@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 20 June 2014

အနာဂတ်သာသနာရေး အပိုင်း(၉၃) အဂ္ဂသာဝကနှစ်ပါး နှင်ထုတ်ခံရပုံ



အဂ္ဂသာဝကနှစ်ပါး  နှင်ထုတ်ခံရပုံ               
ဗုဒ္ဓရှင်တော်မြတ်သည် စာတုမာရွာကို မှီ၍ သျှိသျှားတောကျောင်း၌ သီတင်းသုံးတော်မူ၏၊ အဂ္ဂသာဝကနှစ်ပါးလည်း ဗုဒ္ဓကို မဖူးတွေ့ဖူးသော ကျေးလက်သား ရဟန်းငါးရာကို ခေါ်၍ ကြွလာကြ၏၊ ထို့နောက် ရဟန်းများသည် ကျောင်းနေ ရဟန်းများနှင့် အတူ ကျယ်လောင် ကျယ်လောင်နှင့် စကားပြောကာ ဆူညံနေကြသည်ကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ “အာနန္ဒာ…တံငါသည်တွေ ငါးလုရာ၌ ဆူညံနေသလို ဆူညံနေသူတွေဟာ ဘယ်သူတွေလဲ”ဟု မေးတော် မူရာ အဂ္ဂသာဝကနှစ်ပါး၏ တပည့်များ ဖြစ်ကြောင်းကို သိတော်မူ၍ ခေါ်စေတော်မူကာ အဂ္ဂသာဝကနှစ်ပါးနှင့် ရဟန်းငယ်ငါးရာကို နှင်တော်မူသည်၊ ထိုအခါ ထွက်လာကြသည်ကို စည်းဝေးနေကြသော သာကီဝင်းမင်းများ မြင်၍ ဗုဒ္ဓအထံ လာရောက် တောင်းပန်မှ အခွင့်ရသဖြင့် ပြန်လာကြလေသည်။
          ထိုအခါ ဗုဒ္ဓရှင်တော်က “သာရိပုတ္တရာ…ငါဘုရား နှင်ထုတ်တုန်းက ဘယ်လိုများ စိတ်ထားသလဲ”ဟု မေးတော်မူရာ “ယခုအခါ ဗုဒ္ဓရှင်တော်မြတ်သည် သံဃာ့ပရိသတ်အပေါ်၌ ကြောင့်ကြစိုက် တော်မမူလိုဘဲ ဖလသမာပတ်ဝင်စားကာ ချမ်းသာစွာ နေတော်မူလိုပြီ၊ ငါတို့လည်း ဗုဒ္ဓရှင်တော်ကို အတုလိုက်၍ အေးဆေးစွာ နေကြတော့မည်”ဟု စိတ်ဖြစ်ပါကြောင်း လျှောက်လေသည်၊ ထိုအခါ “သာရိပုတ္တရာ (ဖလသမာပတ် ၀င်စား၍ အေးအေးဆေးဆေး နေဖို့ ရန်) ဆိုင်းငံ့ဦး, ဆိုင်းငံ့ဦး”ဟု မိန့်တော်မူသည်၊

အနာဂတ်သာသနာရေး အပိုင်း(၉၂) အဂ္ဂသာဝကနှစ်ပါးအကြောင်း



                                       အဂ္ဂသာဝကနှစ်ပါးအကြောင်း
အရှင်သာရိပုတ္တရာနှင့်  အရှင်မောဂ္ဂလ္လာန်                
ဗုဒ္ဓရှင်တော်မြတ်၏   လက်ယာဘက်  နေရာ၌ ထိုင်တော်မူရ၍ ပညာဘက်၌ ဧတဒဂ်ရသောကြောင့်… “လက်ယာတော်ရံ”ဟု သမုတ်အပ်သော အရှင်သာရိပုတ္တရာနှင့် လက်ဝဲဘက် နေရာ၌ ထိုင်တော်မူရ၍ တန်ခိုးဣဒ္ဓိဘက်၌ ဧတဒဂ်ရသောကြောင့် “လက်ဝဲတော်ရံ” ဟု သမုတ်အပ်သော အရှင်မောဂ္ဂလ္လာန်သည် ဗုဒ္ဓသာသနာတော်ဝယ် အမြတ်ဆုံး တပည့်များ ဖြစ်ကြသော အဂ္ဂသာဝကပေတည်း၊ [““ဧတဒဂံ္ဂ ဘိက္ခဝေ မမ သာဝကာနံ = ငါ၏ သာဝက (တပည့်) တို့တွင် ဤသူသည် အသာဆုံး””ဟု ချီးမြှောက် တော်မူရာ၌ ““ဧတဒဂံ္ဂ””ဟူသော ပါဠိတော်ကို ““ဧတဒဂ်””ဟု မြန်မာ ပြန်ထား၏၊ ထိုသို့ ““ဧတဒဂ်”” စသည်ဖြင့် ချီးမြှောက်ခံရသော ပုဂ္ဂိုလ်သည် ဧတဒဂ်ရပုဂ္ဂိုလ်မည်၏၊ ဧတဒဂံ္ဂ=ဧတံ+အဂံ္ဂ=ဤသူ အသာဆုံး၊ အဂ္ဂ+သာဝက=မြတ်သော+တပည့်၊] ထို အဂ္ဂသာဝက နှစ်ပါးတွင် တရားဟော၍ ဆုံးမရမည့် ပညာရေးကိစ္စ၌ အရှင်သာရိပုတ္တရာသည် လွန်စွာ အကူအညီ ရ၍ တန်ခိုးဖြင့် ဆုံးမရမည့် အရာဝယ် အရှင်မောဂ္ဂလ္လာန်သည် အလွန် အကူအညီရပေသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated