@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 7 January 2016

ဃာနဒွါရဆိုင်ရာ ရှုမြင်ပုံ။

        နှာခေါင်းကနေ အနံ့ကလေး ရလိုက်ပြီ- မီးဖိုချောင်က ဟင်းချက်လို့ရတဲ့ အနံ့ ဆိုပါစို့။
ကြက်သားကြော်အနံ့ ရတာတို့၊ ချဉ်ပေါင်ဟင်းအနံ့ ရတာတို့။ အဲဒီလို အနံ့တစ်ခု ရလိုက်ပြီဆိုတာနဲ့
တစ်ပြိုင်နက် အကြော်နံ့က နှာခေါင်းထဲဝင်လာတယ်၊ နံလိုက်တယ်။ နံလိုက်တဲ့ အခါမှာ နံသိစိတ်
ပေါ်လာတယ်၊ နံသိစိတ် ပေါ်လာတော့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ဆက်

သွယ်မှုကို အကြောင်းပြုပြီး ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်လာတယ်။ သြော် ဒီ ငါးမျိုးလာတာပါပဲ။ 
အဲဒီ ငါးမျိုးလုံးဟာ တစ်ခုမှ မြဲတာမဟုတ်ဘူး၊ အခိုက် အတန့်လေးမှာ ပျက်စီး ပျက်စီးသွားသည့်
အတွက်ကြောင့် အနိစ္စပဲ။ အနိစ္စဖြစ်လို့ ဒုက္ခပဲ၊ ဒုက္ခ ဖြစ်သည့်အတွက်ကြောင့် အနတ္တပဲ။ အဲဒီ
အနတ္တ ဖြစ်နေတဲ့ အရာတစ်ခုကို မှန်ကန်တဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင် ငါလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာ
လည်း မဟုတ်ဘူးလို့ ဒီလိုပဲ ကြည့်ရတော့မှာပဲ။ သဘာဝအတိုင်း ဖြစ်နေတာပါ။
         ဒါ- လောကလူတွေဟာ ဘယ်အချိန်ချိန်ဖြစ်ဖြစ် တွေ့နေတာပဲ။ မျက်စိနှစ်လုံး ဖွင့်လိုက်ရင်
ခုနက သဘာဝတရားတွေ ပေါ်လာပါတယ်။ နားစွင့်လိုက်လို့ရှိရင်လဲ ခုနက သဘာဝတရားတွေ
ပေါ်လာမှာပါ။ နှာခေါင်းထဲက အနံ့ရလိုက်လို့ရှိရင်လဲ ခုနက သဘာဝတရားငါးခု ပေါ်လာတာပါပဲ။

တရားထူးတရားမြတ်ရဖို့ အခွင့်အရေးအသာဆုံးအရွယ်။

          မြတ်စွာဘုရားလက်ထက်တော်က ကုဋေရှစ်ဆယ်ချမ်းသာတဲ့ မဟာဓန သူဌေးသားရဲ့
ဝတ္ထုလေးကို ကြားဖူးကြမှာပါ။ သူဌေးသားရဲ့ မိဘတွေက သားဖြစ်သူကို ချစ်လွန်းလို့ ဒီတစ်သက်
စားမကုန်ဘူးဆိုပြီး ပညာမသင်စေဘဲ အပျော်အပါးနဲ့သာနေစေကာ သီချင်းဆိုတာ၊ တီးမှုတ်တာ
လောက်ပဲ သင်စေပါတယ်။

          အရွယ်ရောက်လာတော့ သူ့လိုပဲ ကုဋေရှစ်ဆယ်ချမ်းသာတဲ့ ပညာမသင်ခဲ့တဲ့ သူဌေးသမီး
တစ်ယောက်နဲ့ အိမ်ထောင်ချပေးပါတယ်။ နှစ်ယောက်ပေါင်းလိုက်တော့ ကုဋေတစ်ရာ့ခြောက်ဆယ်
ချမ်းသာတဲ့ သူဌေးလင်မယားပေါ့။ ဒီလိုနဲ့ နှစ်ဘက်မိဘတွေ ကွယ်လွန်သွားကြတဲ့အခါ။

          သူဌေးဆိုတော့ ဘုရင့်ဆီကို နေ့စဉ်အခစား ၀င်ရပါတယ်။ ဒါကို နေ့စဉ်တွေ့နေရတဲ့
အရက်သမားတွေ က စည်းရုံးဖို့ပြင်ဆင်ကြပါတယ်။ တစ်နေ့ သူဌေးသား ဘုရင့်ဆီက ပြန်အလာ
လမ်းမှာ အရက်သမားတွေက အရက်ကိုသောက်ပြ၊ အမြည်းကို စားပြနဲ့ စည်းရုံးလိုက်ရာ
သူဌေးသားဟာ အရက်သမားတွေ နဲ့ ပေါင်းမိပြီး အရက်တွေ သောက်ဖြစ်သွားပါတယ်။ 

မဟာသက္ကရာဇ် ၊ သာသနာ သက္ကရာဇ်၊ ကောဇာ သက္ကရာဇ် ။



မဟာသက္ကရာဇ် ၊ သာသနာ သက္ကရာဇ်၊ ကောဇာ သက္ကရာဇ်၊
မေး။ ။ အရှင်ဘုရား မဟာသက္ကရာဇ် အသုံးအနှုံး နဲ့၊ သာသနာ သက္ကရာဇ်၊ ကောဇာ သက္ကရာဇ်၊ ခရစ်နှစ်၊ အေဒီ ဘီစီ , ၁၂ ရာစု- ၁၉ ရာစု ၁၀၀ သက်တမ်း ၇၅ နှစ်သက်တမ်း ဆိုတဲ့ အသုံးအနှုံးတွေကို တပည့်တော် တို့ စာပေ တွေ ထဲမှာ တွေ့နေ ရပေမယ့် နားမလည်ပဲ မျက်စိလည်နေပါတယ် ဘုရား၊ အရှင်ဘုရား အချိန်ပေးနိုင်ပါက ဖြေကြားပေးစေလိုပါတယ် ဘုရား၊

ကိုထွန်းထွန်း ( မန်း )
ဖြေ၊ ။ ဒကာထွန်းရေ၊ တကယ်သိလိုတယ် ဆိုတော့လဲ အချိန်ပေးပြီး ဖြေကြားရမှာပေါ့၊ အမှန်တကယ် သိသင့်တဲ့မေးခွန်းပါ၊ ဒါကြောင့် တပိုဒ်ချင်း ဖြေကြားပါ့မယ်။
မဟာ သက္ကရာဇ် ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အဘိုး ( မယ်တော် မာယာဒေ၀ီရဲ့ ဖခင် ) ဒေ၀ဒဟ ပြည့်ရှင် ဘိုးတော် အဉ္စန မင်းကြီး ဟာ ကမ္ဘာဦး မဟာ သမ္မတ မင်းမှ စ၍ ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ( ၈၆၄၉ ) ခုနှစ်ကို ဆရာဖြစ်သော ဒေ၀ိလ ရသေ့နှင့် တိုင်ပင်ကာ ရောက်ဆဲနှစ် တပေါင်းလကွယ် နေ့ မှ စ၍ ဖြိုဖျက် ပြီးလျင် သက္ကရာဇ် ၁ ခု ဆိုပြီး ရေတွက်ခဲ့တာပါ၊

ဗုဒ္ဓလက်ထက် အ၇ှင်လတ်လတ် မြေမြိုခံခဲ့၇သူ { ၅ } ဦး



မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော်
အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း
ဖော်ပြထား၏။
ထိုငါးဦးမှာ -
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒကဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။

၁။ စိဉ္စမာဏ
စိဉ္စမာဏသည် ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ ဖြစ်သည်။ စိဉ္စမာဏသည် မြတ်ဗုဒ္ဓအား လူအများ အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်းလူများ မြင်ရချိန်တွင် ဘုရားကျောင်းတော်အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်းကို လာချိန်တွင် ဘုရားကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး
အတော်အတန် ကြာသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပုံစံဖြင့် မိမိဝမ်းဗိုက်တွင် ပြင်ချပ်ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။ မြတ်ဗုဒ္ဓက မေတ္တာတရားဖြင့်သာ နေတော်မူချိန် နတ်သားလေးယောက်တို့က ကြွက်ယောင်ဖန်းဆင်းပြီး စိဉ္စမာဏ၏ ကိုယ်ဝန်အတုကို ကိုက်ဖြတ်ကာ အမှန်ကို ဖော်ထုတ်ပေးခဲ့သည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated