ဒါနဆိုသည်မှာ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ ဝေငှခြင်း၊ မျှတခြင်း၊ ဖြည့်စွက်ခြင်း၊
ချီးမြှောက်ခြင်း၊ ထောက်ပံ့ခြင်း၊ ကူညီခြင်း၊ လှူဒါန်းခြင်းအနက်ရ၏။ အလှူဒါနဖြစ်မြောက်ရန်
စေတနာဖြင့်ပေးလှူခြင်းသည်လည်း ဒါနမည်၏။ အဘိဓမ္မာနည်း အရ ပေးလှူကြောင်းဖြစ်သော စေတနာနှင့်ယှဉ်သော
အလောဘကိုလည်း ဒါနဟုခေါ်သည်။ ဒါနပြုခြင်းသည် အလောဘ လောလမရှိသောစိတ်ဖြစ်၏။ တွယ်တာမှုကင်းသော
အလောဘ စိတ်ရှိသူ၌သာ ဒါန စင်စစ်ဖြစ်၏။
ဒါနသဘောရှစ်မျိုး
၁။ အလှူခံပုဂ္ဂိုလ်အိမ်သို့လာသည်ဖြစ်၍ လောကဝတ္တရားအရပေးလှူုခြင်း။
၂။ မပေးလှူသည်ရှိသော် အလှူခံပုဂ္ဂိုလ်က အန္တရာယ်ပြုမည်ကို ကြောက်၍ပေးလှူခြင်း၊
(အပါယ်ငရဲကျရောက်ခံရမည့်အရေး အကဲ့ရဲ့ခံရမည့်အရေးကို ကြောက်၍ ပေးလှူခြင်းမျိုးလည်း
အကျုံးဝင်၏)။
၃။ မိမိကပေးလှူသည်ရှိသော် တစ်ဖန်ပြန်၍ သူကလည်းပေးလိမ့်မည်ဟု မျှော်ကိုး၍ပေးလှူခြင်း၊