@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Thursday 14 January 2016
သီတဂူဆရာတော်ကြီး၏ မိန့်ခွန်း
  (ရုရှားနိုင်ငံ အဆင့်မြင့် ဘာသာရေးနှင့်ယဉ်ကျေးမှု အပြန်အလှန် ဆွေးနွေးပွဲ)
သီတဂူဆရာတော်ကြီး၏ မိန့်ခွန်း - မြန်မာပြန်"
(စိန့်ပီတာစဘတ်မြို့ - ရုရှားနိုင်ငံ)
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရှားရှားပါးပါးကျင်းပခဲလှစွာသော ပထမအကြိမ် အာရှ-ဥရောပနိုင်ငံများဆိုင်ရာ အဆင့်မြင့် ဘာသာရေးနှင့်ယဉ်ကျေးမှု အပြန်အလှန်ဆွေးနွေးပွဲ (ASEM High-Level Conference on Intercultural and Inter-Religious Dialogue) ကို သမိုင်းဝင်ရှေးဟောင်းမြို့တော် စိန့်ပီတာစဘတ်မြို့၌် ၂၀၁၄ခုနှစ်၊ ဂျူလိုင်လ ၃-၄ ရက်နေ့များတွင် စည်ကားခမ်းနားစွာ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ၀န်ကြီးများ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ သံအမတ်ကြီးများနှင့် ပညာရှင်များမှ အပြန်အလှန်ဆွေးနွေးမှုများနှင့် ဖတ်ကြားတင်သွင်းမှုပေါင်း ၅၀ ပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံမှ အထူးဘာသာရေးခေါင်းဆောင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ က “ဘာသာရေးသည်ငြိမ်းချမ်းရေးအတွက်” (Religions for Peace) ခေါင်းစဉ်ဖြင့် သြ၀ါဒပေးမြွက်ကြားတော်မူခဲ့ရာ တက်ရောက်လာသည့် ၀န်ကြီးများနှင့် ပရိတ်သတ်အားလုံးမှ သောင်းသောင်းဖျဖျ သာဓုအနုမောဒနာ ပြုခဲ့ကြသည်။
ဆွေးနွေးပွဲကာလမတိုင်မီက ဆရာတော်ကြီး၏မိန့်ကြားချက်ကို အစီအစဉ်အရ ဒုတိယမြောက်နေ့တွင် ထည့်သွင်းခဲ့သော်လည်း ဆရာတော်ကြီး၏ ဘုန်းတန်ခိုး အရှိန်အ၀ါကြောင့် ပထမနေ့ပထမအပိုင်းတွင် မိန့်ကြားမှုပြုလုပ်ရန် ကျေနပ်စွာ ပြောင်းလဲစီစဉ်ခဲ့ကြပါသည်။ ဆရာတော်ကြီး၏ ဘုန်းရှိန်၊ ကံရှိန်၊ ပညာအရှိန်တို့ကြောင့် ဆွေးနွေးပွဲအတွင်းရှိ ဘာသာရေးခေါင်းဆောင်အားလုံးက အားလပ်ချိန်မနား လာရောက် ဂါရ၀ပြုလာကြပါသည်။
မေတ္တာစာတမ်း
အမြင့်မြတ်ဆုံး ဘ၀နေနည်း လေးမျိုးရှိကြောင်း ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်၊၊ အမြတ်ဆုံး ဘ၀နေနည်း လေးမျိုးဆိုတာ---
(၁) မေတ္တာဖြင့် နေခြင်း
(၂) ကရုဏာဖြင့် နေခြင်း
(၃) မုဒိတာဖြင့် နေခြင်း
(၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်သည်၊၊
“မေတ္တာ”အကြောင်း စာတမ်းတခုရေးဖို့ အကြံပြုထားပါသည်၊ စာဖတ်သူအားလုံးအတွက် ပါဠိစာပေ ဗဟုသုတနှင့် အကျိုးကျေးဇူးများသည့် အကြံပေးချက်ဖြစ်၍ အရှင် မေတ္တာနှင့် ဆက်စပ်သည့် ပါဠိစာပေ အထောက်အထား အချက်လက်များကို ရှာဖွေစုစည်းပြီး “မေတ္တာ စာတမ်း”ကို ရေးလိုက်ပါသည်၊၊
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၄)။
 (၁)စူးစိုက်သမျှ၊ ကပ်၍ရှု၊
            ဈာန်ဟုခေါ်ဝေါ်သည်။ ။
        (၂)သမထဈာန်၊ ၀ိပသ်ဈာန်၊
            နှစ်တန်ကွဲပြားသည်။ ။
        (၃)တည်ငြိမ်ရုံမျှ၊ ရှုနေက၊
            သမထဈာန်ခေါ်သည်။ ။
        (၄)လက္ခဏာသုံးရပ်၊ ရှုသိမှတ်၊
        (၅)ခဏိက ဥပစာ၊ အပ္ပနာ၊
             သုံးဖြာ သမာဓိ ကွဲပြားသည်။ ။
လူမိုက်တွေရဲ့ အကျင့်စရိုက်။
       မြန်မာတွေကတော့ ပြောကြပါတယ်၊ “လူမိုက်နဲ့ငွေ အတူမနေ" ဘူးတဲ့၊ ပစ္စည်းဥစ္စာဟာ
ပျောက်သွားတယ်၊ အဲဒါကို မြတ်စွာဘုရားက ဘာကို ဟောသလဲဆိုရင် ==
         နံပါတ် (၁) က အာလသျ - လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့၊  အကြောင်းအမျိုးမျိုး
ပြပြီး အလုပ်မလုပ်ဘဲနဲ့နေတာကို ပျင်းတယ်လို့ ခေါ်ပါတယ်။ အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့
ယိုကျဖို့ရာ အပေါက်တစ်ခုပါပဲ။
         နံပါတ် (၂) ကတော့ ပမာဒ တဲ့၊ အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်၊ ကောင်းကျိုး
ချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး၊ လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး၊ အပျော်အပါးတွေကို အမြဲ
တမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်ပါတယ်။
         နံပါတ် (၃) က အနုဋ္ဌာန - လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး၊
ဝတ်ကျေ တမ်းကျေပဲ လုပ်တတ်ခြင်းဟာလည်း ဥစ္စာရဲ့ယိုပေါက် တစ်ခုပါပဲ။
         နံပါတ် (၄) က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို လွှတ်ထားပြီးတော့ ပျော်ပါးခြင်း
ဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျတဲ့အပေါက်တစ်ခုပါပဲ။
ထေရ၀ါဒ အမြင်နှင့် ကယ်တင်ရှင်
ထေရ၀ါဒ ဒေသနာအစဉ်၌ ကယ်တင်ရှင်ဟူ၍ မရှိ။ ကယ်တင်ပေးနိုင်သူဟူ၍လည်း မရှိပေ။ ဗုဒ္ဓဘုရား ကိုယ်တိုင်လည်း လူသားတို့အတွက် ကယ်တင်ရှင် မဟုတ်ခဲ့၊ လူသားတို့အတွက် လမ်းညွှန်သူ သာဖြစ်လေ သည်။
ဗုဒ္ဓဘုရားရှင်က-
ချစ်သားတို့၊ သင်တို့ လွတ်မြောက်မှုအတွက် သင်တို့ကိုယ်တိုင် ကြိုးစား အားထုတ်အပ်၏၊ ဘုရားရှင်တို့ မည်သည် လမ်းညွှန် ဟောပြရုံသာ ဟောပြတော်မူနိုင်ကြကုန်၏၊ ဟု ဓမ္မပဒဒေသနာ၌ အတိအလင်း ဟောပြထား၏။
ထို့ပြင် ခန္ဓ၀ဂ္ဂသံယုတ်၊ အတ္တဒီပသုတ်၌လည်း-
ရဟန်းတို့၊ မိမိကိုယ်သာ မှီခိုကြလျက်၊ မိမိကိုယ်ကိုသာ အားထားကြလျက် အခြားတစ်ပါးကို အားမကိုးကြဘဲ တရားကိုသာ မှီခိုကြလျက်၊ တရားကိုသာ အားထားကြလျက် အခြားတစ်ပါးကို အားမထားဘဲ နေကြကုန်လော့၊ ဟု ဟောကြားတော်မူခဲ့သည်။
ဗုဒ္ဓဘုရားက လူသားတစ်ဦး၏ ဘ၀ကို တရားဓမ္မဖြင့်သာ နေထိုင်ကြရန် ဟောကြားခဲ့ သည်။ လူတို့သည် မိမိတို့၏ ဘ၀ကို မိမိတို့ ကိုယ်တိုင်သာ ဖန်တီးသည်။ ကိုယ့်ကံ ကိုယ်ပြု၍ ကိုယ့်အမှု ကိုယ်ဆောင်ကြရသည်။ မိမိဘ၀အတွက် ကောင်းမှု ဆိုးမှုတို့ကို မိမိကိုယ်တိုင်သာလျှင် ဖန်တီးသည်ဟု ဟောကြား၏။ ကောင်းမှု မကောင်းမှုဟူသော သဘောတရားတို့ကိုလည်း ဟောကြားပြသ၏။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated