@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 31 July 2015

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်တော် (၁၆) ပါး။


        နိဗ္ဗာန်ရောက်ကြောင်း တရားကျင်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ အ
တွက် နိဗ္ဗာနရောက်ကြောင်းဉာဏ် ၁၆- ပါးမှာ==
(၁)။ နာမရူပပရိေ စ္ဆဒဉာဏ် = ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိသောဉာဏ်။
(၂)။ ပစ္စယပရိဂ္ဂဟဉာဏ် = ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
(၃)။ သမ္မသနဉာဏ် = ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု သုံးသပ်သောဉာဏ်။
(၄)။ ဥဒယဗ္ဗယဉာဏ် = ရုပ်နာမ်နှစ်ပါး ဖြစ်ပုံပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဉာဏ်။
(၅)။ ဘင်္ဂဉာဏ် = ရုပ်နာမ်နှစ်ပါး ပျက်စီးခြင်းကို ရှုသည်၏အစွမ်းဖြင့် ထင်မြင်သောဉာဏ်။
(၆)။ ဘယဉာဏ် = ရုပ်နာမ်နှစ်ပါးပျက်စီးခြင်းကိုဘေးဟူ၍ရှုသည်၏အစွမ်းဖြင့်ထင်မြင်သည့်ဉာဏ်
(၇)။ အာဒီန၀ဉာဏ် = ထိုဘေးကို ဆင်းရဲခြင်း အပြစ်ဟု ရှုသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
(၈)။ နိဗ္ဗိန္ဒဉာဏ် = ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ပုံ အလုံးစုံကို စက်ဆုပ်ရွံရှာငြီးငွေ့ဖွယ်ဟု မြင်
သောဉာဏ်။

Friday 24 July 2015

မေတ္တာကို စနစ်တကျနဲ့ပွားပြီး စိတ်ရဲ့ထွက်ပေါက်ကို ရှာမယ်



★ ဘုန်းကြီးတို့တွေ ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်။ထိုအလိုမကျမှုဟာ ကြီးထွားလာရင် ပေါက်ကွဲတယ်။ ဒါကိုဒေါသ ဗျာပါဒ လို့ခေါ်တယ်။ ကိုယ့်ရဲ့ငြိမ်းချမ်းတဲ့ စိတ်ကလေး ပျက်စီးလာတယ်။ စိတ်ရဲ့အလိုကျမှုကို တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်။ သို့မဟုတ် မကျေနပ်တဲ့သူကို အနိုင်ယူလိုက်တယ်။ အဲ့ဒီအနိုင်ယူလိုက်တာ စိတ်ရဲ့ ထွက်ပေါက်မဟုတ်ဘူး။ မြတ်စွာဘုရားက "နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ" တဲ့။ စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ထွက်ပေါက်အစစ်က
မေတ္တာပါတဲ့။ မေတ္တာပွားရမယ်တဲ့။ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်တယ်တဲ့။

တစ်ခါတလေ တစ်ယောက်တည်းပဲ ကောင်းပါတယ်


                         
ကဿပဘုရားရှင်လက်ထက်တော်ကတရားကျင့်ဘက်သူငယ်ချင်းရဟန်းနှစ်ပါးရှိပါတယ်။ တရားကျင့်ပြီး
နတ်ပြည်မှာဖြစ်ရပါတယ်။ တစ်ခါနတ်ပြည်ကစုတေတော့ တစ်ပါးကဘုရင့်သားဖြစ်ပြီး၊တစ်ပါးက
ပုရောဟိတ်ရဲ့သားဖြစ်ရပါတယ်။

တစ်နေ့တော့ပုရောဟိတ်သားကဘုရင့်သားကို“သူငယ်ချင်းတချိန်မှာ သင်ကဘုရင်ဖြစ်ပြီးငါက
ပုရောဟိတ်ဖြစ်လိမ့်မယ်။ဒါကြောင့် ငါတို့ပညာတတ်မှဖြစ်မယ်”ဆိုပြီးသူငယ်ချင်းနှစ်ယောက်
ပညာသင်ဖို့မြို့ရွာတွေကိုထွက်ခဲ့ပါတယ်။ ရွာတစ်ရွာရောက်တော့ ပစ္စေကဗုဒ္ဓတွေကိုရွာသူ
ရွာသားတွေက ဆွမ်းလောင်းနေတာတွေ နေရာထိုင်ခင်းပေးနေ တာတွေအရိုအသေ
ပြုနေတာတွေကိုတွေ့ပြီး“အရှင်မြတ်တွေဟာ အတတ်ပညာတစ်ခုခုကို
တတ်လို့လူတွေက အရိုအသေပြုနေကြတာပဲ”လို့တွေးပြီး ပညာသင်ပေးဖို့ပစ္စေကဗုဒ္ဓတွေကို
တောင်းပန်ပါတယ်။ ဒီတော့ပစ္စေကဗုဒ္ဓအရှင်မြတ် တွေက
“ရဟန်းအတတ်ပညာကို ရဟန်းပြုမှသင်ပေးမယ်”ပြောလို့သူငယ်ချင်းနှစ်ယောက် ရဟန်းပြုကြပါတယ်။

Wednesday 8 July 2015

ဘယ်လမ်းက သွားနေသလဲ


            
မြတ်စွာဘုရားက ဘယ်လို ဥပမာပေးလဲဆိုတော့
တောင်ထိပ်က မျက်စိအမြင်နဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ဟာတဲ့
ဟိုးအဝေးကရှိတဲ့ သဲကန္တာရကြီးထဲကို လှမ်းပြီးကြည့်လိုက်တယ်။
ကြည့်တော့ အပေါ်ကလဲ နေကပူလိုက်တာ အောက်က သဲတွေကလဲ
ပူကျက်ပြီးတော့ လောင်ကျွမ်းနေတဲ့ ဒီခရီးကို ကြည့်နေတုန်းမှာပဲ
လူတစ်ယောက် ခရီးသွားနေတယ် ၊ အဲဒီကန္တာရကြီးထဲမှာ
သူက ဖိနပ်မပါ အပေါ်က အဆောင်းမပါ သွားနေတာ။
အဲဒါကို အမြင့်ကနေ ကြည့်တဲ့သူက မြင်တယ်။

 
ဒီလူ ဘယ်သွားနေတာလဲလို့ ကြည့်လိုက်တော့
ဒီလူဟာ မီးကျီးတွင်းကြီးရှိတဲ့ဆီ ဦးတည်ပြီး သွားနေတာတဲ့။
အဲတော့ အပေါ်ကလူက ဒီလူ လမ်းကြောင်းမပြောင်းရင်တော့ေ
သေချာပေါက် မီးကျီးတွင်းထဲ ကျတော့မှာပဲ ၊ သူက
အမြင့်ကဆိုတော့ မြင်တယ်၊ အောက်ကနေ သွားနေတဲ့လူကတော့
ရှေ့ ကနေ အဝေးကြီးကို မမြင်နိုင်ဘူးလေ။

Tuesday 7 July 2015

သီလ၏ ကြောင်းကျိုး အဆက်ဆက်

♦ဘုရား၊ တရား၊ သံဃာ ရတနာ ၃ ပါးကို ယုံကြည်လျှင် ကောင်းသော အလုပ် (ကုသိုလ်) ကြောင့် ကောင်းကျိုး ရ၍ ဆိုးသော အလုပ် (အကုသိုလ်) ကြောင့် ဆိုးကျိုး ရသည် ဆိုသော ကြောင်းကျိုး သဘာဝ (ကံနှင့် ကံ၏ အကျိုး) ကို ယုံကြည် လက်ခံ၏။ ( ကမ္မသကတာ သမ္မာဒိဋ္ဌိ )


♦အလုပ်နှင့် အလုပ်ကြောင့် ရရှိသည့် အကျိုး (ကံနှင့် ကံ၏ အကျိုး) ကို ယုံကြည်လျှင် ဆိုးကျိုး ဆင်းရဲကျိုး ရမည်ကို ရှက်လည်း ရှက်၊ ကြောက်လည်း ကြောက်၏။ ( ဟိရီဩတ္တပ္ပ )

♦ထို အရှက် (ဟိရီ) နှင့် အကြောက် (ဩတ္တပ္ပ) ကြောင့်ပင် ဆိုးသော အလုပ် မကောင်းမှု အကုသိုလ်ကို ရှောင်ကြဉ်၏။ မကောင်းမှုကို ရှောင်ကြဉ်လျှင် ကိုယ်ကျင့်သီလ ပြည့်စုံ လုံခြုံ၏။ (သီလသံဝရ)

♦ကိုယ်ကျင့်သီလ လုံခြုံလျှင် မိမိ ကိုယ်ကျင့်တရားကို စဉ်းစားဆင်ခြင်မိတိုင်း စိတ်ကြည်လင် ရွှင်လန်း၏။ (အဝိပ္ပဋိသာရ)

♦စိတ်ကြည်လင် ရွှင်လန်းလျှင် ဝမ်းမြောက်၏။ (ပါမောဇ္ဇ)

♦ဝမ်းမြောက်လျှင် နှစ်သက် အားရ၏။ (ပီတိ)

Thursday 2 July 2015

ဘ၀အတွက် မိမိ၏သီလဂုဏ်။

         လူဝတ်ကြောင်တွေဆိုရင်တော့ အနည်းဆုံး ငါးပါးသီလလောက်ကို လုံခြုံအောင်လုပ်ရမယ်၊
ငါးပါးသီလကို ၀ါရိတ္တသီလလို့ခေါ်တယ်။ ငါးပါးသီလပြည့်စုံမှ လူ့ဘ၀ပြည့်စုံမယ်။ လူတစ်ယောက်
ဟာ အရင်ဘ၀တုန်းက ငါးပါးသီလထဲက လေးပါးကို ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်။ အဲဒီထဲမှာ
“ပါဏာတိပါတကံ”ကို မလုံခြုံခဲ့ဘူးဆိုရင် လူ့ဘ၀ရောက်လာတဲ့အခါမှာ ချမ်းချမ်းသာသာဖြစ်ပေ

မယ့်လို့  အသက်တိုမယ်၊ အနာရောဂါများမယ်။(ငရဲကျတာ၊ မကျတာ အသာထား) အပေါ့ဆုံး အ
ပြစ်က ဒီအထိအောင် ခံရမှာပါ။
         “အာဒိန္နာဒါနကံ” မလုံခြုံခဲ့ရင် ပစ္စည်းဥစ္စာတွေဟာ ရှာလို့တော့ ရပါရဲ့၊ ခဏခဏ ပျက်စီး
သွားမယ်၊ မီးလောင်တဲ့အထိ ပါသွားမယ်၊ ကိုယ်ရဲ့ပစ္စည်းဥစ္စာဟာ အမြဲတမ်း ပျက်စီးဆုံးရှုံးနေမယ်၊
နောက်တစ်ခု “ကာမေသု မိစ္ဆာစာရကံ” မလုံရင် လူမုန်းများမယ်၊ အခြောက်တိုက် မုန်းတာမျိုးလို
သူ့မျက်နှာမြင်တာနဲ့  အလိုလိုမုန်းလာမယ်။
         “မုသာဝါဒကံ” မလုံရင် သူ့စကားကို မယုံကြတော့ဘူး၊ မယုံကြည်တဲ့အခါ သူ့ရဲ့စကား
အရာမရောက် ဖြစ်တယ်၊ ဒါကြောင့် မုသားဆို ရယ်စရာအနေနဲ့တောင် မပြောဘဲ ရှောင်ကြဉ်သင့်
တယ်လို့ မြတ်ဗုဒ္ဓ ဟောကြားထားတယ်။ “သုရာမေရယကံ” မလုံခြုံခဲ့သူဟာ ဖြစ်ရာဘ၀မှာ
ဦးနှောက်မပြည့်ဘူး၊ ရူးနှမ်းနှမ်းဖြစ်တတ်တယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated