@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Friday 2 January 2015
အမှတ်စဉ်(၅) - {သမထကျင့်စဉ် ကျင့်ပုံ၊ ၀ိပဿနာကျင့်စဉ်ကူးပုံ } ဒေါက်တာနန္ဒမာလာဘိဝံသ
   သမထကျင့်စဉ် ကျင့်ပုံ
                   ဘုရားဖြစ်တာ ဘာကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်သလဲဆိုရင် အာနာပါနကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်တာ၊
ထွက်လေ၀င်လေကို ရှုမှတ်တယ်၊ ပထမ သမထကျင့်စဉ်နဲ့ သွားတယ်၊
ညကို သုံးပိုင်းပိုင်းလိုက်တဲ့အခါ ပထမယာမ်မှာ ဈာဉ်တွေ အဆင့်ဆင့်တက်သွားပြီး
ပထမဈာန် ရတယ်၊ ဒုတိယဈာန် ရတယ်၊ တတိယဈာန် ရတယ်၊ စတုတ္ထဈာဉ် ရတယ်၊
စတုတ္ထဈာဉ် ရပြီးတော့ ပုဗ္ဗေနိဝါသနုဿတိ အဘိညာဉ်ကို ရတယ်၊
ဒီအဘိညာဉ်က အတိတ်ဘ၀ကို ပြန်ပြီးတော့ ကြည့်နိုင်တဲ့အစွမ်းရှိတဲ့ ပညာမျိုးဖြစ်တယ်။
                   ‘မဇ္ဈိမယာမ်’ လို့ခေါ်တဲ့ သန်းခေါင်ယာမ် ရောက်တဲ့အခါ ခြားကွယ်နေတဲ့ နေရာတွေ၊ ဝေးလံတဲ့ နေရာတွေမှာ ရှိတဲ့ သာမန်ပုဂ္ဂိုလ်တွေ မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်စွမ်းတဲ့ ထူးခြားတဲ့ မျက်စိတစ်မျိုး အမြင်တစ်မျိုးကို ရရှိလာတယ်၊  
ဒိဗ္ဗစက္ခုဉာဏ် လို့ခေါ်တယ်၊ ဒီအချိန်မှာ ဘုရားမဖြစ်သေးဘူး၊ သမထကျင့်စဉ်အရ အစွမ်းသတ္တိတွေ ထက်တာပဲ ရှိသေးတယ်။
နောက်ဆုံး ‘ပစ္ဆိမယာမ်’ ရောက်တဲ့အခါကျတော့မှ အာသ၀က္ခယအဘိဉာဏ် ဆိုတာကို ရတယ်၊
ဒီကျတော့ သမထကျင့်စဉ်နဲ့ သွားတာမဟုတ်တော့ဘူး၊ ၀ိပဿနာကျင့်စဉ်ဘက် ကူးသွားပြီ၊
နောက်ဆုံးယာမ်မှာ အာနာပါန စတုတ္ထဈာန်ကနေ ထပြီး ထိုအာနာပါန စတုတ္ထဈာန်မှာရှိတဲ့ သဘာဝတရားတွေကို
မမြဲတဲ့သဘော ဆင်ခြင်တယ်၊ ဆင်းရဲတဲ့သဘောကို ဆင်ခြင်တယ်၊ အစိုးမရတဲ့ သဘောကို ဆင်ခြင်မိတယ်၊
အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့ လက္ခဏာသုံးရပ်တင်ပြီးတော့ ဆင်ခြင်တဲ့ ၀ိပဿနာဉာဏ်တွေ အဆင့်ဆင့်ဖြစ်လာတယ်၊ အဆင့်ဆင့်ဖြစ်ပြီးတော့ အရုဏ်မတက်ခင် အချိန်လေးအတွင်းမှာပဲ ၀ိပဿနာဉာဏ် အဆင့်ဆင့်ကနေပြီး ပထမ သောတာပတ္ထိမဂ်၊ သောတာပတ္ထိဖိုလ်ရတယ်၊ သောတာပန်ဖြစ်တယ်ပေါ့၊ သောတာပန်ဖြစ်ပြီနောက် ဆက်တိုက်ပဲ သကဒါဂါမ်၊ အနာဂါမ်ဖြစ်ပြီး ၀ိပဿနာဉာဏ်ကို အဆင့်ဆင့် မြှင့်တင်လိုက်လိုက်တဲ့အခါ နောက်ဆုံး အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဆိုတဲ့ ဉာဏ်ကိုရတယ်၊ ရပြီး အရုဏ်လည်းတက်ရော သဗ္ဗညုတဉာဏ်တော်ကြီးကိုပါ တွဲဖက် ပါလာပြီးတော့ ဘုရားအဖြစ်သို့ရောက်သွားတယ်။
*ဆက်ရန်* -------
ဆရာတော်ကြီးဟောကြားတော်မူသော အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ) မှ  
{၀ိဇ္ဇာဉာဏ် ၃-ပါး} အား ဆက်လက်ရေးသား ပူဇော်ပါမည်။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) စာ ၁၀-၁၁  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
ဤစာဖြင့် ဗုဒ္ဓရှင်တော်မြတ်ဘုရား အား လည်းကောင်း
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) ဆရာတော် အား လည်းကောင်း
ကျနော့်ကို ယခုစာအုပ်အား ဓမ္မလက်ဆောင်ပေးသော အန်တီဆွေ (Anatta Swe) တို့အား ရှစ်ခိုးပူဇော်ပါသည်။
ရဲဝင်းထွန်း
10.01.2012  (Tuesday)                 11:06 am
No comments:
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated