@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 2 October 2013

ဘာမဆိုအတိတ်ကံကိုချည်းပုံချရင်မိစ္ဆာဒိဋ္ဌိ

ဗုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒဆိုတာက လောကမှာ ဖြစ်ပျက်နေသမျှ အရာအားလုံ၊ ခံစားနေရသမျှ ချမ်းသာဆင်းရဲအားလုံးဟာ အတိတ်ကံသက်သက်ကြောင့်ပဲ ဖြစ်တာလို့ ယူဆတဲ့ အယူဝါဒပါ။
 
က္ကဿာရနိမ္မာနဒိဋ္ဌိဝါဒ ဆိုတာက လောကမှာ ဖြစ်ပျက်နေသမျှ အရာအားလုံး၊ ခံစားနေရသမျှ ချမ်းသာဆင်းရဲ အားလုံးဟာ ဖန်ဆင်းရှင်ရဲ့ ဖန်ဆင်းမူကြောင့် ဖြစ်ရတာလို့ ယူဆတဲ့အယူဝါဒပါ။

အဟေတုကဒိဋ္ဌိဝါဒ ဆိုတာက လောကမှာ ဖြစ်ပျက်နေသမျှ အရာအားလုံး၊ ခံစားနေရသမျှ ချမ်းသာဆင်းရဲအားလုံးဟာ ဘာအကြောင်းကြောင့်မှ ဖြစ်တာ မဟုတ်ဘူး၊ အကြောင်းမဲ့သက်သက် သူဖြစ်ချင်သလို ဖြစ်နေတာပဲလို့ ယူဆတဲ့ အယူဝါဒပါ။

သီတဂူဆရာတော် ငြိမ်းချမ်းရေး


ရတာမလို လိုတာမရ ဤလောက

“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါ။ လိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ရချင်တာက တစ်မျိုး၊ ရနေတာက တစ်မျိုး ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေတော့ ကိုယ်ရတာကို မကျေနပ်နိုင်၊ အလိုမပြည့်နိုင်ဖြစ်ရုံမက သူများရတာကိုပါ လိုချင်လာပြန်ပါတယ်။ သူများကလည်း သူ့ရှိတဲ့အရာကို မလိုချင်ပဲ ကိုယ့်ကိုကြည့်ပြီး ကိုယ်ဆီကအရာကို လိုချင်နေကြပြန်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို အားကျပြီး ကိုယ့်ရှိတဲ့အရာကို အလိုမကျ သူ့ဆီကအရာကို တောင့်တကြပြန်ပါတယ်။ ရချင်တာကတစ်မျိုး ရနေတာက တစ်မျိုးဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း “ ရတာမလို လိုတာမရတဲ့ လောကကြီးပါလား“ လို့ ဆိုကြခြင်းဖြစ်ပါတယ်။ 

ဒုလ္လဘရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးနှင့် သတိထား ဆင်ခြင်အပ်သည့် အရာများ







သင်္ကြန်အခါ ရောက်ပြီဆိုလျှင် လူတို့သည် လုပ်ငန်းဆောင်တာ ကိစ္စအတော်များများ ရပ်ဆိုင်းထားကြသည်။ အချို့လူများကလည်း အားလပ်ရက်အခွင့်သာတုန်း  ကုသိုလ်ရအောင် ဆိုကာ ဒုလ္လဘရဟန်း ၀တ်ကြသည်။ ပဗ္ဗဇိတဘာဝ ဒုလ္လဘ-ရဟန်းဘ၀ ရခဲသည်ဖြစ်၍ ကြိုးစားရယူကြခြင်း ဖြစ်ပါသည်။

ငမူးများကလည်း ဒုလ္လဘရဟန်း ၀တ်တတ်ကြပါသေးသည်။ ငမူး၏မိဘဆွေမျိုးများက မိမိတို့၏ တူ-သား ငမူးများး သင်္ကြန်အတွင်း သောက်စားပျော်ပါးပြီး ရန်ဖြစ်ကြသည်မျိုး၊ ကားတိုက်မှုဖြစ်သည်မျိုး၊ ရုံးရောက် ဂတ်ရောက်ဖြစ်သည်မျိုး ကြုံရမည်ကို ကြောက်ကြသည်။ ထို့ကြောင့် ဒုလ္လဘရဟန်းဝတ်ဖြစ်အောင် အစွမ်းကုန် တိုက်တွန်းကြသည်။

လူသာချင်းတူပါလျှက် ကံကွဲပြားခြားနားပုံ


သုဘလုလင်၏ လျောက်ထားချက်
မြတ်စွာဘုရား….၊  ဤလောက၌ နေထိုင်ကြသူ အပေါင်းတို့သည် လူအချင်းချင်း တူညီကြပါလျက် အရာရာ၌  ညီတူညီမျှ မဟုတ်မူ၍ အယုတ်၊ အလတ်၊ အမြတ် ကွဲပြား ထူးခြားနေကြပါသည်။ 

ကွဲပြားခြားနားပုံ ---

၁ (က) အချို့ သူတို့မှာ အသက်တို၍၊
   (ခ) အချို့ သူတို့မှာ အသက်ရှည်ပါကုန်သည်။
၂ (က) အချို့ သူတို့မှာ မကျန်းမမာ အနာရောဂါ များ၍၊
   (ခ) အချို့ သူတို့မှာ ရောဂါ ကင်းရှင်း ကျန်းမာခြင်း ရှိကြပါသည်။
၃ (က) အချို့ သူတို့မှာ အရုပ်ဆိုး၍၊
    (ခ) အချို့ သူတို့မှာ အဆင်းလှကြပါသည်။
၎ (က) အချို့ သူတို့မှာ ဘုန်းတန်ခိုးနည်းပါး၍၊
   (ခ) အချို့ သူတို့မှာ ဘုန်းတန်ခိုးကြီးကြပါသည်။
၅ (က) အချို့ သူတို့မှာ ဆင်းရဲနွမ်းပါး၍၊
   (ခ) အချို့ သူတို့မှာ ပေါများ ကြွယ်ဝကြပါသည်။
၆ (က) အချို့ သူတို့မှာ အမျိုးယုတ်နိမ့်၍၊
   (ခ) အချို့ သူတို့မှာ အမျိုးမြင့်မြတ်ကြပါသည်။
၇ (က) အချို့ သူတို့မှာ ပညာ ဉာဏ်နည်းပါး၍၊
   (ခ) အချို့ သူတို့မှာ ပညာ ဉာဏ်များပြားလှပါသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated