@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 2 January 2015

အမှတ်စဉ်(၉){အဘိဓမ္မာ နတ်ပြည်မှာ ဟောရခြင်း၊ တန်ခိုးပြာဋိဟာ၊ ရေ,မီးအစုံ တန်ခိုးပြပုံ၊ အဘိဓမ္မာဟောတော်မူပုံ၊ မယ်တော် ကျေးဇူးဆပ်}


  အဘိဓမ္မာ နတ်ပြည်မှာ ဟောရခြင်း
                   သို့သော် ဒီလောက် လေးနက်တဲ့ သဘာဝတရားတွေကို ရှင်းပြပြီး ခေါင်းစီးတစ်ခုတည်းနဲ့ အင်မတန် ရှည်လျားတဲ့ ဒေသနာတော်ကြီးကို ဟောဖို့ဆိုတာ လူ့ပြည်မှာ မဖြစ်နိုင်ဘူး၊ လူသားတွေဟာ တစ်နေကုန် ထိုင်ဖို့ဆို တော်တော်ခက်မယ်၊ ၃-လတိတိ ထိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး၊ ၁-နာရီ, ၂-နာရီလောက် ထိုင်လိုက်ရင်ပဲ ညောင်းကုန်ပြီလေ။
                             အဘိဓမ္မာ ခေါင်းစည်းအောက်မှာ အင်မတန် ရှည်လျားတဲ့ တရားကြီး၊ ပဋ္ဌာန်းထိအောင် ဟောရမှာဆိုလို့ရှိရင် အချိန်အားဖြင့် ၃-လလောက် အချိန်ယူရမယ်တဲ့၊ အဲဒီ ၃-လလောက် အချိန်ယူရမယ့်တရား၊ မြတ်စွာဘုရားက ၇-ရက်နဲ့ ဆင်ခြင် စဉ်းစားထားတဲ့ တရားဟာ အတိုင်းအတာ မရှိလောက်အောင် အလွန်ကျယ်ဝန်းတယ်၊ ဒီတရားတွေကို လူ့ပြည်မှာ ဟောလို့မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့တုန်း၊ လူတွေက ကြာရှည်စွာ ထိုင်ပြီးတော့ တရားဆုံးအောင် မနာနိုင်ဘူးတဲ့၊ ဘုရားက တရားဟောနေ ၁-နာရီ, ၂-နာရီ, ၄,၅ နာရီလောက်ဆို ထပြေးကုန်ကြမှာ၊ ရှိမှာ မဟုတ်တော့ဘူး၊ မထိုင်နိုင်ဘူးလေ၊ အဲဒါကြောင့်မို့ အဘိဓမ္မာတရားကို လူ့ပြည်မှာ မဟောဘူး။

အမှတ်စဉ်(၈) {အဘိဓမ္မာ ၇-ကျမ်း ဆင်ခြင်ပုံ၊ ရောင်ခြည်တော်တွေ} အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) - ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ


အဘိဓမ္မာ ၇-ကျမ်း ဆင်ခြင်ပုံ
                   အဲဒီလို ဆင်ခြင်တာ အဘိဓမ္မာ ၇-ကျမ်းလို့ ဆိုတော့ ပထမဆုံးကျမ်းကို ‘ဓမ္မသင်္ဂဏီ’ လို့ ခေါ်တယ်၊ ဓမ္မ ဆိုတာ သဘာဝတရားတွေကို သင်္ဂဏီ ဆိုတာ အစုလိုက် အစုလိုက် စုပြီးတော့ ဖော်ပြတဲ့ကျမ်း၊ စိတ်အကြောင်းက တစ်စု၊ ရုပ်အကြောင်းက တစ်စု၊ နှစ်စု မာတိကာ၊ သုံးစု မာတိကာတွေကို အကျယ်ချဲ့ပြီးတော့ ရှင်းလင်းပြတာကတစ်စု၊ အဲဒါတွေကို အဓိပ္ပာယ် ဖွင့်ဆိုပြတာက တစ်စုဆိုပြီးတော့ ၄-စုကို ၄-ကဏ္ဍခွဲပြီးတော့ ဓမ္မသင်္ဂဏီကျမ်းကို မြတ်စွာဘုရားက ဆင်ခြင်တော်မူခဲ့တယ်။
                   အဓိက ဓမ္မသင်္ဂဏီကျမ်းမှာ ဟောတော်မူခဲ့တာ ရုပ်နဲ့စိတ်ပဲ၊ စိတ်လို့ဆိုတဲ့ အထဲမှာ စေတသိတ်လည်း ပါတယ်လို့ မှတ်ရမယ်၊ စိတ်နဲ့ ရုပ်နဲ့ အဓိကထားပြီး ဆင်ခြင်သုံးသပ်တော်မူတယ်၊
                   ပြီးတဲ့အခါကျတော့ ၀ိဘင်္ဂလို့ခေါ်တဲ့ ‘၀ိဘင်းကျမ်း’၊ ၀ိဘင်းကျမ်းမှာ အပိုင်း ၁၈- ပိုင်းရှိတယ်၊ ခန္ဓာပိုင်း, အာယတနပိုင်း, ဓာတ်ပိုင်းစတဲ့ အပိုင်း ၁၈-ပိုင်းကို သုတ္တန်နည်း အဘိဓမ္မာနည်း နည်းမျိုးစုံ မြတ်စွာဘုရား ဆင်ခြင်သုံးသပ်တယ်။

အမှတ်စဉ်(၇) {ပလ္လင်္ကသတ္တာဟ၊ အနိမိသသတ္တာဟ၊ စင်္ကမသတ္တာဟ၊ ရတနဃရ} အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) - ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ


   ပလ္လင်္ကသတ္တာဟ

                 မြတ်စွာဘုရားဟာ အခုလို တရားထူး တရားမြတ် ရခဲ့ပါတယ်၊ ဒီ တရားရဖို့ဆိုတာ ကမ္ဘာပေါင်း မြောက်များစွာ လေ့ကျင့်ပြီးတော့ ယူခဲ့ရတယ်၊ ဘ၀ပေါင်း မြောက်များစွာ စတေးပြီးတော့ ဖြည့်ကျင့်လာခဲ့ရတယ်။
                   ဒီ အရည်အချင်းတွေ ဒီကနေ့ ပြည့်ပြည့်၀၀ ရပြီလို့ ဆိုတယ်၊ ၀မ်းသာအားရ ထိုပလ္လင်မှာပဲ ဆက်ပြီးတော့ ဘုရားက အကြိမ်ကြိမ် မိမိရဲ့ သန္တာန်မှာ အရဟတ္တဖိုလ် စိတ်တွေ ဖြစ်လာအောင် လုပ်တယ်၊ ဘယ်လို လုပ်တုန်းဆို အရဟတ္တဖိုလ် ဖလသမာပတ် ၀င်စားဖို့ ၀ိပဿနာ စပြီးတော့ လုပ်ရတယ်။
                   မိမိသန္တာန်မှာ ရှိတဲ့ သဘာဝတရားတွေကို ၀ိပဿနာရှုလိုက်တဲ့အခါ ၀ိပဿနာဉာဏ် အဆင့်ဆင့် တက်သွားပြီး ဖလသမာပတ်အထိ ရောက်ရှိသွားတယ်၊ ဘယ်အခါမှာပဲ ဖလသမာပတ် ၀င်းစားဝင်စား၊ ၀ိပဿနာလမ်းကြောင်းက သွားရတယ်၊ တခြားလမ်းကြောင်း မရှိဘူး၊ ၀ိပဿနာ ရှုလိုက်တဲ့အခါ ထို ၀ိပဿနာဉာဏ်စဉ်တွေ တက်သွားပြီး သင်္ခါရုပေက္ခာဉာဏ်ရဲ့  ဟိုဘက်အနုလောမဉာဏ် ရောက်တဲ့အခါကျလို့ ရှိရင် နိဗ္ဗာန်ကို အာရုံပြုပြီး ဖလသမာပတ်ဆိုတာ ပေါ်လာတယ်၊ စိတ်ကလည်း အလွန် သိမ်မွေ့တယ်၊ အာရုံကလည်း အလွန် သိမ်မွေ့တယ်။

အမှတ်စဉ်(၆) {၀ိဇ္ဖာဉာဏ် ၃-ပါး၊ ဘုရားဖြစ်တဲ့နေ့} အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) - ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ


ဒီနေရာမှာ “ပု-ဒိ-အာ ၀ိဇ္ဇာဉာဏ်သုံးပါး”  ကို သိရမယ်၊ ‘ပု’ ဆိုတာ ပုဗ္ဗေနိဝါသနုဿတိဉာဏ်၊ ‘ဒိ’ ဆိုတာ ဒိဗ္ဗစက္ခုဉာဏ်၊ ‘အာ’ ဆိုတာ အာသ၀က္ခယဉာဏ်၊ ကိလေသာအာသ၀တွေ ကုန်သွားတယ်၊
                   အချို့က ဘုရားဆိုတာ သောတာပန် မဖြစ်ဘဲနဲ့ ဘုရားတန်းဖြစ်တယ်လို့ ထင်နေကြတယ်၊ အဲဒီလို ကျော်လို့ မရဘူးနော်၊ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်၊ အဲဒီ အခိုက် အတန့်ကို သောတာပန် ခေါ်တာ၊ ပြီးရင် သကဒါဂါမိမဂ်, သကဒါဂါမိဖိုလ်၊ ၀ိပဿနာရှုနည်းနဲ့ပဲ တက်သွားရတာ၊ ပြီးတဲ့အခါ အနာဂါမိမဂ်, အနာဂါမိဖိုလ်၊ နောက်ဆုံးကျတော့မှ အရဟတ္တမဂ်, အရဟတ္တဖိုလ်ရောက်တယ်။
                   ဘုန်းကြီးတို့ ဇူလိုင်လတုန်းက စင်္ကာပူသွားပြီး အဘိဓမ္မာသင်တန်း ပို့ချပေးတယ်၊ အဲဒီမှာ ဒကာတစ်ယောက်က internet ကနေ ထုတ်ပြီးတော့ ဆောင်းပါးတစ်ပုဒ်ကို ဘုန်းကြီးဆီ ပို့ပြီး မေးခွန်း မေးထားတယ်၊ ဆောင်းပါးရေးတဲ့ ကိုယ်တော်ကတော့ မလေးရှားက ဘုန်းကြီးတစ်ပါး၊ အဲဒီဘုန်းကြီးက internet မှာ တင်ထားတယ်၊ ဘာတွေ ရေးထားလဲဆိုတော့ သောတာပန်မဖြစ်ဘဲနဲ့ သကဒါဂါမ် ဖြစ်တာလည်း ရှိတယ်၊ သကဒါဂါမ် မဖြစ်ဘဲနဲ့ အနာဂါမ်ဖြစ်တာလည်း ရှိတယ်၊ အနာဂါမ်မဖြစ်ဘဲနဲ့ ရဟန္တာကျော်ပြီးတော့ ဖြစ်တာလည်း ရှိတယ် ဆိုပြီးတော့ သုတ္တန်ပါဠိတွေ ကိုးကားထားလေရဲ့ ။

အမှတ်စဉ်(၅) - {သမထကျင့်စဉ် ကျင့်ပုံ၊ ၀ိပဿနာကျင့်စဉ်ကူးပုံ } ဒေါက်တာနန္ဒမာလာဘိဝံသ


   သမထကျင့်စဉ် ကျင့်ပုံ
                   ဘုရားဖြစ်တာ ဘာကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်သလဲဆိုရင် အာနာပါနကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်တာ၊
ထွက်လေ၀င်လေကို ရှုမှတ်တယ်၊ ပထမ သမထကျင့်စဉ်နဲ့ သွားတယ်၊
ညကို သုံးပိုင်းပိုင်းလိုက်တဲ့အခါ ပထမယာမ်မှာ ဈာဉ်တွေ အဆင့်ဆင့်တက်သွားပြီး
ပထမဈာန် ရတယ်၊ ဒုတိယဈာန် ရတယ်၊ တတိယဈာန် ရတယ်၊ စတုတ္ထဈာဉ် ရတယ်၊
စတုတ္ထဈာဉ် ရပြီးတော့ ပုဗ္ဗေနိဝါသနုဿတိ အဘိညာဉ်ကို ရတယ်၊
ဒီအဘိညာဉ်က အတိတ်ဘ၀ကို ပြန်ပြီးတော့ ကြည့်နိုင်တဲ့အစွမ်းရှိတဲ့ ပညာမျိုးဖြစ်တယ်။
                   ‘မဇ္ဈိမယာမ်’ လို့ခေါ်တဲ့ သန်းခေါင်ယာမ် ရောက်တဲ့အခါ ခြားကွယ်နေတဲ့ နေရာတွေ၊ ဝေးလံတဲ့ နေရာတွေမှာ ရှိတဲ့ သာမန်ပုဂ္ဂိုလ်တွေ မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်စွမ်းတဲ့ ထူးခြားတဲ့ မျက်စိတစ်မျိုး အမြင်တစ်မျိုးကို ရရှိလာတယ်၊  
ဒိဗ္ဗစက္ခုဉာဏ် လို့ခေါ်တယ်၊ ဒီအချိန်မှာ ဘုရားမဖြစ်သေးဘူး၊ သမထကျင့်စဉ်အရ အစွမ်းသတ္တိတွေ ထက်တာပဲ ရှိသေးတယ်။

အမှတ်စဉ်(၄) - { တရားဦးအစ သုတ္တန်က နှင့် ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ်တော်မူပုံ } ဒေါက်တာနန္ဒမာလာဘိဝံသ


တရားဦးအစ သုတ္တန်က
                    ဗုဒ္ဓမြတ်စွာက ပထမဆုံး ဟောတဲ့တရားက အားလုံးသိကြတဲ့အတိုင်း ‘ဓမ္မစက္ကပ၀တ္တနသုတ္တန်’ ဖြစ်တယ်၊
ဓမ္မစကြာ တရားနဲ့ ဟောပြောတဲ့လုပ်ငန်း စတယ်၊ ဒေသနာဉာဏ်တော်ကြီးကို စတင် အသုံးချပြီး ဟောပြောတာ ‘ဓမ္မစကြာ’ ပဲ၊
သို့သော် အဲဒီ ဓမ္မစကြာတရားကို ဘုရားဖြစ်စက ကြိုတင်ပြီးတော့ နှလုံးသွင်း ဆင်ခြင်ခဲ့သလား ဆိုရင် နှလုံးသွင်း ဆင်ခြင်တယ်လို့ မှတ်တမ်းမရှိဘူး၊ ဘယ်သုတ္တန်တရားပဲဖြစ်ဖြစ် မြတ်စွာဘုရားက ကြိုတင် ဆင်ခြင် စဉ်းစားပြီး ဟောတာမဟုတ်ဘဲ ဒီလိုပုဂ္ဂိုလ်နဲ့ တွေ့ရင် ဒီလိုတရားမျိုးကို ဟောလိုက်တယ်၊ ဟိုလို ပုဂ္ဂိုလ်နဲ့ တွေ့ရင် ဟိုလို တရားမျိုးကို ဟောလိုက်တယ်၊ ပုဂ္ဂိုလ်တွေရဲ့ အလိုအဇ္ဈသယ ကြည့်ပြီး ဟောသွားတာ။

အမှတ်စဉ်(၃) {ပိဋကတ် ၃-ပုံ နှင့် ဓမ္မ ၂-မျိုး အထူး}

 အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ)

                                                    ပိဋကတ် ၃-ပုံ

                   ဒါကြောင့် ‘ဓမ္မ’ ကို သုတ္တန္တဓမ္မနဲ့ အဘိဓမ္မရယ်လို့ နှစ်မျိုးခွဲလိုက်ပြီး ဘုရားရှင် ဟောတော်မူခဲ့တဲ့ ‘ဓမ္မ’ နဲ့ ‘၀ိနယ’ ကို ၀ိနယရယ်, သုတ္တန္တရယ်, အဘိဓမ္မာရယ်လို့ ၃-မျိုး ခွဲလိုက်တဲ့ အခါကျတော့ ဒါကို ပိဋကတ် ၃-ပုံလို့ ခေါ်ကြတယ်။
                   ‘ပိဋက’ ဆိုတဲ့ စကားလုံးကို အများသိနေကြတာတော့ ‘ခြင်းတောင်း’ ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ အင်္ဂလိပ်လို ပြန်ဆိုတဲ့အခါ Basket လို့ ပြန်ကြတယ်၊ အဲဒီတော့ ပိဋကတ် သုံးပုံကို Three Basket  လို့ ပြန်လေ့ရှိတယ်၊ သို့သော် ‘ပိဋက’ ဆိုတာ ခြင်းတောင်း လို့သာ အဓိပ္ပာယ်ရတာ မဟုတ်ဘူး၊ ‘သင်ယူရမယ့်ကျမ်းစာ’ ကိုလည်း ပိဋကသဒ္ဒါက ဟောတယ်၊ ဒါကြောင့်မို့ တခြားနည်းနဲ့လည်း အင်္ဂလိပ်လို ဘာသာပြန်ဖို့သင့်တယ်ပေါ့၊ ပိဋကဆိုတာ သင်ယူရမယ့်ကျမ်းးစာ  (Text to be learned)  လို့ အဓိပ္ပာယ် ရတယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated