@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 16 February 2014

ဝိပဿနာမလုပ်ရင် အပါယ်ကျမှာလား



ဝိပဿနာအလုပ်တွေ မလုပ်ရင် အပါယ်ကျတော့မှာလား။ ဒါနတွေ ပြုနေတယ်။ သီလတွေ ဆောက်တည်နေတယ်။ သမထတွေပွားနေတယ်။ အဲဒါတွေက သုဂတိမရောက်နိုင်ဘူးလား။

ဝိပဿနာမလုပ်လည်း အဲဒီကုသိုလ်ကောင်းမှုတွေကို သတိရပြီး သေရင် အပါယ်မကျနိုင်ပါဘူး။ သုဂတိကို ရောက်နိုင်ပါတယ်။ ဝိပဿနာမလုပ်တဲ့သူမှန်သမျှ အပါယ်ကျရမယ်လို့ မဆိုလိုပါဘူး။ ဒါနကို သတိရပြီးသေမယ်ဆိုပါစို့။

သခွားသီးတစ်လုံးလှူတာနဲ့ နတ်ပြည်ရောက်နေတဲ့ နတ်သမီးတွေရှိပါတယ်။သရက်သီးတစ်လုံးလှူလို့ နတ်သား။ နတ်သမီးတွေဖြစ်နေတာရှိတယ်။ သည်းခံလို့ နတ်သား။ နတ်သမီးတွေ ဖြစ်နေတာရှိတယ်။ ဝိပဿနာဆိုလို့ တစ်ပြားသားမျှ မပါဘူး။

ချစ်သူကို တရားဟောပါ



မြတ်စွာဘုရားလက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ ခေါ်ပါတယ်။

တစ်နေ့အိမ်တံခါးဝမှာထိုင်ပြီး သမီးကအမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေအများကြီး အိမ်ရှေ့က ဆွမ်းခံကြွသွားတာကို
မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။

“အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ်ရုပ်ရည်အဆင်း လှလှပပရှိပါလျက်နဲ့ ဘာမှလည်း မပျက်ဆီးသေး ဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ”

ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။

“သမီး.. မြတ်စွာဘုရားပွင့်နေတယ်။
မြတ်စွာဘုရားတရားနာကြားပြီးရဟန်းပြုကြတာ”

Friday 14 February 2014

ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး

                 

၁။ သူတစ်ပါးတို့  ရှိခိုးခံထိုက်ခြင်း။

၂။ စိတ်၏ ရဲရင့် တည်ကြည်ခြင်း။

၃။ သေသည်၏ အခြားမဲ့၌ သုဂတိဘ၀ကို ရခြင်း။

၎။ နောင်ဘုရားနှင့် တွေ့ သည့်အခါ သစ္စာလေးပါးကို သိလွယ်ခြင်း။

၅။ အမျိုးမြတ်ခြင်း။

၆။ သူတစ်ပါးတို့ ၏ အရိုအသေအပြုကို ခံရခြင်း။

Thursday 13 February 2014

ပဋ္ဌာန်းတရား မှတ်ဖွယ်များ


(ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏ)
ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏကို ဆဋ္ဌမူအရ ကောက်နှုတ်ဖော်ပြရလျှင် ပါဠိတော် အုပ်ရေ (၅)အုပ်၊ 
စာမျက်နှာပေါင်း (၂၄၆၀)မျက်နှာရှိသည်၊
အသံမစဲ ရွတ်ဖတ်ရန်အချိန် (၁၃၂)နာရီ ကြာသည်။
(ပေယျာလ မြှုပ်ကွက်များကို ဖော်ပြရွတ်ဆိုလျှင် တစ်သက်လုံး ရွတ်ဖတ်၍ မကုန်နိုင်ပါ။)

(ပဋ္ဌာန်း၏ အနက်သဘောနှင့် နက်နဲခြင်း)
ပဋ္ဌာန်း၏ အနက်သဘော (၃)ရပ်ရှိသည်။ ထိုအနက်သဘောများမှာ---
၁။ များစွာသော အကြောင်းတရားတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။
၂။ (၂၄)ပါးသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံ အခြင်းအရာတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။
၃။ သဗ္ဗညုတဉာဏ်တော်၏ မထိမပါး လူးလွန့်မြူးကွန့် ကျက်စားရာဖြစ်ခြင်းတို့ ဖြစ်ပါသည်။

(ပဋ္ဌာန်းတရားတော်၏ နက်နဲခြင်း ၄-မျိုးရှိရာ ထို ၄-မျိုးမှာ)
၁။ ဓမ္မဂမ္ဘီရ=ဝေါဟာရ စကားလုံး၊ ပုဒ်၊ ဝါကျတို့၏ နက်နဲခြင်း။
၂။ အတ္ထဂမ္ဘီရ=အနက်အဓိပ္ပါယ်  သဘော၏ နက်နဲခြင်း။
၃။ ဒေသနာဂမ္ဘီရ=ဟောပုံ ဟောနည်း အစီအစဉ် နက်နဲခြင်း။
၎။ ပဋိဝေဓဂမ္ဘီရ=ထိုးထွင်းသိမြင် ဉာဏ်ပညာ၏ နက်နဲခြင်းတို့ ဖြစ်ပါသည်။

(ပဋ္ဌာန်းတရား ဟောကြားခဲ့ခြင်းနှင့် တန်ခိုးကြီးရခြင်း)
မြတ်စွာဘုရားသည် ဤပဋ္ဌာန်းတရားတော်ကို ဟောကြားခဲ့ခြင်းမှာ---
၁။ မြတ်စွာဘုရားသခင် သက်တော် (၄၂)နှစ်၊ ဝါတော် (၇)ဝါမြောက်တွင် ဟောကြားခဲ့သည်။
၂။ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် ဟောကြားခဲ့သည်။
၃။ နတ်ဗြဟ္မာပရိသတ်အား ဟောကြားခဲ့သည်။
၎။ မယ်တော်မိနတ်သားအား နို့ဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ ဟောကြားခဲ့ခြင်း ဖြစ်သည်။

ပဋ္ဌာန်းတရားတော်သည် အစွမ်းထက်၊ တန်ခိုးထက်သော တရားတော် ဖြစ်ပါသည်။ ဤသို့လျှင် တန်ခိုးကြီးရခြင်းမှာလည်း ဂုဏ်ရည် ၃-ပါးနှင့် ပြည့်စုံသောကြောင့် ဖြစ်ပါသည်။ ထို့ဂုဏ်ရည် ၃-ပါးမှာ---
၁။ သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားဖြစ်ခြင်း။
၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့်တရား ဖြစ်ခြင်း။
၃။ သာသနာ တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီး ဖြစ်ခြင်းတို့မှာ ပဋ္ဌာန်းတရားတော်၏ ဂုဏ်ရည်များ ဖြစ်ပါသည်။

(၂၄)ပစ္စည်းကို လောကဥပမာများနှင့် ပြထားပါသည်။
၁။ ဟေတု ပစ္စယော=အကြောင်းဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
( ရေသောက်မြစ်နှင့် တူ၏)
၂။ အာရမ္မဏ ပစ္စယော=အာရုံဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(တောင်ဝှေး, ကြိုးတန်းနှင့် တူ၏)
၃။ အဓိပတိ ပစ္စယော=အကြီးအကဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(စကြာမင်း အုပ်စိုးပုံနှင့် တူ၏)
၎။ အနန္တရ ပစ္စယော=အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(စကြာမင်း နတ်ရွာသံ၍ သားကြီး အမွေဆက်ခံပုံနှင့် တူ၏)
၅။ သမနန္တရ ပစ္စယော=ကောင်းစွာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(စကြာမင်း တောထွက်၍ သားကြီး အမွေဆက်ခံပုံနှင့် တူ၏)
၆။ သဟဇာတ ပစ္စယော=အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ဆီမီးတောက်လာသော် အလင်းရောင်ဖြစ်ပေါ်လာပုံနှင့် တူ၏)
၇။ အညမည ပစ္စယော=အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။
(သုံးချောင်းထောက်နှင့် တူ၏)
၈။ နိဿယ ပစ္စယော=မှီရာ တည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(သစ်ပင်စိုက်ရာ မှီရာ-တည်ရာ မြေကြီးနှင့် တူ၏)
၉။ ဥပနိဿယ ပစ္စယော=အားကြီးသောမှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မိုးတွင်းရွာချသည့် မိုးကြီးနှင့် တူ၏)
၁၀။ ပုရေဇာတ ပစ္စယော=ရှေးဦးစွာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ကမ္ဘာဦးက နေ,လ တိုနှင့် တူ၏)
၁၁။ ပစ္ဆာဇာတ ပစ္စယော=နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ပေါက်ခါစ လင်းတငယ်လေးများ အစာမျှော်နေပုံနှင့် တူ၏)
၁၂။ အာသေဝန ပစ္စယော=အထပ်ထပ် မှီဝဲအပ်၊ ထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ရှေးရှေးထုံထားအပ်သော နံ့သာ, ရှေးရှေးသင်အံလေ့ကျက်ထားအပ်သော စာပေကျမ်းဂန်တို့နှင့် တူ၏)
၁၃။ ကမ္မ ပစ္စယော=အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မျိုးစေ့နှင့် တူ၏)
၁၄။ ဝိပါက ပစ္စယော=အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ချမ်းအေးသော လေသည် ချမ်းအေးသောအရိပ်၌ နေသူအား ချမ်းအေးစေခြင်းငှါ ကျေးဇူးပြုပုံနှင့် တ)
၁၅။ အာဟာရပစ္စယော=ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ပြိုမည့်အိမ်ကို ထောက်ကန်ထားသည့် ထောက်ကျားနှင့် တူ၏)
၁၆။ ဣန္ဒြိယ ပစ္စယော=အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မှူးမတ်များနှင့် တူ၏။ ပဒေသရာဇ် ဘုရင်နှင့် တူ၏)
၁၇။ ဈာန ပစ္စယော=ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(သစ်ပင်ထိပ်ဖျား,တောင်ထိပ်ဖျားပေါ်သို့ တက်ကြည့်သူနှင့် တူ၏)
၁၈။ မဂ္ဂ ပစ္စယော=ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(လမ်းနှင့် တူ၏။ ကောင်းတဲ့လမ်း မကောင်းတဲ့လမ်း-ဟူ၍ နှစ်မျိုးရှိသကဲ့သို့ မဂ္ဂမည်သော တရားသည်လည်း ကောင်းတဲ့တရား မကောင်းတဲ့တရား ဟူ၍ နှစ်မျိုးရှိသည်)
၁၉။ သမ္ပယုတ္တ ပစ္စယော=ယှဉ်တွဲ၍ ကျေးဇူးပြုတတ်သောတရား။
(စတုမဓု ရောစပ်မှုနှင့် တူ၏)
၂၀။ ဝိပ္ပယုတ္တ ပစ္စယော=မယဉ်မတွဲမူ၍ ကျေးဇူးပြုတတ်သောတရား။
(အချို, အချဉ်, အစပ်, အဖန်, အငန်, အခါး အရသာခြောက်ပါးနှင့် တူ၏)
၂၁။ အတ္ထိ ပစ္စယော=ထင်ရှားရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(မြေကြီး, မြင့်မိုရ်တောင်သည် မြက်, သစ်ပင်တို့အား ထောက်ပံ့ပုံနှင့် တူ၏)
၂၂။ နတ္ထိ ပစ္စယော=ထင်ရှားမရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ဆီမီးငြိမ်းသွားပုံနှင့် တူ၏)
၂၃။ ဝိဂတ ပစ္စယော=ကင်းကွာသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(နေရောင် ကွယ်ပျောက်, လရောင် ရောက်လာပုံနှင့် တူ၏)
၂၄။ အဝိဂတ ပစ္စယော=မကင်းမကွာမူ၍ ကျေးဇူးပြုတတ်သောတရား။
(မဟာသမုဒ္ဒရာ ရေသည် ငါး,လိပ်တို့အား မကင်းမကွာဘဲ ကျေးဇူးပြုပုံနှင့် တူ၏)

ပဋ္ဌာန်းကွယ်လျှင် သာသနာကွယ်လိမ့်မည်။ ပဋ္ဌာန်းတန်ခိုး၊ ပဋ္ဌာန်းအကျိုးများကို လက်တွေ့သိရှိခံစားကြရပါသည်။ မြန်မာပြည် တနံတလျားရှိ   ဗုဒ္ဓဘာသာဝင်တိုင်း မိမိတို့ကျေးရွာ၊ နယ်ပယ်၊ မြို့ပြများတွင် “သက်ဝင်ယုံကြည် သဒ္ဓါမှီပြီး အရှည်ခိုင်မြဲ ပဋ္ဌာန်းပွဲကို ကျင်းပပူဇော်ကြပါက မုန်တိုင်းမမွှေ, ပဋ္ဌာန်းမြေသို့, ဆန်ရေစပါး, ပေါကြွယ်များပြီး, စီးပွားဥစ္စာ, တိုးတက်ကာဖြင့်, ရပ်ရွာအေးချမ်း, ဘေးမသန်းဘဲ, စိတ်ဝမ်းကြည်သာ, ရှိကြမည်မှာ, မလွဲဧကန်, ဖြစ်ပါသည်။

* အတုမရှိ၊ မြတ်မုနိ၏
အဘိဓမ္မာ၊ မြတ်သြဇာတွင်
ရသာဆီနှစ်၊ ပဋ္ဌာန်းဖြစ်၏။
* သာသနာသုံးရပ်၊ မြဲခိုင်မတ်ဖို့
ခံတပ်ဆောက်တည်၊ ပဋ္ဌာန်းစည်ကို
မြည်သံဟိန်းဟိန်း၊ မိုးသို့ခြိမ်းလျက်
စောင့်ထိန်းဘာသာ၊ သာသနာသည်
ကမ္ဘာထွင်း၍ လင်းပါစေ---
ဝဠာချင်း၍ ဝင်းပါစေ---

Wednesday 12 February 2014

မိန်းမလိုက်စားခြင်း၏ ဆိုးကျိုးများ


                    

ဝိဓူရဇာတ်၌ ဝိဓူရပညာရှိအမတ်ကြီးက “မိန်းမလိုက်စားလွန်ကြူးသူ”
များကို
တေဇသင်္ခတံ=အားအစွမ်း၊ တန်ခိုးအစွမ်း ပညာအစွမ်းတို့၏ ကုန်ခမ်းခြင်းကို၊
သမ္ပသံ(သမ္ပသန္တော)=မြော်မြင်သည်ဖြစ်၍၊ဣတ္ထိံ= မိန်းမ ကို၊
ဗဠံ=လွန်လွန်ကြူးကြူး၊နဂစ္ဆေယျ=မသွားလာစေရ။(စေ-ဂစ္ဆေယျ=အကယ်၍သွားလာငြားအံ့။)၊
ခီလာ မေဒေါ=အသွေးအဆီ ကြုံလှီခြောက်ခန်းသည်ဖြစ်၍၊ကာသံ=ချောင်းခြောက် ရောဂါစွဲကပ်ခြင်းသို့ လည်းကောင်း၊ဒရံ=ကိုယ်ပူရောဂါ။ဆီးပူရောဂါ စွဲကပ်ခြင်းသို့လည်းကောင်း၊ ဗာလျံ=အားအင်ကုန်ခန်း နွမ်းရိခြင်းသို့လည်းကောင်း နိဂစ္ဆတိ=ရောက်တတ်၏။ဟုဆုံးမတော်မူဖူးပါတယ်။

မိန်းမလိုက်စား အပျော်ကြူးသောသူသည် ကိုယ်ပိုင်ဇနီးမယားနှင့် မတင်းတိမ်
မရောင့်ရဲနိုင်သည်ဖြစ်၍မြင်သမျှ မိန်းမကို ပူးကပ်သွေးဆောင်တတ်၏။

တစ်ရှုတစ်ရှိုက် ကုသိုလ်၊ နည်းတယ် မထင်ကြနဲ့

                    

ကုသိုလ် တစ်ကြိမ်တစ်ခါ လုပ်ထားရင် အဲဒီကုသိုလ်တွေက
ပျောက်ပျက်မသွားဘူး၊ ဆွေးမြေ့မသွားဘူး။ အနန္တရသတ္တိနှင့် ဒီတစ်ရှူက နောက်တစ်ရှူ၊
နောက်တစ်ရှူက နောက်တစ်ရှူ၊ ဒီကနေ့က နောက်နေ့၊ဒီနှစ်က နောက်နှစ်၊ ဒီဘ၀က နောက်ဘ၀၊
ဆက်ကာဆက်ကာ လက်ဆင့်ကမ်း ကျေးဇူးပြုပြီးသွားတာနိဗ္ဗာန်ရတဲ့ အထိပဲ။
ဆွေးမြေ့သွားတယ်၊ ပျောက်ပျက်သွားတယ်၊ ကုန်ဆုံးသွားတယ် ဆိုတာမရှိဘူး။

မြတ်စွာဘုရားရှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့တဲ့
ဒါန သီလ စတဲ့ ပါရမီကုသိုလ်တွေလည်း သည်အတိုင်းပဲ။ဘုရားဖြစ်တော်မူသည်အထိ အနန္တရသတ္တိ အာသေ၀နသတ္တိနဲ့ ပါလာကြတာ။
ဘုန်းကြီးတို့ ဦးပဉ္ဇင်းတို့ ကုသိုလ်တွေလည်း သည်အတိုင်းပဲ။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated