@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 23 May 2014

နတ်​သား ၏ ဘုရား ရှင်​ထံ ​မေး​သော အလှူနှင့်​ပက်​သက်​​သော ​မေးခွန်း များ

၁.  နတ်​သားအ​မေး ...."မြတ်​စွာဘုရား ဘယ်​အရာကို ​ပေးလှူတဲ့သူဟာ ခွန်​အားကို​ပေးလှူရာ​ရောက်​ပါသလဲဘုရား"
    မြတ်​စွာဘုရား အ​ဖြေ...."နတ်​သား .....အစားအစာကို​  ပေးလှူ​သောသူဟာခွန်​အးကို ​ပေးလှူရာ​ရောက်​ပါတယ်​"
၂. နတ်​သားအ​မေး...."မြတ်​စွာဘုရား ဘယ်​အရာကို​ပေး လှူတဲ့သူဟာ အဆင်းကို​ပေးလှူရာ​ရောက်​ပါသလဲ"
    မြတ်​စွာဘုရားအ​ဖြေ...." နတ်​သား.....အဝတ်​အထည်​ကို​ပေးလှူ​သောသူဟာ အဆင်းကို​ပေးလှူရာ​ရောက်​ပါတယ်​"
၃. နတ်​သားအ​မေး...."မြတ်​စွာဘုရား ဘယ်​အရာကို​ပေးလှူတဲ့ သူဟာချမ်းသာသုခကို ​ပေးလှူရာ​ရောက်​ပါသလဲ"
    မြတ်​စွာဘုရားအ​ဖြေ...." နတ်​သား.....ယဉ်​ကို​ပေးလှူ​သောသူဟာ ချမ်း​သာသုခကို ပေးလှူရာ​ရောက်​ပါတယ်​"
၎. နတ်​သားအ​မေး...."မြတ်​စွာဘုရား ဘယ်​အရာကို​ပေးလှူတဲ့ သူဟာ မျက်စိကို ​ပေးလှူရာ​ရောက်​ပါသလဲ"
    မြတ်​စွာဘုရားအ​ဖြေ...." နတ်​သား.....မီးအလင်း​ရာင်ကို​ပေးလှူ​သောသူဟာ ချမ်း​သာသုခကို ပေးလှူရာ​ရောက်​ပါတယ်​"
၅. နတ်​သားအ​မေး...."မြတ်​စွာဘုရား ဘယ်​အရာကို​ပေးလှူတဲ့ သူဟာ ခွန်အား ၊ အဆင်း ၊ ​​ချမ်းသာသုခ၊ မျက်စိ ၊​​လေးမျိုးကို  ​ပေးလှူရာ​ရောက်​ပါသလဲ"
    မြတ်​စွာဘုရားအ​ဖြေ...." နတ်​သား...."တရားကို ပေးလှူ​သောသူဟာ နိဗ္ဗာန်​ကို ပေးလှူရာ​ရောက်​ပါတယ်​"
ဆရာ​တော်​ အရှင်​ဆန္ဒာဓိက ၏ အနှိုင်းမဲ့အလှူမှ ကူးယူ​ဖော်​ပြပါသည်

အသက်ရှည်ကြောင်း အကျင့် (၁၀) မျိုး


                      
ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမှုနဲ့ ပြည့်ဝတဲ့
အသက်ရှည်ခြင်းဆိုတဲ့ ဂုဏ်ကို လူတိုင်းတောင့်တကြတယ်။ဒုက္ခ္ခတွေများစွာ ရင်ဆိုင် ကြုံတွေ့နေရတဲ့သူတွေကတော့အသက်ဆက်ရှင်ဖို့ စိုးရွံ့ကောင်း စိုးရွံ့ပါလိမ့်မယ်။
ဒါပေမယ့် တကယ်တော့ အဲဒီ ဒုက္ခတွေများနေတဲ့ လောကထဲကနေ
ဓမ္မဖြင့် သုခကို ရှာပြီးနေရတာပါ။“ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ” တရားသိပြီး တရား အတိုင်း
လိုက်နာကျင့်သုံးတဲ့သူကို တရားက စောင့်ရှောက်ပါတယ်။

ဘုရားရှင်က ဓမ္မဖြင့် စိတ်ချမ်းချမ်းသာသာ အသက်ရှည်နိုင်ကြောင်း
ဟောထားတာရှိပါတယ်။ “ဓမ္မပါလဇာတ်”ဆိုတာ လူတိုင်း နီးပါး သိပြီးသားပါ။
“ဘုရားရှင်” ဟာ ခမည်းတော် “သုဒ္ဓေါဓနမင်း” ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဟောခဲ့တာ။
ဒီမှာတော့ ဇာတ်ကြောင်း ကို မပြောတော့ဘူး။
အသက်ရှည်စေတဲ့ တရားလေးကိုပဲ ထုတ်နုတ်ဖော်ပြပေးပါမယ်။

“တက္ကသိုလ်ဒိသာပါမောက္ခဆရာကြီး” က “ဓမ္မပါလမင်းသား”ရဲ့
မိဘတွေကို ဘာကြောင့် သူတို့မိသားစုတွေ ငယ်ငယ်နဲ့
မသေကြသလဲဆိုတာကို မေးတော့ မိဘတွေက ဒီလို ဖြေပါတယ်။

ကျွန်ပ်တို့ဟာ.....အချိန်တိုင်း၊ အရာရာတိုင်းမှာ အမှန်တရားကိုပဲ တရားနည်းလမ်းကျကျ လိုက်နာကြပါတယ်။
(၁)။ အသက်တိုင်းဟာ တန်ဖိုးရှိပါတယ်။ ဒါကြောင့် ကျွန်ပ်တို့ဟာ ယုတ်စွအဆုံး အသေးဆုံးသော
သတ္တ၀ါကိုပင် အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြတယ်။
 

(၂)။ သူများရဲ့ ပျော်ရွှင်မှုကို မနာလိုမဖြစ်သလို ၊သူများပိုင်ဆိုင်မှုတွေကိုလည်း အငမ်းမရ မလိုချင်ကြပါ။
 

မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ

၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။

၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။

ရှိခိုးနည်းလေးတော့ မှန်စေချင်


                               

 မေး။ ။ အရှင်ဘုရား တပည့်တော် ရိုသေစွာ မေးလျှောက်ပါတယ်ဘုရား။ တပည့်တော်၏ Page မှာ လူ တစ်ယောက် လာပေးထားလို့ပါ။ သူမေးထားတာက (ရှိခိုးတယ်ဆိုတဲ့ အပြုအမူဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာလား။ မပေါ်ခင်ကတည်းကဆိုရင် ဗုဒ္ဓကို ကိုးကွယ်သူတွေက ဆက်လက်ကျင့်သုံးတာလား။

ဒါမှမဟုတ် ဗုဒ္ဓပေါ်ပြီးကာမှ ပေါ်ပေါက်လာတာလား။ ဟုတ်တယ်ဆိုရင် ရှိခိုးတယ်ဆိုတဲ့အပြုအမူကို ဗုဒ္ဓက တီထွင်ခဲ့တာလား။ ဗုဒ္ဓကို ကိုးကွယ်တဲ့လူတွေက တီထွင်ခဲ့တာလား။ ဘာအတွက်လဲ။

ဖြေ။ ။ ရှိခိုးခြင်းဆိုတဲ့ အပြုအမှုကို ကမ္ဘာဦးခေတ်ကာလကတည်းက ပေါ်လာခဲ့တာပါ။ လူတွေဆိုတာ အကြောက်တရားများ ဖြစ်ပေါ်လာပြီဆိုရင် အားကိုးချင်တဲ့စိတ်၊ မှီခိုချင်တဲ့စိတ်၊ ကယ်တင်မဲ့သူကို လိုချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာကြပါတယ်။ အဲဒါကြောင့် ကမ္ဘာဦးခေတ်ကတည်းက လူတွေဟာ သစ်ပင်၊ တော၊ တောင်စတဲ့အရာတွေကို နည်းမျိုးစုံနဲ့ ကိုးကွယ်ပူဇော်လာကြတာပါ။ သစ်ပင်တွေကို ကိုးကွယ်ကြတော့လည်း သူတို့ရဲ့ ကြောက်လန့်မှု၊ သဘာဝအန္တရာယ်ကျရောက်မှုတွေကနေ မလွတ်မြောက်တဲ့အခါကျတော့ မမြင်ရတဲ့ နတ်၊ ဗြဟ္မာများကိုပါ ကိုးကွယ်လာကြတယ်။ ဒီလိုကိုးကွယ်ပူဇော်မှုတွေနဲ့အတူ အရိုအသေပေးမှု ‘ရှိခိုးမှု’ဆိုတာ ဖြစ်လာခဲ့ပါတယ်။

လူတစ်ယောက်ဟာ တစ်ဦးဦးရှေ့မှာ ကြောက်လန့်ပြီ၊ အားကိုးချင်ပြီ၊ ကယ်တင်စေချင်လို့ဖြစ်စေ၊ တစ်ယောက်ယောက်က မိမိထက် အသိပညာ၊ အတတ်ပညာတစ်ခုခု သာလွန်နေလို့ဖြစ်စေ ကြုံလာတဲ့အခါမှာ သူ့အလိုလို ဒူးထောက်မှုဆိုတာ ဖြစ်လာပါတယ်။ အဲဒီလို ဒူးထောက်မှုကနေ ဦးခေါင်းပါ မြေကြီးပေါ်ကို ကျရောက်လာတာပါပဲ။ ဒီလိုနဲ့ ဒူးထောက်၊ ဦးခေါင်းချခြင်းဆိုတဲ့ ရှိခိုးတဲ့ပုံစံဟာ ပေါ်လာခဲ့တာပါ။

သီလညှိုးတယ်ဆိုတာ ဘယ်လိုဟာပါလဲ

သီလညှိုးတယ်ဆိုတာ ဘယ်လိုဟာပါလဲဘုရား။

                              
ပဉ္စသီဥပုသ်၊ မယုတ်အားကြိုး
ဤကျင့်ရိုးကား၊ ကောင်းကျိုးကုသိုလ်
မကင်းလိုတည့်၊ နေ့ကိုစောင့်က
နေ့ဖိုရ၏၊ ညလည်းထို့တူ
မှတ်လေမူလော့၊ ဆယ်ဆူသီလ
နိယာမလည်း၊ ကာလပိုင်းခြား
နေ့ရက်အားဖြင့်၊ မမှားမှန်လှ
စောင့်အပ်စွရှင့်
မဃဒေဝ

ဘုရားရှင်၏ သာသနာတော်သည် သီလသမာဓိ ပညာဟူ၍ သုံးပါးသာရှိ၏။ ယင်း
တွင်သီလကား သာသနာတော်၏ အစသာဖြစ်၏။ သာသနာ၏ အစဖြစ်သော
သီလအကြောင်းမျှ မသိရှိ၍ သီလမဖြည့်ကျင့်ပါလျှင် သမာဓိပညာသည် အသို့နည်း။မှန်၏။ သီလအကြောင်းသိသင့်၏။ သီလလည်းဖြည့်သင့်၏။ ယင်းသို့သိသင့်၍ သိချင်သူတစ်ယောက်နှင့် တစ်ခါကတွေ့ခဲ့၍သူကမေး၏။

ဥပုသ်စောင့်ခြင်းနှင့် အကျိုး



                       
ဗုဒ္ဓဘာသာတရားကို နားမလည်တဲ့သူတွေက" ဥပုသ်စောင့်ရင် ထမင်းဆာတာပဲ အကျိုးရ
တယ် " လို့ မရိုမသေပြောတတ်ကြတယ်။

သူတို့က ကုသိုလ် အကုသိုလ် ဆိုတာတွေကိုဘာမှ မသိကြဘူး။

ထမင်းစားလိုတဲ့ လောဘစိတ်တွေကို ပယ်ရှားပြီးကုသိုလ်တွေ ဖြစ်ပွားနေတာကို သူတို့က မသိကြဘူး။

သူတို့သိတာကတော့ အဖျားရောဂါရှိတဲ့သူများမှာထမင်းမကျွေးဘဲထားရင် ရောဂါပျောက်တတ်တယ် "
ဆိုတာမျိုးကြတော့ သူတို့က သိကြတယ်။

အဲဒီမှာလည်း စားချင်လျက်နဲ့ မစားရတော့ ထမင်းဆာတာပါပဲ။ ဒါပေမယ့် အဲဒီလို ဆာတာကတော့ ရောဂါ
ပျောက်ခြင်းအကျိုးရှိတယ် ဆိုတာကို ယုံကြည်ပြီးတော့မကဲ့ရဲ့ကြဘူး။

ချီးမွမ်းတောင် ချီးမွမ်းကြသေးတယ်။ သူတို့ မျက်မှောက် ရုပ်ခန္ဓာ ဖြစ်ပုံလောက် နားလည်ကြတာကိုး။
နောင်တမလွန်နဲ့ နာမ်ခန္ဓာ အကြောင်းလုံးလုံး နားမလည်ရှာကြပဲဟာကိုး။ ဒီတော့ ဒီလို ပြောကြပေမှာပဲ။

အမှန်ကတော့ ဥပုသ်စောင့်တယ် ဆိုတာဟာဖြစ်ပေါ်လာမည့် အကုသိုလ်တွေ ပယ်စွန့်ပြီး
ရှေုင်ကြဉ်ခြင်း သည်းခံခြင်း အစရှိတဲ့ ကုသိုလ်တရားတွေကို နေ့ရောညပါ မပြတ်ပွားနေတာပဲ။

" ရဟန္တာသခင် အရှင်မြတ်တွေဟာ သတ်ခြင်းခိုးခြင်း မေထုန်မှီဝဲခြင်းလိမ်ခြင်း သေရည်သေရက်
သောက်ခြင်း နေ့လွဲညစာ စားခြင်းအစရှိတဲ့အကုသိုလ်တရားတွေကို တစ်သက်ပတ်လုံးပယ်ရှားပြီး
သီတင်းသုံးတော်မူကြပါပေတယ်။

ငါ့မှာ ဒီကနေ့ တစ်ရက်မျှ ဒီအကျင့်ဒီသူတော်ကောင်းတရားတွေကို ကျင့်သုံးနေရပေတယ်။

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated