@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 12 March 2015

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၅) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ဃ)}



သတိထားရမယ့် အချက်တစ်ခု အပိုင်း(ဃ)
                   ဇောကိစ္စကို ဆောင်ရွက်တဲ့ စိတ်ပေါင်းက ၅၅-ခု ရှိတယ်၊ ကုသိုလ်တွေမှန်သမျှ ဇောကိစ္စ ဆောင်ရွက်တယ်၊ အကုသိုလ်တွေ မှန်သမျှမှာ ဇောကိစ္စ ဆောင်ရွက်တယ်၊ နောက်ပြီးတော့ ရဟန္တာသန္တာန်မှာ ဖြစ်ပေါ်တဲ့ ကြိယာ လို့ခေါ်တဲ့ ကုသိုလ်တဖြစ်လဲ ကြိယာစိတ်တွေက ဇောကိစ္စ ဆောင်ရွက်ကြတယ်။ ဖိုလ်စိတ် တွေကလည်း ဇောကိစ္စကို ဆောင်ရွက်ကြတယ်။ ကျန်တဲ့ ဝိပါတ်စိတ်တို့ဆိုတာ ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။ ကြိယာစိတ်တွေထဲ ကလည်း ခုနက အာရုံဘက်ကို ဦးလှည့်ပေးတဲ့စိတ်, အာရုံကို ဆင်ခြင်ပေးတဲ့ အာဝဇ္ဇန်းစိတ်တွေကလည်း ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။
                   ဒါဖြင့် ဇောဆိုတာ ဘာကို ပြောတာတုန်း? ဋီကာကျော်ကျမ်းက ဘယ်လိုအဓိပ္ပါယ် ရှင်းပြတုန်းဆိုရင် ဇောကိစ္စ ဆိုတာ အာရုံပေါ်မှာ ဖြစ်ပေါ်လာတဲ့ အာရုံကို တစ်ကြိမ်ဖြစ်စေ အကြိမ်များစွာ ဖြစ်စေ၊ အရှိန်အဟုန်နဲ့ လျင်မြန်တဲ့ အနေအထားအားဖြင့် ဖြစ်တဲ့သဘောကို ဇောကိစ္စလို့ ဒီလိုရေးတယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၄) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ဂ)}



သတိထားရမည့်အချက်တစ်ခု အပိုင်း(ဂ)
ကောင်းပြီ၊ စိတ်ဟာ အာရုံတွေနဲ့ ဖြစ်ပေမယ့် စိတ်တိုင်း စိတ်တိုင်းဟာ အာရုံအားလုံးကို ရယူနိုင်စွမ်းမရှိပါဘူး၊ သူလက်လှမ်းမှီသလောက်ပဲ သူ ယူလို့ရတယ်၊ လူတွေရဲ့ ပကတိ မျက်စိလိုပဲ၊ မျက်စိရှိပေမယ်လို့ မျက်စိရှိတိုင်း အကုန်လုံး မြင်နိုင်စွမ်းရှိတာ မဟုတ်ဘူး၊ တစ်ဦးနဲ့တစ်ဦးလည်း မြင်နိုင်စွမ်းချင်း မတူဘူးပေါ့၊ သူ့အတိုင်းအတာ နယ်ပင်အတွင်းမှာသာ မျက်စိက အမြင်အာရုံတစ်ခုကို ယူနိုင်တယ်၊ နားကလည်း သူ့အတိုင်းအတာ နယ်ပယ်တစ်ခု အတွင်းမှာသာ ဖမ်းယူနိုင်စွမ်းရှိတယ်၊ နှာခေါင်းကလည်း အတိုင်းအတာ အတွင်းမှာရှိတဲ့ အနံ့ကိုသာ ဖမ်းယူနိုင်စွမ်းရှိတယ်၊ အဲဒီတော့ လူတွေ လက်လှမ်းမှီတဲ့ အာရုံတွေ ဆိုတာလည်း ရှိတယ်၊ စိတ်တွေမှာလည်း လက်လှမ်းမမှီတဲ့ အာရုံမပြုနိုင်တဲ့ အာရုံတွေ ရှိနေတယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၃) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(ခ)}



သတိထားရမည့်အချက်တစ်ခု အပိုင်း(ခ)
                   နေ့စဉ်နဲ့အမျှ လူတွေဟာ ဒီအာရုံတွေနောက် လိုက်နေကြတာ၊ လူတွေရဲ့စိတ်ဟာ ဘယ်အာရုံနဲ့ ပျော်နေတုန်းဆိုတော့ အမြင်အာရုံနဲ့ ပျော်တယ်၊ အသံအာရုံတွေနဲ့ ပျော်တယ်၊ အသံဆိုတာ အမျိုးစုံလုပ်ပြီး ပျော်တယ်လေ။ ရိုးရိုးတန်းတန်း အသံမှာ မပျော်ရတဲ့အခါကျတော့ Hip Hop ဆိုတဲ့ အသံနဲ့ ပျော်တယ်၊ လူ့စိတ်ဟာ တော်တော်ဆန်းတယ်၊ ဂျိမ်းဂျိမ်း ဆိုတာမှ နားထောင်ချင်တယ်၊ အဲဒီလို လူရဲ့စိတ်ဟာ မျက်စိနဲ့မြင်ရတဲ့ အာရုံနဲ့ ပျော်တယ်၊ အမျိုးမျိုးကြည့်တယ်၊ အမျိုးမျိုး ဖန်တီးယူတယ်၊ ကြည့်လေ - ဒီဇိုင်းတွေ ထုတ်လုပ်လို့ကို မလောက်ဘူး၊ ဘာဖြစ်လို့ဆုန်းဆိုတော့ ဒီအဆင်ကလေးက လှတယ်၊ ဒီအကွက်ကလေးက လှတယ်၊
 ဒီ ဒီဇိုင်းကလေးက လှတယ်နဲ့ ဆိုပြီးတော့ ဒီဇိုင်းလှတာကို လိုက်ရှာပြီးတော့ မျက်စိက ကြိုက်တြ့အရောင်လုက်ရှာနော၊ အရောင်ဆို အမျိုးမျိုးစပ်ပြီးတော့၊ ဒီအရောင်က အနီရဲကြီး, မကြိုက်ဘူး၊ အနီလေးနဲ့ ဘာလေးနဲ့ စပ်ထားမှ၊ စပ်တဲ့ အရောင်တွေ လိုက်ရှာ၊ ဆုံးကို မဆုံးနိုင်ဘူး၊ ဒီအာရုံတွေပေါ်မှာ လိုက်စားနေပုံကိုကြည့်၊ အသံဆိုရင်လည်း အမျိုးမျိုး၊ ရိုးရိုးအသံဆိုရင် နားမထောင်ချင်ဘူး၊ ခုန ဂျောင်းဂျောင်းဂျိမ်းဂျိမ်း အသံဆိုရင် တစ်ကိုယ်လုံးတောင် လှုပ်လာလိမ့်ဦးမယ်၊ ခေါင်းကလေးတွေငြိမ့်၊ ခေါင်းငြိမ့်ရုံတင် မကဘူး၊ တစ်ကိုယ်လုံးတောင် ရမ်းထွက်လာတယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၂) {သတိထားရမယ့် အချက်တစ်ခု၊ အပိုင်း(က)}




သတိထားရမယ့် အချက်တစ်ခု (က)
                   စာမျိုးစုံဖတ်တဲ့ ပုဂ္ဂိုလ်ဟာ တစ်ခါတစ်ရံကျတော့ အန္တရာယ်ရှိတယ်၊ အန္တရာယ်ဆိုတာ အတွေးမျိုးစုံနဲ့ ရေးထားတဲ့ စာတွေပေါ့။ ဘာသာတရားကို လေ့လာတယ် ဆိုတဲ့နေရာမှာ မှန်ကန်တဲ့ တင်ပြချက်တွေကို လေ့လာရင် အကြောင်းမဟုတ်ဘူး။ မမှန်မကန် ဟောပြောချက်တွေကို လေ့လာမိလို့ မိမိက စာလည်း မစုံသေးဘူး, အတွေးအခေါ် ရင့်သန်မှုလည်း မရှိသေဘူးဆိုရင် လွဲမှားသွားနိုင်သေးတယ်။ 
ဒါလည်း သတိထားရမယ့် အချက်တစ်ခုပဲ၊ စာမစုံသေးရင် အရှိကို မှတ်ထားဖို့လိုသေးတယ်၊ တကယ့်မူရင်းကျမ်းက  ဘယ်လိုဆိုတယ်ဆိုတာ မှတ်သားထားရမယ်။ သဘောမကျသေးရင် သဘောကျအောင် ကြံစည်ရမယ်၊ ဒီလိုမှ မဟုတ်ရင် မှန်ကန်တဲ့ လမ်းကြောင်းက လွဲထွက်သွားနိုင်တယ်။ အဲဒီတော့ ရူပဆိုတဲ့ စက္ခုဝိညေယျာ မျက်စိဖြင့် မြင်ပြီးတော့ သိရတဲ့ရုပ် ဆိုတာကို ရှိတယ်ပေါ့။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁၁) {(အခန်း - ၃) စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ}



(အခန်း - ၃)
စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ
                   ဘုန်းကြီးတို့ စိတ်ဖြစ်ပုံကို လေ့လာခဲ့ကြပြီ၊ စိတ်ဆိုတာ အဖြစ်တရား၊ အာရုံနဲ့ ဝတ္ထုတို့ ပေါင်းဆုံမှုကြောင့်  စိတ်တွေဖြစ်ပေါ်လာတယ်၊ အဲဒီလို ဖြစ်ပေါ်လာပြီးနောက် စိတ်တွေဟာ ဘာနဲ့ စခန်းသွားနေသလဲဆိုရင် အာရုံနဲ့ စခန်းသွားနေတယ်။ ဒီလို အာရုံနဲ့ စခန်းသွားတဲ့နေရာမှာ စိတ်တစ်မျိုးစီ တစ်မျိုးစီမှာ ဆောင်ရွက်တဲ့ ကိစ္စတွေလည်း ကွဲပြားခြားနားမှုတွေ ရှိတယ်။ အဲဒီအကြောင်းကို ဒီကနေ့ လေ့လာရမယ် စိတ်ရဲ့အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ တဲ့။
                   စိတ်လို့ ဆိုလိုက်ရင် အဘိဓမ္မာသင်ထားတဲ့ ပုဂ္ဂိုလ်တွေက စိတ် ၈၉-မျိုး, အကျယ် ၁၂၁၊ စေတသိက် -၅၂ ဆိုတာ သဘောပေါက်ပြီးသား ဖြစ်သွားပြီ။ ဒီနေရာမှာ စိတ် -၈၉ စေတသိက်-၅၂ … အားလုံးကို ရည်ညွှန်းပြီးတော့ စိတ်ရဲ့အာရုံများလို့ ပြောတာ၊ အာရုံနဲ့ ဝတ္ထု ပေါင်းဆုံလိုက်သည့် အတွက်ကြောင့် လူတွေရဲ့သန္တာန်မှာ မှီရာဝတ္ထုရုပ်ကနေပြီးတော့ စိတ်တွေဖြစ်ပေါ်လာကြတယ်။ အဲဒီ ဖြစ်ပေါ်လာတဲ့ စိတ်တွေဟာ ဘာနဲ့ အလုပ်လုပ်ကြသလဲ၊ ဘာနဲ့ ဆက်သွယ်နေကြသလဲဆိုတာကို သိဖို့ အင်မတန် အရေးကြီးတယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၁ဝ) {မနေဒွါရ အရ} အပိုင်း(ဂ)


မနောဒွါရ အရ အပိုင်(ဂ)
                   နောက်ဆက်လာတဲ့ သမ္ပဋိစ္ဆိုင်းစိတ်ကျတော့ ဘယ်သူ့ကို မှီသလဲဆိုတော့ ဟဒယဝတ္ထုကို မှီတယ်၊ နောက် သန္တီရဏစိတ်ကလည်း ဟဒယဝတ္ထုကိုမှီတယ်၊ ဝုဋ္ဌောစိတ်ကလည်း ဟဒယဝတ္ထုကို မှီတယ်၊ ဇောစိတ်တွေကလည်း ဟဒယဝတ္ထုကိုပဲ မှီတယ်၊ တဒါရုံကလည်း ဟဒယဝတ္ထုကိုပဲ မှီတယ်။ အဲဒီ စိတ်ဖြစ်စဉ်ထဲမှာ စက္ခုဝတ္ထုကို မှီဖြစ်တဲ့စိတ်ကလေးဟာ စက္ခုဝိညာဏ်စိတ် တစ်ခုတည်းပဲရှိတယ်၊ အဲဒီတော့ စက္ခုဝိညာဏ်စိတ်လေးတစ်ခုပဲ စက္ခုဝတ္ထုကို မှီပြီးတော့ ဖြစ်လာတယ်။ ကျန်စိတ်တွေက ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်တယ်။ ဒီနေရာမှာ ဝတ္ထုနှစ်ခုက ဆက်သွယ်နေတယ်ဆိုတာ ထင်ရှားတယ်နော်။ အာရုံတစ်ခုမှာ ဖြစ်လာတဲ့ အခါ ဆက်သွယ်မှု ရှိနေတယ်ဆိုတာ ထင်ရှားတယ်။
                   ထို့အတူပဲ သောတဝိညာဏ်စိတ် ၂-ခုက သောတဝတ္ထုကို မှီပြီး ဖြစ်တယ်၊ ဃာနဝိညာဏ်စိတ် ၂-ခုက ဃနဝတ္ထုကိုမှီပြီးဖြစ်တယ်၊ ဇိဝှါဝိညာဏ်စိတ် ၂-ခုက ဇိဝှါဝတ္ထုကို မှီပြီးဖြစ်တယ်၊ ကာယဝိညာဏ်စိတ် ၂-ခုက ကာယဝတ္ထုကို မှီပြီဖြစ်တယ်၊ ကာယဝိညာဏ်စိတ် ၂-ခုက ကာယဝတ္ထုကို မှီပြီးဖြစ်တယ်၊ ကျန်တဲ့ စိတ်တွေ အားလုံးက ဟဒယဝတ္ထုကို မှီပြီးဖြစ်တယ်၊ ဘုံဘဝနဲ့တွက်လိုက်မယ်ဆိုရင် အရူပဘုံမှာဖြစ်တဲ့ အရူပဝိပါတ်စိတ် ၄-ခုက ဘယ်ဝတ္ထုရုပ်ကိုမှ မမှီဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူ့မှာ မှီစရာ ရုပ်မရှိဘူး၊ ဝတ္ထုရုပ်ကို မမှီဘဲနဲ့ ဖြစ်တယ်လို့ ဒီလို နားလည်ရမှာပေါ့။ သရုပ်အနေနဲ့ နားလည်အောင် အဘိဓမ္မတ္ထ သင်္ဂဟကျမ်းကို ဆက်လက်လေ့လာ မှတ်သားမှ ပိုပြီးရှင်းမယ်၊ အခုဟာက နာလည်းရုံ apply လုပ်ပြီးတော့ ပြတာ။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၉) {မနေဒွါရ အရ} အပိုင်း(ခ)


မနောဒွါရ အရ အပိုင်း(ခ)
                   အဲဒီစိတ်တွေဟာ စက္ခုဒွါရိကစိတ် = စက္ခုဒွါရ၌ ဖြစ်သောစိတ် လို့ဆိုတယ်။ သို့သော် စက္ခုဒွါရ၌ ဖြစ်တယ်ဆိုပေမယ့် စက္ခုဝတ္ထုကို မှီတယ်လို့ ဒီလိုပြောတာ မဟုတ်ဘူးနော်၊ ဆိုလိုတဲ့ အဓိပ္ပါယ်က စက္ခုဒွါရ၌ ဖြစ်တယ်ဆိုတာ စက္ခုဒွါရ မျက်စိတံခါးကနေ ဝင်ရောက်ဆက်သွယ်တဲ့ အာရုံနဲ့အလုပ်လုပ်တဲ့ စိတ်တွေလို့ ဒီလိုအဓိပ္ပါယ်ရတယ်။ အဲဒီအဓိပ္ပါယ်က ပိုပြီးတော့ ရှင်းလင်းမှုရှိတယ်။ ဒီဒွါရမှာ ဖြစ်တယ်ဆိုရင် မျက်လုံးပေါ်မှာ ဖြစ်တယ်လို့ ထင်နေလိမ့်မယ်၊ မျက်လုံးနဲ့ဖြစ်တာ မဟုတ်ဘူး၊ ဒီစိတ်တွေအားလုံးဟာ အာရုံနဲ့ဆက်သွယ်တာ၊ ဆက်သွယ်လို့ သူတို့ပေါ်လာတာ၊ ပေါ်လာပြီးတော့ အာရုံနဲ့ အလုပ်လုပ်ကြတာ၊ လူရဲ့စိတ်ဟာ အာရုံတစ်ခုဖြစ်ရင် ထိုအာရုံနဲ့ အလုပ်လုပ်တာပဲလေ၊  မျက်စိက တစ်ခုခုမြင်လိုက်ရင် အဲဒီ မြင်တဲ့အာရုံနဲ့ အလုပ်,လုပ်တယ်၊ နားက အသံလေးတစ်ခုကြားရင် အဲဒီ အသံအာရုံနဲ့ အလုပ်လုပ်တာ မဟုတ်လား၊ (အဖြေမတွေ့မချင်း လိုက်နေတာလေ၊ ဘာသံပါလိမ့် ဘာသံပါလိမ့်နဲ့  သွားနေမှာပဲ၊ မကျေနပ်မချင်း၊ အနံ့ဆိုလည်း ဘာအနံ့ပါလိမ့်နဲ့ လိုက်နေမှာပဲ၊ အာရုံနဲ့ အလုပ်လုပ်နေတယ်လို့ပြောတာ) ပြီးသွားလို့ရှိရင် နောက်အာရုံတစ်ခု ပြောင်းသွားပြန်ရော။
    

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၈) {မနေဒွါရ အရ} အပိုင်း(က)



မနောဒွရ အရ အပိုင်း(က)
                   မနောဒွါရံ ပန ဘဝင်္ဂံန္တိ ပဝုစ္စတိ  ဘဝင်စိတ်ကို မနောဒွါရလို့ ခေါ်တယ် လို့ အဘိဓမ္မတသင်္ဂကျမ်းက ဆိုတယ်။ ဘဝင်စိတ်တွေ အများကြီးထဲက ဘယ်ဘဝင်စိတ်တုန်းဆိုတော့ ခုနက ဋီကာကျော်ကျမ်းက ဘယ်လိုပြောတုန်းဆိုရင် အာဝဇ္ဇန်းရဲ့ ရှေ့ကဖြစ်တဲ့ ဘဝင်လို့ဆိုတယ်။ ဝီထိချကြည့်လိုက်ရင် အတီတ ဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ ပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်း၊  အဲလိုလာတော့ ပဉ္စဒွါရာဇ္ဇန်းရဲ့ ရှေ့မှာရှိတဲ့ ဘဝင်ဆိုတာ ဘဝင်္ဂုပစ္ဆေဒ ဖြစ်တယ်။ ပြတ်တဲ့ဘဝင်ကို သူက mind door လို့ ဒီလို ပြောချင်တာ။ ဘာဖြစ်လို့လဲဆိုရင် မနအရ အာဝဇ္ဇန်းစသော စိတ်တွေယူပြီးတော့ အဲဒီစိတ်ရဲ့ ဝင်ရာဖြစ်သောကြောင့် မနေဒွါရ (စိတ်တံခါး, စိတ်ရဲ့အဝ)လို့ ဒီလိုဖွင့်တာ။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၅) {အခန်း - ၂ စိတ်ဖြစ်ပုံကို လေ့လာခြင်းအကြောင်း (၂)}



အခန်း - ၂
 
စိတ်ဖြစ်ပုံကို လေ့လာခြင်းအကြောင်း (၂)
                   မနေ့က စိတ်ဆိုတာ အဖြစ်တရား၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ခေါ်တုန်းဆိုရင် အကြောင်းတရားတွေကို မှီပြီး အကြောင်းတရားတွေ ဆုံစည်းမှ ဖြစ်လာတာ ဖြစ်သောကြောင့် အဖြစ်တရားလို့ ပြောခဲ့တယ်။ ဖြစ်ပြီးလို့ရှိရင်လည်း စိတ်ဟာ ချက်ချင်း ချုပ်ပျက်ပြီး သွားလေ့ရှိတယ်၊ စိတ်က အဖြစ်တရားဆိုတော့ အကြောင်းတရားတွေ ဆက်လက်ရှိနေသေးသမျှ ဒီစိတ်ဟာလည်း ဆက်လက် ဖြစ်နေမှာပဲ၊ သံသရာထဲမှာ စဉ်ဆက်မပြတ် အကြောင်းတရားတွေ ရှိနေသည့်အတွက် စိတ်ဟာလည်း ဆက်လက်ဖြစ်ပေါ်နေတမှာပဲ။ ဘဝသံသရာမှာ အကြောင်းတရား ရပ်သွားတာနဲ့ တစ်ပြိုက်နက် စိတ်ဖြစ်မှုဟာလည်း ရပ်တန့်သွားမှာဖြစ်တယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၄) {ဝတ္ထုနဲ့ အာရုံဆုံခြင်း}




ဝတ္ထုနဲ့ အာရုံဆုံခြင်း
                   ဝတ္ထုနဲ့ အာရုံ ဆုံလိုက်တာနဲပ တစ်ပြိုင်နက် စိတ်ကလေျးွှေ ပေါ်လာတယ်။ ဒါက အဓိကအကြောင်းတစ်ခုကိပြောတာ။ ဒိပြင် အကြောင်းတွေလည်း ရှိသေးတယ်၊ အာရုံနဲ့ ဝတ္ထု ဆုံစည်းခြင်းသည် ဒါ common condition, common cause အားလုံးနဲ့ ဆိုင်တဲ့အကြောင်းအရာတစ်ခု။
                   အဲဒီတော့ ဘယ်စိတ်တွေ ဘယ်လိုပေါ်လာတာလဲ ဆိုတာကြည့်၊ ဥပမာ- မျက်စိနဲ့မြင်စရာ အာရုံလေးနဲ့ ဆုံလိုက်ပြီ ဆိုလို့ရှိရင် ပဉ္စဒါရာဝဇ္ဇန်း ကစပြီး မြင်သိစိတ်တွေ ဖြစ်သွားတယ်၊ အမြင်အာရုံပေါ်မှာ ဖြစ်တဲ့စိတ်ကို စက္ခုဝိညာဏ်စိတ်လို့ ပြောတာ၊ သို့သော် အမြင်အာရုံပေါ်မှာ အလုပ်လုပ်တဲ့စိတ်က စက္ခုဝိညာဏ်စိတ် တစ်ခုတည်း မဟုတ်ဘူး၊ စက္ခုဝိညာဏဝီထိစိတ်တွေ အားလုံးဟာ အမြင်အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ နားလည်အောင်ပြောရမယ် ဆိုရင် မျက်စိကို အမြင်အာရုံလေး လာဆုံလိုက်တာနဲ့ တစ်ပြိုင်နက် ထိုပေါ်လာတဲ့ အာရုံလေးကို တံခါးဖွင့်ပေးတဲ့စိတ်က ပဉ္စဒါရာဇ္ဇန်းစိတ် attention လုပ်လိုက်တာ၊ Attention လုပ်ပြီးရင် ပျောက်သွားပြီ၊ သူ့တာဝန် ပြီးသွားပြီ။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၃) {စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး၊ အာရုံ ၆-ပါး}


စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး
                   ဒီနေရာမှာ ဝတ္ထု ဆိုတာ စိတ်ရဲ့တည်ရာမှီရာ ရုပ်သဘာဝတရားတွေကို ခေါ်ပါတယ်၊ ခုနတုန်းက စောင်းသံလေးဟာ ဘယ်က လာတုန်းဆို စောင်းကြိုး, စောင်းအိုးက လာတာဆိုတော့ စောင်းအိုးစောင်းကြိုးသည် စောင်းသံရဲ့ တည်ရာဖြစ်တယ်၊ စည်သည် စည်သံရဲ့ တည်ရာဖြစ်တယ်။
                   ဒီလိုပဲ စိတ်ရဲ့တည်ရာ ဝတ္ထုရုပ်ဟာ ၆-မျိုး ရှိတယ်၊ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်လိုက်ရင် မှတ်ဖိုပလွယ်ပါတယ်၊ အရပ်ခေါ်နဲ့ပဲ ပြောလိုက်ပေါ့၊ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်နဲ့ ဟဒယဝတ္ထု, ဃနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထု - ဒါ စိတ်ရဲ့ မှီရာတည်ရာ ဝတ္ထုရုပ် ၆-ပါးလို့ ခေါ်တယ်၊ ရုပ်ကိုမှီပြီး စိတ်ဖြစ်တယ် ဆိုတဲ့သဘောကို ပြောတာ။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၃) {စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး၊ အာရုံ ၆-ပါး}



စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး
                   ဒီနေရာမှာ ဝတ္ထု ဆိုတာ စိတ်ရဲ့တည်ရာမှီရာ ရုပ်သဘာဝတရားတွေကို ခေါ်ပါတယ်၊ ခုနတုန်းက စောင်းသံလေးဟာ ဘယ်က လာတုန်းဆို စောင်းကြိုး, စောင်းအိုးက လာတာဆိုတော့ စောင်းအိုးစောင်းကြိုးသည် စောင်းသံရဲ့ တည်ရာဖြစ်တယ်၊ စည်သည် စည်သံရဲ့ တည်ရာဖြစ်တယ်။
                   ဒီလိုပဲ စိတ်ရဲ့တည်ရာ ဝတ္ထုရုပ်ဟာ ၆-မျိုး ရှိတယ်၊ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်လိုက်ရင် မှတ်ဖိုပလွယ်ပါတယ်၊ အရပ်ခေါ်နဲ့ပဲ ပြောလိုက်ပေါ့၊ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်နဲ့ ဟဒယဝတ္ထု, ဃနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထု - ဒါ စိတ်ရဲ့ မှီရာတည်ရာ ဝတ္ထုရုပ် ၆-ပါးလို့ ခေါ်တယ်၊ ရုပ်ကိုမှီပြီး စိတ်ဖြစ်တယ် ဆိုတဲ့သဘောကို ပြောတာ။
                   စိတ်နဲ့ရုပ်ဟာ အပြန်အလှန်အကျိုးပြုလျက်ရှိတယ်၊ သို့သော် ရုပ်ကိုမမှီဘဲနဲ့ ဖြစ်နိုင်တဲ့စိတ်တွေလည်း ရှိသေးတယ်၊ လူ့ပြည်မှာတော့ မရှိဘူး၊  ရုပ်မဲ့ဘုံ စိတ်ချည်းသက်သက်ဖြစ်တဲ့ဘုံ၊ အရူပ ၄-ဘုံမှာ ဆိုရင် မှီရာဝတ္ထုရုပ်မရှိဘဲ ဖြစ်တယ်။

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၂) {ရုပ်နဲ့ နာမ်က အဖြစ်တရား၊ စိတ်ဖြစ်ပုံ အကျဉ်း}



ရုပ်နဲ့ နာမ်က အဖြစ်တရား
ကောင်းပြီ - နိဗ္ဗာန်ဟာ အရှိတရား၊ အခုပြောတဲ့ စိတ်, စေတသိတ်, ရုပ် ဆိုတဲ့ နာမ်က အဖြစ်တရားလို့ ဒီလိုပြောတယ်၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ပြောသလဲဆို၊ ကြည့် - ခုနက ဖယောင်းတိုင်မီးလေးကို ဘယ်သူက မွေးဖွားပေးလိုက်လဲ ဆိုရင် အကြမ်းဖျဉ်းပြောမယ်ဆိုရင် မီးခြစ်ဘူးကနေ မွေးဖွားပေးလိုက်တာ၊ မီးခြစ်ဘူးလေး သို့မဟုတ် ဂက်စ်မီးခြစ်ကို ခြစ်လိုက်ရင် မီးတောက်လေး မဖြစ်ဘူးလား၊ အဲဒီ မီးတောက်လေးကို ဖယောင်းတိုင်မှာ ရှိတဲ့ မီးစာလေးကို ကူးပေးလိုက်တာ၊
ဂက်စ်မီးခြစ်မှာ ရှိနေတုန်းက မီးတောက်လေးဟာ ဂက်စ် ဆိုတာရယ်,ဘီးလုံးလေးရဲ့ သံရယ်, အဲဒီ ဘီးလုံးကို ဖိပွတ်မှုကြောင့် အပူဓာတ် ဖြစ်တာရယ်, လူတစ်ယောက်ရဲ့ ဖိအားရယ် အဲဒီ အကြောင်းသုံးခု ပေါင်းစုံမှုကြောင့် မီးတောက်လေး ပေးလာတယ်၊ အဲဒီ မီးတောက်လေးကို ဘယ်ဟာတွေက ဆက်ပြီးတော့ ထောက်ပံ့ကူညီနေသလဲ ဆိုရင် ဖယာင်းတိုင်မှာရှိတဲ့မီးစာနဲ့ ဖယောင်းဆီက ဆက်ပြီးတော့ ကူညီနေတယ်၊ အကြောင်းတွေက ထောက်ပံ့နေတာ မဟုတ်လား။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated