@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 6 May 2015

နေရာတကာ မနောက်လေနဲ့ ... ခုဇ္ဖုတ္တရာ





နေရာတကာ မနောက်လေနဲ့ ... ခုဇ္ဖုတ္တရာ
မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာဝတီမိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မ တစ်ယောက်ရှိ၏။ ၎င်းအမည်မှာ ခုဇ္ဖုတ္တရာ (ခါးကုန်း) မည်၏။ ၎င်းအား မိဖုရားမှ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။ တစ်နေ့ ပန်းသည်၏ အိမ်၌ မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ် ကြုံကြိုက်၍ ပန်းဝယ်လာသူ ကျွန်မသည် တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေသော် အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန် တည်လေ၏။

သူဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ဗဟုသုတ ဧတဒဂ် ရပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါးရဲ့ ခိုင်းဖတ် ကျွှန်ဖြစ်နေရပြီး ခါးကုန်းနေပါတယ်။ ဘာကြောင့် ဖြစ်ရတာလည်း လို့ မေးစရာရှိပါတယ်။
သူဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက သူဌေးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။ ညနေခင်း ရေချိုးပြီး တဲ့အချိန် သနပ်ခါးလူးပြီးတော့ မှန်ရှေ့မှာ အလှပြင်နေတယ်။ အဲဒီအချိန်မှာ ရဟန္တာ ဘိက္ခူနီမတစ်ပါး၊ အိမ်ရောက်လာတယ်။ ဘိက္ခုနီမ ရောက်လာတော့ သနပ်ခါးလူးနေရင်းနဲ့ သူ့ရဲ့ ပေါင်ဒါဘူး၊ မိတ်ကပ်ဘူးလေး က သူနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ အဲဒီ နေရာကလည်း ခုန ဘိက္ခုနီမနဲ့ နီးတယ်။ အဲဒီတော့ သူက ထပြီးမယူချင်တာနဲ့ ပျင်းတာနဲ့...

ဥပုသ်၏အနှစ်သာရနှင့် ဥပုသ်ရက်သတ်မှတ်ပုံ။

         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
လိုအပ်ပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီးစောင့်တတ်ကြပါ

တယ်။ ဒါပေမဲ့ ဥပုသ်စောင့်ခြင်း၏ ရည်ရွယ်ချက်၊ အဓိပ္ပါယ်ကစပြီး အကျိုးကျေးဇူးပါ အလေးအ
နက်သိဖို့ လိုပါတယ်။
         ဥပုသ်စောင့်တယ် ဆိုတဲ့ နေရာမှာ ဗုဒ္ဓဘာသာတင် မကဘူး အခြားအခြားသော ဘာသာ
တွေကလည်း ဥပုသ်စောင့်တယ်ဆိုတဲ့ ဝေါဟာရကိုသုံးကာ အသံတူများ ရှိကြပါတယ်။ တစ်ခါ
တစ်ရံ အသံတူသော်လည်း အဆံမတူဘူး ဆိုတာလို ရည်ရွယ်ချက် အနှစ်သာရပိုင်းမှာ ကွာခြား
မှုတွေ အများကြီးရှိပါတယ်။ အခြားဘာသာတွေလည်း သူတို့ရည်ရွယ်ချက်နဲ့သူ အသံတူဥပုသ်
စောင့်ကြပါတယ်။

ဘုရားအလောင်းမီးဖွားစ စကားပြောသောသုံးဘဝ

သန္ဓေယူခါ၊ ဆယ်လကြာသော်
မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်
ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်
နတ်လူအောင်မြို့ လမ်းပါကို။
(ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုး၊ လယ်တီဆရာတော်ဘုရားကြီး)

***************************************************************
မဟာသက္ကရာဇ် ၆၈ ခု
ဥတုဂိမှာန ကဆုန်လပြည့် သောကြာနေ့
ဤနေ့ နံနက်အခါ၌ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်တို့ကြားတွင် ရှိသော လုမ္ဗိနီ အမည်ရှိသည့် မင်္ဂလာအင်ကြင်းဥယျာဉ်တော်သည် အမြစ်ရင်းမှ အခက်ဖျားတိုင်အောင် အလုံးစုံ တစ်ခဲနက် ပင်လုံးကျွတ် ပွင့်ခြင်းသို့ ရောက်၏။

လူတို့ ဦးခေါင်းထား၍ အိပ်ရမည့်အရပ်


 


 ရှေးကလူကြီး များသည် မိမိတို့ နေရမည့်အိမ် ဆောက်လုပ် ရာတွင် မည်သည့် အရပ်ကို မျက်နှာပြု ရသည်ဖြစ်စေ ဘုရားစင် ထားရှိရမည့် အရပ်၊ အိပ်လျှင် ဦးခေါင်းပြု ရမည့်အရပ် မျက်နှာတို့ကို ရွေးချယ်လေ့ ရှိကြသည်။ ဖြစ်သလို အိမ်ဆောက်ခြင်း၊ နေထိုင် အိပ်စက်ခြင်း မရှိကြပေ။ ရှေးလူကြီး များ၏ အသက်ရှည်ရာ အနာမဲ့ကြောင်း ဓလေ့ကောင်း များကို လေ့လာ ဖော်ထုတ် လိုက်နာခြင်း အားဖြင့် အကျိုး ယုတ်စရာ အကြောင်း မရှိပေ။ သိပ္ပံနည်း မကျဟု ဆိုကြသူများ ရှိသော်လည်း သိပ္ပံပညာ ထွန်းကား လာသည်နှင့် လူ့သက်တမ်း များ တိုလာ သည်မှာလည်း စဉ်းစားစရာ အချက် ဖြစ်ပေသည်။ ရှေးထုံးကိုလည်း မပယ်နှင့် ဈေးသုံးလည်း မလွယ်နှင့် ဟူသော စကားသည် အမှန်ပင် ဖြစ်သည်။

ကိုယ့်ဘ၀ကြီးကို ပြောင်းသွားအောင် လုပ်ပေးနိုင်တဲ့တရား။

     ဒို့များ....ခုလိုအခြေအနေ တရားလမ်းကြောင်းပေါ်ထိရောက်အောင် တရားတစ်ပုဒ်နာ
ခဲ့ဘူးတယ်။ အဲဒီတရားကြောင့်.... သာသနာဘောင်သို့ ရောက်ခဲ့တယ်။ အဲဒီတရားကြောင့်
.......တရားအားထုတ်ဖြစ်တယ်။  တရားထိုင်ဖြစ်တယ်။  တရားရပ်ဖြစ်တယ်။  အမြဲတမ်း
တရားအကြောင်း စဉ်းစားဖြစ်တယ်။ တရားတစ်ပုဒ် နာခဲ့ရလို့၊ အဲဒီတရားတစ်ပုဒ် တရား
တစ်ခွန်းကြောင့် .. တို့များ ..... တအားကြီးပြောင်းလဲသွားတယ်။

      ဘယ်လိုပုဂ္ဂိုလ် ဟောတဲ့တရားလဲ၊ ဘယ်လိုတရားလဲ၊ ကိုယ့်ဘ၀ကြီးကို ပြောင်းသွား
အောင် လုပ်ပေးနိုင်တဲ့တရား ဘယ်တရားလဲဆိုရင် လက်တစ်ဖြန့်မှာ အကုသိုလ် ကုဋေ
တစ်သိန်းဖြစ်တယ်ဆိုတဲ့တရား၊ လက်တစ်ဖြန့်မှာ အကုသိုလ်ကုဋေတစ်သိန်း ဖြစ်တယ်လို့          
 ပြောတဲ့အခါ...  ကြောက်လိုက်တာ အကုသိုလ်ဆိုတာ မကောင်းဘူး၊ အကုသိုလ်ဆိုတာ
 အပြစ်ပေးတယ်၊ အကုသိုလ်ဆိုတာ ဆိုးကျိုးပေးတယ် လို့ ...  အခုလိုပြောသလောက်ကို
 မသိသေးဘူး၊ ဘယ်တုန်းဘယ်တုန်းကများ အကုသိုလ်ကို ကြောက်ခဲ့သလဲ၊ ကိုယ်လဲမသိ။

ဇဋိလ၏ မှားယွင်းခဲ့သော သံသရာခရီး။

         သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခ ရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ သံသရာခရီး သွားနေတဲ့ ပုဂ္ဂိုလ်
တိုင်းဟာ အမှားလုပ်မိတတ်ကြပါတယ်။ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အကြောင်းအကျိုး
အမှန်တရားကို မသိတာကအဓိကပါ။ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီး မသိတတ်ကြပါ။

ခွဲခြားမသိတဲ့ အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာကျတော့ မလုပ်မိခြင်း
ဖြစ်နေကြပါတယ်။ မသိလို့ အဆိုးကို အကောင်းထင်ပြီး လုပ်မိတတ်တတ်ကြပါတယ်။
         သူတော်ကောင်းတို့ သိကြတဲ့အတိုင်း ဇောတိကတို့၊ ဇဋိလတို့၊ မေဏ္ဍကတို့ ဆိုပြီးတော့
အင်မတန် ထင်ရှားတဲ့ သူဌေးတွေပါ။ အဲဒီထဲက ဇဋိလရဲ့အမေဟာ သူဌေးသမီး တစ်ယောက်ပါ၊
ဝိဇ္ဖာဓိုရ်နဲ့ တိတ်တိတ်ပုန်းမွေးလို့ ဇဋိလဟာ သူဌေးသားဖြစ်ပေမယ့် သူမွေးလာတာ  ဖအေမပေါ်  
ဘူး။ တိတ်တိတ်ပုန်းမွေးတယ် ဆိုကတည်းက လူမသိရဲလို့ ဇဋိလလေး မွေးလာတဲ့အခါ အိုးထဲ
ထည့်ပြီး မြစ်ထဲမျှောချလိုက်တယ်။ မြစ်အောက် ရေချိုးနေတဲ့ အမျိုးသမီးနှစ်ယောက်က ဆယ်ယူ
ကြပါတယ်။ နောက်တော့ သူ့ကံအားလျော်စွာ အိမ်နောက်ဖေးမှာ ရွှေတောင်ပေါက်တဲ့ သူဌေး
ကြီး ဇဋိလဖြစ်သွားပါတယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated