@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 11 June 2017

ဗုဒ္ဓအဘိဓမ္မာနှင့်သိပ္ပံပညာရပ် (Point of Differences)

မြတ်ဗုဒ္ဓသည် အဘိဓမ္မနှင့်သုတ္တန်တို့တွင် ကြောင်းကျိုးဆက်နွယ်ခွဲခြား ဝေဖန်စိတ်ဖြာသုံးသပ်ရာ၌ သဘောပေါက်နားလည်လွယ်ရန် ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ်ကျသော နည်းလမ်းကို ချမှတ်ထားသည်။ ယင်းနည်းလမ်းတွင် အရေးပါဆုံးအပိုင်းမှာ နှိုင်းယှဉ်လေ့လာသောနည်းဖြစ်သည်။ ဗုဒ္ဓဘာသာသည် ယုံကြည်ကိုးကွယ်မှုဘာသာအယူဝါဒ တစ်ခုမဟုတ်ပါ။ သိပ္ပံပညာရပ်သည် လက်တွေ့လေ့လာမှုကို အသုံးပြုသည်။ ထို့အတူ ဗုဒ္ဓဘာသာသည်လည်း လက်တွေ့လုပ်ဆောင်သည်။ လက်တွေ့စမ်းသပ်သော နည်းလမ်းကြောင့်ပင် ဗုဒ္ဓဘာသာသည် သိပ္ပံပညာရပ်စစ်စစ်ဖြစ်သည်။ ဗုဒ္ဓဘာသာကို ထူးခြားသောသိပ္ပံပညာရပ်စနစ်တခုဟု ဆိုရခြင်းဖြစ်ပါသည်။ အချို့ကစိတ်သိပ္ပံပညာရပ်ဟုလည်း ခေါ်ကြသည်။

ဗုဒ္ဓဘာသာနှင့် သိပ္ပံပညာရပ်တို့၏ ကွဲပြားသောအချက်များမှာ -

(၁) ဗုဒ္ဓဘာသာ၏ သုတေသနယ်ပယ်နှင့်သိပ္ပံပညာရပ်သုတေသနနယ်ပယ်တို့မှာ ကွဲပြားခြားနားကြသည်။ သိပ္ပံသုတေသနများက ရုပ်လောက၏နိယာမတို့ကို သုတေသနပြုကြသည်။ သို့သော် အခြေခံ အမှန်တရားဆိုတာ ဘာလဲ၊ ပြင်ပလောကကို မည်ကဲ့သို့ သိနိုင်သလဲ၊ အဘယ့်ကြောင့် အချို့အချက်များမှန်၍ အချို့အချက်များမှားသလဲ စသည့် အခြေခံမေးခွန်းများနှင့်မပတ်သက်ပေ။ ဗုဒ္ဓဘာသာသည်အခြေခံမေးခွန်းများနှင့် နက်ရှိုင်းစွာ ဆက်စပ်နေသည်။

(၂) အချို့သိပံ္ပပညာရပ်ဆိုင်ရာ သီဝရီများနှင့် (ဆက်နွယ်မှုသီဝရီ such as Theory of Relativity) ဗုဒ္ဓဘာသာရှိအနတ္တတရားများ တူညီမှုရှိသော်လည်း သိပ္ပံသုတေသနသည် ပရမတ္တတရားပေါ်တွင် အခြေမခံပေ။ သိပ္ပံပညာသည် ဆက်စပ်တွေးခေါ်အသိဥာဏ်ဖြစ်သည်။ ပရမတ္တတရားများကို စူးစမ်းမှုနည်းလမ်း ကို ဗုဒ္ဓတစ်ဦးတည်းသာ တီထွင်ခဲ့သည်။ ယင်းမှာ သတိပဋ္ဌာန်ဘာဝနာပွားများခြင်းနှင့် ယင်းသည်လည်း လူတိုင်း ဗောဓိဥာဏ်ရရန်နှင့် နိဗ္ဗာန်ရောက်ရန် မဖြစ်နိုင်ပေ။

(၃) ဗုဒ္ဓဘာသာနှင့် သိပ္ပံနှစ်ခုလုံး လက်တွေ့စောင့်ကြည့်သုတေသနပြုနည်းကို သုံးကြသော်လည်း ဗုဒ္ဓ အသုံးပြုသော အသေးစိတ်နည်းလမ်းများနှင့် လက်တွေ့စောင့်ကြည့်ပုံတို့မှာ ကွဲပြားခြားနားကြသည်။ သိပ္ပံသီဝရီတို့မှာ အချို့သောယူဆချက်များအပေါ်အခြေခံသည်။ ဥပမာ နယူတန်၏ ဆွဲငင်အားနိယာမ (Newton’s Law of Gravitation) မှာ အာကာသထဲတွင် ရွေ့လျားနေသော ရုပ်ဝတ္ထုများ၏ နေရာနှင့် အချိန်သည် ရည်ညွှန်းပါမည်သည့် ရုပ်ဝတ္ထုနှင့်မဆို တူညီကြသည်။ ဤယူဆချက်ကို နောက်ပိုင်းတွင် အိုင်းစတိုင်း၏ ဆွဲငင်အားသီဝရီ (Einstein’s Special Theory of Relativity) ကမှားကြောင်း သက်သေပြသည်။ သိပ္ပံသီဝရီများသည် အချို့ယူဆချက်နှင့် ကောက်ချက်များအတွင်း ခိုင်လုံကြသည်။ သို့သော် ဗုဒ္ဓနည်းလမ်းဖြစ်သော သတိပဋ္ဌာန်ဝိပဿနာကျင့်စဉ်၏ တိုက်ရိုက်ရသော အသိဥာဏ်သည် ယူဆချက်များမပါဘဲ ခိုင်လုံလှသည်။(Scientific theories are valid with the confines of certain assumptions and interpretations. But the direct knowledge, acquired by the Buddhist method of insight meditation of mindfulness is valid without assumptions.

(၄) သိပ္ပံပညာရပ်နည်းလမ်းတွင် အရေးကြီးသော ခြေလှမ်းတစ်ခုမှာ စူးစမ်းလေ့လာသော အချက်များကို ရှင်းပြရန် အနုမာနယူဆချက်များကို ဘောင်ခတ်ထားခြင်းပင်ဖြစ်သည်။ One important step in the scientific method is the framing of hypothese to explain the observed facts. But the Buddhist method of insight meditation in not based on formulation of hypotheses. ဗုဒ္ဓ၏ ၀ိပဿနာနည်းလမ်းမှာ ယူဆချက်များ နည်းလမ်းထုတ်ခြင်းများကို အခြေမခံပေ။ ယင်းသည် လက်တွေ့စောင့်ကြည့်မှု သတိတရား (Sati) နှင့် ဆင်ခြင်ခြင်း reasoning (ဓမ္မ၀ိစယ) တို့ဖြင့် ကျင့်သုံးသောနည်းလမ်းဖြစ်သည်။ ဤစေတသိက်များသည် အခြားဗောဇ္ဈင်္ဂတရားများနှင့် အတူတကွ ရုပ်နှင့် စိတ်ဖြစ်ပျက်မှုတို့အပေါ် အရေးပါသော သုတေသနများပြုလုပ်ကြသည်။ ဤနည်းဖြင့် တစ်စုံတစ်ယောက်သည် တိုက်ရိုက်စောင့်ကြည့်သော (one attatins insight knowledge through the method of direct observation) နည်းလမ်းဖြင့် ၀ိပဿနာဥာဏ်ကို ရလာသည်။ (without any need for formulation of hypotheses) ယင်းသုတေသနကို မည်သည့် အနုမာနယူဆချက်များမပါဘဲ ဆက်လုပ်နိုင်သည်။

(၅) သဘာဝသိပ္ပံပညာရပ်က ရုပ်လောက၏ ဖွဲ့စည်းပုံနှင့် နိယာမတရားနှင့် စကြာဝဠာကို လေ့လာသည်။ သို့သော် ယင်းသည် နာမ်လောကကို မလေ့လာပေ။ ဗုဒ္ဓဘာသာသည် သူ့အပိုင်းမှ ရုပ်လောကကိုလည်းကောင်း၊ နာမ်လောကကိုလည်းကောင်း ပရမတ္တတရား ရှုထောင့်မှ လေ့လာသည်။ အဘိဓမ္မသည် စိတ်ကို ခွဲခြမ်းစိတ်ဖြာရာ၌ အလွန်ကျယ်ဝန်းသည်။ အလွန်ကျယ်၍ အလွန်စနစ်ကျသောကြောင့် အနောက်တိုင်းသားတို့က ဗုဒ္ဓဘာသာကို စိတ်သိပ္ပံပညာရပ် (mental science) အဖြစ် ကိုးကားကြကုန်သည်။

(၆) သိပ္ပံပညာသည် လူသားတို့၏ဒုက္ခခပ်သိမ်းကင်းငြိမ်းရန် ကိုယ်ကျင့်တရားကျင့်စဉ်စနစ်ကို မချမှတ်ခဲ့ပေ။ ဗုဒ္ဓဘာသာသည် ထိုအပိုင်းကို ကိုယ်ကျင့်တရားဆိုင်ရာစနစ်တစ်ခု သို့မဟုတ် သိက္ခာသုံးရပ်ဖြစ်သော သီလ၊ သမာဓိ၊ ပညာကျင့်စဉ်တို့ကိုချမှတ်၍ ယင်းသည် လူသားတို့ဒုက္ခငြိမ်းစေရေး နိဗ္ဗာန်သို့ ရည်ညွှန်းသည်။

Conclusion
ဗုဒ္ဓအဘိဓမ္မာနှင့်ဆက်နွယ်မှုသီဝရီတို့အကြား ထိရောက်သောတူညီချက်များရှိကြသည်။
Particularly, points relating to
- Relativity of realities; အမှန်တရားတို့ ဆက်နွယ်မှု
- Relativity of truths; သစ္စာတရားတို့ ဆက်နွယ်မှုတို့ဖြစ်ကြသည်။

Up till now, science has studied only one type of matter i.e. gross matter that makes up this universe, stars, planets and living beings in it.
ယခုချိန်ထိ သိပ္ပံပညာရပ်သည် ရုပ်လောကတစ်ခုတည်းသာ လေ့လာသည်။ ဥပမာ ရုပ်ဝတ္ထုကြမ်းတွင် ပါဝင်သော စကြာဝဠာ၊ ကြယ်တာရာ၊ ဂြိုဟ်များနှင့် ယင်းအတွင်းနေထိုင်သော သတ္တ၀ါတို့ ဖြစ်ကြသည်။

ဗုဒ္ဓအဘိဓမ္မာနှင့် သိပ္ပံပညာရပ်အကြား တူညီသော၊ ကွဲပြားသော အချက်များကို သိမြင်နိုင်လောက်ပေပြီ။ ဗုဒ္ဓအဘိဓမ္မက အသိပညာကို မည်သည်နည်းလမ်းဖြင့် ရယူနိုင်ကြောင်းလည်း သိမြင်နိုင်ပေပြီ။ (ဥပမာ စိတ်ကို အသေးစိတ်လေ့လာခြင်းနှင့် စိတ်အေးငြိမ်းမှုရစေရန် ဗုဒ္ဓကိုယ်ကျင့်တရားစနစ်) ယင်းကို သိပ္ပံပညာတွင် မရနိုင်ပါ။

Credit to original uploader

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated