@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 30 October 2013

တရားတမန် “သပြေကန်တရားပေါင်းချုပ် အမှတ်(၂)”


ဘဝပဒေသာတရားတော်
•••••••••••••••••••••••
ယနေ့ဘုန်းကြီးတို့ သင်္ကန်းအလှူ ဆက်ကပ်လှူဒါန်းကြ ဆွမ်းအလှူတော် ပါဝင်လှူဒါန်းကြ၊ ပစ္စည်းအလှူတော် ပူဇော်လှူဒါန်းကြ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်။ အဲဒီတော့ မိမိတို့ဟာ ရှေးဘဝက ဆည်းပူးခဲ့တဲ့ ကောင်းမှုအထူးရှိခဲ့ဖူးလို့ ယခုလို လူ့ဘဝမှာ လူလာဖြစ်ကြ၊ ထူးခြားတဲ့ လူ့ဘဝရောက်ကြရ၊ လူ့ဘဝရောက်ပြန်တော့လည်း သာသနာမထွန်းကားရာ ရတနာသုံးပါး မရှိရာ အရပ်ဒေသမှာ မဖြစ်ကြရဘဲနဲ့ သာသနာတော် ထွန်းကားရာ ရတနာသုံးပါး ထွန်းကားရာအရပ်မှာ မိမိတို့ ဖြစ်လာကြရတယ်။ ကံကောင်းကြတယ်၊ အဲဒီလို ကံကောင်းကြလို့လူလည်း ဖြစ်လာ၊ ဘုရားရှင် သာသနာတော်ကြီးနဲ့ ကြုံကြိုက်လာကြတဲအခါမျိုးမှာ မမေ့ကြနဲ့လို့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အလိုတော်အတိုင်းပေါ့။ ဘုန်းကြီးတို့ သြဝါဒပေးရတယ်။ မမေ့ကြနဲ့။ လူလည်းဖြစ်လာ ဘုရားပွင့်ရာ အခွင့်အခါကောင်းကြီးနဲ့ ကြုံကြိုက်လာကြတဲ့အခါမှာ မမေ့ကြနဲ့လို့ သတိပေးရတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ နည်းလမ်းအတိုင်းပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ဟာ နေ့တိုင်း နေ့တိုင်း “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” မမေ့ကြနဲ့လို့ မကြာမကြာ သတိပေးတော်မူတယ်။

ချစ်သားတို့၊ အပ္ပမာဒဆိုတဲ့ မမေ့လျော့တဲ့ သတိရားနဲ့ အမြဲတမ်း ပြည့်စုံအောင် ကြိုးစားကြလို့ နေ့တိုင်းနေ့တိုင်း တပည့်သားတွေကို သြဝါဒပေးတော်မူတယ်။ ရှင်တော်ဘုရားဟာ သက်တော်ထင်ရှားရှိတုန်းလည်း အမြဲတမ်း သတိပေးရုံမက နောက်ဆုံးပရိနိဗ္ဗာန်စံတော်မူခါနီးမှာလည်း နောက်ဆုံး စကားအဖြစ်ဖြင့် -
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated