@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 5 June 2014

(၁.၆.၂၀၁၄)ပဋ္ဌာန်းအဘိဓမ္မာသင်တန်း (ပထမနေ့)

ဗောဓိပက္ခိယတရား (၃၇) ပါး


ဗောဓိပက္ခိယရဲ့ ပါဠိတိုက်ရိုက်အဓိပ္ပါယ်ကို ဗောဓိ၊ ပက္ခ၊ ဣယလို့ ပုဒ်ခွဲပြီး ဗောဓိ- သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်၊ ပက္ခ- အသင်းအပင်း၊ ဣယ-ဖြစ်ခြင်းလို့ အသီးသီး အဓိပ္ပါယ်ရကာ ဗောဓိဉာဏ်၏ အသင်းအပင်းဖြစ်သော တရားများလို့ နားလည်နိုင်ပါတယ်။

အလွယ်နားလည်အောင် ပြောရရင် ဗောဓိပက္ခိယဆိုတာ အရိယာမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်တဲ့ တရားများ၊ အရိယာမဂ်ဉာဏ်နှင့် အတူတကွ ဖြစ်တဲ့တရားများလို့ အဓိပ္ပါယ်ရပါတယ်။ အရေအတွက်အားဖြင့် ဗောဓိပက္ခိယတရား ၃၇ပါးရှိပါတယ်။ အဲဒါတွေက
သတိပဋ္ဌာန် ၄ ပါး၊ သမ္မပ္ပဓာန် ၄ ပါး၊ ဣဒ္ဓိပါဒ် ၄ ပါး၊ ဣနြေ္ဒ ၅ ပါး၊ ဗိုလ် ၅ ပါး၊ ဗောဇ္ဈင် ၇ ပါး၊ မဂ္ဂင် ၈ ပါး အားဖြင့် ပေါင်း (၃၇) ပါးတို့ပဲ ဖြစ်ပါတယ်။

" မြတ်ဗုဒ္ဓ၏ ဘုန်းတော်ခြောက်ပါး"


မြတ်စွာဘုရားရှင်သည် သူတကာတို့ထက်သာလွန်သော ဘုန်းတော်(၆)ပါး နှင့် ပြည့်စုံတော်မူသည်မှာ

(၁)။ ဣဿရိယဘုန်းတော်- မြတ်စွာဘုရားရှင်၏ စိတ်တော်သည် ကိုယ်တော်မြတ်၏ အလိုအတိုင်းလောကီ ဈာန်၊ သမာပါတ်နှင့်တကွ တန်ခိုးပြဋိဟာ ပြတော်မူရာ၌ဖြစ်စေ၊ (နိဗ္ဗာန်)ကို လိုအပ်သလို ဝင်စားနေရာ၌ ဖြစ်စေ အစိုးရတော်မူခြင်း။

(၂)။ဓမ္မဘုန်းတော်

ထူးခြားမြင့်မြတ်သည့် တရားတော်ကိုဟောနိုင်ခြင်း၊ မဂ်လေးပါး ၊ ဖိုလ်လေးပါးနှင့် နိဗ္ဗာန်တရားများကို ဗြဟ္မာ နတ်လူတို့အား
တစ်ဦး၏ စရိုက်နှင့် လျော်ညီစွာ ဟောပြနိုင်ခြင်း။


မေတ္တာလေ.ကျင်.ခန်း




မေတ္တာဟာ မိမိရဲ.သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ်.လို. လေ.ကျင်.ပေးမှ အစွမ်းထက်မယ်၊ မလေ.ကျင်.ရင် အစွမ်းမထက်ဘူး။
အဲဒီတော. မေတ္တာဆိုတဲ. သဘောတရားကို ဘာနဲ.လေ.ကျင်.ရမလဲ၊ အာရုံနဲ.ပဲ လေ.ကျင်.ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင် လေ.ကျင်.ချင်ရင် အာရုံနဲ.လေ.ကျင်.ရမယ်။ ဓားထက်အောင် ဘာနဲ.လုပ်ရမလဲ၊ ကျောက်နဲ.သွေးရတယ်၊ ကျောက်ပေါ်တင်ပြီးသွေးမှ ဓားထက်တယ်။ ထို.အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ.လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော. လေ.ကျင်.ရမယ်။

မေတ္တာကို လေ.ကျင်.ခန်းလုပ်တဲ. နည်းတစ်ခု။ သာမာန်ကုသိုလ်ရရုံပို.တဲ.မေတ္တာမျိုး မဟုတ်ဘူး၊ သာမာန်ကုသိုလ်ရရုံ ပို.တဲ.မေတ္တာကတော. “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” ဆိုတာပေါ.။ ဘုရားရှိခိုးရင်လည်း မေတ္တာပို.တာပဲလေ၊ သတ္တ၀ါတွေချမ်းသာကြပါစေ၊ အဲဒီဟာမျိုးကို ပြောတာမဟုတ်ဘူး။
မေတ္တာလေ.ကျင်.ခန်းဝင်ပြီဆိုတာ meditation အလုပ်ကို လုပ်ရမှာကိုပြောတာ။ meditation ပုံစံနဲ.မေတ္တာကို အာရုံနဲ.လေ.ကျင်.ရမယ်။ အာရုံဆိုတာဘာလဲ၊ မိတ်ဆွေသူငယ်ချင်းစတဲ. သက်ရှိသတ္တ၀ါနဲ. လေ.ကျင်.ရမယ်။ သေသွားတဲ.သူနဲ. လေ.ကျင်.လို.မရဘူး။ ဒီဘ၀မှာ ရှိနေတဲ. ပုဂ္ဂိုလ်နဲ.လေ.ကျင်.ရမယ်။

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated