@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 21 October 2014

အာဠ၀ကဘီလူးကမေးပြီး ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော (အာဠ၀ကသုတ္တန်)။

 (၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ)
(၂)လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
(၃)လောကမှာ အကောင်းဆုံးအရသာ ဘာလဲ။

အဖြေ=အကောင်းဆုံး အရသာဟာ သစ္စာ။(သစ္စံ သာဓုတရံ ရသာနံ)
(၄)လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ=အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။(ပညာဇီဝိံ ဇီဝိတ မာဟု သေဌံ)
(၅)အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ=သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။(သဒ္ဓါယ တရဟိ သြဃံ)
(၆)ကျယ်ပြောသောဘ၀ကြီးကို ဘာနဲ့ဖြတ်ကူးရမှာလဲ။
အဖြေ=သတိနဲ့ ဖြတ်ကူးရမယ်။(အပ္ပမာဒေန အဏ္ဏ၀ံ)
(၇)ဆင်းရဲဒုက္ခကို ဘာနဲ့ဖယ်ရှားမှာလဲ။
အဖြေ=ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်ဖယ်ရှားနိုင်မယ်။(၀ီရိယေန ဒုက္ခမစ္စေတိ)
(၈)စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပညာ ဖြင့်သာဆေးကြောရမယ်။(ပညာယ ပရိသုဇျွတိ)
(၉)ပညာကို ဘယ်လိုရအောင်ယူရမှာလဲ။

ဆံတော်ရှင်ဇင်းကျိုက်စေတီတော်မြတ်သမိုင်းကြောင်း


  သုံးလူ့ထွဋ်ထားသဗ္ဗညုရှင်တော်ဂေါတမမြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ရောက်ခါနီး ကာလဝယ် ကရာမည-ကရဏ္ဍကတိုင်း

သုဘိန္နဂရဟု ထင်ရှားရှိခါရှင်တော်ဘုရားအပွင့်မှီ နှစ်ပေါင်း (၅၀-)ခန့်က ယခု သထုံပြည် တည်နေရာ ဌာနသုဘိန္န နဂရမြို့ကြီး ဟုဝေးနီးထင်ပေါ်

သတင်းကျော်လျက် လွန်စွာမွေ့ပျော်ခါစ  စတုမဟာတာဝတိသာ မာယာ စသည်နတ့်ပြည်ကဲ့သို့  စည်ပင်လှစွာ သားကြီးသာ၍ သတ္တဝါဗိုလ်လူခပ်သိမ်း


သူတို့မှီခိုနေထိုင်ရာဖြစ်သော ရာဇဌာနီမင်းနေပြည်တော်မြို့ကြီးတစ်မြို့တည်ထားခဲ့လေသည်။ ထိုသုဘိန္နနဂရ ယခု သထုံ (ခေါ်) သုဝဏ္ဏဘူမိ ရာဇဌာနီ

မင်းနေပြည်တော်တွင် တိဿဓမ္မ ဘုရင်ကြီးသည် သီရိက္ကပါ အဂ္ဂမဟေသီ ဒေဝီမိဖုရားခေါင်နှင့် ဘုန်းမီး နေ,လ,ထွန်းလင်းတောက်ပလျက် ဒဿရာဇ

ဓမ္မလေးတန် သင်္ဂဟနာယက ခြောက်ပုံ ခုနှစ်စုံ အပရိဟာ၊ အစဖြာသော စည်လာလမ်းကြောင်းနှင့် ကမ္ဘာအစ မဟာသမတမင်းကောင်းမင်းမြတ်တို့၏

ပရိဒေ၀အကြောင်း

 
 
ငိုကြွေးမူကို “ပရိဒေ၀”ဟုခေါ်၏။ ဤပရိဒေ၀ဟူသည် “ငိုသံ”ပင်ဖြစ်၏။ သို့သော် ထိုငိုသံ ဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာ ဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်ထားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မူကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မူကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ ခေါ် ငိုကြွေးသော အသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

သံဃာများ အိမ်ပင့်ဆွမ်းကပ်ရကျိုးများ

ဦးဇင်းကို အွန်လိုင်းကနေသိတဲ့ ဒကာမတစ်ဦးက သူ့အိမ်က မိသားစုတွေအားလုံး ဖူးမြင်ရအောင်ဆိုပြီး ဆွမ်းစားပင့်ပါတယ်။ အိမ်ရောက်လို့ ဆွမ်းလည်းစားပြီးရော မိတ်ဆက်စကားပြောကြရာ ဒကာတစ်ဦးကနေ ဦးဇင်းကို အရှင်ဘုရားက အွန်လိုင်းမှာ ဘာသာရေးမေးဖြေလုပ်ပေးတာ နာမည်ကြီးတယ်လို့ ပြောကြတယ်။
အဲဒါ တပည့်တော်လည်း ကြုံတုန်း အရှင်ဘုရားကို မေးချင်ပါတယ်။ ခု ဒီအိမ်က အရှင်ဘုရားကို ဆွမ်းစားပင့်တယ်။ အဲဒီတော့ ဒီအိမ်ကလူတွေ ဘာအကျိုးတွေ ရသလဲဘုရားဆိုပြီး မေးပါတော့တယ်။
ဒါနဲ့ ဦးဇင်းက ပထမဦးဆုံး အိမ်မှာပင့်ပြီး ဆွမ်းကပ်တဲ့အတွက် ဆွမ်းလှူသူတွေရရှိတဲ့ ဆွမ်းအကျိုး (၅)ပါးကို ပြောပြပေးလိုက်ပါတယ်။
ဆွမ်းလှူကျိုး (၅)ပါး
၁။ အသက်ကို ပေးလှူတာနဲ့တူလို့ အသက်ရှည်ခြင်း။
၂။ ရုပ်အဆင်းကို ပေးလှူတာနဲ့တူလို့ ရုပ်လှပခြင်း။
၃။ ကိုယ်စိတ်ချမ်းသာအောင် ပေးလှူတာနဲ့တူလို့ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း။
၎။ ခွန်အားကို ပေးလှူတာနဲ့တူလို့ ခွန်အားကောင်းခြင်း။
၅။ အသိပညာတိုးတတ်အောင် ပေးလှူတာနဲ့တူလို့ အသိပညာကောင်းခြင်း။ (အံ၊ ၂၊ ၃၅)
ဒါပြင် သီလပညာနဲ့ပြည့်စုံတဲ့ ရဟန်းသံဃာများ အိမ်ကြွလာရင် အောက်ပါအကျိုးတွေလည်း ရရှိပါတယ်လို့ ရှင်းပြပေးခဲ့ပါတယ်။

ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ"

 
"ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ" •••••••••••••••••••••••••• 
အပြု (ကာယကံ) ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ ပြုဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ ပြုပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။

မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ အပြော (၀စီကံ) ပြောမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ ပြောဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
 
 မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ ပြောပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ 
 
အတွေး (မနောကံ) တွေးမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။ တွေးဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။
 
 တွေးပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။ ချမ်းမြေ့ဆရာတော် (ဓမ္မကဗျာပဒေသာ စာအုပ်မှ) _/|\_ဓမ္မမိတ်ဆွေများအားလုံး အပြု၊ အပြော၊ အတွေးများ ရှောင်ရှားနိုင်သူများ ဖြစ်ကြပါစေ။
 _/|\_

ကောဌာသ (၃၂) ပါး။

၁။ ကေသာ = ဆံပင်။
၂။ လောမာ = အမွေး။
၃။ နခါ = ခြေသည်းလက်သည်း။
၎။ ဒန္တာ = သွား။
၅။ တစော = အရေ။
၆။ မံသံ = အသား။
၇။ နှာရု = အကြော။
၈။ အဌိ = အရိုး။
၉။ အဌိမိဉ္ဇံ = ရိုးတွင်းချဉ်ဆီ။
၁၀။ ၀က္ကံ = အညှို့။
၁၁။ ဟဒယံ = နှလုံး။
၁၂။ ယကနံ =  အသည်း။
၁၃။ ကိလောမကံ = အမှေး။
၁၄။ ပိဟကံ = အပျဉ်။
၁၅။ ပပ္ဖသံ = အဆုတ်။
၁၆။ အန္တံ = အူမ။
၁၇။ အ န္တဂုဏံ = အူသိမ် အူဖွဲ။
၁၈။ ဥဒရိယံ = အစာသစ်။
၁၉။ ကရီယံ = အစာဟောင်း။
၂၀။ မတ္ထလုင်္ဂံ = ဦးနှောက်။
၂၁။ ပိတ္တံ = သည်းခြေ။
၂၂။ သေမှံ = သလိပ်။
၂၃။ ပုဗ္ဗော = ပြည်။
၂၄။ လောဟိတံ = သွေး။
၂၅။ သေဒေါ = ချွေး။
၂၆။ မေဒေါ = အဆီခဲ။
၂၇။ အဿု = မျက်ရည်။
၂၈။ ၀သာ = ဆီကြည်။
၂၉။ ခေလော = တံတွေး။
၃၀။ သိင်္ဃာနိကာ = နှပ်။
၃၁။ လသိကာ = အစေး။
၃၂။ မုတ္တံ = ကျင်ငယ်တို့ ဖြစ်ပါတယ်။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated