@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 13 June 2014

အနာဂတ်သာသနာရေး အပိုင်း(၈၁) အစမရှိသော်လည်း လက်တွေ့မှန်ပုံ



အစမရှိသော်လည်း လက်တွေ့မှန်ပုံ   
ဤ ပဋိစ္စသမုပ္ပာဒ်တရားစဉ်အရ  ရှေ့အစွန်းအစကို ဉာဏ်ဖြင့်လိုက်၍ ကြည့်သောအခါ အစွန်း အစ မတွေ့ရဘဲ “လိုက်လေ ပြေးလေ”ဖြစ်နေရကား “ရှေ့အစွန်းအစ မရှိ”ဟုပင် မှတ်ထားရတော့မည်၊ သို့သော် ထိုသို့ မှတ်ထားခြင်းကား ပုထုဇဉ်တို့ ဉာဏ်ဖြင့် ဧကန် ဒိဋ္ဌ သိရှိရ၍ အားရပါးရ သဘောကျသော မှတ်ထားခြင်း မဟုတ်သေးချေ။
          ဤနေရာ၌ ပြောစမှတ်တစ်မျိုးကို ပြဦးမည်၊ ပဋ္ဌာန်းပစ္စည်း တစ်နေရာ၌ ဆရာအစဉ်အဆက် မကျေနပ်သော အယူအဆ ကလေး တစ်ချက်ရှိ၏၊ စာသင်သားတစ်ပါးက ဆရာတော်တစ်ပါးအား လျှောက်သောအခါ “အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူလာ ပါလိမ့်မည်၊ အဲဒီအခါကျမှ သေသေချာချာ လျှောက်ပေတော့”ဟု အဖြေပေးတော်မူသတဲ့။
          ဆရာတော်တစ်ပါးကမူ “ကိုယ့်ကိုယ်တိုင် ဘုရားဖြစ်အောင် ပါရမီ ဖြည့်ပါ၊ ဘုရားဖြစ်တော့မှ သေသေချာချာ သိရပါလိမ့်မည်”ဟု အဖြေပေးသတတ်၊ ထိုဆရာတော်များ အဖြေပေးကြသလို ရှေ့ အစွန်းအစကို တွေးကြည့်ရာ၌ ယခုခေတ်ဝယ် မည်သည့် ပညာရှိမျှ ကျနစွာ ဖြေဆို နိုင်တော့မည် မဟုတ်ပါ၊ မိမိကိုယ်တိုင် အရိယာအဖြစ် ရောက်၍ တရားပေါက်မှ ဖြစ်စေ, နောက်ဘုရားတစ်ဆူ ပွင့်တော်မူမှဖြစ်စေ ပိုင်နိုင်သော အဖြေကို ရကြပေလိမ့်မည်။

အနာဂတ်သာသနာရေး အပိုင်း(၈၀) ဥပါဒါန်ကြောင့် ဘ၀ဖြစ်ပုံ



ဥပါဒါန်ကြောင့် ဘ၀ဖြစ်ပုံ       
“ဘ၀”ဟူရာ၌  ကမ္မဘ၀,  ဥပပတ္တိဘ၀ဟု ဘ၀နှစ်မျိုး ရှိ၏၊  ထိုတွင် သင်္ခါရအရ၌ ပြခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံသည် ကမ္မ ဘ၀ မည်၏၊ ထိုကံကြောင့် နောက်ဘ၀၌ ပဋိသန္ဓေ၀ိညာဉ်နှင့် ကမ္မဇရုပ်တို့ ဖြစ်ရခြင်းသည် ဥပပတ္တိဘ၀မည်၏၊
ချဲ့ဦးအံ့… ယခု ဘ၀၌ အာရုံတစ်ခုခုကို (သား, မယား စသည်ကို) ဥပါဒါန်ဖြင့် စွဲလမ်းနေရာ ထိုဥပါဒါန် အရင်းခံ၍ သူ့ကို ရဖို့ရန်, ရပြီး ပြန်လည် ကျွေးမွေးစောင့်ရှောက်ဖို့ရန် အကုသိုလ်ကံကို ပြု၏၊ နောက်ဘ၀၌ အတူတကွ ချမ်းသာသုခရဖို့ရန် ကုသိုလ်ကံကိုလည်း ကြိုးကြိုးစားစား ပြု၏၊ ဤကံမျိုးသည် ယခုလက်ရှိအာရုံကို စွဲလမ်းသော ဥပါဒါန်ကို အရင်းခံ၍ ဖြစ်ရသော ကမ္မဘ၀တည်း။
          တချို့ကား နောက်ဘ၀ လူ့ပြည် နတ်ပြည်၌ ကာမဂုဏ်တွေကို ခံစားလိုသော ဥပါဒါန် ဖြစ်၏၊ ထိုဥပါဒါန်ကြောင့် (မသူတော်တို့၏ တရားကို နာမိ၍ ကောင်းမှု အထင်ဖြင့်)  မကောင်းမှုကံကိုလည်း ပြုမိ၏၊ (သူတော်ကောင်းတရားကို ကြားနာရ၍) ကောင်းသော ကံကိုလည်း ပြုမိ၏၊ ရူပဘုံ, အရူပဘုံ၌ကား ထိုကာမချမ်းသာ ထက်ပင် ချမ်းသာသေး၏ဟု စွဲလမ်းမှု ဥပါဒါန်ကြောင့် ရူပကံ, အရူပ ကံကိုလည်း ပြုပြန်၏၊

အနာဂတ်သာသနာရေး အပိုင်း(၇၉) ဖဿကြောင့် ဝေဒနာဖြစ်ပုံ



ဖဿကြောင့် ဝေဒနာဖြစ်ပုံ
ခံစားမှုကို “ဝေဒနာ”ဟု ခေါ်၏၊ တကယ်ကောင်းသည် ဖြစ်စေ, မကောင်းသည်ဖြစ်စေ မျိုးရိုးအလိုက် (သို့မဟုတ်) မိမိစိတ်အကြိုက် အားဖြင့် အကောင်းဟု ထင်နေသော အာရုံနှင့် တွေ့သောအခါ သာယာခံစားမှု ဝေဒနာဖြစ်၏၊ ကျမ်းစာတို့၌ “သုခဝေဒနာ”ဟု ခေါ်သည်၊ မျိုးရိုးအလိုက် စိတ်ကြိုက်အားဖြင့် “မကောင်း”ဟု ထင်နေသော အာရုံနှင့် တွေ့သောအခါ မသာယာသော ခံစားမှု ဝေဒနာဖြစ်၏၊ “ဒုက္ခဝေဒနာ”ဟု ခေါ်သည်၊ အကောင်းဘက်လည်း မပါ, မကောင်းဘက်လည်း မပါသော အာရုံနှင့် တွေ့သောအခါ သာယာမှု မသာယာမှုမရှိသော ဝေဒနာဖြစ်၏၊“ဥပေက္ခာဝေဒနာ”ဟုခေါ်သည်၊ [ဥပေက္ခာ=ဥပ+ဣက္ခာ၊ ဥပ-သင့်ရုံ တော်ရုံ+ဣက္ခာ= ခံစားခြင်း၊ ““ခံစားတယ်””ဟု ဆိုရရုံ မသိမသာ ခံစားခြင်းတည်း၊ ထို မသိမသာ ခံစားခြင်းကို ““လစ်လျူရှုခြင်း””ဟုလည်း ပြောကြသည်၊]
အာရုံနှင့် ဓာတ်ခိုက်မှု ဖြစ်မှသာ ဤဝေဒနာလည်း ဖြစ်နိုင်၏၊ ဖဿ မဖြစ်သော အာရုံ၌ ဝေဒနာ မဖြစ်၊ မျက်စိကွယ်နေသူသည် အဆင်း အာရုံ၌ ဓာတ်ခိုက်မှု ဖဿ မရှိသောကြောင့် အဆင်းအာရုံကို ခံစားမှု ဝေဒနာလည်း မဖြစ်တော့ချေ။

အနာဂတ်သာသနာရေး အပိုင်း(၇၈) သဠာယတန၏ သရုပ်နှင့်သတ္တိ



သဠာယတန၏ သရုပ်နှင့်သတ္တိ
          မျက်လုံးအတွင်း  မျက်နက်ဝန်း၏  အလယ်ကောင်၌ ““စက္ခုပသာဒ””ခေါ် အကြည်ဓာတ် ပါ၏၊ ထိုအကြည်ဓာတ်ကို ““စက္ခာယတန””ဟု ခေါ်၏၊ နားရွက်၏ လိုဏ်ခေါင်းအတွင်း၌ ““သောတပသာဒ””ခေါ် နားအကြည်ဓာတ် ပါ၏၊ ““သောတာယတန””ဟု ခေါ်၏၊ နှာခေါင်း ပေါက်၏အတွင်း၌““ဃာနပသာဒ””ခေါ် နှာခေါင်းအကြည်ဓာတ်ပါ၏၊ ””ဃာနာယတန””ဟု ခေါ်၏၊ လျှာ၏ အလယ်၌ ““ဇိဝှာပသာဒ””ခေါ် လျှာအကြည်ဓာတ် ပါ၏၊ ““ဇိဝှာယတန””ဟု ခေါ်၏၊ ခန္ဓာကိုယ်၏ ထိုထို အရပ်ဌာန၌ ““ကာယပသာဒ””ခေါ် ကိုယ်အကြည်ဓာတ် ပါ၏၊ ““ကာယာယတန””ဟု ခေါ်၏၊ ပဋိသန္ဓေ တည်သည်မှစ၍ (၀ီထိစိတ် မဖြစ်သမျှ) အမြဲဆက်၍ ဖြစ်ပျက်နေသော ၀ိညာဉ်ကို ““မနာယတန”” ဟု ခေါ်၏။

အနာဂတ်သာသနာရေး အပိုင်း(၇၆) နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ



နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ     
“သဠာယတန” ဟူသည် စက္ခာယတန,  သောတာယတန,  ဃာနာယတန,  ဇိဝှာယတန, ကာယာယတန, မနာယတန တည်း၊ [သ=ဆ=ခြောက်ပါး + အာယတန=အာယတန] အာယတန သဒ္ဒါသည် စိတ်စေတသိက်တရားတို့၏ “ဖြစ်ရာ တည်ရာ=ဖြစ်ကြောင်း တည်ကြောင်း” ဟူသော အနက်ကို ဟော၏၊ “စက္ခာယတနရှိမှ စက္ခုနှင့် ဆိုင်သော စိတ် စေတသိက်များ ဖြစ်နိုင်ကြ၏၊” စသည်ဖြင့် သိပါ၊ ရှေးကံသင်္ခါရကြောင့် ဤဘ၀၌ ၀ိညာဉ် နာမ် ရုပ်တို့ ဖြစ်သောအခါ စက္ခာယတန စသော အာယတနခြောက်ပါး လည်း ပါဝင်လျက် ရှိ၏၊
ချဲ့ဦးအံ့… ပဋိသန္ဓေ၀ိညာဉ်မျိုးစေ့ တည်လျှင်ပင် ၀ိညာဉ်နှင့် အလားတူသော နောက်နောက်ဝိညာဉ် များ (၀ီထိစိတ် မကျသမျှ) ဆက်ကာ ဆက်ကာ ဖြစ်ကြ၏၊ ထို ၀ိညာဉ်မျိုးကိုပင် “မနာယတန”ဟု ခေါ်၏၊ ထိုဝိညာဉ်များ ဖြစ်တိုင်း လည်း စေတသိက်နာမ်တွေ ပါရ၏၊ စေတသိက်နာမ် မပါလျှင် ၀ိညာဉ်ချည်း မဖြစ်နိုင်၊ ဤစကားအရ နာမ်ကြောင့် “မနာယတန ဖြစ်ရ၏”ဟု သိပါ။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated