@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday 30 October 2014

ရထားထိန်း။

        ရဟန်းတော်တွေ သစ်ပင်မခုတ်ရ ဆိုတဲ့ ပညတ်ချက်နဲ့ ပတ်သက်ပြီးတော့ ရုက္ခစိုးတစ်ဦးရဲ့
ဒေါသ ထိန်းနိုင်ပုံကို မြတ်စွာဘုရားက ဟောထားတာရှိပါတယ်။ “ မြင်းရထားမောင်းတဲ့ ပုဂ္ဂိုလ်ဟာ
မြင်းရဲ့ဇတ်ကိုနိုင်အောင် ထိန်းနိုင်ပေမယ့် တကယ့်ရထားထိန်းလို့ မခေါ်နိုင်ဘူး။ ကိုယ့်ဒေါသကို
ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်မှ တကယ့်ရထားထိန်းလို့ ခေါ်နိုင်တယ် ” လို့ မြတ်စွာဘုရားက ဟောထားတာ

ရှိပါတယ်။
         တစ်ခါတုန်းက ရဟန်းတော်တစ်ပါးက ကျောင်းဆောက်ဖို့ရန်အတွက် ကြီးမားတဲ့ သစ်ပင်
ကြီးတစ်ပင်ကို ခုတ်လှဲပါတယ်။ လှဲတဲ့အခါမှာ အဲဒီသစ်ပင်ရဲ့ ဘုံဗိမာန်မှာရှိနေတဲ့ ရုက္ခစိုးနတ်က
“ အရှင်ဘုရား ကိုယ့်အတွက် အဆောက်အအုံ လုပ်ချင်တာနဲ့ တပည့်တော်ရဲ့ အဆောက်အအုံကို
မဖျက်ဆီးပါနဲ့ ” လို့ ပြောတော့ ကျောင်းဆောက်မယ့်ကိုယ်တော်က နားမထောင်ဘူး။
         အဲဒီတော့ ရုက္ခစိုးက ခုတ်မည့်နေရာကို သူ့ရဲ့သားငယ်လေး ရှေ့ကကာထားလိုက်ရင် ဒီ
ကိုယ်တော် ခုတ်မှာမဟုတ်ဘူးထင်ပြီး ခုတ်မည့်နေရာမှာ သူ့သားလေးကို ထားလိုက်တယ်။ ဟိုကိုယ်
တော်ကလည်း အားနဲ့ခုတ်ချလိုက်တဲ့အချိန်မှာ မထိန်းနိုင်တော့ဘဲနဲ့ ရုက္ခစိုးသားလေးလက်မောင်း
ခုတ်မိသွားလို့ အရင်းကနေ ပြတ်သွားပါတယ်။
        ဒီနေရာမှာ စဉ်းစားစရာက ရုက္ခစိုးကြီး ကိုယ်တိုင်ကလည်း မခုတ်ပါနဲ့လို့ ပြောပါတယ်။ ရုက္ခ
စိုးရဲ့သားငယ်လေးကို မြင်ရက်သားနဲ့ ခုတ်လိုက်တယ်ဆိုတော့ ရုက္ခစိုးကြီး ဘယ်လောက် စိတ်ဆိုး
သွားမလဲ။ ဒါနဲ့ ရုက္ခစိုးကြီးကလည်း သူရဲ့တန်ခိုးပါဝါနဲ့ အဲဒီရဟန်းကို အဲဒီနေရာမှာပဲ သတ်လိုက်
တော့မလို့ စိတ်ဖြစ်လိုက်တဲ့ အချိန်မှာ “ ဒေါသ ” ကို ပြန်ပြီးတော့ ထိန်းလိုက်ပါတယ်။
         ဘယ်လို ထိန်းလိုက်သလဲဆိုတော့ “ အော်.. ဒီကိုယ်တော်မှာ ဆရာသမားရှိတယ်။ ဘုရားရှိ
တယ်။ ငါသတ်လိုက်လို့ရှိရင် ငါ့မှာ အကုသိုလ်တွေဖြစ်မယ်။ သူ့ရဲ့ဆရာဆီသွားပြီး တိုင်မယ် ” ဆို
ပြီး မြတ်စွာဘုရားထံ သွားပြီးလျှောက်ပါတယ်။
         လျှောက်လိုက်တဲ့အခါမှာ မြတ်စွာဘုရားက ခုနက စကားလေးကို ဟောပါတယ်၊ “ အေး...
ကိုယ့်ဒေါသကို ကိုယ်ထိန်းနိုင်တဲ့သူဟာ တကယ့် ရထားထိန်းအစစ်ပဲ ” လို့ ဟောလိုက်ပါတယ်။
အော်.. ဒေါသကို ထိန်းတဲ့သူဟာ သူတော်ကောင်းပဲ လို့ ဘုရား ချီးမွမ်းပါတယ်။
         အရှိန်နဲ့ထွက်လာတဲ့ ဒေါသကို သူထိန်းလိုက်တယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးဆိုပြီး
မြတ်စွာဘုရားက ချီးမွမ်းပါတယ်။ ဒီရဟန်းက သီလရှိတဲ့ရဟန်းတဲ့၊ သင် သွားသတ်မိလို့ရှိရင် သင်
အကုသိုလ်တွေဖြစ်ပြီး ငရဲကျရလိမ့်မယ်။ ကိုယ့်ဒေါသ ကိုယ်ထိန်းတာဟာ သိပ်ကောင်းတာပဲလို့
မြတ်စွာဘုရားက တရားဟောပြီး ဇေတ၀န်ကျောင်းထဲမှာ မကြာခင်ကဘဲ နတ်က စုတေသွားလို့
အားလပ်နေတဲ့ ဘုံဗိမာန်တစ်ခုကို ညွှန်ပြီးတော့ အဲဒီမှာ ရုက္ခစိုးကြီးကို နေရာချပေးထားပါတယ်။
        တရားဓမ္မ ကျင့်ကြံအားထုတ် နေကြတဲ့ တရားချစ်ခင် ဓမ္မမိတ်ဆွေတို့ကလည်း တရားသ
ဘောကို နားလည်သဘောပေါက်ကြပြီး ဒေါသကိုထိန်းနိုင်ကာ ချမ်းသာအစုံ စံစားခံစားနိုင်တဲ့
ဘ၀ကိုဖြတ်သန်းလျက် မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။
{၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊
   ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား
သော သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated