။
၅။ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏။
၆။ ဘေးရန်ဖြစ်ပေါ်သောအခါတို့၌လည်း မစွန့်ပစ်။
၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။

အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းမျိုးကို ပေါင်းဖော်အပ်၏။

( အင်္ဂုတ္တရနိကာယ်၊ ပထမမိတ္တသုတ် )

စကားဟူသည်


တနေ့သ၌ မြတ်စွာဘုရားသခင်သည် စကားပြောခြင်းနှင့် ပတ်သက်၍ အကျိုး-အပြစ်တို့ကို
ဤသို့ မိန့်ကြားတော်မူ၏။

ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-
၁။ မဟုတ်မမှန် ပြောမိတတ်၏။
၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။
၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။
၎။ အကျိုးမဲ့စကားကို ဆိုမိတတ်၏။
၎။ သေသည့်အခါ ငရဲသို့ ကျရောက်ရတတ်၏။

ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုး ရှိ၏။ ယင်းမှာ-
၁။ မဟုတ်မမှန် မပြောမိတတ်။
၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကား မဆိုမိတတ်။
၎။ အကျိုးမဲ့စကား မဆိုမိတတ်။
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated