@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 30 October 2014

သမာဓိ၏ အကျိုးတရား များ




- သာသနာ၏ အနှစ်တရားတို့တွင် " သမာဓိ " သည်လည်း
တစ်ခုအပါအ၀င်ဖြစ်သည်။ " သမာဓိ " သည် မြန်မာတို့နှင့်
ရင်းနှီးကျွမ်းဝင်သော ပါဠိဝေါဟာရဖြစ်သည်။
၁ ။ သမာဓိ၏ အဓိပ္ပာယ်
သမာဓိ၏ တဟ်အာရုံတည်းမှာသာ စိတ်ရှိခြင်း၊
တည်ကြည်ခြင်းဖြစ်၏။ စိတ်ကို အာရုံအမျိုးမျိုးသို့
မပျံ့လွင့် မပြေးသွားစေဘဲ တစ်အာရုံတည်းမှာသာ
ကောင်းစွာထားနိုင်ခြင်း(သမာဓာန)သည် သမာဓိ၏
သဘောအဓိပ္ပာယ်ပင်ဖြစ်သည်။

၂ ။ သမာဓိ၏ အမည်အမျိုးမျိုး
သမာဓိ၏ အမည်များ အမျိုးမျိုးရှိပါသည်။ သမာဓိရကာမျှ
ဖြစ်သော ဟီနသမာဓိ(ယုတ်ညံ့သောတည်ငြိမ်မှု)၊ လွန်စွာ
မပွားများရသေးသော မဇ္ဈိမသမာဓိ(အလယ်အလတ်
တည်ငြိမ်မှု)၊ ကောင်းမွန်နိုင်နင်းစွာ ပွားများပြီးသော
(ပဏီတ သမာဓိ( မြင့်မြတ်သောတည်ငြိမ်မှု) စသည်ဖြင့်
သမာဓိအမျိုးမျိုးကို ၀ိသုဒ္ဓိမဂ် စသည်တို့၌ ဖော်ပြထားပါသည်။
၃ ။ သမာဓိထူထောင်နည်း
သမာဓိအလုပ်သည် စိတ်ကူးယဉ်အလုပ်မဟုတ်၊ နှုတ်ဖြင့်
ပြောယုံသာပြောရသော အလုပ်လည်းမဟုတ်၊ လက်တွေ့ အလုပ်
ဖြစ်သည်။ သမထ၊ ၀ိပဿနာ တစ်မျိုးမျိုးကို လက်တွေ့ကျင့်ကြံ
ရှုပွားမှသာ သမာဓိကိုရရှိနိုင်ကြမည်ဖြစ်သည်။

သာသနာပြုခြင်းနှင့် လွဲမှားနေကြသူများ။

        သာသနာပြုခြင်း ဆိုသည်မှာ သာသနာတော် အဓွန့်ရှည် တည်တန့်ရေးအတွက် ဆောင်
ရွက်ရသည့် သာသနာ့ကိစ္စဖြစ်သည်။ ဗုဒ္ဓဘာသာ အများစုသည်  သာသနာပြုဖို့ရန် အလွန်စိတ်
ဝင်စားကြ၏။ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း အလွန်လေးစားကြ၏။ ထို့ကြောင့် သာသနာပြု

အမည်ခံ ပုဂ္ဂိုလ်များကို နားကပ်၊ ဆွဲကြိုးကအစ ကိုယ်၌၀တ်ဆင်ထားသော ရတနာများကို ချွတ်
ပြီး လှူတတ်ကြ၏။  သာသနာပြုလိုလျှင်၊ သာသနာပြု ပုဂ္ဂိုလ်များကို တကယ် လှူဒါန်းလိုလျှင်
သာသနာ၏ အဓိပ္ပါယ်ကို ဦးစွာသိရမည် ဖြစ်၏။
         သာသနာဟူသည်-- အဆုံးအမပင် ဖြစ်၏။ မည်သူ၏ အဆုံးအမနည်းဟု ဆိုလျှင် ဗုဒ္ဓ၏
အဆုံးအမပင် ဖြစ်၏။  ဗုဒ္ဓက မည်ကဲ့သို့ ဆုံးမခဲ့သနည်း။  သီလ၊ သမာဓိ၊ ပညာ  သိက္ခာသုံးပါး
မိမိသန္တာန်မှာ  ဦးစွာတည်အောင် ကြိုးစားဖို့ ဆုံးမ၏။ ဘုရား၊ တရား၊ သံဃာ  ရတနာသုံးပါးကို
ယုံကြည်ကြရ၏။ ဤသည်မှာ မိမိသန္တာန်ကို  ဦးစွာသာသနာပြုခြင်း  မည်၏။

ရထားထိန်း။

        ရဟန်းတော်တွေ သစ်ပင်မခုတ်ရ ဆိုတဲ့ ပညတ်ချက်နဲ့ ပတ်သက်ပြီးတော့ ရုက္ခစိုးတစ်ဦးရဲ့
ဒေါသ ထိန်းနိုင်ပုံကို မြတ်စွာဘုရားက ဟောထားတာရှိပါတယ်။ “ မြင်းရထားမောင်းတဲ့ ပုဂ္ဂိုလ်ဟာ
မြင်းရဲ့ဇတ်ကိုနိုင်အောင် ထိန်းနိုင်ပေမယ့် တကယ့်ရထားထိန်းလို့ မခေါ်နိုင်ဘူး။ ကိုယ့်ဒေါသကို
ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်မှ တကယ့်ရထားထိန်းလို့ ခေါ်နိုင်တယ် ” လို့ မြတ်စွာဘုရားက ဟောထားတာ

ရှိပါတယ်။
         တစ်ခါတုန်းက ရဟန်းတော်တစ်ပါးက ကျောင်းဆောက်ဖို့ရန်အတွက် ကြီးမားတဲ့ သစ်ပင်
ကြီးတစ်ပင်ကို ခုတ်လှဲပါတယ်။ လှဲတဲ့အခါမှာ အဲဒီသစ်ပင်ရဲ့ ဘုံဗိမာန်မှာရှိနေတဲ့ ရုက္ခစိုးနတ်က
“ အရှင်ဘုရား ကိုယ့်အတွက် အဆောက်အအုံ လုပ်ချင်တာနဲ့ တပည့်တော်ရဲ့ အဆောက်အအုံကို
မဖျက်ဆီးပါနဲ့ ” လို့ ပြောတော့ ကျောင်းဆောက်မယ့်ကိုယ်တော်က နားမထောင်ဘူး။
         အဲဒီတော့ ရုက္ခစိုးက ခုတ်မည့်နေရာကို သူ့ရဲ့သားငယ်လေး ရှေ့ကကာထားလိုက်ရင် ဒီ
ကိုယ်တော် ခုတ်မှာမဟုတ်ဘူးထင်ပြီး ခုတ်မည့်နေရာမှာ သူ့သားလေးကို ထားလိုက်တယ်။ ဟိုကိုယ်
တော်ကလည်း အားနဲ့ခုတ်ချလိုက်တဲ့အချိန်မှာ မထိန်းနိုင်တော့ဘဲနဲ့ ရုက္ခစိုးသားလေးလက်မောင်း
ခုတ်မိသွားလို့ အရင်းကနေ ပြတ်သွားပါတယ်။
        ဒီနေရာမှာ စဉ်းစားစရာက ရုက္ခစိုးကြီး ကိုယ်တိုင်ကလည်း မခုတ်ပါနဲ့လို့ ပြောပါတယ်။ ရုက္ခ
စိုးရဲ့သားငယ်လေးကို မြင်ရက်သားနဲ့ ခုတ်လိုက်တယ်ဆိုတော့ ရုက္ခစိုးကြီး ဘယ်လောက် စိတ်ဆိုး
သွားမလဲ။ ဒါနဲ့ ရုက္ခစိုးကြီးကလည်း သူရဲ့တန်ခိုးပါဝါနဲ့ အဲဒီရဟန်းကို အဲဒီနေရာမှာပဲ သတ်လိုက်
တော့မလို့ စိတ်ဖြစ်လိုက်တဲ့ အချိန်မှာ “ ဒေါသ ” ကို ပြန်ပြီးတော့ ထိန်းလိုက်ပါတယ်။

Wednesday 29 October 2014

ရွှေအိုးမြှုပ်ခြင်း။

      ရှေးအခါက မဂဓတိုင်း သာလိဒ္ဒိယပုဏ္ဏားရွာ၌ ကောသိယ ဟူသောဗြဟ္မဏ တစ်ယောက်ရှိ၏။  ထို
ဗြဟ္မဏ၏ သလေးစပါးခင်းမှာ ကျယ်ဝန်း၏။ သလေးနှံတွေ အဆံပြည့်ချိန်တွင် ကျေးသားများ လာ၍စား
ကြသဖြင့် အများအပြား ပျက်စီးရ၏။ ကျေးသားများအနက်မှ ကြီးမားသော ကျေးသားတစ်ကောင်သည်
သလေးနှံများကို စားရုံမျှမက ကိုက်ချီ၍ ယူသွားတတ်၏။

        လယ်စောင့်သမားသည် ထိုကျေးကြီးကို ကျော့ကွင်းထောင်၍ ဖမ်းဆီးရာ တစ်နေ့သော် မိလေ၏။
ဖမ်းမိသော ကျေးသားကြီးကို လယ်ရှင် ကောသိယဗြဟ္မဏထံ အပ်လိုက်၏။ ကောသိယသည် ကျေးသား
ကြီးကို မြင်လျှင်မြင်ချင်း သားသမီးကဲ့သို့  ချစ်ခင်စိတ် ဖြစ်ပေါ်လာ၏။ ကောသိယဗြဟ္မဏက ကျေးသား
ကြီးကို   “ အသင် ကျေးသား၊ သလေး စပါးနှံများကို စားရုံမျှသာ မဟုတ်ဘဲ၊  ဘာကြောင့် ကိုက်ချီ  ယူ
ဆောင်သွားပါသလဲ၊ ကျွန်ုပ်သည် သင်၏ရန်ဖက် ဖြစ်လို့ပါလား၊ သို့မဟုတ်က သင်၏အိမ်မှာ ၀မ်းဗိုက်အ
ပို ရှိနေသေးလို့ပါလား၊  ဒါမှမဟုတ်  သိုလှောင်ထားစရာ စပါးကျီ ရှိလို့ပါလား၊ ” ဟု မေး၏။

ဗုဒ္ဓမြတ်စွာဘုရားက အရှင်ပုဏ္ဏကိုပေးတဲ့ ကမ္မဌာန်းတစ်ပုဒ်။

         ဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းက အရှင်ပုဏ္ဏဆိုတာ ရှိပါတယ်။ တစ်နေ့တော့
မြတ်စွာဘုရားဆီလာပြီး “ အရှင်ဘုရား တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့် ဆုံးမသြ၀ါဒ
တရားလေး ဟောပေးပါ, အရှင်ဘုရား ဟောထားတဲ့အတိုင်း တပည့်တော်ဟာ အားတက်သရော
ကြိုးကြိုးစားစားနဲ့ လိုက်နာကျင့်သုံးပါ့မယ် ” လို့ ဘုရားကို လျှောက်ပါတယ်။ ဒါနဲ့ မြတ်စွာဘုရား

က ကမ္မဌာန်းတစ်ပုဒ် ပေးလိုက်ပါတယ်။
         အဲဒီကမ္မဌာန်းက ဘာတုန်းဆိုရင် မျက်စိက နှစ်သက်စရာ မြင်စရာအာရုံကို မြင်တဲ့အခါ၊
နားက သာယာစရာ နှစ်သက်စရာ အသံကိုကြားတဲ့အခါ၊ နှာခေါင်းက မွှေးကြိုင်ပြီးတော့ နှစ်သက်
စရာအနံ့ကိုရှူရှိုက်ရတဲ့အခါ၊ လျှာကလည်း အင်မတန် အရသာရှိတဲ့ အစာအဟာရကို လျက်ရတဲ့
အခါ၊ ခန္ဓာကိုယ်ကလည်း အင်မတန်မှ အထိအတွေ့ကောင်းတဲ့ အရာဝတ္ထုကို ထိတွေ့ရတဲ့အခါ၊
စိတ်ထဲကလည်း ကြည်နူးစရာကောင်းတဲ့ အရာမျိုးကို တွေ့ရတဲ့အခါမျိုးတွေမှာ “မင်း” လောဘ
မဖြစ်အောင် ထိန်းပါ။ လောဘမဖြစ်ပါစေနဲ့။ ဒါက ကျင့်ရမယ့် ကျင့်ဝတ်တစ်ခုပါ။

အနာဂတ်သာသနာရေး အပိုင်း(၁၄၇) ကျေနပ်ဖွယ်သာသနာ



ကျေနပ်ဖွယ်သာသနာ
ဘုန်းကြီးမြင်ချင်သော မြန်မာနိုင်ငံတော်ကား အားလုံးညီညွတ်စွာဖြင့် စီးပွားရေးကို လေးစားမှုကြောင့် တိုးတက်လာသော ကျန်းမာရေး ပညာရေးတို့ကို အခြေပြု၍ မြေပြင် ရေပြင် ဝေဟင်တပ်တို့ဖြင့် သပ်ရပ်ထည်ဝါ တင့်တယ်စွာသော ပြည်ထောင်စု မြန်မာအိမ်တော်တွင် စည်းကမ်းကျနစွာ အထွတ်တင်ထားသော ကျောင်းကန်ဘုရား စာသင်တိုက်များကို မြင်ချင်လှပြီ၊ အကြင်အခါ စာသင်တိုက် ကမ္မဋ္ဌာန်းတိုက်နှင့် ကျောင်းကန်ဘုရားတို့သည် ၀င်လာသူတို့စိတ်ကို စွဲဆောင်နိုင်လောက်အောင် သာယာ၏၊ ဆိတ်ငြိမ်၏၊ ထိုအတွင်း၌ သီတင်းသုံးနေထိုင်သူတို့သည် စိတ်ထားဖြူလွင် သူတော်စင်များချည်း ဖြစ်၏၊ ထိုအခါ (ဈာန် မဂ် ဖိုလ် မရစေကာမူ) ကျေနပ်ဖွယ်ကောင်းသော သာသနာတော် ဖြစ်ပါလိမ့်မည်။

မနသိကာရအကြောင်း

 
နှလုံးသွင်ခြင်းသဘောသည် မနသိကာရ မည်၏။ ထို့ကြောင့် “နှလုံးသွင်းကို၊ မနသိဆို၏”ဟု ဆိုခဲ့သည်။ “နှလုံးသွင်း”ဟူရာ၌ စိတ်ကို “နှလုံး”ဟုခေါ်၏။ ဤစိတ်နှလုံးအတွင်းသို့ အာရုံတစ်ခုခု ပေါ်ထင်အောင် (သွင်းပေးသကဲ့သို့) ပြုပေးခြင်းကို “နှလုံးသွင်းဟု ခေါ်သည်။ အမှန်အားဖြင့် မနသိကာရသည် စိတ်ထဲတွင် အာရုံဝင် = လာအောင် ဆွဲဆောင်သွင်းနိုင်သည်မဟုတ်။ သို့ရာတွင် မနသိကာရ၏ အစွမ်းကြောင့် အာရုံတစ်ခုခုအမြဲရလျက် ရှိရကား ဤ မနသိကာရသည်ပင် အာရုံကိုရအောင် ဆောင်ယူ သွင်းပေးသကဲ့သို့ တင်စား၍ ပြောဆိုရပေသည်။


စေတိသက် ၇-ပါး စိတ်ဖြစ်တိုင်းပါပုံ

စိတ်တစ်ခုဖြစ်ရာ၌ အာရုံကို ထိမူ “ဖဿ”နှင့် “မနသိကာရ” တိုင်အောင် စေတသိက် ၇-ပါးတို့ အမြဲပါကြရသည်။ လောဘ၊ ဒေါသ၊ သဒ္ဓါ၊ သတိ စသည်တို့ကား သူတို့ဆိုင်ရာ အာရုံကိုယူသော အခါ၌သာ အပိုပါဝင်လာကြသည်။ ထို ၇-ပါးတွင် တစ်စုံတစ်ခုကို ခံစားနေသောအခါ ဝေဒနာသည် သတ္တိထင်ရှား၍ တစ်စုံတစ်ခုကို မှတ်နေသောအခါ သညာသည် သတ္တိထင်ရှား၏။ ကံတစ်ခုခုကို ပြုနေသောအခါ စေတနာသည် သတ္တိထင်ရှား၍ အာရုံတစ်ခုခုကို စူးစိုက်သောအခါ ဧကဂ္ဂတာခေါ်သော သမာဓိက သတ္တိထင်ရှား၏။ ကြွင်းသော ဖဿ၊ ဇီဝိတနြေ္ဒ၊ မနသိကာရ ၃-ပါးတို့ကား ဘယ်အခါမျှ သူတို့သတ္တိ မထင်ရှားလှချေ။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဇီဝိတိနြေ္ဒအကြောင်း




စိတ် စေတသိက် ၂-ပါးကို နာမ်တရားဟု ခေါ်၏။ ထိုနာမ်တရားတို့၏ အသက်သည် ဇီဝိတိနြေ္ဒတည်း။ ဖြစ်သမျှ စိတ်စေတသိက်များသည် အသေမဟုတ်၊ အရှင်များတည်း။ ထိုသို့ အရှင်ဖြစ်သောကြောင့် အာရုံကို သိနိုင်၏။ အကယ်၍ အသက်မပါဘဲ စိတ်စေတသိက်တွေ အသေချည်း ဖြစ်နေပါမူ မည်သည့်ကိစ္စကိုမျှ ရွက်ဆောင်နိုင်ကြလိမ့်မည်မဟုတ်။


အချုပ်မှာ ဤဇီဝိတိနြေ္ဒဟု ခေါ်သော အသက်ပါနေသောကြောင့်သာ စိတ်စေတသိက်တို့ တစ်ခုပြီးတစ်ခု ဆက်၍ မပျက်စီးဘဲ (ကံ အရှိန်ရှိနေသမျှ) တည်နေကြရလေသည်။ ထို့ကြောင့် “မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက်မပြုန်း”ဟု ဆိုခဲ့ပေသည်။ နာမ်တရားတို့၌ နာမ်သက်ပါသကဲ့သို့ ရုပ်တရားတို့၌လည်း ရုပ်သက်ပါ၏။ ဤနာမ်သက်နှင့် ရုပ်သက်ဖြစ်သော ဇီဝိတ ၂-ပါးကိုပင် သတ္တ၀ါတို့၏ အသက်ဟု ခေါ်ရပေသည်။ ထိုရုပ်ဇီဝိတ နာမ် ဇီဝိတ ၂-မျိုးအပြင် သတ္တ၀ါတို့ ကိုယ်အတွင်း၌ အသက်ကောင်၊ ၀ိညာဉ်ကောင်း၊ လိပ်ပြာကောင်၊ အတ္တကောင်းဟူ၍ မရှိတော့ပြီ။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဝီရိယအကြောင်း

 
 
အားထုတ်ခြင်းသဘောကို “၀ီရိယ”ဟု အများနားလည်ကြပြီ။ ထိုအားထုတ်ခြင်းသဘောကို စဉ်းစားလျှင် ဆိုင်ရာ ကိစ္စကို ပြုလုပ်ဆောင်ရွက်ဖို့ရာ မကြောက်မရွံ့ ရဲဝံ့ခြင်း သဘောတည်း။ ထို့ကြောင့် “ရဲစွမ်းရောက်က၊ ၀ီရိယ”ဟု ဆိုခဲ့ပေသည်။ ထိုစကားမှန်၏။ ၀ီရိယ လုံ့လကင်းမဲ့သူကို “အပျင်းထူသူ”ဟု ခေါ်ကြသည်။ ထိုငပျင်းကား အလုပ်တစ်ခုရှိလျှင် “စောပါသေးတယ်၊ မိုးချုပ်လှပြီ၊ ချမ်းလှသေးတယ်၊ နေပူလွန်းပါသေးတယ်။ ယနေ့ထမင်းစားလို့ မကောင်းဘူး၊ ယနေ့ ထမင်းအများကြီးစားမိလို့ နည်းနည်း နေမကောင်းဘူး။ နေကောင်းပြီးစမို့ ခရီးသွားစရာ ရှိသေးလို့၊ ခုမှ ခရီးပြန်ရောက်စမို့” စသည်ဖြင့် ဆင်ခြေပေးလျက် အလုပ်လုပ်ရမည့် အရေးကို တွေး၍ ကြောက်နေတတ်၏။ ထိုသို့ ပျင်းနေသောစိတ်သည် ကုသိုလ်စိတ်မဟုတ်။ ထိန မိဒ္ဓ လွန်ကဲသော အကုသိုလ် စိတ်ပင်ဖြစ်သည်။

ဝီရိယ လုံ့လရှိသူကား အအေး အပူစသည်လောက်ကို မဆိုထားဘိ၊ တကယ့် ကိစ္စကြုံလာလျှင် အသက်ကိုပင် ထီမထင်ဘဲ ရင်ဆိုင်တွေ့နေသော ကိစ္စကိုပင် အားပါးတရ ပြုလုပ်ရဲလေသည်။ မဟာဇနကဇာတ်၌ ရွက်သင်္ဘောကြီး ပျက်ခါနီးမှာ ကုန်သည် ၇၀၀-တို့သည် ၀ီရိယကို လျှော့၍ မိရိုးဖလာနတ်များကို တိုင်ကြ၊ ပသကြသော်လည်း ကယ်ဆယ်သူပေါ်မလာ၊ ငါးလိပ်တို့၏ အစာသာ ဖြစ်ကြရသည်။ အလောင်းတော်ကား မည်သည့်နတ်ကိုမျှ အားကိုးမနေဘဲ ရဲစိတ် ရဲသွေး ၀ီရိယဓာတ်ကို အထပ်ထပ်မွေးပြီးလျှင် ပင်လယ်ရေပြင်ကို လက်ပစ်ကူးကာ ဥပုသ်ကိုပင် စောင့်သုံးတော်မူခဲ့ပေသေးသည်။ ဤသို့လျှင် ၀ီရိယဟူသည် တွေ့ကြုံလာသော ကိစ္စ၌ မကြောက်မရွံ့ ရဲဝံ့သော သဘောတည်း။

ဆန္ဒအကြောင်း


အာရုံတစ်ခုခုကို ပြုလိုခြင်း(ရယူလိုခြင်း) သဘောသည် ဆန္ဒတည်း။ “ပြုလိုခြင်း ရယူလိုခြင်း” ဟူရာ၌ လောဘကဲ့သို့ စွဲလမ်းတတ်ခြင်း၊ ကပ်ငြိခြင်းမဟုတ်၊ ပြုလိုရုံမျှ ရလိုရုံမျှသာ ဖြစ်သည်။


ထို့ကြောင့် “သက်သက်အာရုံ၊ ပြုလိုရုံမျှ၊ ဆန္ဒသဘော”ဟု ဆိုခဲ့သည်။ ဤဆန္ဒသဘောလည်း သတ္တ၀ါတို့၌ အလွန်ထင်ရှား၏။ ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍ လက်လှမ်း၏။ ဤလိုက်ချင်မူသည် ဆန္ဒတည်း။ ဟိုသွားချင် သည်လာချင်၊ တစ်စုံတစ်ယောက်ကို တွေ့ချင်မြင်ချင်၊ ကြားချင်၊ နာချင်၊ နမ်းချင်၊ စားချင်၊ ကိုင်ချင်၊ ထိချင်၊ တတ်သိနားလည်ချင်မူ အစုစုသည် ဆန္ဒချည်းတည်း။


ပီတိအကြောင်း

အာရုံတစ်ခုခုကို နှစ်သက်အားရ သဘောကျခြင်းသည် ပီတိတည်း။ ထို့ကြောင့် “အားရနှစ်သက်၊ ပီတိဆက်၍”ဟု ဆိုခဲ့သည်။ ဤပီတိသည် သုခဝေဒနာကဲ့သို့ ခံစားခြင်းမဟုတ်။ နှစ်သက်အားရခြင်း၊ သဘောကျခြင်းမဟုတ်။ ရေငတ်သူသည် ရေရှိကြောင်းကို ကြားရ၊ ရေကို မြင်ရသောအခါ နှစ်သက်၏။ ပီတိဖြစ်၏။ ရေကိုသောက်ရသောအခါ သုခဝေဒနာဖြစ်သည်။


မိမိချစ်သူကို မြင်ရသည်ဖြစ်စေ၊ စကားအတူ ပြောနေရသည်ဖြစ်စေ၊ သီချင်းသံကို ကြားရသည်ဖြစ်စေ၊ တရားသံကို ကြားရသည်ဖြစ်စေ ကြက်သီးထလာအောင် နှစ်သက်ခြင်းဖြစ်၏။ ထိုနှစ်သက်မူသည် ပီတိပင်တည်း။ ရှေးတုန်းက အမျိုးသမီးတစ်ယောက်တောင်ပေါ်က ဘုရားပွဲတော်အချိန်မှာ ကိုယ်လေးလက်ဝန် ရှိနေသောကြောင့် ဘုရားပွဲသို့ မလိုက်ရသဖြင့် မိမိအိမ်မှနေ၍ တောင်ပေါ်ဘုရားကို ဖူးမြော်ရင်း ဖူးမြော်ရင်း အလွန်အမင်း နှစ်သက်ရကာား ထိုပီတိ အဟုန်ကြောင့် တစ်ကိုယ်လုံး မြောက်ပြီးလျှင် ဘုရားရင်ပြင်တော်သို့ ရောက်မှန်းမသိ ရောက်သွားဖူးသတဲ့။

Tuesday 28 October 2014

စေတနာအကြောင်း

 
 
 
မိမိနှင့်အတူဖြစ်ကြသော စိတ်စေတသိက်များကို စေ့ဆော်ခြင်းသည် စေတနာတည်း။ ထို့ကြောင့် “စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။ ထင်ရှားစေဦးအံ့ - အာရုံတစ်ခုကို စိတ်က ယူရာ၌ ဖဿက ထိုအာရုံကို ထိ၏။ ဝေဒနာက ခံစား၏။ သညာက မှတ်၏။ ဤသို့ စသည်ဖြင့် နောက်၌ပြမည့် ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရတို့လည်း ဆိုင်ရာ တာဝန်ကို ရွက်ဆောင်လျက် စိတ်နှင့် တစ်ပြိုင်နက်ဖြစ်ကြသည်။ လောဘ၊ ဒေါသ စသော မကောင်းတရား၊ သဒ္ဓါ၊ သတိစသော ကောင်းသော တရားများလည်း စိတ်ကအာရုံယူရာတွင် ပါဝင်ကြသည်။

ထိုသို့ ဆိုင်ရာယှဉ်ဖက် စေတသိက်များနှင့်အတူ စိတ် အာရုံကိုယူရာ၌ မည်သည့် စေတသိက်မျှ နောက်ချန်၍ မနေရစ်ရ၊ မည်သည့် စေတသိက်မျှလည်း မိမိ တာဝန်ကို မလစ်လပ်စေရ။ အားလုံးစေတသိက်မျှလည်း မိမိ တာဝန်ကို မလစ်လပ်စေရ။ အားလုံးစေတသိက်များသည် စိတ်နှင့်အတူ အာရုံကို စေ့စေ့စပ်စပ် ကပ်နေသလိုဖြစ်အောင် ယူကြရ၏။ ထိုသို့ အာရုံနှင့် စိတ်စေတသိက်တို့ စေ့စပ်မိအောင် နိုးဆော်သော တရားကား အခြားမဟုတ်၊ ဤစေတနာပင်တည်း။ ထို့ကြောင့် “ စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။

ဧကဂ္ဂတာအကြောင်း


တည်ငြိမ်ခြင်း ငြိမ်သက်ခြင်း သဘောသည် ဧကဂ္ဂတာတည်း။ ထို့ကြောင့် “ဧကဂ္ဂတ္တာ၊ တည်ငြိမ်စွာသား”ဟု ဆိုခဲ့သည်။ ဤ ဧကဂ္ဂတာကို “သမာဓိ” ဟုလည်း ခေါ်ကြသည်။ ဧကဂ္ဂတာခေါ်သော သမာဓိ၏ အစွမ်းကြောင့် စိတ်သည် အာရုံကို ယူသောအခါ အာရုံတစ်ခု၌ အတော်ကြာအောင် ထပ်ကာထပ်ကာ ယူနိုင်၏။ ထို့ကြောင့် ဤသမာဓိကို လေငြိမ်ရာ၌ ထွန်းထားသော မီးတောက်၏ ငြိမ်သက်နေပုံကဲ့သို့ အာရုံတစ်ခု၌ တည်တံ့သော (တည်ကြည်သော) ငြိမ်သက်သော တရားဟု ဆိုရပေသည်။



ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုကို ယူနေရာ၌ ထိုအာရုံတစ်ခုအပေါ်မှာ ကြာရှည်စွာ ထပ်၍ထပ်၍ အာရုံပြုနိုင်လျှင် “သမာဓိရပြီး၊ သမာဓိဓာတ်ခံအားကောင်းလာပြီ”ဟု ပြောစမှတ်ပြုကြ၏။ ထိုသမာဓိ ဓာတ်ခံအားကောင်းသူသည် အနေအထိုင် တည်ကြည်၏။ အပြောအဆိုလည်း တည်ကြည်၏။ သွားလာရာ၌လည်း ဣနြေ္ဒရ၏။ ပေါင်းသင်းဆက်ဆံရာ၌လည်း တည့်မတ်၏။ သို့ရာတွင် စွဲမိစွဲရာ အာရုံကိုကား စွဲလမ်းတတ်လေသည်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

အဓိမောက္ခအကြောင်း


ဆုံးဖြတ်ခြင်းသဘောသည် အဓိမောက္ခတည်း။ ကိစ္စတစ်ခုခုကို ပြုလိုသောအခါဖြစ်စေ၊ အာရုံတစ်ခုခုကို အမှားအမှန် ဝေဖန်သော အခါဖြစ်စေ ဤဆုံးဖြတ်ချက်ချတတ်သော အဓိမောက္ခသဘောပါရပေသည်။ သူတစ်ပါးက လိမ်သည်ကို ယုံရာ၌လည်း သဒ္ဓါမဟုတ်၊ ဤ အဓိမောက္ခဖြင့် အမှားကို ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဝိစာရအကြောင်း

 
 
အာရုံတစ်ခုခုကို အထပ်ထပ် အလီလီ သုံးသပ်ခြင်း သဘောသည် ၀ိစာရတည်း။ ၀ိတက်သည် အာရုံတစ်ခုသို့ စိတ်ရောက်၍ နေအောင် ကြံစည်ပါသော်လည်း ထိုအာရုံအပေါ်၌ ကြာရှည်စွာမတည်။ အခြားအာရုံကိုလည်း ဆက်လက်ကြံစည်၏။ ၀ိစာရကား ၀ိတက်အစွမ်းကြောင့် ရောက်ရှိနေသော အာရုံကို တော်တော်နှင့် မလွတ်စေဘဲ အထပ်ထပ် ပွတ်တိုက်သကဲ့သို့ ထိုအာရုံကို ထပ်ကာထပ်ကာ အာရုံပြုသည်။ ဤသို့ အထပ်ထပ် အာရုံပြုခြင်းကိုပင် ထိုအာရုံကို သုံးသပ်ပွတ်တိုက်သလို ဖြစ်နေသောကြောင့် “အလီလီသုံးသပ်၊ ၀ိစာရ မှတ်လော့”ဟု ဆိုခဲ့ပေသည်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဝိတက်အကြောင်း

 
 
ကြံစည်ခြင်းသဘောသည် ၀ိတက်တည်း။ ထို့ကြောင့် “ထိုထိုကြံစည်၊ ၀ိတက်မည်ရှင့်”ဟု ဆိုခဲ့သည်။ ဤကြံစည်ခြင်းကို “စိတ်ကူးခြင်း=စဉ်းစားခြင်း”ဟုလည်း ခေါ်ကြသည်။ ဤ၀ိတက်သည် ကာမ၀ိတက်၊ ဗျာပါဒ၀ိတက်၊ ၀ိဟိံသာဝိတက်ဟု မကောင်းဝိတက် ၃-မျိုး၊ နေက္ခမ္မ၀ိတက်၊ အဗျာပါဒ၀ိတက်၊ အ၀ိဟိံသာဝိတက် ဟု အကောင်း ၀ိတက် ၃-မျိုးအားဖြင့် ၆-မျိုးပြား၏။

ကာမနှင့် နေက္ခမ္မ၀ိတက်

ရူပါရုံ သဒ္ဒါရုံ စသော ကာမဂုဏ်အကြောင်းအရာ ကာမဂုဏ်အမူကိစ္စတို့ကို ကြံစည် စိတ်ကူးခြင်း။ ပစ္စည်းဥစ္စာ ရှာဖွေမူကို ကြံစည်စိတ်ကူးခြင်း စသော လောဘနှင့် မကင်းသော ကြံစည်စိတ်ကူးခြင်း “ကာမ၀ိတက်”ဟု ခေါ်သည်။ တောထွက်ဖို့၊ ရသေ့ရဟန်းပြုဖို့၊ လှူဒါန်းဖို့၊ ဥပုသ်သီလ ဆောက်တည်နေဖို့၊ တရားအားထုတ်ဖို့စသော လောဘတဏှာမှ လွတ်ကင်းသော ကြံစည်ခြင်းကို “နေက္ခမ္မ၀ိတက်”ဟု ခေါ်သည်။

Monday 27 October 2014

ပါချုပ်ဆရာတော်ဘုရား၏တရားတော်များရွတ်ဖတ်ခြင်းအကျိုးတရားမေးဖြေ...။

အရှင်ဘုရား တပည့်တော်ရိုသေစွာလျှောက်ထားပါသည်ဘုရား။ တပည့်တော်စိတ်ထဲ တမျိုးဖြစ်နေတာလေးတစ်ခုကို မေးမြန်းလိုက်တာပါဘုရား။
တပည့်တော်တို့တတွေ ပရိတ်ကြီး ၁၁ သုတ်ပါအ၀င် အခြားသော တရားတော်များကို ရွတ်ဖတ်ခြင်းဖြင့်ပင် အကျိုးကျေးဇူးရှိတယ်လို့ ယုံကြည်မှုရှိကြပါတယ်ဘုရား..
တပည့်တော် အထင်မှာ ဒါဟာ တန္တရ၀ါဒသဘောသက်ရောက်နေတယ်လို့ထင်ပါတယ်ဘုရား...

မေတ္တာသုတ်ဆိုတာ ကျင့်ကြံရမယ့်တရား၊ မင်္ဂလသုတ်ဆိုတာလဲ ကျင့်ကြံရမယ့်တရားတွေလို့ယုံကြည်ပါတယ်ဘုရား
ရွတ်ဖတ်နေယုံနဲ့ ပြီးမယ့်အရာတွေမဟုတ်လို့ ယုံကြည့်ပါတယ်ဘုရား။ ထိုအတူ တရားဦး ဒေသနာ၊ ပဋ္ဌာန်းဒေသနာတော်၊ အနတ္တလဏ္ခာသုတ်များဟာလဲ
သေချာနားလည်သဘောပေါက် (realization thru wisdom) ဖြစ်ဖို့လိုတဲ့ ကြည်ညိုဖွယ်ရာ တရားတော်မြတ်များဖြစ်ပါတယ်ဘုရား။

ကမ္ဘာတလွှား၊ ဗုဒ္ဓခြေတော်ချရာ နေရာများ...။



ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည် ။
၎င်းတို့မှာ...

(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။
(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။
(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတစ်ဆူ...။
(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)
(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ ခြေတော်ရာတစ်ဆူ...။
(ဖာယီယန်၏ မှတ်တမ်းအရ)

(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။
(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။

ကိုယ်ကိုယ်တိုင် ပါရမီရှင်ဖြစ်အောင်။

      ပညာပါရမီ ဖြည့်တဲ့ပုဂ္ဂိုလ်ဟာ ပညာအကြောင်းပဲ လုပ်နေရပါမယ်။ ပညာတတ်အောင် လေ့လာ
နေရပါမယ်။ ပြောဆိုနေရပါမယ်။ စိတ်ကူးနေရပါမယ်။ ပညာနဲ့ ပတ်သက်တာတွေကို လုပ်ကိုင်နေရပါ
မယ်။ ပညာကို အားရပါးရ  လေ့လာဆည်းပူး လိုက်စမ်းပါ။ အဲဒါကို  ပညာပါရမီ ဖြည့်တယ်လို့  ခေါ်ပါ

တယ်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ တွေ့တဲ့အခါ တစ်ဦးစီ၊ တစ်ဦးစီ ဘယ်ဘာသာ အားနည်းသ
လဲ။ အားနည်းတာမျိုး သင်ပေး၊ ဆိုဆုံးမပေး၊ အဲဒီလို လုပ်ပေးရပါတယ်။ ပညာပါရမီ ဖြည့်တာပါ။
       အဲသလို ပါရမီဖြည့်တဲ့အခါမှာ ကိုယ်လုပ်သမျှ အလုပ်တွေ ပါရမီဖြစ်ဖို့၊ ကိုယ်ပြောသမျှ အပြော
တွေ ပါရမီဖြစ်ဖို့၊ စိတ်ကူးသမျှတွေ ပါရမီဖြစ်ဖို့ လိုပါတယ်။ ပညာတတ်  ဖြစ်ချင်ရင်  ကိုယ်လုပ်သမျှ
ဟာလည်း ပညာပါရမီဖြစ်ဖို့ လိုပါတယ်။ အဲဒါက လွဲသွားတာနဲ့ ပါရမီတွေ ပျက်စီးကုန်ပြီ။ အဲဒါက လွဲ
သွားတာနဲ့ လိုရာခရီးလည်း မရောက်နိုင်တော့ပါဘူး။

မြတ်စွာဘုရားရှင်၏ “ စက်လက္ခဏာတော် ” အကြောင်း သိကောင်းစရာ။

    မြတ်စွာဘုရား၏ ခြေဖ၀ါးတော်နှစ်ပြင်၌ (၁၀၈)ကွက်စီသော စက်လက္ခဏာတို့သည် ထင်ကုန်၏။
ထို(၁၀၈)ကွက်သော လက္ခဏာတော်တို့သည် လောကသုံးပါးကို သရုပ်ဖေါ်၍ တည်ကုန်၏။ ၎င်း(၁၀၈)
ကွက်တို့တွင် ဩကာသလောကကို သရုပ်ဖေါ်၍  အကွက်ပေါင်း (၅၉) ကွက်၊ သတ္တလောကကို သရုပ်

၍ (၂၁) ကွက်နှင့် သင်္ခါရလောကကို သရုပ်ဖေါ်၍ (၂၈) ကွက်ရှိကုန်၏။ သဘောကား လောကသုံးပါး
သည် မြတ်စွာဘုရား၏ ခြေတော်၌ ရှိသည်။ မြတ်စွာဘုရားသည် လောကသုံးပါးထက် မြင့်မြတ်သည်
ဟု ဆိုလိုသည်။ ထို လက္ခဏာတို့သည် ဖွါးတော်မူခါစကပင် ပါရှိလေသည်။ တစ်ရာ့ရှစ်ယောက်  ကုန်
သော ပုဏ္ဏားတို့အနက် ရှစ်ဦးတို့သည် ဘုရားလောင်း သူငယ်၏ မြတ်သောလက္ခဏာတော်၏ ပြည့်စုံ
ခြင်းကို  ကြည့်၍   ပထမပုဏ္ဏား   ခုနှစ်ဦးမှစ၍  ဘုရား သော်လည်းကောင်း၊ စင်္ကြာမင်း သော်လည်း
ကောင်း ဖြစ်မည်ဟု ဆိုကုန်၏။ ကောဏ္ဍညနွယ်ဖွါး သုဒတ္တ ပုဏ္ဏားငယ် တစ်ဦးတည်းမှ “ဘုရားစင်စစ်
ဖြစ်လတ္တံ့ ” ဟု တစ်ခွန်းတည်း ဟောဆိုသည်။ အကြောင်းမှာ..ဘုရားလောင်း၏ ခြေတော်ပြင်  လက္ခ
ဏာ အစဉ်ဝယ်  စင်္ကြာမင်းပုံ ပါလေသည်။  စင်္ကြာမင်းထက် မြတ်သည်ကား လောကသုံးပါးတွင် “ဘု
ရား ” သာလျှင် ရှိပေသတည်း။

မေထုန်အမှုဟာ ကာမရာဂနူနာကို မီးကင်တာလား ...?

အမေး။ ။ ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးလျှောက်တင်အပ်ပါတယ် အရှင်ဘုရား။ တရားဝင် မိန်းမနှင့် ဆက်ဆံတဲ့ မေထုန်ကို ပါဠိတော်၌ မြင့်မြတ်တယ်၊ နိမ့်ကျတယ် လို့ သတ်မှတ်ချက် ရှိပါသလား အရှင်ဘုရား။ မြင့်မြတ်သည်လည်းမဟုတ်၊ နိမ့်ကျသည်လည်း မဟုတ်ဘဲ ကာမရာဂကို မပယ်သတ်နိုင်သေးတာမို့ ကာမရာဂနူနာကို မီးကင်တဲ့သဘောပါလား အရှင်ဘုရား။


ရိုသေမြတ်နိုး လက်စုံမိုးလျှက် လေးစားစွာဖြင့်

ဝင်းမြင့်, ခေတ္တ ရုရှားနိုင်ငံ

အဖြေ။ ။ မောင်ဝင်းမြင့်…. တရားဝင်မိန်းမနှင့် ဆက်ဆံတဲ့ မေထုန်အမှုဟာ မြင့်မြတ်တယ်၊ နိမ့်ကျတယ်ဆိုတဲ့ သတ်မှတ်ချက် ရှိ/မရှိဆိုသည့် အချက်ကို ပြောပါ့မယ်။

မေထုန်နှင့်စပ်၍ မြတ်တယ် မမြတ်ဘူးဟူသည့်အချက်မှာ ‘ဗြဟ္မစရိယ’ မြတ်သောအကျင့်နှင့်ပတ်သက်ပြီး သုတ်သီလက္ခန်အဋ္ဌကထာ(၁၆၀)မှာ- (ဗြဟ္မစရိယံ ပကာသေတီတိ ဧတ္ထ ပနာယံ ဗြဟ္မစရိယသဒ္ဒေါ ဒါနေန၊ ဝေယျဝေစ္စ၊ ပဉ္စသိက္ခာပဒသီလေ၊ အပ္ပမညာသု၊ မေထုန၀ိရတီယံ၊ သ ဒါရသန္တောသေ၊ ၀ီရိယေ၊ဥပေါသထင်္ဂေသု၊ အရိယမဂ္ဂေ၊ သာသနေတိ ဣမေသွတ္ထေသု ဒိဿတိ)လို့ ဖွင့်ထားပါတယ်။

Friday 24 October 2014

ကိုယ်က.. စိတ်ထားတတ်ရင် ပါရမီဆယ်ပါး ဖြည့်ပြီးသားပါ။

        တစ်ခါတုန်းက ဗာရာဏသီပြည် ကာသိရွာမှာ လယ်သမားပုဏ္ဏားတစ်ယောက်ဟာ နွား
ပျောက်တာကို လိုက်ရှာရင်း ရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားပါတယ်။ ကြာလာတော့ မော
လာပါတယ်။ တည်ပင် တစ်ပင်တွေ့တော့ တည်ပင်ပေါ်တက်ပြီး ဆာလည်းဆာနေတာနဲ့ တည်

ပင်ပေါ်မှာပဲ တည်သီးကို စားပါတယ်။ စားနေရင်းပဲ အောက် ချောက်တွင်းထဲကို ပြုတ်ကျသွား
ပါတယ်။ ချောက်တွင်းထဲ ကျသွားတော့ အစာကပိုငတ်သွားပါတယ်။
         အဲဒီ အချိန်မှာ ဘုရားအလောင်းတော်က မျောက်မျိုးမှာ ဖြစ်နေပါတယ်။ အစာရှာထွက်
ရင်း ချောက်တွင်းထဲကျနေတဲ့ ပုဏ္ဏားကို တွေ့သွားပါတယ်။ ဘုရားအလောင်း မျောက်အနေနဲ့
ချောက်တွင်းထဲဆင်းပြီး ကယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဆင်းကယ်ရင် ကိုယ်ပါပြန်တက်
လို့ ရတော့မှာ မဟုတ်ပါဘူး။
         ဘုရားအလောင်း မျောက်မင်းက ဉာဏ်သုံးပြီး ကယ်ပါတယ်။ အနီးအနားမှာရှိတဲ့
ကျောက်ခဲတွေကို ချောက်တွင်းထဲ ပစ်ပစ်ချပေးပါတယ်။ ခဲတစ်လုံးပစ်ချလိုက် ပုဏ္ဏားက ခြေ
ထောက်ကိုမပြီး ခဲလုံးလေးကို ခြေထောက်အောက် သွင်းထားလိုက်နဲ့ ကြာလာတော့ ခဲတွေပြည့်
လာပြီး ပုဏ္ဏားလည်း အပေါ်တက်လို့ ရသွားပါတော့တယ်။

ကိုယ်က.. စိတ်ထားတတ်ရင် ပါရမီဆယ်ပါး ဖြည့်ပြီးသားပါ။

        တစ်ခါတုန်းက ဗာရာဏသီပြည် ကာသိရွာမှာ လယ်သမားပုဏ္ဏားတစ်ယောက်ဟာ နွား
ပျောက်တာကို လိုက်ရှာရင်း ရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားပါတယ်။ ကြာလာတော့ မော
လာပါတယ်။ တည်ပင် တစ်ပင်တွေ့တော့ တည်ပင်ပေါ်တက်ပြီး ဆာလည်းဆာနေတာနဲ့ တည်

ပင်ပေါ်မှာပဲ တည်သီးကို စားပါတယ်။ စားနေရင်းပဲ အောက် ချောက်တွင်းထဲကို ပြုတ်ကျသွား
ပါတယ်။ ချောက်တွင်းထဲ ကျသွားတော့ အစာကပိုငတ်သွားပါတယ်။
         အဲဒီ အချိန်မှာ ဘုရားအလောင်းတော်က မျောက်မျိုးမှာ ဖြစ်နေပါတယ်။ အစာရှာထွက်
ရင်း ချောက်တွင်းထဲကျနေတဲ့ ပုဏ္ဏားကို တွေ့သွားပါတယ်။ ဘုရားအလောင်း မျောက်အနေနဲ့
ချောက်တွင်းထဲဆင်းပြီး ကယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဆင်းကယ်ရင် ကိုယ်ပါပြန်တက်
လို့ ရတော့မှာ မဟုတ်ပါဘူး။
         ဘုရားအလောင်း မျောက်မင်းက ဉာဏ်သုံးပြီး ကယ်ပါတယ်။ အနီးအနားမှာရှိတဲ့
ကျောက်ခဲတွေကို ချောက်တွင်းထဲ ပစ်ပစ်ချပေးပါတယ်။ ခဲတစ်လုံးပစ်ချလိုက် ပုဏ္ဏားက ခြေ
ထောက်ကိုမပြီး ခဲလုံးလေးကို ခြေထောက်အောက် သွင်းထားလိုက်နဲ့ ကြာလာတော့ ခဲတွေပြည့်
လာပြီး ပုဏ္ဏားလည်း အပေါ်တက်လို့ ရသွားပါတော့တယ်။

လောကီ၊ လောကုတ္တရာအတွက် စိန္တာမဏိဂါထာတော်။

         စိန္တာမဏိဂါထာတော်၏ အခြေအမြစ်ကို လေ့လာသောအခါ ငါးရာ့ငါးဆယ်နိပါတ် ပဒကု
သလဇတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့
သော ဂါထာဖြစ်ကြောင်း သိရှိရပေသည်။ ထိုဇတ်တော်တွင် “ စိန္တာမဏိဂါထာကို ရသည့်အချိန်

မှစ၍ ပဒကုသလ လုလင်သည် ခြေရာကောက်အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း
ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေ ဖေါ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်မင်းမြတ်၏ နဝ
ရတ် လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည်ထုတ်ယူပေးနိုင်ခဲ့ကြောင်း၊ သန်လျက်ပျောက်ဆုံး
မှုတို့ကို ပြန်လည်ဖေါ်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ် ခံစားခဲ့ရကြောင်း ” စသည်ဖြင့် စိန္တာ
မဏိဂါထာတော်၏ တန်ခိုးအစွမ်းသတ္တိများကို ဖွင့်ဆိုဖေါ်ပြထားလေသည်။
       “  စိန္တာမဏိဂါထာတော် ”
 ၁။ စိန္တာမဏိ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
 ၂။ စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
 ၁။ စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ။
     ကာရံ ကရတိ သရဏံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။

ကြိုတင်မသိနိုင်သော အကြောင်း(၅)ပါးနှင့် မမေ့အပ်သည့် (၁၀)ချက်


"... ကြိုတင်မသိနိုင်သော အကြောင်း(၅)ပါးနှင့် မမေ့အပ်သည့် (၁၀)ချက် ..."

ကြိုတင်မသိနှိုင်သော အကြောင်း(၅)ပါး
---------------------------------------
၁။ မိမိအသက် သေမည့်ရက် သေချာတိကျ မသိနှိုင်။
၂။ မည်သည့်ရောဂါ သေရမှာ သေချာတိကျ မသိနှိုင်။
၃။ မည်သည့်ချိန်ခါ သေရမှာ သေချာတိကျ မသိနှိုင်။
၎။ မည်သည့်နေရာ သေရမှာ သေချာတိကျ မသိနှိုင်။
၅။ သေပြီးနောက်မှာ ဘယ်ရောက်မှာ သေချာတိကျ မသိနိုင်။
.
မမေ့အပ်တဲ့ (၁၀)ချက်

----------------------
၁။ အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခုရှိတယ်။ အဲဒါက မိဘနှင့် အချိန်။
၂။ လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းပဲ။
၃။ ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်။
၎။ မေ့တတ်တယ် ဆိုတာ မလေးစားလို့။ ကြောက်တတ်တယ်ဆိုတာ မခိုင်လုံလို့။
၅။ နှေးတာအရေးမကြီး၊ ရပ်မနေဖို့ပဲ အရေးကြီးတယ်။
၆။ မနာလိုမဖြစ်ပါနဲ့၊ လုပ်တဲ့သူက နေရာရမှာပဲ။
ရ။ စာရိတ္တကောင်းရင် နောက်ကြောင်းရှင်းတယ်။
၈။ မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။
၉။ လိုသလောက် မရနိုင်ပေမယ့်။ လုပ်သလောက်တော့ ရနိုင်ပါတယ်။
၁၀။ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင်ဖြစ်သည်။
မူရင်းစာရေးသူကို မဖော်ပြနိုင် တော့သည့်အတွက် နားလည်ပေးစေလိုပါသည်။
Myanmar News Update မှကူးယူဖေါ်ပြလိုက်ပါသည်

ဘ၀မှာ အကျိုးရှိရှိ နေဖို့ဆိုရင်။

       ဗုဒ္ဓဘာသာဝင်တွေအတွက် “ ဓမ္မ ” ဆိုတာ အမှန်အမှားကို ခွဲခြားသိနိုင်သော ဟောပြော
ထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဆုံးမသွန်သင်ချက်တွေကို ခေါ်ပါတယ်။ အကျိုးအကြောင်း၊ အကောင်းအ
ဆိုးတွေကို သိတာကိုလည်း ဓမ္မကိုသိတယ်လို့ ပြောလို့ရပါတယ်။

         ဓမ္မအသိနဲ့ ဘ၀မှာ အကျိုးရှိရှိနေဖို့ ဆိုရင် အသိဉာဏ် ရှိရပါမယ်။ လောကမှာ ဘ၀တစ်
ခု ရလာတဲ့အခါမှာ နေပုံထိုင်ပုံက အမျိုးမျိုးရှိပါတယ်။ အကျိုးရှိတဲ့နေနည်း ရှိသလို အကျိုးမဲ့စေ
တတ်တဲ့ နေနည်းလည်း ရှိကြပါတယ်။ ပစ္စုပ္ပန် သံသရာ နှစ်ဖြာလုံး အကျိုးရှိစေမယ့် နေနည်းမျိုး
ကို ဗုဒ္ဓမြတ်စွာက ဆုံးမသြ၀ါဒ ပေးထားပါတယ်။
         ဗုဒ္ဓမြတ်စွာက “အန္ဓသုတ္တန်” မှာ “ ဒွိစက္ခု ” မျက်စိနှစ်လုံးရှိတဲ့ ပုဂ္ဂိုလ်ကို အကောင်းဆုံး
ပုဂ္ဂိုလ်လို့ ဟောကြားထားပါတယ်။ မျက်စိနှစ်လုံးဆိုတာ လူတိုင်းလူတိုင်းမှာ ရှိကြပါတယ်။ နှစ်
ဘက်မြင်နိုင်ရတဲ့ အသိဉာဏ်ကို ဆိုလိုတာပါ။ ပကတိမျက်စိကတော့ ရှေ့တည့်တည့် တစ်ဘက်
တည်းကိုပဲ မြင်နိုင်ပါတယ်။ အသိဉာဏ်ရှိမှ နှစ်ဘက်စလုံးကို မြင်ရပါမယ်။
         လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ မရသေးတဲ့ စည်းစိမ်ဥစ္စာတွေကို ရဖို့၊ ရလာ
တဲ့ စည်းစိမ်ဥစ္စာတွေ တည်မြဲဖို့၊ တည်မြဲပြီးသား စည်းစိမ်ဥစ္စာတွေ တိုးတက်ပွားများဖို့   သိမြင်
တတ်တဲ့ အသိဉာဏ်ဆိုတဲ့ မျက်လုံးလည်းရှိဖို့ လိုပါတယ်။ အဲဒါက ဒီဘ၀  ကောင်းကျိုးအတွက်
ဖြစ်ပါတယ်။ နောင်ဘ၀ ကောင်းကျိုးအတွက်လည်းပဲ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိတယ်၊ အ
ပြစ်မရှိဘူးဆိုတဲ့ ဓမ္မအရေးနဲ့ ပတ်သက်ပြီး သိတဲ့ မျက်စိမျိုးဟာလည်း လိုအပ်ပါတယ်။
         လောကအကျိုးချည်းပဲ ကြိုးစားမယ်ဆိုရင် သံသရာအကျိုးက လွတ်သွားပါမယ်။ လူတွေ
မှာ ပစ္စည်းဥစ္စာတွေ တိုးတက်လာသော်လည်း ကိုယ်ကျင့်တရားက ဆုတ်ယုတိပျက်ပြား သွားလို့
ရှိရင် ကောင်းကျိုးချမ်းသာတွေဟာလည်း တဖြည်းဖြည်း ဆုတ်ယုတ်သွားနိုင်ပါတယ်။ ဒါကြောင့်
မို့ စီးပွားရေးဘက်ကလည်း တိုးတက်အောင် လုပ်ရပါမယ်။ ကိုယ်ကျင့်တရား ဘက်ကလည်း တိုး
တက်အောင် လုပ်ရပါမယ်။

အ၀ိဇ္ဇာ၏ အဓိပ္ပါယ်

  တစ်ချိန်တွင် ရဟန်းတော်တစ်ပါးက ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ပြီးနောက် ဘု
ရားရှင်ကို ဤကဲ့သို့မေးမြန်းလျှောက်ထားတော်မူ၏ ---- “မြတ်စွာဘုရား ...
‘အ၀ိဇ္ဇာ အ၀ိဇ္ဇာ’ဟု ပြောဆိုနေပါသည် မြတ်စွာဘုရား၊ အဘယ်ကို အ၀ိဇ္ဇာဟုခေါ်

ဆိုပါသလဲ မြတ်စွာဘုရား¿ အဘယ်မျှသော အတိုင်းအရှည်ဖြင့် အ၀ိဇ္ဇာသို့ရောက်
ရှိနေသည့် ပုဂ္ဂိုလ်ဟု ခေါ်ဆိုပါသလဲ မြတ်စွာဘုရား?” .. ဤသို့ ထိုရဟန်းတော်က
မြတ်စွာဘုရားအား မေးမြန်းလျှောက်ထား၏။ ဤသို့ မေးမြန်းလျှောက်ထားသည့်
အခါ ဘုရားရှင်က အောက်ပါအတိုင်း အဖြေပေးတော်မူ၏ ..။

“ချစ်သား ရဟန်း ...
၁။ ဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက်
ထွင်းဖောက် မသိမမြင်မှု၊

Tuesday 21 October 2014

အာဠ၀ကဘီလူးကမေးပြီး ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော (အာဠ၀ကသုတ္တန်)။

 (၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ)
(၂)လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
(၃)လောကမှာ အကောင်းဆုံးအရသာ ဘာလဲ။

အဖြေ=အကောင်းဆုံး အရသာဟာ သစ္စာ။(သစ္စံ သာဓုတရံ ရသာနံ)
(၄)လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ=အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။(ပညာဇီဝိံ ဇီဝိတ မာဟု သေဌံ)
(၅)အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ=သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။(သဒ္ဓါယ တရဟိ သြဃံ)
(၆)ကျယ်ပြောသောဘ၀ကြီးကို ဘာနဲ့ဖြတ်ကူးရမှာလဲ။
အဖြေ=သတိနဲ့ ဖြတ်ကူးရမယ်။(အပ္ပမာဒေန အဏ္ဏ၀ံ)
(၇)ဆင်းရဲဒုက္ခကို ဘာနဲ့ဖယ်ရှားမှာလဲ။
အဖြေ=ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်ဖယ်ရှားနိုင်မယ်။(၀ီရိယေန ဒုက္ခမစ္စေတိ)
(၈)စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပညာ ဖြင့်သာဆေးကြောရမယ်။(ပညာယ ပရိသုဇျွတိ)
(၉)ပညာကို ဘယ်လိုရအောင်ယူရမှာလဲ။

ဆံတော်ရှင်ဇင်းကျိုက်စေတီတော်မြတ်သမိုင်းကြောင်း


  သုံးလူ့ထွဋ်ထားသဗ္ဗညုရှင်တော်ဂေါတမမြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ရောက်ခါနီး ကာလဝယ် ကရာမည-ကရဏ္ဍကတိုင်း

သုဘိန္နဂရဟု ထင်ရှားရှိခါရှင်တော်ဘုရားအပွင့်မှီ နှစ်ပေါင်း (၅၀-)ခန့်က ယခု သထုံပြည် တည်နေရာ ဌာနသုဘိန္န နဂရမြို့ကြီး ဟုဝေးနီးထင်ပေါ်

သတင်းကျော်လျက် လွန်စွာမွေ့ပျော်ခါစ  စတုမဟာတာဝတိသာ မာယာ စသည်နတ့်ပြည်ကဲ့သို့  စည်ပင်လှစွာ သားကြီးသာ၍ သတ္တဝါဗိုလ်လူခပ်သိမ်း


သူတို့မှီခိုနေထိုင်ရာဖြစ်သော ရာဇဌာနီမင်းနေပြည်တော်မြို့ကြီးတစ်မြို့တည်ထားခဲ့လေသည်။ ထိုသုဘိန္နနဂရ ယခု သထုံ (ခေါ်) သုဝဏ္ဏဘူမိ ရာဇဌာနီ

မင်းနေပြည်တော်တွင် တိဿဓမ္မ ဘုရင်ကြီးသည် သီရိက္ကပါ အဂ္ဂမဟေသီ ဒေဝီမိဖုရားခေါင်နှင့် ဘုန်းမီး နေ,လ,ထွန်းလင်းတောက်ပလျက် ဒဿရာဇ

ဓမ္မလေးတန် သင်္ဂဟနာယက ခြောက်ပုံ ခုနှစ်စုံ အပရိဟာ၊ အစဖြာသော စည်လာလမ်းကြောင်းနှင့် ကမ္ဘာအစ မဟာသမတမင်းကောင်းမင်းမြတ်တို့၏

ပရိဒေ၀အကြောင်း

 
 
ငိုကြွေးမူကို “ပရိဒေ၀”ဟုခေါ်၏။ ဤပရိဒေ၀ဟူသည် “ငိုသံ”ပင်ဖြစ်၏။ သို့သော် ထိုငိုသံ ဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာ ဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်ထားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မူကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မူကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ ခေါ် ငိုကြွေးသော အသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

သံဃာများ အိမ်ပင့်ဆွမ်းကပ်ရကျိုးများ

ဦးဇင်းကို အွန်လိုင်းကနေသိတဲ့ ဒကာမတစ်ဦးက သူ့အိမ်က မိသားစုတွေအားလုံး ဖူးမြင်ရအောင်ဆိုပြီး ဆွမ်းစားပင့်ပါတယ်။ အိမ်ရောက်လို့ ဆွမ်းလည်းစားပြီးရော မိတ်ဆက်စကားပြောကြရာ ဒကာတစ်ဦးကနေ ဦးဇင်းကို အရှင်ဘုရားက အွန်လိုင်းမှာ ဘာသာရေးမေးဖြေလုပ်ပေးတာ နာမည်ကြီးတယ်လို့ ပြောကြတယ်။
အဲဒါ တပည့်တော်လည်း ကြုံတုန်း အရှင်ဘုရားကို မေးချင်ပါတယ်။ ခု ဒီအိမ်က အရှင်ဘုရားကို ဆွမ်းစားပင့်တယ်။ အဲဒီတော့ ဒီအိမ်ကလူတွေ ဘာအကျိုးတွေ ရသလဲဘုရားဆိုပြီး မေးပါတော့တယ်။
ဒါနဲ့ ဦးဇင်းက ပထမဦးဆုံး အိမ်မှာပင့်ပြီး ဆွမ်းကပ်တဲ့အတွက် ဆွမ်းလှူသူတွေရရှိတဲ့ ဆွမ်းအကျိုး (၅)ပါးကို ပြောပြပေးလိုက်ပါတယ်။
ဆွမ်းလှူကျိုး (၅)ပါး
၁။ အသက်ကို ပေးလှူတာနဲ့တူလို့ အသက်ရှည်ခြင်း။
၂။ ရုပ်အဆင်းကို ပေးလှူတာနဲ့တူလို့ ရုပ်လှပခြင်း။
၃။ ကိုယ်စိတ်ချမ်းသာအောင် ပေးလှူတာနဲ့တူလို့ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း။
၎။ ခွန်အားကို ပေးလှူတာနဲ့တူလို့ ခွန်အားကောင်းခြင်း။
၅။ အသိပညာတိုးတတ်အောင် ပေးလှူတာနဲ့တူလို့ အသိပညာကောင်းခြင်း။ (အံ၊ ၂၊ ၃၅)
ဒါပြင် သီလပညာနဲ့ပြည့်စုံတဲ့ ရဟန်းသံဃာများ အိမ်ကြွလာရင် အောက်ပါအကျိုးတွေလည်း ရရှိပါတယ်လို့ ရှင်းပြပေးခဲ့ပါတယ်။

ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ"

 
"ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ" •••••••••••••••••••••••••• 
အပြု (ကာယကံ) ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ ပြုဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ ပြုပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။

မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ အပြော (၀စီကံ) ပြောမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ ပြောဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။
 
 မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ ပြောပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ 
 
အတွေး (မနောကံ) တွေးမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။ တွေးဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။
 
 တွေးပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။ ချမ်းမြေ့ဆရာတော် (ဓမ္မကဗျာပဒေသာ စာအုပ်မှ) _/|\_ဓမ္မမိတ်ဆွေများအားလုံး အပြု၊ အပြော၊ အတွေးများ ရှောင်ရှားနိုင်သူများ ဖြစ်ကြပါစေ။
 _/|\_

ကောဌာသ (၃၂) ပါး။

၁။ ကေသာ = ဆံပင်။
၂။ လောမာ = အမွေး။
၃။ နခါ = ခြေသည်းလက်သည်း။
၎။ ဒန္တာ = သွား။
၅။ တစော = အရေ။
၆။ မံသံ = အသား။
၇။ နှာရု = အကြော။
၈။ အဌိ = အရိုး။
၉။ အဌိမိဉ္ဇံ = ရိုးတွင်းချဉ်ဆီ။
၁၀။ ၀က္ကံ = အညှို့။
၁၁။ ဟဒယံ = နှလုံး။
၁၂။ ယကနံ =  အသည်း။
၁၃။ ကိလောမကံ = အမှေး။
၁၄။ ပိဟကံ = အပျဉ်။
၁၅။ ပပ္ဖသံ = အဆုတ်။
၁၆။ အန္တံ = အူမ။
၁၇။ အ န္တဂုဏံ = အူသိမ် အူဖွဲ။
၁၈။ ဥဒရိယံ = အစာသစ်။
၁၉။ ကရီယံ = အစာဟောင်း။
၂၀။ မတ္ထလုင်္ဂံ = ဦးနှောက်။
၂၁။ ပိတ္တံ = သည်းခြေ။
၂၂။ သေမှံ = သလိပ်။
၂၃။ ပုဗ္ဗော = ပြည်။
၂၄။ လောဟိတံ = သွေး။
၂၅။ သေဒေါ = ချွေး။
၂၆။ မေဒေါ = အဆီခဲ။
၂၇။ အဿု = မျက်ရည်။
၂၈။ ၀သာ = ဆီကြည်။
၂၉။ ခေလော = တံတွေး။
၃၀။ သိင်္ဃာနိကာ = နှပ်။
၃၁။ လသိကာ = အစေး။
၃၂။ မုတ္တံ = ကျင်ငယ်တို့ ဖြစ်ပါတယ်။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

Sunday 19 October 2014

ဗုဒ္ဓဟောကြားသော လုပ်ငန်းအောင်မြင်ပြီး ကြီးပွားချမ်းသာကြောင်းတရားများ။

     လူတိုင်းလူတိုင်းသည် လူ့လောကအလယ်တွင် တင့်တင့်တယ်တယ် ပြည့်ပြည့်စုံစုံနှင့်
နေချင်ကြ၏။ ထိုသို့နေနိုင်ဖို့ရန် စီးပွားဥစ္စာ ရှာဖွေမှုကို ပြုကြရသည်ချည်း ဖြစ်ပါ၏။ လူသား
များအနေဖြင့် အသွေးအသားခန္ဓာရုပ်ကြီး ရှင်သန်တည်မြဲနေသေးသမျှ စားဝတ်နေရေး ဟူ

သော စာလုံးသည် စီးပွားရေးပင်စည်ကြီးအပေါ် အမှီပြုလျက် ရှိပါ၏။ စီးပွားရေးပင်စည်ကြီး
ကြံ့ခိုင်ဖွံ့ဖြိုးလျှင် အရေးသုံးပါးတွင် လူတစ်လုံးသူတစ်လုံးဖြစ်မည်။ စီးပွားရေးပင်စည်ကြီး ညှိုး
ရော်ခြောက်သွေ့လျှင် အရေးသုံးပါးတွင် ဆင်းရဲနုံချာပါမည်။ လူလုံးမလှ ဖြစ်ပါမည်။
         ရုပ်ဝါဒီအချို့က ဘာသာတရားသည် ဘိန်းနှင့်တူသည်ဟု ဆိုကြ၏။ ဘိန်းစွဲသွားသော
သူသည် ကြီးပွားချမ်းသာရေးလမ်း ပိတ်သကဲ့သို့ ဘာသာရေးလိုက်စားသူများသည် ကြီးပွား
ချမ်းသာရေးလမ်းကို ပိတ်ဆို့စေသည်ဟု စွတ်စွဲပြောဆို ရေးသားကြ၏။ ဤသို့ပြောဆိုရေးသား
ခြင်းသည် ဗုဒ္ဓ၏ ဓမ္မဒေသနာများကို သေချာမလေ့လာမိသောကြောင့် ဖြစ်ပါ၏။

ကိလေသာ (၁၄) ပါး


ကိလေသာ (၁၄) ပါးမှာ==
 ၁။ လောဘ = တပ်မက်တောင့်တခြင်း။
 ၂။ ဒေါသ = ခက်ထန်ကြမ်းကြုပ်ခြင်း။
 ၃။ မောဟ = အမှန်ကို မသိဘဲ မိုက်မဲခြင်း။

 ၄။ မာန = ထောင်လွှားတက်ကြွခြင်း။
 ၅။ ဒိဌိ = အမြင်မှား၊ အယူမှားခြင်း။
 ၆။ ၀ိစိကိ စ္ဆာ = သို့လောသို့လော တွေးတောယုံမှားခြင်း။
 ၇။ ထိန = ပျင်းရိညှိုးနွမ်းခြင်း။
 ၈။ ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း။
 ၉။ အဟိရိက = မကောင်းမှုကို မရှက်ခြင်း။
၁၀။ အနောတ္တပ္ပ = မကောင်းမှုကို မကြောက်ရွံ့ခြင်း။
၁၁။ ဣဿာ = သူတစ်ပါး ချမ်းသာသည်ကို မမြင်ချင် မကြားချင် ငြူစူတတ်ခြင်း။
၁၂။ မစ္ဆရိယ = ၀န်တိုသဘောရှိခြင်း။
၁၃။ ကုက္ကုစ္စ = မကောင်းမှု ပြုမိလေခြင်း၊ ကောင်းမှု မပြုမိလေခြင်းဟု နောင်တပူပန်ခြင်း။
၁၄။ မိဒ္ဓ = လေးလံထိုင်းမှိုင်းခြင်း။
မှတ်ချက်။  ။ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ-ဤသုံးပါးတို့မှာ ဒေါသတရားတွင် အကျုံးဝင်ပြီး၊ မိဒ္ဓမှာ
လည်း ထိနနှင့် ပူးတွဲကာ ကိလေသာ (၁၀)ပါးဟု ထုတ်ဖေါ်ပြောဆိုကြပါတယ်။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပါသည်။ }
      ဦးသိန်းဝေ။
     http://www.facebook.com/damanadi.tk
          http://www.damanadi.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
==============================
“စိတ်ငြိမ်းချမ်းမှု”
==========
* အတွယ်ရှိသမျှ၊ စိတ်သောက
  မုချ ရှိလိမ့်မည်။
* တွယ်တာကင်းမှ၊ စိတ်သောက
  လုံးဝ ကင်းနိုင်သည်။
* သောကမလွှမ်း၊ စိတ်ငြိမ်းချမ်း
  တက်လှမ်း နိဗ္ဗာန်ပြည်။
  (ဒေါက်တာအရှင်နန္ဒာမာလာဘိဝံသ)

မဟာသမယသုတ် (မြန်မာပြန်)


၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံး နေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီ ရှိ သော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့ သည်လည်း မြတ်စွာဘုရားကို လည်းကောင်း ရဟန်း သံဃာ ကို လည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကုန်၏။

ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏-
”ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်း ဖြစ်သော ရဟန်း သံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာ တစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည် လည်း မြတ်စွာဘုရားကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက် ကုန်၏။ ငါတို့သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးသီး ဂါထာ တစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ” ဟု (အကြံဖြစ်၏)။

မြတ်စွာဘုရား၏ ထူးခြား အံ့သြဖွယ်များ (ဗုဒ္ဓနေ့အတွက်)။

                         
တစ်နေ့ ဇေတ၀န်ကျောင်းတိုက်    ဓမ္မာရုံကြီးအတွင်း မြတ်စွာဘုရားက“ အာနန္ဒ ငါဘုရား
ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းပြောစမ်း ” ဟု မိန့်တော်မူရာ အရှင်အာနန္ဒက ဘုရား
ရဲ့ထူးခြားချက်တွေကို ရဟန်းတော်များရှေ့တွင် ပြန်ပြီး လျှောက်တင်ပြပါတယ်။
(၁) ဝေဿန္တရာမင်းကြီးဘ၀ ကုန်ဆုံးပြီး တုသိတာဘုံကို ရောက်သွားတဲ့အခါမှာ အိပ်
မောကျပြီးတော့ ရောက်သွားတာ မဟုတ်ဘူး။ သိသိသာသာကြီး ရောက်သွားတာ၊ သေတဲ့အခါ
မှာ လူတွေဟာ တွေဝေပြီးတော့ သေတာများတယ်။ သတိရှိတယ်၊ ဆင်ခြင်တုံတရားရှိတယ်။
သတိမကွာ ဆင်ခြင်ဉာဏ်ပညာနဲ့ပဲ ဝေဿန္တရာမင်းကြီး ဘ၀က သေဆုံးပြီးတော့ တုသိတာ နတ်ပြည်မှာ သားမွေးတာ ဖြစ်ပါတယ်။

(၂) တုသိတာ နတ်ပြည်မှာ နတ်စည်းစိမ်ခံစားတဲ့ အခါမှာလည်း ကာမဂုဏ် အာရုံတွေထဲ
မှာ မေ့မျောပြီးတော့ သတိလက်လွတ် ဖြစ်မနေဘူး။ တုသိတာ နတ်ပြည်မှာ နေသမျှ ကာလ
ပတ်လုံး အမှတ်တမဲ့ မနေဘူး၊ သတိသမ္ပဇညနဲ့ နေပါတယ်။

တရားတော်ကို ဘယ်လိုပူဇော်ကြမလဲ


 



 


ဗုဒ္ဓဘာသာတိုင်း အနန္တောအနန္တငါးပါး ရာတနာ (၃) ပါးကို ဦးညွှတ် ပူဇော်ကြလေ့ရှိပါသည်။
ဘုရားရှင်မြတ်အား ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့် ပူဇော်ကြလေ့ ရှိပါသည်။ ဂုဏ်တော် (၉) ပါး၊ ဗုဒ္ဓနုဿတိဖြင့် ဂုဏ်တော်နှင့် ပုံတော်ကိုပါ ကြည်ညိုပူဇော်တတ်ကြပါသည်။
ထို့အတူ သံဃာတော် အရှင်သူမြတ်အပေါင်းအားလည်း ဗုဒ္ဓရှင်တော်မြတ်အား ပူဇော်သကဲ့သို့ အာရုံပြု ကြည်ညိုပူဇော်တတ်ကြပါသည်။

သို့သော် ဂုဏ်တော်သာရှိ၍ ပုံတော်မရှိသော “ဓမ္မ” ကို ဘယ်လို ပူဇော်ကြမည်နည်း။
ဘုရားရှင်နှင့် သံဃာတို့ကို ပူဇော်သကဲ့သို့ ပူဇော်ရန်မဖြစ်နိုင်ပါ။ ဓမ္မကို ဘယ်လိုပူဇော်ရမည်ကို ဗုဒ္ဓရှင်တော်မြတ်က ဤကဲ့သို့ မိန့်ကြားခဲ့ဘူးပါသည်။
“ချစ်သားတို့ နောက်လေးလမျှ လွန်လျှင် ငါဘုရား ပရိနိဗ္ဗာန်စံဝင်တော်မည်” ဟု မိန့်ခဲ့ပါသည်။
ပုထုဇဉ်ရဟန်းအများက ၀မ်းနည်း၍ ငိုယိုကြပါသည်။

အလှူပေး တကယ်သူဋ္ဌေးဖြစ် ။


သူတော်ကောင်းတို့ လောကတွင် အလှူမလုပ်ဘူးသူ ရှိပါသလား ? ကျနော့်ကိုထိုမေးခွန်း မျိုးမေးပါက မရှိပါဟု ဖြေမည်ပင် အဘယ်ကြောင့်ဆိုသော် လောကတွင် ကြီးငယ် ကျားမ ဘာသာမရွေး လူဆိုလျှင် မည်မျှပင်စေးနဲ သူဖြစ်လင့်ကစား လှူဘူးသူချည်းပင် အကြောင်းကိုရှင်းပြရသော် ဒါန ဆိုသည်မှာ
ထမင်းစားပြီး ပန်းကန်ဆေး၍ သွန်ပစ်သော ရေတွင်ပါဝင်သည့် ထမင်းစေ့ကလေးများ ကိုပုရွက်ဆိတ် ပိုးဟပ် စသောတိရိစ္ဆန်များက စားရသည်ကိုပင် ကုသိုလ်
ရပြီး ဒါနမြောက်သည်ဟုဆိုလျှင်
အခြားဆိုဘွယ်ရာမရှိချေ လောကတွင်ရေတခွက် တိုက်ဘူးသူ မုန်တခုကြွေးဘူးသူ ပိုက်ဆံတစ်ကျပ်မျှ စွန့်ကျဲဘူးသူ လဲနေသူကို ထူဖူးသူ ကုသိုလ်ရလို၍ မဟုတ်ဘဲ လူမှုရေးအရ ကူညီသူအများ အပြားရှိကြ၍ တနည်းနည်း ဖြင့်ကုသိုလ် ရဖူးသူများဖြစ်ကြသည့် အတွက် မလှူဖူး
သူမရှိပါဟုဆိုရခြင်းဖြစ်ပါသည်။

နီဝရဏတရား (၆) ပါး ဆိုတာ



တရားအားထုတ်တဲ့အခါ နီဝရဏတရား(၆)ပါးက တရားအသိဥာဏ်တွေမရနိုင်အောင်၊ မတိုးတက်အောင် နှောင့်ယှက်ပိတ်ဆို့ထားတတ်ပါတယ်။
ရှေ့ပိုင်းနီဝရဏ(၅)ပါးကတော့ ၀ိပဿနာခဏိကသမာဓိဖြစ်နေတဲ့အချိန်နဲ့ သမထအားထုတ်လို့ဧကဂ္ဂတာသမာဓိ ရနေတဲ့အချိန်တွေမှာဖယ်ရှားထားနိုင်ပါတယ်။
ဒါပေမဲ့ နံပါတ်(၆) အ၀ိဇ္ဇာက ၀င်နှောင့်ယှက်တတ်လို့ တရားမရှုမှတ်ပဲကြာရင်တော့ အဲဒီနီဝရဏတရားတွေဟာ စိတ်ကိုညစ်နွမ်းအောင် ပြုလုပ်တတ်ကြ
ပြန်ပါတယ်။
အဲဒါကြောင့် သတိပဋ္ဌာန်ရှုမှတ်မှုသတိကလေးကို အချိန်တိုင်းမြဲနေအောင်နေ့စဉ်လေ့ကျင့် အားထုတ်ပြီး၊ နီဝရဏ တရားတွေကို မ၀င်နိုင်အောင် ထိန်း
သိမ်းစောင့်ရှောက်ရပါမယ်။
စိတ်ကိုညစ်နွမ်းပြီး သစ္စာတရားကိုမသိစေအောင် ပိတ်ဖုံးထားတတ်တဲ့ နီဝရဏတရား(၆)ပါးကတော့ -
၁။ ကာမစ္ဆန္ဒနီဝရဏ = အဆင်း၊ အသံ၊ အနံ၊ ခံစားမှု၊ ကြံစည်မှု အာရုံတွေအပေါ်မှာ နှစ်သက်သာယာပြီး မခွဲချင်မခွာချင်အောင် နှစ်သက်စွဲလမ်းမှုတွေဖြစ်ပါတယ်။

ဒိဌိပရဗိုဇ်တို့၏ အသိ။

         လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားရှင် ဇေတ၀န်ရွှေကျောင်းတော်
မှာ မွေ့လျော်သီတင်းသုံးစဉ်ကာလ တနေ့တွင် ဘုရားရှင်ရဲ့ တပည့်သာဝကတွေဟာ သင်္ကန်းကိုယ်
စီရုံပြီး ဆွမ်းခံသွားရင်း   အချိန်ကလေး စောနေသေးတဲ့အတွက် ဒိဌိပရဗိုဇ်ကျောင်းကို  ခေတ္တခဏ 
ဝင်ကြပါတယ်။

         ဒိဌိပရဗိုဇ်ကြီးက သူ့ရဲ့တပည့်တွေကို၊ ဘုရားရှင်ရဲ့ တပည့်ရဟန်းတွေကို စောင်းငဲ့ပြီးတော့
ငါ့ရှင်တို့....“ငါတို့လည်း နိဝရဏ ၅ ပါးကို ဟောပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း နိဝရဏ ၅ ပါး
ကို ဟောပြောလေ့ရှိတယ်။ ငါတို့လည်း ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတယ်။ ရှင်ဂေါတမလည်း
ဗောဇ္ဈင် ၇ ပါးကို ဟောပြောလေ့ရှိတာပဲ ဘာများထူးခြားလို့လဲ ငါရှင်တို့.......။ ငါတို့လည်း    ဒီတ
ရားတွေကို ဟောပြောနေတာပဲ၊ ရှင်ဂေါတမကလည်း ဒီတရားတွေကို ဟောပြောနေတာပဲ၊   ဘာမှ
ထူးခြားချက် မရှိပါဘူး” လို့  ပြောတော့   တပည့်ရဟန်းတွေက တားလည်းမတားမြစ်၊    ချက်ချင်း
ပြန်ပြီးငြင်းခုံမှု မပြုပါဘဲ ...၊  အသာကလေးပဲ ကိုယ့်ဆွမ်းကိုယ်ခံကာ  ကျောင်းတော်သို့ ပြန်လာခဲ့
ကြပါတယ်။

ဘာကြောင့် သောတာပန် ဖြစ်ချင်ရတာလဲ။

      တို့တစ်တွေ ဘုရားရှိခိုးကန်တော့တိုင်းမှာ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး
စသည်ဖြင့် ကင်းလွတ်ရပါလို၏လို့ ဆုတောင်းကြပါတယ်။ ဆုတောင်းတိုင်းလည်း မရနိုင်ပါဘူး။
ကိုယ်ပြုလုပ်ခဲ့တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံနှင့် အတိတ်က ဘ၀ဆက်တိုင်း ပြုလုပ်ခဲ့တဲ့ ကု
သိုလ်ကံ၊ အကုသိုလ်ကံ အားလျော်စွာ အကုသိုလ်ရဲ့ ဆိုးကျိုးကို ခံစားရမှာ ဖြစ်ပါတယ်။    ဒါ

ကြောင့်ကံဖြတ်လုပ်ငန်းဖြစ်တဲ့ ၀ိပဿနာတရားကို လေ့လာဆည်းပူး ကျင့်ကြံကြိုးကုတ် အား
ထုတ်ပါမှ တစ်နည်း အနည်းဆုံး သောတာပန်ဖြစ်မှ အပါယ်လေးပါးလွတ်ပါ့မယ်။
         သောတာပန်ဆိုတာ နိဗ္ဗာန်သို့သွားရာ ရေစီးကြောင်း၊ နိဗ္ဗာန်သို့သွားရာ လမ်းမကြီးပေါ်
သို့ ရောက်ရှိသွားပြီးဖြစ်သူ၊ ထိုသို့ နိဗ္ဗာန်သို့သွားရာလမ်းကို ရောက်နေသဖြင့် အပါယ်လေးပါး
တံခါးပိတ်၍ နိဗ္ဗာန်ရောက်ဖို့အတွက် စိတ်ချရသူ ဖြစ်ပါတယ်။
         အပါယ်လေးပါးရဲ့ ဆိုးကျိုးတွေကို သိထားတဲ့သူက အပါယ်ကျမှာ ကြောက်ပါတယ်။ အ
ချို့ ပုဂ္ဂိုလ်တွေကျတော့ ပြောလို့ကြားတာ၊ မတွေ့ဘူးတော့ မကြောက်ဘူးဆိုတဲ့သူတွေ ရှိပါနေ
ကြပါတယ်။ မကြောက်တတ်လဲ အပါယ်လေးပါးထဲက မြင်နေရတဲ့ တိရစ္ဆာန်တွေရဲ့ ဆင်းရဲပုံကို
တော့ ငြင်းလို့မရပါဘူး။ တိရစ္ဆာန်ဆိုတာ ကြီးနိုင်ငယ်ညှင်းဆဲဝါဒ၊ ထိပ်ထိပ်လန့်လန့်နဲ့အကုသိုလ်
များတဲ့ဘ၀၊ အလွန်ကြောက်စရာကောင်းပါတယ်။
         လူတွေမှာ ကုသိုလ်၊ အကုသိုလ် အဖြူအမဲကံတွေ လုပ်နေတော့၊ ဘ၀တစ်ခုလုံးမှာ  အ
များအားဖြင့် မိစ္ဆာဒိဌိ အကုသိုလ်ကံနဲ့ နေနေရတော့ သေပြီဆိုရင် အပါယ်ဘုံရောက်တာ များပါ
တယ်။ လူတစ်သိန်းသေလို့ တစ်ယောက် လူပြန်ဖြစ်ဖို့ နည်းတယ်လို့ မြတ်စွာဘုရားက ဟောခဲ့
ပါတယ်။ ဒီလိုဆိုရင် အပါယ်ဘုံရောက်တဲ့ အပါယ်သားတွေမှာ ကုသိုလ်ဆိုတာ မရှိ။ အကုသိုလ်
တွေသာ တင်းတင်းပြည့်နက် နေတယ်ဆိုရင် ဘယ်လိုလုပ် လူပြန်ဖြစ်မယ်ဆိုတာ တွေးလို့
တောင် မရနိုင်ပါ။
         တို့တစ်တွေမှာ ဂင်္ဂါဝါဠု သဲစုမက အဆူဆူ ပွင့်သွားတဲ့ ဘုရားတွေရဲ့တရားကို နာရသူ
တွေ ကျွတ်တမ်းဝင်ကြပါတယ်။ အဲဒီအချိန်မှာ တို့တစ်တွေ ဘယ်ကိုရောက်နေကြသလဲ။ ရှိပါ
စေတော့...။ အခု အချိန်ဟာ ဗုဒ္ဓဘာသာဝင် ဖြစ်တာရယ်၊ ဘုရားသာသနာတွင်း ဖြစ်တာရယ်၊
လမ်းကောင်းညွှန်ပြမယ့် ဆရာကောင်း ရှိနေတာရယ်။ ၀ိပဿနာတရား အားထုတ်ဖို့   အသင့်
တော်ဆုံး ဖြစ်နေတာရယ်၊ ဒီလို ပြည့်စုံနေမှတော့ ဒီဘ၀ ဒီခန္ဓာ ဇတ်သိမ်းပြီး၊...  အနည်းဆုံး
အပါယ်လေးပါးလွတ်တဲ့ သောတာပန် အရိယာနွယ်ဖြစ်အောင် တရားအားထုတ်သင့်ပါတယ်။
         ဗုဒ္ဓဘာသာဝင် အချို့ကတော့ သူတို့ရဲ့ဒါန၊ သီလ၊ သမထကုသိုလ်တွေကြောင့် အပါယ်
မရောက်နိုင်ဘူးလို့ ထင်နေကြပါတယ်။ ဒါတွေက ကုသိုလ်ကံ အကျိုးပေးရင် လူ့ပြည်၊   နတ်
ပြည်ကို ရောက်ပါမယ်။ ဒါပေမယ့် လုပ်ခဲ့တဲ့ ကုသိုလ်အရှိန်ကုန်ရင် အပါယ်ဘုံပြန်ရောက်နိုင်ပါ
တယ်။ အပါယ်ဘုံကို ယာယီပိတ်ကုသိုလ်လို့ ခေါ်ဆိုနိုင်ပါတယ်။
         ဒါကြောင့် ဒါန၊ သီလလောက်နဲ့ တင်းတိမ်မနေပါနဲ့။ ပုတီးစိတ်၊ မေတ္တာပို့လုပ်နေရုံမျှနဲ့
အပါယ်လေးပါးမှ မလွတ်နိုင်ပါဘူး။ အပါယ်တံခါး ထာဝရပိတ်ဆိုတာ အနည်းဆုံး သောတာပန်
ဖြစ်မှ စိတ်ချရပါတယ်။
         ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း အကုသိုလ်ကိုကြောက်ပါ။
ကုသိုလ်ပြုပါ။ ကုသိုလ်ပြုတယ် ဆိုရာမှာလည်း လူ့ပြည်၊ နတ်ပြည်ရောက်တဲ့  ကုသိုလ်မျိုးနဲ့
တင်းတိမ်မနေကြဘဲ အနည်းဆုံး အပါယ်လေးပါးလွတ်တဲ့ သောတာပန် အရိယာနွယ်ဖြစ်အောင်
ဝိပဿနာတရားအားထုတ်နိုင်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 { ဦးစောဝင်းထွန်း၏ စူဠသောတာပန်မှ မဟာသောတာပန်သို့ မှ ထုတ်နုတ်ရေးသားပူဇော်
    ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒ၏ ဟန်ဆောင်မှု ။

   ဟန်ဆောင်တယ်ဆိုလို့ ဟန်မဆောင်တဲ့ ဒကာကြီးတစ်ယောက်နဲ့ ဓနုဖြူတရားစခန်းမှာ
ဓမ္မဒူတ ဆရာတော်နှင့် တွေ့တယ်။ တရားစခန်းဆိုတော့ တရားမေး၊ တရားလျှောက်၊ တရား
စစ်လုပ်ပေးတယ်။ တခြားတော့ မဟုတ်ပါဘူး၊ ပြင်ပေးသင့်ရင် ပြင်ပေးနိုင်တာပေါ့၊ဆရာတော်
ကလဲ ဟန်မဆောင် တတ်ဘူး ရှင်းရှင်းလေး။  တရားစစ်တော့ ရှေ့ က   တစ်ယောက်ပြီးတစ်

ယောက် အလှည့်ကျ အစစ်ခံတာပေါ့၊ လေးငါးယောက်လောက်ကျတော့ ဟိုး.. နောက်မှာထိုင်
နေတဲ့ ဒကာတစ်ယောက် ရှေးကိုတိုးလာပြီး...ဓမ္မဒူတ ဆရာတော်က===ကဲဒကာကြီးပြော၊
ယောကီ == ဘာပြောရမှာလဲ  ဆရာတော်၊
ဆရာတော်=တရားမှတ်နေ ရှုနေတာပဲ၊ ကိုယ်ဖြစ်တာ ကိုယ်ပြောလေ၊ ကိုယ်တရားအားထုတ်
               တာမှာ ကိုယ်ဖြစ်နေတာတွေ ကိုယ်ပြောလေ။
ယောကီ ==တကယ်ပြောရမှာလား ဘုရား။
ဆရာတော်=တကယ်ပြောပေါ့။

ရွှေမော်ဓေါဘုရားသမိုင်းကြောင်း

ရွှေမော်ဓေါဘုရားသမိုင်းကြောင်း




          မြန်မာနိုင်ငံ  ပဲခူးမြို့တွင် တည်ရှိသော ရွှေမော်ဓေါဘုရား(ခ)ကြီးမားသောရွှေစေတီတော်ဘုရားကို 
လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ခန့်က တည်ထားကိုးကွယ်ခဲ့ကြသည်။ မွန်ဘုရားတွေထဲမှ ထင်ရှားကျော်ကြား လှသောဘုရားတစ်ဆူလဲ ဖြစ်ပါသည်။ 
ဗုဒ္ဓ မြတ်စွာဘုရားရှင်၏ ဆံတော်အချို့နှင့်ဓါတ်တော်မွေတော်များကို ဌာပနာပြုရ်ျ တပုဿ နှင့် ဘလိက ကုန်သည်ညီနောင်(၂)ဦး 
တို့က ရွှေမော်ဓေါဘုရားကို တည်ထားကိုးကွယ်ခဲ့ကြသည်။ ရွှေမော်ဓေါဘုရားကို မူလအမြင့်(၂၃) မီတာ တည်ထားကိုးကွယ်ခဲ့ရာမှ သာသနာသက္ကရာဇ် (၁၉၅၄)ခုနှစ် အမြင့်(၁၁၄)မီတာ ရောက်သည့်အထိတိုင်အောင် အချိန်ကြာမြင့်စွာ ပြန်လည်အသစ်တစ်ဖန် မွမ်းမံတည်ဆောက်ခဲ့ကြသည်။ 
          ရွှေမော်ဓေါဘုရားသည် မြေငလျင်လှုပ်ခတ်ခြင်း ဒဏ်ကိုအကြိမ်ကြိမ်ပျက်ဆီးခဲ့ရသည်။ သာသနာသက္ကရာဇ် (၁၉၁၇)ခုနှစ်တွင် ပထမ တစ်ချိန်နှင့်သာသနာသက္ကရာဇ်(၁၉၃၀) ခုနှစ်တွင်နောက်တစ်ချိန် မြေငလျင်လှုပ် ခတ်ခြင်းဒဏ်ကိုခံခဲ့၇လေသည်။ ရွှေမော်ဓေါဘုရား၏ အပေါ်ယံ အစိတ်အပိုင်းသည် သာသနာသက္ကရာဇ် (၁၉၁၇) ခုနှစ်တွင် မြေငလျင်လှုပ်ခတ်ခြင်းဒဏ်ကြောင့် ကျန်တစ်ဖက်သို့ မြေခပြိုလဲခဲ့သည်။ 
           ရွှေမော်ဓေါဘုရားသည် အမြင့် (၁၁၄) မီတာ, မြန်မာနိုင်ငံတွင် အမြင့်ဆုံးစေတီဘုရား အဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့၇လေသည်။ နှစ်စဉ် ဧပြီလ (တန်ခူးလ) တွင် ရွှေမော်ဓေါဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိခဲ့သည်။  

ှShwemawdaw Pagoda Wesite မှဘာသာပြန်မျှဝေသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated