@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 16 December 2014

သံဃာတငရဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၆)



သံဃာတငရဲ 
အပြင်းအထန် ကြိတ်ချေ သတ်ဖြတ်ရာဖြစ်သော ငရဲကို “သံဃာတငရဲ” ဟုခေါ်သည်။
ထိုငရဲ၏ အောက်မြေအပြင်မှာ မီးအလျှံတွေထလျက် အထု ၉-ယူဇနာရှိသော သံမြေပြင်ကြီးတည်း။ ထိုငရဲသို့ ကျရောက်သောသူများကို ထိုသံမြေအပြင်၌ (ထန်းပင်ငုတ် ကလေးတွေကို စိုက်ထားသလို) ခါးထိအောင် စိုက်ထားကြသည်။ ထိုအခါ အရှေ့အရပ်မှလာသော သံတောင်ကြီးက စားမည် ၀ါးမည်ဟု ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာ ကြိတ်ကာ အနောက်အရပ်သို့ သွားပြီးနောက် တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာ ကြိတ်ကာ မြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာ ကြိတ်ကာ ပြန်၍လာလေသည်။ ဤနည်းအတိုင်းပင် အရပ်လေးမျက်နှာမှ သံတောင်တွေ (သန်းဥတုပ်သလို) ဖိနိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံမကုန်သမျှ ငုတ်စုစုပေါ်ထွက်လျက် ဆက်ကာ ဆက်ကာ အကြိတ်ခံရရှိလေသည်။

ကာဠသုတ်ငရဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၅)




ကာဠသုတ်ငရဲ

သစ်တုံးကို ရွေသော လက်သမားတို့ အသုံးပြုသော မျဉ်းကြိုးကို ပါဠိလို “ကာဠသုတ္တ” မြန်မာလို “ကာဠသုတ်” ဟုခေါ်သည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါများကို ငရဲထိန်းတို့က (သားကောင်ကို ခွေးတွေလိုက်သလို) အတင်းလိုက်ကြ၏။ ထိုသို့အတင်းလိုက်၍ မောဟိုက်သွားသည့်အခါ (သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့) ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး၊ မှောက်လျက်တစ်မျိုး၊ ၀ဲယာတစ်မျိုး၊ ရှေ့နောက်တစ်မျိုးအားဖြင့် အမျိုးမျိုး ခုတ်ရွေကြလေတော့သည်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ လွတ်ခွင့်မရ။ သေလည်းမသေနိုင်ကြ။

သဉ္စိုဝ်းငရဲ ( ကိုယ်ကျင့်အဘိဓမ္မာ - ၉၄)



သဉ္စိုဝ်းငရဲ 
“သဉ္စိုဝ်”ဟူသောပါဠိကို မြန်မာလို “သိဉ္စိုး”ဟု ပြန်ထာသည်။ “သံ = အဖန်ဖန် + ဇိဝ = အသက်ရှင်ရာငရဲ” ဟုဆိုလိုသည်။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါကို ငရဲထိန်းတို့က အပိုင်းပိုင်းပြတ်အောင် ခုတ်ဖြတ်ကြ၏။ ထိုကဲ့သို့ ခုတ်ဖြတ်ကြသည့်အတွက် တစ်ခါတည်းသေစရာပင်။ သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ တစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ကာထပ်ကာ အသက်ရှင်လျက် ငရဲထိန်တို့၏ ခုတ်ဖြတ်မူ သတ်ပုတ်မူကိုသာ ပြင်းစွာခံကြရရှာလေသည်။ အကုသိုလ်ကံ၏ ကြောက်ဖွယ်ကောင်းပုံသည် ငရဲ၌ သာ၍ ထင်ရှားပေသည်။

ဇလိတာဝုဓဟတ္ထေဟိ၊ ခဏ္ဍိတာပိ နေရယိကာ။
ဇီဝန္တာ ယမှိ ပုနောပိ၊ သဉ္စီဝေါတိ ပ၀ုစ္စတေ။

ယမမင်းစစ်တမ်း ( ကိုယ်ကျင့်အဘိဓမ္မာ - ၉၃)



ယမမင်းစစ်တမ်း
အများ ကြားဖူးနားဝရှိအောင် ဒေ၀ဒူတ သုတ္တန်ပါဠိတော်လာ ယမမင်းစစ်တမ်းကို အကျဉ်းချုပ်ပြဦးအံ့။ လူ့ပြည်မှာရှိသော ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ၅-ဦးသားကို ယမမင်းစေလွှတ်အပ်သော တမန်တော်မဟုတ်သော်လည်း အလားတူဖြစ်သောကြောင့် “ဒေ၀ ဒူတ” ဟုခေါ်သည်။ (ဒေ၀ = ယမမင်း၏ + ဒူတ = တမန်တော်။ ဒေ၀ ဒူတ - ပုဒ်ကို အမျိုးမျိုးဖွင့်ကြသေး၏။) ယမမင်းသည် မိမိထံမှောက်သို့ ရောက်လာသော ငရဲသားများအား ဒေ၀ဒူတ ၅-မျိုးကို ဖော်ပြလျက် စစ်ဆေးလေ့ရှိသည်။
ယမမင်း။ ။မောင်မင်း... လူ့ပြည်မှာတုန်းက မိမိ၏ ကျင်ကြီးကျင်ငယ်ကို မသုတ်သင်နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးကာလှိမ့်ကာ နေရရှာသော ကလေးငယ်များကို မတွေ့ခဲ့ဘူးလား။
ငရဲသား။ ။တွေ့ခဲ့ပါသည်။

ဘုံအကြောင်း ငရဲခန်း ( ကိုယ်ကျင့်အဘိဓမ္မာ - ၉၂)



ဘုံအကြောင်း

သတ္တ၀ါတို့၏ တည်နေရာအရပ်ကို ပါဠိလို “ဘူမိ”၊ မြန်မာလို “ဘုံ” ဟုခေါ်သည်။ ထိုဘုံသည် အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ၊ ဗြဟ္မာ့ဘုံ ၂၀အားဖြင့် ၃၁-ဘုံရှိ၏။ ထိုတွင် အပါယ် ၄-ဘုံဟူသည် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံများတည်း။ ကာမသုဂတိ ၇-ဘုံဟူသည် လူ့ဘုံနှင့် နတ်ပြည် ၆-ထပ်တည်း။ နတ်ပြည် ၆-ထပ်ကား စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရိနိမ္မိတ၀သ၀တ္တိတည်း။ ဗြဟ္မာ ၂၀-တွင် ရူပ ဗြဟ္မာ့ဘုံ ၁၆၊ အရူပဗြဟ္မာ့ ၄-ဘုံတည်း။

ငရဲခန်း
ယခု လူ့ပြည်၌ ပြစ်မူကျူးလွန်သူတို့၏ ကျရောက်ခံစားဖို့ရာ အကျဉ်းထောင်များ တည်ရှိသကဲ့သို့ သတ္တ၀ါတို့၏ တည်နေရာ ဤကမ္ဘာမြေအတွင်း၌လည်း မကောင်းမူဒုစရိုက် ကျူးလွန်သူတို့၏ ကျရောက်ခံနေဖို့ရာ ငရဲထောင်များ တည်ရှိကြသည်။ ထို ငရဲထောင်ကား သတ္တ၀ါတို့ကံလျှင် အရင်းခံ၍ ဥတုကြောင့်ဖြစ်နေသော ကမ္မပစ္စယ ဥတုဇရုပ်တရားတည်း။

အကြောင်း ၄-ပါးတို့ ပြုပြင်နေပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၁)





ဤနေရာဝယ် ဓာတ်ကြီးလေးပါးတို့ စုပေါင်းနေပုံနှင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ရုပ်တို့ ဖြစ်ရကြောင်းကို ထင်ရှားစေရန်ထပ်ရှင်းပါဦးမည်။ ရှေးဦးစွာ မြေကြီးဖြင့် ပြုလုပ်အပ်သော လူရုပ်ကလေးကို စဉ်းစားကြစို့။ မြေမူန့်တွေချည်းသက်သက် လူရုပ်ဖြစ်နိုင်မလား။ မဖြစ်နိုင်။ မြေမူန့်တွေချည်းသက်သက် လူရုပ်ဖြစ်နိုင်မလား။ မဖြစ်နိုင်။ မြေမူန့်ချည်းသက်သက် ထားလျှင် လေတိုက်သဖြင့် လွင့်သွားလမ့်မည်။ သို့ဖြစ်၍ လွင့်မသွားနိုင်အောင် ရေဆွတ်ပေးရလိမ့်မည်။
မြေနှင့်ရေ ပေါင်းမိရုံဖြင့်လည်း လူရုပ်ဖြစ်ဖို့ မဆိုထားဘိ စည်းစည်းလုံးလုံးပင် မဖြစ်နိုင်သေး။ ထို့ကြောင့် စည်းလုံးမိအောင် စုပေးရဦးမည်။ ထိုမျှဖြင့်လည်း လူရုပ်မဖြစ်နိုင်သေး။ ရေဆွတ်ထားသဖြင့် စိုးစွတ်နေသောရွှံ့ကို အရုပ်လုပ်ဖြစ်ရုံ ခပ်ထန့်ထန့်ဖြစ်အောင် နေလှန်းပေးရဦးမည်။ ထိုသို့ မြေဓာတ် ရေဓာတ် လုံးထွေးမိအောင် ပြုပေးသော လေဓာတ်၊ အပူ(မီး)ဓာတ်တို့ဖြင့် သင့်တင်ရုံညီမျှနေသော ရွှံ့ကိုမှ အရုပ်ပြုလုပ်တတ်သူက အရုပ်လုပ်ပေးသောကြောင့် လူရုပ်ကလေး ဖြစ်လာရလေသည်။ ဤကား ဥပမာသဘောအားဖြင့် ပြောပြခြင်းသာတည်း။

ကလာပ်ခေါ်ပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၀)



ကလာပ်ခေါ်ပုံ
ယခုအခါ မြို့ကြီးတို့၌ လူအများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့တစ်မျိုးကို “ကလာပ်”ဟုခေါ်၏။ “ကလာပ်” ဟူသော နာမည်သည် အပေါင်းအစု၏ နာမည်တည်း။ ပြခဲ့သောရုပ်တို့သည် တစ်ခုစီ တစ်ခုစီခွဲ၍ ဖြစ်ရိုးမရှိ။ ပေါင်း၍ရစကောင်းသော ရုပ်ကလေးများ အချင်းချင်း စုပေါင်းတွဲစပ်၍ ဖြစ်ရိုးရှိသည်။ ထိုသို့ အတူဖြစ်ဖက် အတူပျက်ဖက် ရုပ်အစုကို “ကလာပ်တစ်စည်း”ဟု မှတ်ပါ။
အမြဲတွဲနေသော ရုပ် ၈-ပါး
ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော မဟာဘုတ် ၄-ပါးတို့နှင့် ၀ဏ္ဏ(အဆင်း)၊ ဂန္ဓ(အနံ့)၊ ရသ(အရသာ)၊ သြဇာ(အဆီအနှစ်) ဤ ၄-ပါးသည် အမြဲတွဲနေသော ရုပ်ပေါင်းတည်း။ ဘယ်နေရာ ဘယ်ဋ္ဌာနမှ ထို ၈-ပါးတို့ ကွဲပြားလျက်မရှိ။ မြေထဲ၌ ရှိရှိသမျှ မြေမူန့်တို့သည် ထိုရုပ် ၈-ပါးအပေါင်းချည်းသာတည်း။ မြေကြီး၌ အဆင်း(၀ဏ္ဏ) ရုပ်ပါ၏။ နမ်းကြည့်လျှင် အနံ့တစ်မျိုးမျိုးရှိ၏။ စားကြည့်လျှင် အရသာတစ်မျိုးမျိုးရှိ၏။ ထိတွေ့၍လည်း ရကောင်း၏။ မြေကြီး၌သာမဟုတ် ရေ၌လည်း ဤရုပ် ၈-ပါး၊ လေ၌လည်း ဤရုပ် ၈-ပါး၊ မီးပူ နေပူ နေရောင် စသည်တို့၌လည် ဤရုပ် ၈-ပါးတို့ ပေါင်း၍ ဖြစ်ကြလေသည်။
ကလာပ်တစ်ခု၏ပမာဏ
ထိုကလာပ်တစ်ခုသည် အလွန်သေးငယ်၏။ စိတ်နိုင်သမျှစိတ် မူန့်နိုင်သမျှမူန့်နေသော မြူမူန့်ကလေး၌ပင် ကလာပ်အမျိုးပေါင်း အလွန်များစွာပါရှိ၏။ ပကတိမျက်စိဖြင့် ကြည့်၍မမြင်ရ။ အလွန်အားကောင်းသော မှန်ဘီလူးဖြင့် ချဲ့ထွင်း၍ကြည့်မှသာ မြင်ရသော ပိုးကောင်ကလေး၌ ကံကြောင့်ဖြစ်သော ရုပ်ကလာပ်များစွာ၊ စိတ်ကြောင့်၊ ဥတုကြောင့်၊ အာဟာရကြောင့်ဖြစ်သော ရုပ်ကလာပ် ကလေးတွေ အလွန်များစွာပါရှိလေရကား ကလာပ်တစ်ခု၏ ပမာဏသည် “မည်မျှသေးငယ်သည်” ဟုပြောပြ၍ မဖြစ်နိုင်အောင်ပင် သေးငယ်လှပေသည်။ (ဤကလာပ်အမျိုးအစား နာမည်များကို သိလိုလျှင် သင်္ဂြိုဟ်ကျမ်း များကို ကြည့်ရူလေ။)

အာရုံ ၅-ပါးအကျယ်နှင့် အခြားရုပ်များ (ကိုယ်ကျင့်အဘိဓမ္မာ - ၈၉)




အာရုံ ၅-ပါးအကျယ် 
“အာရုံ’
“အာရမ္မဏ”ဟူသောပါဠိကို မြန်မာလု “အာရုံ” ဟုပြန်ထားကြသည်။ “စိတ်၏မွေ့လျော်ရာ”ဟုဆိုလိုသည်။ မည်သည့် စိတ်မဆို အာရုံတစ်ခုခုနှင့် ကင်း၍မဖြစ်နိုင်။ အာရုံရှိမှသာ စိတ်ဖြစ်နိုင်သည်။ ထို့ကြောင့် အာရုံဟူသမျှသည် စိတ်၏ပျော်မွေ့ရာဖြစ်သည်။ ထိုအာရုံများတွင် အဆင်းအရောင်ဖြစ်သော ရုပ်တရားကို ရူပါရုံဟု ခေါ်၏။ အသံရုပ်ကို သဒ္ဒါရုံ၊ အနံ့ရုပ်ကို ဂန္ဓာရုံ၊ အရသာရုပ်ကို ရသာရုံ၊ အတွေ့ရုပ်ကို ဖော်ဋ္ဌဗ္ဗာရုံ ဟုခေါ်သည်။
(“ဓမ္မာရုံ” ဟူသည်ကား ရုပ်ချည်းသက်သက်မဟုတ်၊ ရုပ်တချို့နှင့် စိတ် စေတသိက် နိဗ္ဗာန်ပညတ် အားလုံးတည်း။)

ပသာဒရုပ် ၅-ပါးအကျယ် (ကိုယ်ကျင့်အဘိဓမ္မာ - ၈၆)


ပသာဒရုပ် ၅-ပါးအကျယ် 
ယခုအခါ အသံဖမ်း အရိပ်ဖမ်း ဓာတ်များကို တွေ့ရသကဲ့သို့ ထို့အတူ ခန္ဓာကိုယ်အတွင်း၌လည်း ဆိုင်ရာအာရုံကို ဖမ်းနိုင်သော အကြည်ဓာတ်များ ရှိကြလေသည်။ ထိုအကြည်ဓာတ်ကိုပင် ပါဠိလို “ပသာဒ”ဟုခေါ်သည်။
စက္ခုပသာဒ
မျက်လုံးအတွင်း၌ရှိသော အကြည်ဓာတ်ကို စက္ခုပသာဒဟု ခေါ်သည်။ မျက်လုံးအတွင်း မျက်နက်ဝိုင်း၏ အလယ်၌ ဤစက္ခုအကြည်ဓာတ်ပေါင်းများစွာ ပျံ့နှံ့လျက်ရှိ၏။ အမျိုးမျိုးသော အဆင်းအရောင် (ရူပါရုံ) များကို ဤစက္ခုအကြည်ဓာတ်က ဖမ်းမိသောအခါ ထိုရူပါရုံကို သိသော စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်ဖြစ်၏။

မဟာဘုတ် (ဓာတ်ကြီး) ၄-ပါးအကျယ် (ကိုယ်ကျင့်အဘိဓမ္မာ - ၈၅)



မဟာဘုတ် (ဓာတ်ကြီး) ၄-ပါးအကျယ် 
ပထ၀ီဓာတ်
ပကတိမြေသည် ထိုထို အရာဝတ္ထုတို့ကို ခံယူဆောင်ထားနိုင်လောက်အောင် ခိုင်မာသကဲ့သို့ အတူဖြစ်ဖက် ရုပ် တရားစုကို ခံယူဆောင်ထားနိုင်လောက်အောင် ခိုင်မာသောရုပ်ကို ပထ၀ီဓာတ် (မြေဓာတ်) ဟုခေါ်သည်။ ပကတိမြေကြီးနှင့် ကျောက်ခဲ၊ သံခဲစသည်တို့မှာ ဤပထ၀ီာတ်လွန်ကဲသော ရုပ်အစုအဝေးများတည်း။

အာပေါဓာတ်
ပကတိရေသည် မြေမူန့် ဖုန်မူန့် စသည်တို့ကို ပေါင်းစပ်သကဲ့သို့ အတူဖြစ်ဖက် ရုပ်မူန့်ကလေးတွေကို ပေါင်းစပ်စေနိုင်သော (ပူးတွဲစေနိုင်သော) ရုပ်ကို အာပေါဓာတ်(ရေဓာတ်) ဟုခေါ်သည်။ ဤအာပေါဓာတ်သည် သတ္တိလွန်ကဲသောအခါ မိမိနှင့်အတူဖြစ်သော ရုပ်များကို အရည်ဖြစ်အောင် ယူဆောင်လျက် ယိုစီးခြင်းသဘောလည်း ရှိသေးသည်။ ထို့ကြောင့် ပကတိရေ၊ ကျင်ငယ်၊ တံတွေး၊ နှပ် စသည်တို့မှာ အာပေါဓာတ်လွန်ကဲသော ရုပ်အစု ဖြစ်ကြပေသည်။

ရုပ်ခန္ဓာကိုယ်အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၈၄)




ဒသမအခန်း
ရုပ်ခန္ဓာကိုယ်အကြောင်း

[ပဋိသန္ဓေတည်စကပင် ကလလရေကြည်ခေါ် ရုပ်ခန္ဓာကိုယ်ကလေး ပါဝင်ခဲ့သောကြောင့် တစ်ဘ၀လုံးအတွက် ရုပ်ခန္ဓာကိုယ်၏ အဖြစ်အပျက်ကို နားလည်သင့်ကြပေသည်။ ထို့ကြောင့် ရုပ်နှင့်စပ်၍ မှတ်ဖွယ်များကို ပြပါအုံးမည်။]
ရုပ်ခေါ်ပုံ
“ရူပ” ဟူသော ပါဠိကို မြန်မာလို “ရုပ်” ဟုခေါ်၏။ “ဖောက်ပြန်တတ်သော သဘောတရား”ဟု ဆိုလိုသည်။ ဖောက်ပြန်ခြင်း၏ အကြောင်းကား - အအေးအပူ စသောအားဖြင့် များစွာရှိ၏။ ထိုတွင် အအေးကြောင့် ရုပ်ဖောက်ပြန်ပျက်စီးပုံကား ဆောင်းအခါအသားအရေကွဲခြင်း၊ အလွန်ချမ်းသောအခါ အသားအရေ ညိုမည်းခြင်း၊ အအေးမိ၍ ဖျားခြင်း၊ လောကန္တရိတ် ငရဲသားတို့၏ ကမ္ဘာကိုခံသော ရေသို့ကျ၍ မွမွကြေရခြင်း စသည်များတည်း။

ကံသာအမိ ကံသာအဖ (ကိုယ်ကျင့်အဘိဓမ္မာ - ၈၃)




မိမိပြုသောကံသည် မိမိကို ပဋိသန္ဓေစိတ်ရင်ကပင် ကွဲပြားအောင်ပြုရုံသာမက ရုပ်အဆင်း ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာဆင်းရဲ ကွဲပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်သည်။
ထင်ရှားစေအံ့ - လူတစ်ယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြု၏။ လူတစ်ယောက်ကား ကုသိုလ်ကိုမပြု။ ပြုသော်လည်း ထက်ထက်သန်သန်မဟုတ်။ ထိုသူ ၂-ယောက်တို့ လူ့ပဋိသန္ဓေ နေကြရလျှင် ကုသိုလ်ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေနေရ၏။ မိခင်သည် လိမ္မာနားလည်သူဖြစ်လျက် ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အထိုင်အထ သတိထား၏။ ပူလွန်း စပ်လွန်းသော အစာနှင့် အေးလွန်းသော အစာကို ရှောင်ကြဉ်၏။

ပုဂ္ဂိုလ် ၄-မျိုးပြားပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၈၂)




ပဋိသန္ဓေတည်သောအခါ တချို့ပုဂ္ဂိုလ်က အပါယ်ဘုံ၌ တည်ရ၏။ ထိုအပါယ်ဘုံသားများကို ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်ဟု ခေါ်၏။ (ဒုဂတိ = မကောင်းသောဂတိ (ဘ၀) ၌ + အဟိတ် = ပဋိသန္ဓေစိတ်မှာ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ဟိတ်များ မပါသောပုဂ္ဂိုလ်။) လူနှင့် လူ့ပြည်၌ရှိကြသော အချို့နတ်ငယ်ကလေးများ၌လည်း ထိုကဲ့သို့ အဟိတ်ပုဂ္ဂိုလ်များရှိ၏။ ထိုပုဂ္ဂိုလ်များကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟုခေါ်၏။ (သုဂတိ = ကောင်းသောဂတိ၌ + အဟိတ် = ပဋိသန္ဓေစိတ်မှာ ဟိတ် ၃-မျိုးမပါသူ။) ဒွိဟိတ် တိဟိတ် ၂-မျိုးကို နောက်၌ပြအံ့။

ပဋိသန္ဓေစိတ်ဖြစ်ပုံ ( ကိုယ်ကျင့်အဘိဓမ္မာ - ၈၁ )



စုတေစိတ် ဖြစ်ပြီးနောက် ဘ၀အသစ်၌ ပဋိသန္ဓေစိတ်ဖြစ်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့သည် ချက်ချင်းဆက်၏။ စုတေစိတ်နှင့် ပဋိသန္ဓေစိတ်တို့ အလယ်မှာ အချိန်ကာလ အကြားကလေးမျှ မခြားတော့ချေ။ ဘ၀အသစ် ရောက်ဖို့ရာ ထိုမျှလောက်ပင် မြန်လှ၏။ လူ့ပြည်မှ စုတေ၍ နတ်ပြည်ရောက်သူဖြစ်ဖြစ်၊ ငရဲရောက်သူဖြစ်ဖြစ် စုတေပြီးသည်နှင့် တစ်ပြိုင်နက် ပဋိသန္ဓေစိတ်ဆက်ကာ ဆိုင်ရာဘ၀အသစ်၌ ခန္ဓာအသစ် ထူထောင်မိလေသည်။

မိစ္ဆာအယူ ၂-မျိုး
တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းရွှေ့ရာ၌ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ ၂-မျိုးလုံးမှလွတ်ကင်း၍ သမ္မာဒိဋ္ဌိ အယူဖြစ်အောင် သတိထားရမည်။ ထို ဒိဋ္ဌိ ၂-မျိုးတွင် “ဘ၀ဟောင်း ရုပ်နာမ် ခန္ဓာအိမ်၌ အသက်ကောင်လေးရှိ၏။ ထို အသက်ကောင်ကလေးသည်ပင် ခန္ဓာအိမ် အသစ်လဲကာ ဘ၀အသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏” ဟူသော အယူသည် သဿတဒိဋ္ဌိတည်း။ (သဿတ = မပြတ်မစဲ အသက်ကောင်ကလေးမြဲ၏ ဟူ၍ + ဒိဋ္ဌိ = ယူမှားခြင်း) “ဘ၀ဟောင်းက ရုပ်နာမ် အားလုံးသည် (သူတို့ထင်သော အသက်ကောင်နှင့်တကွ) ဘ၀သစ်၌ လုံးဝ အသဆက်အစပ် မရှိတော့။ သတ္တ၀ါ တစ်ယောက်သေလျှင် ဘ၀ဟောင်းက အရာဝတ္ထုတွေ အားလုံးပြတ်စဲ၏။ ဘ၀သစ်၌ ထာဝရ ဘုရားရှင် ဖန်ဆင်းမူကြောင့် အခြားသတ္တ၀ါ တစ်ယောက်သာ အသစ်ဖြစ်တန်လျှင် ဖြစ်ရသည်”ဟူသော အယူသည် ဥစ္ဆေဒဒိဋ္ဌိမည်၏။ (ဥစ္ဆေဒ = တစ်ဘ၀တုံးလျှင် တစ်ဘ၀၏ ရုပ်နာမ်တွေ အားလုံးပြတ်၏။ နောက်ထပ်ဆက်သွယ်ခြင်း မရှိ + ဒိဋ္ဌိ = ယူမှားခြင်း)

အလွန်ထူးဆန်းသောတချို့အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၈၀)




မိဘ ၂-ဦးတို့ ထိထိရောက်ရောက် ပျော်မြူးခြင်း မရှိကြသော်လည်း ပဋိသန္ဓေတည်နေနိုင်၏။ အလောင်းတော် သုဝဏ္ဏသာမ(သုဝဏ္ဏသျှံ) ၏ မိခင်သည် ပန်းပွင့်ခါစ အခါဝယ် ခမည်းတော်က ချက်ကို သုံးသပ်ရုံမျှဖြင့် သန္ဓေရ၏။ စဏ္ဍပဇ္ဇောတမင်း၏ မိခင်သည် ပန်းပွင့်ခါစ၀ယ် ကင်းလျှောက်သွားသည်ကို သာယာမိရုံမျှဖြင့် သန္ဓေရ၏။ ဗျိုင်းအောက်တို့သည် မိုးဦးအခါ တောင်လေလာသည်ကို သာယာသဖြင့် သန္ဓေရကြ၏။ ဘုရားရှင် လက်ထက်တော်က ဘိက္ခုနီမ တစ်ဦးသည် ယောက်ျားဟောင်း ရဟန်း၏ သင်းပိုင်မှ သုက်ကို စုပ်ယူမိ၍ သန္ဓေရ၏။ ရသေ့တစ်ဦး၏ သုက်နှင့် ရောသော ကျင်ငယ်ရည်ကို သောက်မိ၍ သမင်မ၌ သန္ဓေရလျက် ဣသိသိင်္ဂ သတို့သားကို ဖွားမြင်ခဲ့ရ၏။ ထိုအကြောင်းများက တစ်ခါတစ်ရံမှ အထူးအဆန်း ဖြစ်ရသော အဖြစ်မျိုးတည်း။

နဝမအခန်း ပဋိသန္ဓေခေါ်ပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၇၉)



(ဤအခန်း၌ ပဋိသန္ဓေစပ်၍ မှတ်ဖွယ်ပါသည်)
ပဋိသန္ဓေခေါ်ပုံ
ရှေ့အခန်း၌ ပြခဲ့သော အစီအစဉ်ဖြင့် စုတေပြီးနောက် ကံအားလျော်စွာ ဘ၀သစ်၌ ပထမဆုံး စိတ် စေတသိက်နှင့် ရုပ်များ ဖြစ်ကြလေသည်။ ထို ပထမဆုံး ဖြစ်သော စိတ် စေတသိက်ရုပ်များကိုပင် “ပဋိသန္ဓေ” မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ ထို ပဋိသန္ဓေဟူသော ပါဠိစကား၌ ဘ၀ဟောင်း အပြတ်တွင် “ဆက်စပ်၍ ဖြစ်ခြင်း” ဟုဆိုလိုသည်။
ပဋိသန္ဓေ ၄-မျိုး
ထို ပဋိသန္ဓေ စိတ် စေတသိက် ရုပ်များသည် ကံကြောင့် ဖြစ်ရကား ကံအမျိုးမျိုးလိုက်၍ သြပပါတိက ပဋိသန္ဓေ၊ သံသေဒဇ ပဋိန္ဓေ၊ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု ၄-မျိုး ပြား၏။

မျက်နှာအနေအထားနှင့် ဂတိမှန်းဆဖွယ် (ကိုယ်ကျင့်အဘိဓမ္မာ - ၇၇)

မျက်နှာအနေအထားနှင့် ဂတိမှန်းဆဖွယ်
စုနေခါနီး၌ မျက်နှာအနေအထား ကြည့်ပါ။ ကြည်ကြည်လင်လင် ရှိလျှင် အာရုံကောင်း ထင်နေပြီဖြစ်၍ သုဂတိ သွားရလိမ့်မည်ဟု မှန်းဆနိုင်သည်။ မျက်နှာအနေ ညိုးငယ်လျှင် သို့မဟုတ် ကြမ်းတမ်းသော အမူအရာ ဖြစ်နေလျှင် မကောင်းသော အာရုံထင်နေပြီဖြစ်၍ ဧကန်မုချ ဒုဂ္ဂတိသို့ သွားရတော့မည်ဟု မှန်းဆနိုင်ပေသည်။ (တချို့ကား ရှေးက ခံစားခဲ့ရသော ကာမဂုဏ်ကြောင့် ပြုံးနေပေလိမ့်မည်။ ထိုအပြုံးကား ကောင်းသော ပြုံးခြင်း မဟုတ်ပါ။)
ယောင်ယမ်းပုံဖြင့် မှန်းဆဖွယ်
တချို့စုတေခါနီး၌ ညင်ညင်သာသာ မရှိဘဲ ပြောလား၊ ဆိုလား၊ ယောင်လား၊ ယမ်းလား လုပ်၏။ ရှေးတုန်းက ရဟန္တာရှင်သောဏ၏ ခမည်းတော် ငယ်ရွယ်စဉ်က မုဆိုးကြီးဖြစ်၍ ကြီးမှ ရဟန်းပြု၏။ စုတေခါနီးသော် (မိနစ်အတော်ဝေးဝေးကပင်) ခွေးကြီးတွေက သူ့ကို ကိုက်တော့မည်ဟန် ထင်နေသဖြင့် “သားရဲ့၊ ခြောက်ပါဟဲ့ ခြောက်ပါဟဲ့”ဟု အော်သတဲ့။

စုတေခါနီး အရေးကြီးပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၇၆)


စုတေခါနီး အရေးကြီးပုံ
ပြခဲ့သော အကြောင်းများတွင် တစ်ပါးပါးကြောင့် လူတစ်ယောက် စုတေဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်မှစ၍ စိတ်ကောင်းဇောကောင်းရဖို့ အရေးကြီး၏။ စုတေသည့်တိုင်အောင် ကုသိုလ်ဇောများ စောနေလျှင် ဧကန်မုချ သုဂတိ ဘ၀သို့ ရောက်ရမည်။ စုတေခါနီးဝယ် အကုသိုလ်ဇောများ စောနေလျှင် ဧကန်အပါယ်ဘုံသို့ ရောက်ရတော့မည်။ 
သို့ဖြစ်၍ မြင်းအပြေးပြိုင်ရာတွင် ပန်းဝင်ခါနီး အရေးကြီးဆုံး ဖြစ်သကဲ့သို့ နောက်တစ်ဖန် ဘ၀ကောင်းရဖို့ စုတေခါနီး၌ အရေးကြီးလှပေသည်။ ထို စုတေခါနီး၌ စိတ်ကောင်း မကောင်းမှာလည်း ထိုအခါ ထင်လာသော အာရုံနှင့်သာ သက်ဆိုင်ကြလေသည်။
ထင်လာတတ်သောအာရုံ ၃-မျိုး
စုတေခါနီး၌ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ဟု အာရုံ ၃-မျိုးတွင် တစ်မျိုးမျိုး ထင်လာတတ်၏။ “ကံ”ဆိုသည်မှာလည်း ကုသိုလ် အကုသိုလ် စေတနာတွေတည်း။  
“ကမ္မနိမိတ်” ဆိုသည်ကား ထိုကုသိုလ် အကုသိုလ်ပြုစဉ်က တွေ့ကြုံ သုံးစွဲခဲ့ရသော အရာဝတ္ထုများတည်း။  “ဂတိနိမိတ်” ဆိုသည်မှာ စုတေပြီး နောက်ရောက်ရမည့် ဂတိ၌ (ဘ၀၌) တွေ့ကြုံရမည့် အရာဝတ္ထုတည်း။

ကံအာရုံထင်လာပုံ

သေချိန်မရောက်ခင် စက္ကန့်အနည်းငယ်က ဖြစ်စေ၊ နာရီဝက် တစ်နာရီစသည် ကွာခြားသောအခါက ဖြစ်စေ၊ ရက်ပေါင်းလပေါင်းများစွာ ကွာခြားသောအခါ ဖြစ်စေ ပြုခဲ့သော ကံအမျိုးမျိုးသည် နောက်ဘ၀အသစ်တွင် ပဋိသန္ဓေ အကျိုးပေးခွင့် ကြုံလာလျှင် သေခါနီး လောလောဆယ် ထင်လာတတ်၏။ 
ထိုသို့ ထင်လာရာဝယ် ရှေးက ဒါန သီလ စသော ကုသိုလ်ကံဖြစ်လျှင် ထိုကံက ပြန်၍ အမှတ်ရသော အားဖြင့် ထင်လာခြင်း၊ ယခုလောလောဆယ် လှူဒါန်းနေရသလို ဥပုသ်စောင့်နေရသလို အိပ်မက်မက်သလို အနေအားဖြင့် ထင်လာခြင်းဟု ၂-မျိုးရှိသည်။ 
အကုသိုလ်ကံများတွင်လည်း ပါဏာတိပါတမူ ဖြစ်လျှင် ထိုကံကို ပြန်၍ အမှတ်ရခြင်း တစ်မျိုး၊ ယခုပင် သတ်ဖြတ်၍ နေရသလို ထင်ခြင်းတစ်မျိုးဟု ၂-မျိုးရှိသည်။ ဤနည်းအတိုင်းပင် အခြားသော အကုသိုလ်ကံ ထင်လာပုံကိုလည်း ချဲ့ထွင်ကြည့်ပါလေ။
ကမ္မနိမိတ်အာရုံထင်လာပုံ
အကုသိုလ်ကံ ပြုခဲ့ကြသူတို့မှာ ပါဏာတိပါတမူဖြစ်လျှင် သတ်ဖြတ်စဉ်အခါက အသုံးပြုခဲ့သော ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံ စသော လက်နက်များ ထင်လာတတ်၏။ နွားသတ်သမား တစ်ယောက်၌ကား နွားများကိုသတ်ပြီးနောက် အသားကိုခွာ၍ စုပုံထားသော အရိုးပုံကြီး ထင်လာသတဲ့။ အဒိန္နဒါနမူ၊ ကာမူ စသည်များကို ပြုခဲ့ကြသူမှာလည်း ထိုမကောင်းမူနှင့် ဆိုင်ရာ အာရုံများ ထင်လာပုံကို ချဲ့ထွင်း ကြည့်ကြပါလေ။
ကုသိုလ်ကံ့ ပြုခဲ့ကြသူတို့တွင်လည်း ဒါနပြုရာ၌ ကျောင်း၊ ဘုရား တည်ဆောက် ကိုးကွယ်သူဖြစ်လျှင် ကျောင်းအာရုံ၊ ဘုရားအာရုံ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော သင်္ကန်း၊ ဆွမ်း၊ ဆေး အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပန်း၊ ဆီမီး၊ အမွှေးတိုင် စသော အာရုံများ ထင်လာတတ်၏။ 
ဥပုသ်စောင့်သုံးခဲ့သူ၊ ကမ္မဋ္ဌာန်းထိုင်ခဲ့သူ ဖြစ်လျှင် ဥပုသ်နှင့် စပ်ဆိုင်သော စိပ်ပုတီး၊ စင်ကြယ်သော အ၀တ်အစား၊ ကမ္မဋ္ဌာန်းကျောင်း၊ စိပ်ပုတီးစိပ်ရာ သစ်ပင်ရိပ် စသော နေရာများ ထင်လာတတ်၏။ အပစာယန၊ ဝေယျာဝစ္စ စသော ကုသိုလ်များ၏ အာရုံလည်း ထိုက်သလို ထင်လာတတ်ကြသည်။
ဂတိနိမိတ်ထင်လာပုံ
စုတေခါနီး၌ ဘ၀အသစ်ဝယ် တွေ့ကြုံရမည့် အာရုံများလည်း တင်ကြို၍ ထင်လာတတ်၏။ နတ်ပြည်ရောက်မည့်သူဖြစ်လျှင် နတ်သမီးတွေ၊ ဘုံဗိမာန်၊ ဥယျာဉ် စသည်ထင်လာတတ်၏။ လူ့ပြည်ရောက်မည့်သူဖြစ်လျှင် အမိဝမ်းရည်၏ နီနီရဲရဲအဆင်း ထင်လာတတ်၏။ ပြိတ္တာဖြစ်မည့်သူဖြစ်လျှင် တောကြီး၊ တောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိနေထိုင်ရမည့် အရပ်ဒေသအလိုက် ထင်လာတတ်၏။

သေခြင်းအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၇၅)



ဆဋ္ဌမအခန်း [ဤအခန်း၌ စုတေခါနီးအဖြစ်အပျက်ပါသည်]
ပြခဲ့သောအခန်းများဝယ် လူသတ္တ၀ါတို့၌ ဖြစ်သင့်သော စိတ်နေစိတ်ထားနှင့် ပြုသင့်သောကံများ ပြခဲ့ပါပြီ။ ထိုသို့ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုးဖြစ်နေကြရင်းပင် ဥစ္စာစီးပွား ချစ်သူများနှင့် ကွေကွင်းဖို့ သေမင်းငင်သဖြင့် မသေချင်ဘဲလည်း သေမြဲဓမ္မတာ သေပေါက်သေ၀သို့ အသေခံရောက်ကြရတော့မည်။ သို့ဖြစ်၍ စုတေခါနီး အရေးကြီးပုံကို ကိုယ်စီကိုယ်င သတိပြုကြဖို့ ဆက်လက်ညွှန်ပြပါဦးမည်။
သေခြင်းအကြောင်း ၄-ပါး

(၁) သက်တမ်း ကုန်ခြင်း၊ (၂) ကံ အစွမ်းကုန်ခြင်း (၃) အသက်တမ်း ကံအစွမ်း ၂-မျိုးလုံးကုန်ခြင်း၊ (၄) ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း။ ဤသို့ သတ္တ၀ါတို့ စုတေရခြင်း အကြောင်း ၄-မျိုးရှိ၏။ ဥပမာ - ဆီမီးငြိမ်းရာ၌ (၁) ဆီကုန်ခြင်း၊ (၂) မီးစာကုန်ခြင်း (၃) ဆီနှင့် မီးစာ ၂-မျိုးလုံး ကုန်ခန်းခြင်း၊ (၄) ဆီနှင့် မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း သို့မဟုတ် တမင်ငြှိမ်းသက်ခြင်းဟု အကြောင်း ၄-မျိုး ရှိသကဲ့သို့တည်း။

သေခြင်းအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၇၅)



ဆဋ္ဌမအခန်း [ဤအခန်း၌ စုတေခါနီးအဖြစ်အပျက်ပါသည်]
ပြခဲ့သောအခန်းများဝယ် လူသတ္တ၀ါတို့၌ ဖြစ်သင့်သော စိတ်နေစိတ်ထားနှင့် ပြုသင့်သောကံများ ပြခဲ့ပါပြီ။ ထိုသို့ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုးဖြစ်နေကြရင်းပင် ဥစ္စာစီးပွား ချစ်သူများနှင့် ကွေကွင်းဖို့ သေမင်းငင်သဖြင့် မသေချင်ဘဲလည်း သေမြဲဓမ္မတာ သေပေါက်သေ၀သို့ အသေခံရောက်ကြရတော့မည်။ သို့ဖြစ်၍ စုတေခါနီး အရေးကြီးပုံကို ကိုယ်စီကိုယ်င သတိပြုကြဖို့ ဆက်လက်ညွှန်ပြပါဦးမည်။
သေခြင်းအကြောင်း ၄-ပါး

(၁) သက်တမ်း ကုန်ခြင်း၊ (၂) ကံ အစွမ်းကုန်ခြင်း (၃) အသက်တမ်း ကံအစွမ်း ၂-မျိုးလုံးကုန်ခြင်း၊ (၄) ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း။ ဤသို့ သတ္တ၀ါတို့ စုတေရခြင်း အကြောင်း ၄-မျိုးရှိ၏။ ဥပမာ - ဆီမီးငြိမ်းရာ၌ (၁) ဆီကုန်ခြင်း၊ (၂) မီးစာကုန်ခြင်း (၃) ဆီနှင့် မီးစာ ၂-မျိုးလုံး ကုန်ခန်းခြင်း၊ (၄) ဆီနှင့် မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း သို့မဟုတ် တမင်ငြှိမ်းသက်ခြင်းဟု အကြောင်း ၄-မျိုး ရှိသကဲ့သို့တည်း။

တူသောအကျိုးပေးတတ်ပုံ ( ကိုယ်ကျင့်အဘိဓမ္မာ - ၇၄)



 

မကောင်းလည်း ကံ၊ ကောင်းလည်း ကံဟု ကံကိုချည်းသာ၊ မကိုးရာဘူး


ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ မဟာမေဒင်ဘာသာဟု ဘာသာကြီး ၄-မျိုးရှိ၏။ ခရစ်ယာန်ဘာသာ မဟာမေဒင်ဘာသာတို့၌ သတ္တ၀ါတို့၏ ကောင်းကျိုး ဆိုးကျိုးများကို ထာဝရဘုရား စသူတို့က ဖန်ဆင်းပေးသည်ဟု ဖန်ဆင်းပေးသူကို စွဲလမ်းကြ၏။ ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာဝင်တို့က “ကောင်းကျိုး ဆိုးကျိုးကို ရှေးက ပြုခဲ့သော ကံက စီမံ၏”ဟု ရှေးကံကို စွဲလမ်း၏။ ဖန်ဆင်းသူကို စွဲလမ်းမူ၏ မှားပုံမှာ ဤစာများဖတ်၍ သိလောက်ပြီဖြစ်၍ မရေးတော့ပြီ။ အရာရာ ကံကိုချည်း စွဲလမ်းသူများလည်း “ပုဗ္ဗေကတဟေတုဒိဋ္ဌိ”ခေါ် မိစ္ဆာဒိဋ္ဌိတစ်မျိုးမှ မလွတ်ကင်းဘဲ ရှိကြလေသည်။ ထိုဒိဋ္ဌိ၏ ယူမှားပုံကား “ယခု မျက်မြင် သတ္တ၀ါတွေသည် ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော အကြင်အကျိုးကို ခံစားရ၏။ ထို အကျိုးအားလုံးသည် ရှေးကပြုခဲ့သော ကံကြောင့်ချည်းသာ ဖြစ်၏”ဤသို့ စသည်ဖြင့် ယူလေသည်။ 

ပယောဂ သမ္ပတ္တိ ဝိပတ္တိ (ကိုယ်ကျင့်အဘိဓမ္မာ - ၇၃)

ပယောဂသမ္ပတ္တိ
သတိ၊ ၀ီရိယ၊ ဉာဏ်ကို “ပယောဂ”ဟု ခေါ်၏။ ဉာဏ်ဆိုသော်လည်း အပြစ်ကင်းသော အရာ၌ပါသော ပညာချည်းမက၊ အကုသိုလ်ဆိုင်ရာတွင် ပါသော ဝဉ္စနာ ပညာနှင့် အကြံကောင်း ၀ိတက်များကိုလည်း ဉာဏ်ဟုပင် ဆိုလိုသည်။
ထို့ကြောင့် အရာရာတို့၌ သတိရှိခြင်း၊ လုံ့လ၀ီရိယကောင်း၍ သွက်သွက်လက်လက် ထထကြွကြွရှိခြင်း၊ လိမ္မာခြင်း၊ ပါးနပ်ခြင်း၊ သိတတ်ခြင်း၊ မမေ့မလျော့ခြင်းများသည် ပယောဂသမ္ပတ္တိချည်းပင်တည်း။
နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ ပယောဂသမ္ပတ္တိအတွက် မထင်ရှားသော်လည်း ဤလူ့ပြည်မှာ ပယောဂသမ္ပတ္တိ အကျိုးထင်ရှား၏။ ယခု လူတို့၌ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် ကြီးကျယ်သော အကုသိုလ်ကံပါသူ နည်းပါးလှ၏။ အတော်အတန် ထက်သန်သော ကံများကား ပယောဂသမ္ပတ္တိ ရှိမရှိလိုက်၍ အကျိုးပေး၏။ အတော်အတန်တက်သန်သော ကံများကား ပယောဂသမ္ပတ္တိ ရှိနေပြန်လျှင်လည်း ထိုပယောဂသမ္ပတ္တိ၏ ထက်, မထက်လိုက်၍ အကျိုးပေးကြရသည်။

ဥပဓိနှင့် ကာလ သမ္ပတ္တိ ၀ိပတ္တိ (ကိုယ်ကျင့်အဘိဓမ္မာ - ၇၂)

ဥပဓိသမ္ပတ္တိ
ဂတိသမ္ပတ္တိ ရောက်နေသော်လည်း (အထူးအားဖြင့် လူ့ဘုံမှာ) ရုပ်အဆင်းလှပခြင်း ဟူသော ဥပဓိသမ္ပတ္တိက အရေးကြီးနေပြန်၏။ ဥပဓိသမ္ပတ္တိ ဖြစ်လျှင် အမျိုးအဆွေ ပစ္စည်းဥစ္စာက အောက်ကျနေသော်လည်း ပစ္စည်းရှိသူ အမျိုးမြတ်သူတို့က ကြည်ဖြူကြ လေးမြတ်ကြသဖြင့် အထက်တန်းရောက်၍ ကုသိုလ်ကံများ အခွင့်သာကြပေသည်။ တစ်ယောက်၏ ကုသိုလ်က ဆက်သွယ်သူတို့အား အကျိုးအာနိသင် ပေးနိုင်ပုံ၌ ပြခဲ့သော သာမာဒေ၀ီမှာ ဥပဓိသမ္ပတ္တိကြောင့် ဘုရင်၏ အကျွမ်းဝင်သူ ဖြစ်ရ၏။ မကြာမီက မစ္စစ်ဆင်ပဆင်ကို ဧဒွတ်ဘုရင်က ကြည်ဖြူရခြင်းမှာလည်း မစ္စစ်ဆင်ပဆင်၏ ဥပဓိသမ္ပတ္တိကြောင့်ပင် မဟုတ်လော။
လူ့ဘ၀ကိုမဆိုထားဘိ ဂတိဝိပတ္တိ ဆိုက်နေရသော တိရစ္ဆာန်၌ပင် ရုပ်အဆင်းလှ၍ ဥပဓိသမ္ပတ္တိ ဖြစ်နေလျှင် (ခွေးလှ၊ နွားလှ၊ မြင်းလှ စသည်ဖြစ်နေလျှင်) လူ့ချမ်းသာတို့၏ လက်သပ် မွေးမြူခြင်းကို ခံရလျက် ကုသိုလ်ကံတွေ အကျိုးပေးခွင့်သာပြန်လေသည်။ ရုပ်အဆင်းလှမူဟူသော ဥပဓိသမ္ပတ္တိကား ဤမျှလောက်ပင် အကျိုးများလှပေသည်။

သမ္ပတ္တိ ၀ိပတ္တိ ( ကိုယ့်ကျင့်အဘိဓမ္မာ - ၇၁)

ဆိုင်ရာအကြောင်းများ၏ ပြည့်စုံမူကို “သမ္ပတ္တိ”ဟုခေါ်၏။ ဆိုင်ရာအကြောင်းများ၏ ချွတ်ယွင်းမူကို “၀ိပတ္တိ”ဟု ခေါ်၏။ သတ္တ၀ါတို့၏ သန္တာန်၌ ရှေးရှေးဘ၀ပေါင်းများစွာက ပြုခဲ့သော ကံတို့သည် အလွန်များပြားရကား အကျိုးပေးရန် အခွင့်မသင့်၍ အကျိုးမပေးရသေးသမျှ ခန္ဓာအစဉ်မှာ အမြဲပါရှိသောကြောင့် သမ္ပတ္တိ ဆိုက်နေသောအခါ ကုသိုလ်ကံ အကျိုးပေးခွင့် သာသလို ၀ိပတ္တိဆိုက်ရာ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့် သာလေသည်။

သမ္ပတ္တိ ၄-ပါး
 
၁။ ဂတိ သမ္ပတ္တိ = ရရှိသော ဘ၀ကောင်းခြင်း။
၂။ ဥပဓိသမ္ပတ္တိ = ရုပ်အဆင်း လှပခြင်း။
၃။ ကာလသမ္ပတ္တိ = အခါကာလ ကောင်းခြင်း။
၎။ ပယောဂသမ္ပတ္တိ = ဉာဏ်ဝီရိယစသော ပယောဂရှိခြင်း။

ကံချင်းတူလျက် မျက်နှာလိုက် ( ကိုယ့်ကျင့်အဘိဓမ္မာ - ၇၀)

လောက၌ အလွန်ဖြူစင်သော သူတော်ကောင်း တစ်မျိုး၊ သူယုတ်မာ တစ်မျိုးဟု ၂-မျိုးခွဲရာ၏။ ထိုသူ ၂-မျိုးသည် သာမန် အကုသိုလ်ကံ တစ်ခုကို ကိုယ်စီကိုယ်င ပြုမိကြသော်လည်း သူတော်ကောင်း၌ ထိုကံ အကျိုးပေးခွင့်မရ၊ များစွာသော ကောင်းမူတို့က ထိုကံကို ဖုံးလွှမ်းလိုက်ကြ၏။ ယုတ်မာသောသူ၌ကား ထိုသို့ ကာကွယ်ဖို့ရန် အားကိုးလောက်သော ကုသိုလ်ကံ မရှိရကား ထိုအနည်းငယ်သော အကုသိုလ်ကံသည်ပင် အထင်အရှား အကျိုးပေးနိုင်လေတော့သည်။
 

ဥပမာ - တစ်ညဉ့်သ၌ သူဌေးသားသည် အိမ်တစ်အိမ်မှ ကြက်ကိုခိုး၏။ ဘိန်းစားလည်း ကြက်တစ်ကောင်ခိုး၏။ ကြက်ရှင်က သိ၍လိုက်ရှာသောအခါ ကြက်တစ်ကောင်ကို သူဌေးသားအထံ၌တွေ့၏။ သူဌေးသားကို သူခိုးဟု မစွပ်စွဲဝံ့သည့်အပြင် ချော့ချော့မော့မော့နှင့် တောင်းယူရ၏။ ဘိန်းစားကိုကား ဂါတ်တိုင်၍ ထောင်ချသကဲ့သို့တည်း။

အကုသိုလ်ကံ အကျိုးပေး အဖျားခတ်ပုံနှင့် ဒဏ်ခံရတတ်ပုံ (ကိုယ်ကျင့်အဘိဓမ္မာ - ၆၉)


အကုသိုလ်ကံ အကျိုးပေး အဖျားခတ်ပုံ
အကုသိုလ်ကံ အကျိုးများလည်း ကုသိုလ်ကဲ့သို့ အဖျားခတ်တတ်သေး၏။ ကဿပဘုရားရှင် လက်ထက်တော်ဝယ် သူကြွယ် တစ်ယောက်၏ ကျောင်းဘုန်းကြီးဖြစ်သော ရဟန်းတစ်ပါးသည် သီလရှိသော သူတော်ကောင်းပေတည်း။ သို့သော် အာဂန္တု ရဟန္တာကို ကျောင်းဒကာ သူကြွယ်က ကြည်ညိုသည်ကို သည်းမခံနိုင်သော ကုလမစ္ဆရိယကြောင့် နံနက်စောစော သူကြွယ်အိမ်သို့ ဆွမ်းစားသွားခါနီး၌ အာဂန္တုကိုယ်တော် မနိုးအောင် ခေါင်းလောင်းကို လက်ဖျားဖြင့် တောက်၍ သွားလေသည်။ အိမ်ရောက်၍ သူကြွယ်က အာဂန္တု ကိုယ်တော်ကို မေးလေသော် “ဒကာရဲ့ ကိုယ်တော်ဟာ အင်မတန် အအိပ်ကြီးတယ်၊ ခေါင်းလောင်းထိုးတာတောင် မနိုးလို့ ထားခဲ့တယ်”ဟု ပြောလေသည်။ (ထိုစကားသည် မစ္ဆရိယ အသံပါသော စကားတည်း။)
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated