@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 31 May 2015

သေရည်သေရက်သောက်ခြင်း အပြစ် ၆ ပါး


၁။ ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။
၂။ ခိုက်ရန် ဖြစ်ပွားတတ်၏။
၃။ အနာရောဂါ ဖြစ်ကြောင်း ဖြစ်၏။
၎။ အရှိန်အစော် မဲ့တတ်၏။
၅။ လျှို့ဝှက်အပ်သည်ကို ဖော်ပြတတ်၏။

၆။ ဉာဏ်ပညာ အားနည်းအောင် ပြုတတ်၏။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကူးယူရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Friday 29 May 2015

အဘိဉာဏ် အင်္ဂါ ၈ ပါး။

၁။ အလွန်စင်ကြယ်ခြင်း။
၂။ ဖြူစင်ခြင်း။
၃။ ကိလေသာရာဂကို ဖျောက်ခြင်း။
၎။ နူးညံ့စွာဖြစ်ခြင်း။
၅။ တန်ခိုး ဖန်ဆင်းခြင်း၌ စွမ်းနိုင်ခြင်း။

၆။ စင်ကြယ်သော အာရုံ၌သာ တည်ကြည်ခြင်း။
၇။ မတုန်မလှုပ်သော အဖြစ်သို့ ရောက်ခြင်း။
၈။ လျင်သောစိတ် ရှိခြင်းတို့ ဖြစ်ပါတယ်။ ။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Tuesday 26 May 2015

ကံ၊ ကြမ္မာ၊ ၀ဋ်တို့၏သဘာဝ။

          “ကံ” ဆိုတာကတော့ အားလုံးသိနေကြတဲ့အတိုင်း မိမိရဲ့သန္တာန်မှာ ဖြစ်တဲ့စိတ်ရဲ့
လှုံဆော်မှု မနောကံ၊ နှုတ်ကထုတ်ပြောမှု ၀စီကံ၊ ကိုယ်ထိလက်ရောက် ပြုလုပ်မှု ကာယကံလို့
အကောင်းအဆိုး(၂)မျိုး ကွဲပြားလျက် ရှိတယ်။ အဲဒီ ကာယကံ၊ ၀စီကံ၊ မနောကံတွေထဲမှာ
မကောင်းတဲ့ ကာယကံ၊ မကောင်းတဲ့ ၀စီကံ၊ မကောင်းတဲ့ မနောကံကို ရံဖန်ရံခါ ပုထုဇဉ်တွေ
ပြစ်မှားကျူးလွန် မိခဲ့ကြတာရှိတယ်။

         အဲဒီ ပြစ်မှားကျူးလွန်မိခဲ့တာတွေကို “ကံ”လို့ခေါ်တယ်။ အဲဒီ“ကံ”သည် ပြုလုပ်သူ ပုဂ္ဂိုလ်
ရဲ့ သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီး နေတယ်။ ကံ ကိလေသာရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာ
ကြီးရှိနေသမျှ ဒီ ကံကြမ္မာတွေ ဆိုတာက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ သို့သော် ကံ တိုင်းအ
ကျိုးပေးသလားလို့ဆိုတော့ အဲဒီလိုတော့လည်း မဟုတ်ပြန်ဘူး။ အကျိုးပေးဖို့ရာအတွက် သူ့မှာ
အခြေအနေတွေ လိုသေးတယ်။

Monday 25 May 2015

သားသမီးသုံးမျိုး

အတိဇာတံ အနုဇာတိ၊ ပုတ္တမိစ္ဆန္တိ ပဏ္ဍိတာ။
အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော
မြတ်စွာဘုရား ဟောတော်မူတယ်။

- အတိဇာတ သားသမီးတစ်မျိုး
- အနုဇာတ သားသမီးတစ်မျိုး
- အဝဇာတ သားသမီးတစ်မျိုး ဆိုပြီး
သုံးမျိုးဟောတော်မူခဲ့ပါတယ်



(၁) "အတိဇာတသားသမီး"
မိဘများရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိပြီးစွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့စောင့်ရှောက်တတ်၍
မိဘတို့ထက် အကျင့်သီလ အာစာရဂုဏ် လိမ္မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အတိဇာတသားသမီးလို့ ခေါ်ပါတယ်။အလွန်မြင့်မြတ်တဲ့ သားသမီးမျိုးပင်ဖြစ်၏။ ထင်ရှားအောင်ပြောရရင် သာသနာတော်မှာ ရှင်ရဟန်းအဖြစ်ဖြင့်မိဘ၏ ကျေးဇူးတရားများကို ပေးဆပ်နေသော သားသမီးမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ

၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။



၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

အသံကိုလုပ်၍ တရားဟောရာ၌ အပြစ် ၅ ပါး။

     အသံကို ဆွဲကာငင်ကာ တမင်သာယာအောင်လုပ်၍ တရားဟောရာ၌ အပြစ် ၅- ပါးကို
ဘုရားရှင် ဟောတော်မူသည်မှာ==
၁။ မိမိအသံကို မိမိပြန်၍ သာယာသော် တဏှာဖြစ်၏။
၂။ ကြားနာသူတို့မှာလည်း ထိုကဲ့သို့ တဏှာဖြစ်၏။
၃။ လူကြီးလူကောင်းတို့က “ငါတို့သီချင်းဆိုသလို ဘုရားသားတော် အခေါ်ခံနေသော ဘုန်းကြီး
   များလည်း သီချင်းဆိုကြတာပါပဲ” ဟု စွတ်စွဲ ကဲ့ရဲ့တတ်၏။
၎။ တရားဟောရင်း အသံလုပ်လိုသော ဇောကြောင့် မိမိသမာဓိလည်း ပျက်၏။
၅။ နောင်လာနောင်သား မလိမ်တမာ ကိုယ်တော်ကလေးများကလည်း “အသံလုပ်၍ ဟောရသည်”
    ဟု အတုလိုက်တတ်ကြသည်။ ။
{ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ  
  တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Wednesday 20 May 2015

ကိလေသာ နိုးကြွစေသော၊ လူ့ ရွာဘုရားပွဲ။

   ဘာသာရေးပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများကို ရှေးအစဉ်အလာအရ ကျင်းပလာခဲ့ကြရာ၊ ဘာသာရေး
အရ အနှစ်သာရရှိရှိ ထိထိမိမိ ဆောင်ရွတ်ရမည့်အစား ပျော်ပွဲရွှင်ပွဲနှင့်( အချို့ သောဒေသတွင် လောင်းက
စားပွဲ ) တို့ လွှမ်းမိုးနေကြသည်ကို ကြားသိနေရပါသည်။ ဓမ္မရေးရာ ကိစ္စရပ်များတွင် ပျော်ပွဲရွှင်ပွဲတို့ 
နေရာယူ လွမ်းမိုးလာသည်မှာ ဗုဒ္ဓဘာသာဝင်များအဖို့  ကောင်းသောလက္ခဏာ မဟုတ်ပါ။ ဘာသာရေး
ဦးတည်ချက်ကို တိတိကျကျ ပီပီပြင်ပြင် ချမှတ်ရပါမည်။ ထေရ၀ါဒ ဘာသာရေး ဦးတည်ချက်နှင် လွှဲချော်    

နေလျှင် လျော်ကန်သင့်မြတ်မည် မဟုတ်ပါ။
      ဘုရားရှင်၏ သီလ၊ သမာဓိ၊ ပညာ၊ ဂုဏ်တော် ကျေးဇူးတော်များကို နှလုံးသွင်း ပူဇော်သည့် ဘုရား
ပွဲတွင် အငြိမ့်၊ ဇတ်၊ ဆိုင်း၊ ဗီဒီယို၊ ရုပ်ရှင်၊ ပျော်ပွဲရွှင်များ လောင်းကစားပွဲများ ထည့်သွင်း ကျင်းပခြင်း
သည် မြတ်စွာဘုရားကို ပူဇော်ရာ မကျပါ။ ကိလေသာ နိုးကြွစေသော ပျော်ပွဲရွှင်ပွဲ၊ မငြိမ့်၊ ဇတ်၊ ဆိုင်း၊
လောင်းကစား စသည်တို့ ဖြင့် ဘုရားပွဲ ကျင်းပခြင်းသည်၊ "တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ ရွာဘုရားပွဲ။ "

Tuesday 19 May 2015

အလှူပေး တကယ်သူဋ္ဌေးဖြစ် ။

 
 
အလှူပေး တကယ်သူဋ္ဌေးဖြစ် ။
သူတော်ကောင်းတို့ လောကတွင် အလှူမလုပ်ဘူးသူ ရှိပါသလား ? ကျနော့်ကိုထိုမေးခွန်း မျိုးမေးပါက မရှိပါဟု ဖြေမည်ပင် အဘယ်ကြောင့်ဆိုသော် လောကတွင် ကြီးငယ် ကျားမ ဘာသာမရွေး လူဆိုလျှင် မည်မျှပင်စေးနဲ သူဖြစ်လင့်ကစား လှူဘူးသူချည်းပင် အကြောင်းကိုရှင်းပြရသော် ဒါန ဆိုသည်မှာ
ထမင်းစားပြီး ပန်းကန်ဆေး၍ သွန်ပစ်သော ရေတွင်ပါဝင်သည့် ထမင်းစေ့ကလေးများ ကိုပုရွက်ဆိတ် ပိုးဟပ် စသောတိရိစ္ဆန်များက စားရသည်ကိုပင် ကုသိုလ် ရပြီး ဒါနမြောက်သည်ဟုဆိုလျှင်
အခြားဆိုဘွယ်ရာမရှိချေ လောကတွင်ရေတခွက် တိုက်ဘူးသူ မုန်တခုကြွေးဘူးသူ ပိုက်ဆံတစ်ကျပ်မျှ စွန့်ကျဲဘူးသူ လဲနေသူကို ထူဖူးသူ ကုသိုလ်ရလို၍ မဟုတ်ဘဲ လူမှုရေးအရ ကူညီသူအများ အပြားရှိကြ၍ တနည်းနည်း ဖြင့်ကုသိုလ် ရဖူးသူများဖြစ်ကြသည့် အတွက် မလှူဖူး
သူမရှိပါဟုဆိုရခြင်းဖြစ်ပါသည်။

“ ဒါန၊သီလ စရဏအားနည်းခဲ့လျှင် ”

  အပါယ်မည်သည် တကြိမ်ကျခဲ့လျှင် ဘဝအသင်္ချေ သွားတတ်ချေသည်။
ယခုဘဝ၌ ဒါနမှုနည်းပါး၍ ကာယကံ မလုံခြုံ၊ ဝစီကံ သောင်းကြမ်း၊ မနောကံ
ညစ်နွမ်း၍ စရဏတရား နည်းပါးသော သူတို့သည် သေသည့်အခြားမဲ့၌ အပါယ်
ကျမှုအားကြီးလျက်ရှိနေကြကုန်၏။


အခန့်တော်၍ သုဂတိဘဝသို့ ရောက်ကြပါ ကုန်သော်လည်း ဒါနဟူသော စရဏတရား
နည်းပါးခဲ့သည့်အတွက် ဖြစ်လေရာဘုံဘဝ၌ ဓနဥစ္စာချို့တဲ့မှုနှင့် ကိုယ်မချမ်း စိတ်မချမ်း
အသက်မွေးကြမ်းတမ်းမှု အပါယ်လမ်းတမျိုး၊ နိစ္စသီလ ဥပေါသထသီလဟူသော စရစတရား
နည်းပါးခဲ့သည့်အတွက် တွေပရှိသောသူတို့နှင့် ခိုက်ရန်ဒေါသ ဝိဝါဒကြီးပွား အနာရောဂါများ
ပြားမှု အပါယ်လမ်းတမျိုး။

Monday 18 May 2015

သူတော်ကောင်း တရားတွေ တိုးပွားအောင် ဘ၀နေနည်း။

      ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊
ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့  နား
လည်စေချင်ပါတယ်။ အထူးအားဖြင့် ၀ိပဿနာအလုပ်၊ ၀ိပဿနာဘာဝနာက ဖြစ်နေတဲ့အ
ခိုက် ဖြစ်တဲ့သဘောတွေကို..သိ၊ သေချာသိအောင် ဂရုတစိုက်ကြည့်ပြီး ပုံမှန်နေစဉ်   အား
ထုတ်ရတဲ့ နည်းပါပဲ။

      ပုံမှန်နေစဉ်အလုပ် အားထုတ်တဲ့ နည်းနဲ့ သာ အချိန်မရွေး၊ အမူအရာမရွေး၊ ဂရုတစိုက်
အားထုတ်ရင် တရားလို့ ခေါ်တဲ့ ဒီ သဒ္ဒါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာတွေက မိမိတို့ ရဲ့ စိတ်
အတွင်းကို အားကောင်းစွာနဲ့  ၀င်ရောက်လာပါတယ်။
      အဲဒီလို  သူတော်ကောင်း တရားတွေ ၀င်လာမှာကျတော့ ကိုယ်ကဂရုမစိုက်၊ ဒီဘက်
လှည့်ဝင်တော့လည်း ကိုယ်က ဂရုမစိုက်၊ ဟိုဘက်လှည့်ဝင်တော့လည်း ကိုယ်ကဂရုမစိုက်
တော့ တရားတက်ဖို့ ကို  ကိုယ်ကိုယ်တိုင် ပိတ်ထားသလို ဖြစ်နေကြပါတယ်။

အနိစ္စေ ဒုက္ခသညာ

 
 
မိမိရဲ့ စိတ်ကလေးကို မိမိနူးညံ့သွားအောင် ပျော့ပျောင်းသွားအောင် ဆိုဆုံးမနေ
တဲ့ လုပ်ငန်းခွင်တွေ ဖြစ်ပါတယ်။ အနိစ္စသညာကို ကြိမ်ဖန်များစွာ လေ့လာပြီးတဲ့
အခါ အနိစ္စဖြစ်တဲ့ ဒီခန္ဓာငါးပါးအပေါ်မှာ အနိစ္စသညာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်း
သိမြင်ပြီးတဲ့အခါ ဒီအနိစ္စဖြစ်နေတဲ့ ခန္ဓာငါးပါးတို့ရဲ့ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့်
လည်းကောင်း, ပျက်ခြင်းဒဏ်ချက်ဖြင့်လည်းကောင်း
အမြဲမပြတ် အညှဉ်းဆဲအနှိပ်
စက်ခံနေရသည့်အတွက် ဒုက္ခဖြစ်ပုံအခြင်းအရာကို ၀ိပဿနာဥာဏ်ဖြင့် မြင်အောင်
ကြည့်ကာ ဒုက္ခသညာကို ဆက်ပြီးပွားရတယ်။ ပွားလိုက်တဲ့အချိန်အခါမှာ ဘာဖြစ်
လာသလဲ? မိမိကိုအသေသတ်ဖို့ရန် သန်လျက်ကို မြှောက်ချီကာမိုးထားတဲ့ လူ
သတ်သမားအပေါ်မှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ အမှတ်သညာသည် ရှေးရှုတည်
လာသလိုပဲဒီခန္ဓာငါးပါးတို့အပေါ်၌ ကြောက်ရွံ့နေတဲ့ အမှတ်သညာ = ဘယသညာ
သည် ရှေးရှုတည်လာမယ်။ ဒီလို ခန္ဓာငါးပါးအပေါ်မှာ ကြောက်ရွံ့နေတဲ့အမှတ်သ
ညာက ဘာလုပ်မလဲ? ဘာဝနာကို ပွားများအားထုတ်ဖို့ရန်အတွက် ပျင်းရိနေတဲ့
ဒီစိတ်ဓာတ်ကိုလည်း တိုက်ဖျက်ပေးမယ်။ ]တပည့်တော်လည်း ကြိုးစားပါဦး
မယ်ဘုရား}ဆိုပြီး အိမ်ပြန်ပြန်သွားတတ်တဲ့ စိတ်ထားမျိုးကို ဖယ်ရှားပေးနိုင်တယ်။

နောက်တစ်ခု - ကောသဇ္ဇေ = ပေါ့ဆတယ်။ တွန့်ဆုတ်နေတယ်။ ဘာဝနာလုပ်
ငန်းခွင်ကို လေးလေးနက်နက် အားမထုတ်ဘူး။ ပေါ့ပေါ့ဆဆလေး အားထုတ်
တယ်။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ စိတ်မပါ့တပါ အားထုတ်နေတယ်။ ဒီလို စိတ်ထား
တွေကိုလည်း ဒီဒုက္ခသညာက တိုက်ဖျက်ပေးမယ်။

နောက်တစ်ခု ဘာဝနာလုပ်ငန်းခွင်မှာ ရဲရဲရင့်ရင့်နဲ့ တကယ် ထက်ထက်မြက်မြက်
ဖြစ်အောင်မကြိုးစားချင်တဲ့ စိတ်ထားရှိတယ်။ အဲဒီစိတ်ထားကိုလည်းဒီဒုက္ခသညာ
က တိုက်ဖျက်ပေးလိမ့်မယ်။ ဘာဝနာလုပ်ငန်းခွင်ကို မေ့မေ့လျော့လျော့နဲ့နေထိုင်
တယ်။ တရားကို သွားလည်း ရှုနေပါ။ ရပ်လည်း ရှုနေပါ။ ထိုင်လည်း ရှုနေပါ။
အိပ်နေလည်း ရှုနေပါ။ ဒီလိုတော့ သင်ပေးလိုက်တယ်။ ဒါပေမဲ့လို့ ရှုဖြစ်တဲ့အခါ
လည်း ရှိတယ်။ မရှုဖြစ်တဲ့အခါလည်း ရှိနေတယ်။ ဒါက မေ့လျော့မှု = ပမာဒလို့
ခေါ်ပါတယ်။ အဲဒီ မေ့လျော့မှု = ပမာဒဆိုတဲ့သဘောတရားကိုလည်း ဒီဒုက္ခ
သညာက တိုက်ဖျက်ပေးနိုင်ပါတယ်။
နောက်တစ်ခု - တစ်ခါတလေကျတော့လည်း ကာမဂုဏ်တွေမှာမွေ့လျော်နေတဲ့
စိတ်ဓာတ်တွေက လွှမ်းမိုးလာပြီဆိုလို့ရှိလျှင်တော့ ဘာဝနာကို အားမထုတ်ဘဲ
သော်လည်း နေချင်နေမယ်။ အနနုယောဂလို့ ခေါ်ဆိုပါတယ်။ အဲဒီလို အားမ
ထုတ်ဘဲနေတဲ့ စိတ်ဓာတ်ကိုလည်း ဒီဒုက္ခသညာက တိုက်ဖျက်ပေးလိမ့်မယ်။
တစ်ခါတစ်ရံ အနိစ္စလို့ ရှုပါဆိုပြီး သင်ပေးလိုက်သော်လည်း အနိစ္စလို့ မဆင်ခြင်မိ
ဘူး။ ဒုက္ခလို့ ရှုပါပြောလည်း ဒုက္ခလို့ မဆင်ခြင်မိဘူး။ အပေစ္စဝေကဏာလို့ ခေါ်ဆို
ပါတယ်။ မဆင်ခြင်မိတဲ့ ဒီစိတ်ဓာတ်ကိုလည်း စွမ်းအင်ပြည့်ဝလာတဲ့ ဒီဒုက္ခသညာ
က တိုက်ဖျက်ပေးပါလိမ့်မယ်။
အကယ်၍ အနိစ္စသညာ ဒုက္ခသညာတွေကို ခပ်များများ ပွားများနေထိုင်ခဲ့မယ်ဆို
လျှင် အနိစ္စဖြစ်တဲ့ ခန္ဓာငါးပါးအပေါ်မှာ ဒုက္ခသညာဖြင့်, မိမိရဲ့စိတ်ဓာတ်ကို ဒုက္ခ
သညာ ဘာဝနာစွမ်းအင်ဖြင့် ထုံမွမ်းထားလိုက်လျှင် အကြောင်းတရားနှင့်တကွ
သောခန္ဓာငါးပါးဆိုတဲ့ ဒီသင်္ခါရတရားတွေအပေါ်မှာ ထက်မြက်စူးရှတဲ့ ကြောက်ရွံ့
မှု ဘယသညာဟာလည်း ရှေးရှုတည်လာပါလိမ့်မယ်။ မိမိကို အသေသတ်ဖို့ သန်
လျက်မိုးကာ စောင့်နေတဲ့ လူသတ်သမား အပေါ်မှာ ကြောက်ရွံ့တုန်လှုပ်သလို
ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်းမှာ တည်ရှိကြတဲ့ သင်္ခါရတရားတွေ အပေါ်မှာ
ကြောက်လန့်တဲ့ ဘယသညာဟာလည်း ရှေးရှုတည်လာမှာ ဖြစ်ပါတယ်။
အကယ်၍ အနိစ္စဖြစ်တဲ့ ခန္ဓာငါးပါးတို့အပေါ်မှာ ဒုက္ခသညာကိုကြိမ်ဖန်များစွာ
အထပ်ထပ်အခါခါ ပွားများပေမဲ့လို့ ကမ္မဋ္ဌာန်းလုပ်ငန်းခွင်၌ ပျင်းရိမှု, စိတ်ဓာတ်
တွန့်ဆုတ်မှု, ကမ္မဋ္ဌာန်းကို အားမထုတ်ဘဲ စွန့်လွှတ်ထားမှု, ကမ္မဋ္ဌာန်းကို မေ့
လျော့နေမှု, ကမ္မဋ္ဌာန်းကို အားမထုတ်ဘဲ နေထိုင်မှု, ကမ္မဋ္ဌာန်းကို မဆင်ခြင်မိမှု
ဆိုတဲ့ ဆန့်ကျင်ဘက်သဘောတရားတွေက အားကောင်းနေတဲ့အတွက် သင်္ခါရ
တရားတွေအပေါ်မှာ ကြောက်လန့်တဲ့ ဘယသညာဟာလည်း ရှေးရှုမတည်
လာဘူးဆိုလျှင် ဆန့်ကျင်ဘက် သဘောတရားတွေကို တိုက်ဖျက်နိုင်တဲ့ စွမ်းအင်
တွေ မရှိသေးဘူးဆိုလျှင်တော့ မိမိရဲ့ဒုက္ခသညာဘာဝနာလုပ်ငန်းခွင်သည် အရှိန်
အ၀ါ အားမကောင်းသေးဘူး။ တိုက်ဖျက်နိုင်ပြီဆိုလို့ရှိလျှင်တော့ အရှိန်အ၀ါသိပ်
အားကောင်းပြီ။ အားကောင်းတဲ့အဆင့်အထိ ကျင့်ကြံကြိုးကုတ် ပွားများအား
ထုတ်ထားမယ်ဆိုလျှင်ဒီဒုက္ခသညာက မသေရာ အမြိုက်နိဗ္ဗာန်လျှင် တည်ရာရှိ
တယ်။
ဖားအောက်တောရဆရာတော်ဘုရားကြီး
(အနိစ္စေ ဒုက္ခသညာ) by (ဖားအောက်တောရဆရာတော်ဘုရားကြီး)

ကြား... ခိုလိုက်ပါ

 
 
အရည ဂတော ဝါ - တောအရပ်သို့ ကပ်၍သော်လည်းကောင်း၊
ရုက္ခမူလ ဂတော ဝါ - သစ်ပင်ရင်းသို့ ကပ်၍သော်လည်းကောင်း၊
သုညာဂါရ ဂတော ဝါ - ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍သော်လည်းကောင်း- ဆိုပြီး တရားအားထုတ်ရန် နေရာတွေကို ဗုဒ္ဓမြတ်စွာက ညွှန်ပြခဲ့ပါတယ်။

သက်တမ်းကတို၊ အချိန်ကနည်း၊ လုပ်စရာတာဝန် ဝတ္တရားတွေကများ၊ စွဲမက်စရာ အာရုံတွေကပြည့် - ဒီကြားတွေထဲမှာ ညပ်နေရတဲ့ ယနေ့ခေတ် လူတွေအဖို့ ဘယ်လိုနည်းနဲ့များ တောအရပ်ကို ကပ်နိုင်ပါ့မလဲ၊ သစ်ပင်ရင်းကို ကပ်နိုင်ပါ့မလဲ၊ ဒါ့အပြင် လှုပ်လှုပ်ရှားရှား ဆူဆူညံညံတွေ ပေါများလာရာမှာ ဆိတ်ငြိမ်ရာအရပ်တွေကလည်း တစ်နေ့တခြား ရှားပါးလာပါတယ်။ ဒီလိုဆိုရင် တရားအားထုတ်စရာ နေရာမရှိ၊ အချိန်မရှိလို့ အားမထုတ်ရတော့ဘူးလား။ တရားမရကြတော့ဘူးလား။ ဒီလို မဟုတ်ပါဘူး။ တရားအားထုတ်တယ်ဆိုတာ ဘာဝနာအလုပ်ပါ။ ဘာဝနာဆိုတာ ကိုယ်၊ နှုတ်နဲ့ ပွါးရတာမျိုး မဟုတ်ပါဘူး။ စိတ်နဲ့ပွါးရတဲ့ မနောကံအလုပ်ပါ။ စိတ်ဖြစ်ဖို့ အချိန်လည်း မလို၊ နေရာလည်း မလိုပါဘူး။

ဗောဓိပက္ခိယတရား ၃၇ ပါး။

        မဂ်ဉာဏ်၏ အသင်းအပင်းတွင် ပါဝင်သော တရားစု သို့မဟုတ် မဂ်ဉာဏ်ဘက်၌ ပါဝင်၍
မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။
( ဗောဓိ = မဂ်ဉာဏ်၊ ပက္ခိယ = အဖို့ အစု )
ဗောဓိပက္ခိယတရား ၃၇ ပါးမှာ =
က။ သတိပဌာန်  ၄ ပါး။
ခ။ သမ္မပ္ပဓာန်     ၄ ပါး။

ဂ။ ဣဒ္ဓိပါဒ်        ၄ ပါး။
ဃ။ ဣနြေ္ဒ        ၅ ပါး။
င။ ဗိုလ်            ၅ ပါး။
စ။ ဗောဇ္ဈင်       ၇ ပါး။
ဆ။ မဂ္ဂင်         ၈ ပါး( စုစုပေါင်း ၃၇ ပါး) တို့ ဖြစ်ပါတယ်။ ။
{ သာသနာရေးဝန်ကြီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကူးယူရေးသားပါပူဇော်သည်။ }

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

သူခိုး ဓားပြ လူ့မရ တရား​တော်




၁.​​မွေးကတည်းက ​သေထိတိုင်​​အောင်​ကောင်း​သည့်​တရား ( သီလ )
၂. သတ္တဝါ ​တွေရဲ့ သဏ္ဌာန်​ မှာအမြဲထာဝါရတည်​ရှိ​နေလျှင်​ ​ကောင်းမည့်​ တရား( သဒ္ဓါ )
၃. လူသား​တွေရဲ့ရင်​ထဲမှာနှစ်​သက်​မြတ်​နိုးမှု့ဖြစ်​​စေတတ်​​သောတရား ( ၁.​​မွေးကတည်းက ​သေထိတိုင်​​အောင်​ ရှိရမည့်​တရား ( သီလ ) )
၎. ရန်​သူမျိုး  ၅ ပါး​တို့ က မခိုးယူ မလှု့ယူ မဖျက်​စီးနိုင်​​သောတရား ( ပုည).
ဆရာ​တော်​ အရှင်​နန္ဒက ( Arena club ) 17-05-15 

Credit to myanmar 

ဗုဒ္ဓဟောကြားသော မိတ်ဆွေကောင်းများ။

        တကယ့်ကို စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်ကို မိတ်ဆွေကောင်းလို့ ခေါ်ပါတယ်။ ဘယ်လို
ပုဂ္ဂိုလ်ဆိုရင် (၁)။ “ဥပကာရ”= ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေ။ ကိုယ်ရဲ့ အပေါင်းအသင်း တစ်
ယောက်ဟာ၊ ဆိုပါစို့... အရက်သေစာ သောက်ပြီး မူးမေ့နေရင်တောင်မှပဲ အမူးပြေသည်အထိ
အောင် သူ့အန္တရာယ် မဖြစ်အောင် စောင့်ရှောက်ပေးပါတယ်။ ဟော.. မကောင်းတာ လုပ်တာ
တောင် စောင့်ရှောက်ပေးပါတယ်။ သူ့ပစ္စည်းတွေကို ထိန်းသိမ်းပေးတယ်။ စောင့်ရှောက်ပေး

တယ်။ ကူညီပေးတယ်။ တစ်စုံတစ်ခု ဘေးရန်ကြုံလို့ ကိုယ့်မိတ်ဆွေဟာ သိပ် ကြောက်လန့်နေ
လို့ရှိရင်လည်း အားပေးစကားပြောပါတယ်။ ကိစ္စရှိရင်လည်း ၀ိုင်းကူပြီး ဆောင်ရွက်ပေးပါတယ်။
ငွေကြေးဓန လိုတာကစပြီး ကူညီထောက်ပံ့ ပေးပါတယ်။
            (၂)။ “သမာနသုခဒုက္ခ”= တူညီသော သုခ၊ ဒုက္ခ၊ ဆင်းရဲလည်း အတူတူပဲ။ ချမ်းသာ
လည်း အတူတူပဲ။ အဲဒီလို တူညီတဲ့ စိတ်ထားရှိတဲ့ မိတ်ဆွေမျိုး။ ဒုက္ခကြုံလာလို့ ရှိရင်လည်း စွန့်
ခွါပြီး မသွားဘူး။ ကိစ္စတွေ့လာလို့ရှိရင် ကိုယ် ကိုယ်တိုင်က အသက်စွန့်ပြီးတော့ ကာကွယ်ပေး
ပါတယ်။ ဒီလို မိတ်ဆွေမျိုးကို မိတ်ဆွေကောင်းလို့ ခေါ်ပါတယ်။

Sunday 17 May 2015

မပေါင်းသင်းအပ်တဲ့ မိတ်ဆွေတု။


 




 လောကမှာ မိတ်ဆွေကောင်း ရှိဖို့လိုပါတယ်။ အဲဒီ မိတ်ဆွေကောင်းအထဲမှာ  မိတ်ဆွေ
မဟုတ်ဘဲနဲ့ မိတ်ဆွေယောင် ထင်နေရတဲ့ ပုဂ္ဂိုလ်မျိုးက လေးမျိုးရှိပါတယ်။ မြတ်စွာဘုရားက
သိင်္ဂါလောဝါဒသုတ္တန်မှာ သင်္ဂါလသတိုးသားကို ဆုံမသြ၀ါဒ ပေးတဲ့အနေနဲ့ဟောထားပါတယ်။
      ၁။ အညဒတ္ထုဟရ= ကိုယ့်ဘက်က တစ်ဖက်သတ် ကိုယ်ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်ထံက ဘာပဲ

ဖြစ်ဖြစ် ရအောင်ယူတတ်ပါတယ်။ ဟိုဟာလေး တောင်းမယ်။ ဒီဟာလေး တောင်းမယ်။ ဟိုဟာ
လေး ယူမယ်။ ဒီဟာလေး ယူမယ်။ အမြဲတမ်းရအောင် ယူတတ်ပါတယ်။ ပေးရင်လည်း နည်း
နည်းပါးပါးလေး ပေးပြီး များများရအောင် ယူသွားတတ်ပါတယ်။
          ၂။ ၀စီပရမ      = ပေးရန် လက်မပါဘူး။ အပြောသက်သက်သာ ရှိပါတယ်။ အပြောနဲ့
လောကွတ်လုပ်တဲ့ မိတ်ဆွေမျိုးပါ။ သူက အတိတ်နဲ့ လောကွတ်လုပ်ပါတယ်။ အနာဂတ်နဲ့ လော
ကွတ်လုပ်ပါတယ်။ ဆိုပါစို့၊ အိမ်တစ်အိမ်သွားတယ်၊ အိမ်ရှင်သူငယ်ချင်းက၊ ဟာ.. သူငယ်ချင်း
ကွာ၊ မင်းနောက်ကျ လိုက်တာကွာ၊ ငါတို့ ကြက်သားချက်ထားတာ၊ ငါတို့အားလုံး စားလို့ကုန်
သွားပြီ။ အခုတော့ ချဉ်ပေါင်ဟင်းပဲ ကျန်တော့တယ်ကွာ။ (တကယ်ချက်ထားတာ မဟုတ်ဘူး)
တစ်ခါတစ်ရံ ဟိုမနှစ်က အရာနဲ့ ဧည့်ခံလိုက်တယ်။ “ဟို မနှစ် ငါစီးပွားဖြစ်တုန်းက မင်းကိုမျှော်
လိုက်တာ၊ မင်းမလာဘူး။ အခုတော့ ငါလည်း ဒုက္ခရောက်နေတယ်ကွာ။ ကူညီချင်လိုက်တာ။

Friday 15 May 2015

ဆရာသမားကောင်း ရွေးချယ်နည်း။

        “ ပိယော ဂရု ဘာဝနီယော၊ ၀တ္တာ စ ၀စနက္ခမော ”
ဆရာသမားတွေနဲ့ ပတ်သက်ပြီး ကိုယ်က ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် မိတ်ကောင်းဆွေ
ကောင်း ဆရာသမားဆိုတာ အဲဒီ အရည်အသွေးတွေ ရှိမရှိ ကြည့်ရပါမယ်။=
၁။ ပိယော       = ချစ်ခင်လေးစားလောက်တဲ့ သီလ၊ သမာဓိ၊ ပညာ အရည်အသွေးတွေ ရှိရပါ
                      မယ်။ ( ဒါကတော့ ကိုယ့်ကဆုံးဖြတ်ရပါမယ်)

၂။ ဂရု           = လေးစားလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်။
၃။ ဘာဝနီယော= ချီးမွမ်းလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်။ သို့မဟုတ် မေတ္တာဘာဝနာ ပွား
                      နေတဲ့ မေတ္တာစိတ်ဓာတ်ထားတာ ရှိရပါမယ်။
၎။ ၀တ္တာ        = မကောင်းရင်လည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်၊ ဆုံးမတတ်တယ်၊ အ
                      ကြံပေးတတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရပါမယ်။ ကိုယ်ကလည်း ဆုံးမတတ်ရပါမယ်။
၅။ ၀စနက္ခမော = အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း လက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်ရ
                      ပါမယ်။ အဲဒီအချက်က အင်မတန်ခက်တယ်။ ခက်တာက လူတွေမှာ  မာန                       ရှိတယ်။ မာနရှိတဲ့ အတွက်ကြောင့် ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်ကပြောရင်
                     လက်မခံကြဘူး။ ကိုယ့်အောက် ငယ်တဲ့သူကပြောရင်ဘေးဖယ်ထားကြတယ်။

Tuesday 12 May 2015

တရားမပါသော နေ့တစ်နေ့



တရားမသိဘဲ တစ်ရက်အသက်ရှင်ရင် တစ်ရက်အကြွေးတင်တယ်။ တရားမသိ
ဘဲ တစ်ရက်ဆက်နေရင် တစ်ရက်အတိုးအညွန့်တက်တယ်။ အာရုံတစ်ခုခုကို တ
ရားနဲ့ယှဉ်စပ် သုံးသပ်ခြင်းမရှိဘဲ အလွတ်ခံစားမိချေလျှင်



- သာယာတပ်စွဲမှုပေါ်လာပြီး ကံသုံးပါး တစ်ပါးပါးဖြင့် ကျူးလွန်မိတတ်ပါတယ်။

- မုန်းငြိုးပြစ်မှားမှုပေါ်လာပြီး ပြစ်မှားကျူးလွန်မိတတ်ပါတယ်။

- မသိမှုဖုံးအုပ်ခံရပြီးတော့လည်း ပြစ်မှားကျူးလွန်မိတတ်ပါတယ်။

ကုသိုလ်ပယ်နိုင်ပုံ၊ အကုသိုလ်ကံ ပယ်နိုင်ပုံနည်း။


        ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့မှာ အကုသိုလ်ကံတွေရှိနေလို့ ဝဋ်လိုက်တာလား

ဒကာ။ ။ ကုသလာ ကုသလံ ဇဟံ၊ ၊ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပယ်စွန့်တော်မူပြီးကြပြီလို့လည်းဆိုသေးရဲ့၊ မြတ်စွာဘုရားမှာ ဝဋ်တော် တဆယ့်နှစ်ပါး လိုက်တယ်လည်း ဆိုသေးရဲ့။
အကုသိုလ်ကံတွေကို အရဟတ္တမဂ်ဖြင့် ပယ်စွန့်ပြီးမှပဲဟာ၊ ဘုရားမှာ ဝဋ်လိုက်လို့ ဒုက္ခဆင်းရဲ အရှက်တကွဲတွေ ခံရသေးတယ်ဆိုတာ ဟုတ်ပါသလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။


ဆရာ။ ။ အင်း….ဝဋ်လိုက်တယ်ဆိုတာက ကုသိုလ်ဝဋ်ကလည်း လိုက်တာပဲ၊ အကုသိုလ်ဝဋ်ကလည်း လိုက်တာပဲ၊ ဘုရားမြတ်စွာတို့ ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်စွန့်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ အကုန်လုံး ပယ်နိုင်တာ မဟုတ်ဘူး၊ ဘုရား ရဟန္တာတို့ ပယ်စွန့်နိုင်ပုံက……

မြင့်မိုရ်တောင်နှင့် သဒ္ဓါ ပညာ တူမျှစေဖို့

                  


ဟိုတနေ့က အွန်လိုင်းမှာ ဒကာတစ်ယောက်က လျောက်ထားတယ်၊ မြင့်မိုရ်တောင် တကယ်ရှိနိုင်ပါ့မလား တဲ့၊ တကယ်သိချင်လို့ မေးတာ လို့ပဲ ခံယူလိုက်ပါတယ်၊ စာရေးသူကလဲ ဖြေလိုက်တယ်၊ ကိုယ်တိုင်တော့ မမြင်ဖူးသေးပါ၊ သို့သော်လည်း ဈာန် မဂ်ဖိုလ်တွေကို ရအောင် ကျင့်ကြံအားထုတ်ပြီးရင်တော့ ဘယ်သူမဆို မြင်နိုင်ပါလိမ့်မယ်၊ အဲဒီလို ပေါက်မြောက်ပြီး ရှိတယ် လို့ ပြောဆိုတဲ့ ဘုရား ရဟန္တာတွေ စာပေမှာ အမြောက်အမြား ရှိခဲ့ပါတယ် လို့ ဖြေလိုက်ရော ဟုတ်မှာပါလေ တဲ့၊ သူ့စကားသံက ကျေနပ်သံတော့ မပေါ်သေးဘူး ထင်ပါတယ်၊ တကယ်တော့ ကိုယ်တိုင် မကျင့်ပဲ မြင်ချင်နေကြတဲ့ လူတွေပါလား လို့ ကရုဏာသက်မိတယ်၊ သူ့မေးခွန်းက ပြီးသွားပေမယ့် မပြီးနိုင်တာက ကိုယ်တိုင်ပါပဲ။

"ဂုဏ်တော်လမ်းကသွားရင်လည်း နိဗ္ဗာန်ရောက်ပါတယ်"


မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့ နောက်ပိုင်း သီဟိုဠ်ခေတ်မှာ ဖုဿဒေ၀လို့ခေါ်တဲ့ မထေရf မြတ်ကြီးတစ်ပါး ရှိခဲ့ဖူးပါတယ်။ အဲဒီဖုဿဒေ၀ မထေရ်မြတ်ဟာ နေ့စဉ်နေ့တိုင်း စေတီတော် ရင်ပြင်မှာ တံမြက်စည်းလှည်းတဲ့ ၀တ်ကို ဆောက်တည်ထားတယ်။ တစ်နေ့မှ မပျက်ဘူး။ စေတီရင်ပြင်မှာ နေ့တိုင်း တံမြက်စည်း လှည်းတယ်။  တံမြက်စည်း လှည်းရင်း လှည်းရင်းနဲ့လည်း အရဟံဂုဏ်တော်ကို ပွားများပါတယ်။

တံမြက်စည်းလှည်းလိုက်ပြီဆိုတော့ အမိုက်သရိုက်တွေ၊ မလိုအပ်တဲ့ ကျောက်စရစ်ခဲတွေ၊ သဲတွေ၊ အညစ်အကြေးတွေ ပြောင်စင်ပြီးတော့ ရှင်းလင်းသွားတာပေါ့။ အညစ်အကြေးကင်းစင်ပြီး ကြည်လင်နေတဲ့ စေတီတော်ရင်ပြင်ကြီးကို ကြည့်ကြည့်ပြီးတော့ ဖုဿဒေ၀ မထေရ်မြတ်ကြီး အရဟံဂုဏ်တော်ကို အာရုံယူပါတယ်။

“အမိုက်တွေရူပ်ပွနေတဲ့ စေတီရင်ပြင်၊ သစ်ရွက်ခြောက်တွေ ရူပ်ပွနေတဲ့ စေတီရင်ပြင်ပေါ်မှာ ငါလှည်းလိုက်လို့ အမိုက်သရိုက်တွေ ပြောင်စင်ပြီးတော့ သွားသလိုပဲ မြတ်စွာဘုရားရှင်ရဲ့ စိတ်အစဉ်မှာလည်း ကိလေသာ စတဲ့ အမိုက်သရိုက်တွေ၊ ကိလေသာဆိုတဲ့ ဆူးငြောင့်ခလုတ်တွေ၊ ကိလေသာဆိုတဲ့ သစ်ရွက်ခြောက်တွေ၊ ကိလေသာဆိုတဲ့ ကျောက်စရစ်ခဲတွေ။ သဲတွေ ကင်းစင်ပြီးတော့နေတယ်”

Monday 11 May 2015

မယား ကိုလိုချင်၍ လင်အား ရာထူး ပေးအပ်ခြင်း







မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ဇေတ၀န် ကျောင်းတော်မှာ သတင်းသုံးတော်မူစဉ် အခါက
ပသေနဒိကောသလ မင်းကြီး ဟာ  တခုသော ပွဲသဘင်မှာ ကကြီးတန်ဆာဆင်ထားတဲ့ ဆင်းတစ်စီး
ကို စီး ပြီး မြို့ ကိုလက် ယာရစ် လှည့်လည်တော်မူတယ်။

မထင်မရှားဆင်းရဲသားတစ်ယောက်ရဲ့ မိန်းမ  ကို အမှတ်မထင်တွေ့လိုက်တယ် ဆိုရင်ပဲ
မင်းကြီးဟာ ကောင်းကင်းမှာ လမင်း ကြီး ထွန်းလင်းသလို ခံစားမိသွားတယ် တဲ့။
 အဲ့ဒီတော့ မင်းကြီးရဲ့ မူးမတ်တွေကိုခေါ်ပြီး  မိန်းမငယ်မှာ လင်ယောက်ျား ရှိမရှိကို စုံစမ်း
စေတယ်။လင်ရှိမယား ဖြစ်ကြောင်းကိုသိတော်မူတော့  မိန်းမငယ် ရဲ့ လင်ယောက်ျား ကို ခေါ်ပြန်
ပါတယ်။

အချင်း ယောက်ျား ကလည်း " ငါ့မိန်းမ ကို  အမှီပြု ပြီး ငါတော့ ဘေးရန်ဖြစ်ပြီ "လို့ တွေးမိသတဲ့။

အရိယာပုဂ္ဂိုလ်ကို စွပ်စွဲတဲ့ကံ



အရိယာပုဂ္ဂိုလ်ကို စွပ်စွဲတဲ့ကံ
…….
အရိယာ ဟူ၍ သိသည်ဖြစ်စေမသိသည်ဖြစ်စေ။
အဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ကိုယ်က မကောင်းတဲ့စိတ်နဲ့ 
မတော်မတရားပြောမိရင် ၊ စွပ်စွဲမိရင်ဒီပုဂ္ဂိုလ်ဟာလည်းပဲ
နောက်ဘ၀ ကောင်းရာမွန်ရာ မရောက်နိုင်တော့ဘူး။
အပါယ်ငရဲ သွားရမှာ။
အကယ်၍ ကိုယ်က လုပ်မိပြီ ဆိုပါစို့ ။
အဲ့ဒီပုဂ္ဂိုလ်ရှိရင် အဲ့ဒီပုဂ္ဂိုလ် ရှိတုန်းသွားပြီးတောင်းပန်။
အဲ့ဒီ ပုဂ္ဂိုလ်မရှိတော့ဘူး သေသွားပြီဆိုရင်
တခြားပုဂ္ဂိုလ်ရှေ့  ဆရာသမားရှေ့ ဘာရှေ့ မှာ သို့ မဟုတ်
အဲ့ဒီပုဂ္ဂိုလ် သေတဲ့နေရာသွားပြီး တောင်းပန်ရင်ပျောက်နိုင်တယ်။
ဒါကြောင့် သိတ်အရေးကြီးတယ်။ သူများ အပြစ်မပြောနဲ့ ။
အပြစ်မပြောနဲ့ဆိုတာ အဲ့ဒါ ပါတယ်။ကိုယ်က အပြစ်ပြောမိတယ်
အဲ့ဒီပုဂ္ဂိုလ်က အရိယာဖြစ်နေမလား။
ဖြစ်မနေဘူးလား ဘယ်သူမှ မသိနိုင်ဘူး။
တစ်ခါတလေ ကိုယ်က မထင်ပေမယ့်လည်း
ပေါက်ရောက်ပြီး ဖြစ်ချင်ဖြစ်နေတာ။

Thursday 7 May 2015

နိဓိကဏ္ဍသုတ္တန် ရွှေအိုးမြှုပ်နှံ ကုသိုလ်ကံ တရားတော်


****************************
ထိုတရားဒေသနာတော်ကို မြတ်စွာဘုရားသာဝတ္ထိပြည်မွန်ဇေတဝန်ရွှေကျောင်းကိန်းအောင်းတော်မူစဉ်
သာဝတ္ထိပြည်သားသူဋ္ဌေးတစ်ယောက်
မြတ်ဘုရားနှင့် ရဟန်းသံဃာတော်များ
အားမိမိအိမ်သို့ပင့်၍မွန်မြတ်သောဆွမ်းခဲဖွယ်ဘောဇဉ် ကပ်လှူပူဇော်နေဆဲ်
ပသေနဒီကောသလမင်းမှငွေရေးကြေး
ရေး ဆွေးနွေးတိုင်ပင်စရာရှိ၍မင်းချင်း
တစ်ယောက်ကို အခေါ်လွှတ်ရာ


ဥစ္စာမြှုပ်နှံနေဆဲဖြစ်၍ မလိုက်နိုင်သေး
ကြောင်း ဥစ္စာမြှုပ်နှံ သိမ်းဆည်းပြီးမှ
မင်းထံ လာခဲ့ပါရစေဟုပြောကြားသည်
ကို အကြောင်းပြု၍ သူဋ္ဌေး ဆိုလိုသော
စကား၏အနက်အဓိပ္ပါယ်ကိုကိုယ်တေ
ာ်တိုင်သိတော်မူရကား
ထို နိဓိကဏ္ဍသုတ္တန်ဒေသနာတော်ကို
ဟောတော်မူသည်။
နိဓိ =ဥစ္စာ
ကဏ္ဍ==ပိုင်းခြားဖော်ပြရာ
သုတ္တံ==သုတ်ဒေသနာတော်

ဥပစ္ဆေဒကကံနှင့် သေရသူများ။

     လူသည် တစ်နေ့နေ့တွင် သေကြရမည် ဖြစ်သော်လည်း သက်တမ်းမကုန် သေချိန်မကျသေး
ဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်
မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။
          ဗိဗ္မိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဖူး၏။ ဗိဗ္ဗိသာရမင်း ဘ၀၌ ထို

ကံ အခွင့်ရသဖြင့် ခြေဖ၀ါးကို ဓားခွဲခံလျက် နတ်ရွာစံရလေသည်။ သာမာဝတီ အမှူးရှိသော နန်း
တွင်းသူတို့သည် ရှေးက ပစ္စေကဗုဒ္ဓါကို သမာပတ် ၀င်စားနေစဉ် အလောင်းတော်ထင်၍ မီးရှိုးရာ
သမာပတ်မှ ထသောအခါ အသက်ရှိသေးကြောင်း သိလျက်ပင် မိမိတို့ အမှုပေါ်မည်စိုး၍ ထပ်မံ
မီးတိုက်ခဲ့ဖူး၏။ ထိုကံက အခွင့်ရသဖြင့် မီးလောင်၍ ဘ၀ဆုံးကြရလေသည်။ ဤကား ရှေးဘ၀က
ပြုခဲ့သော အကုသိုလ်ကံ အခွင့်ရသဖြင့် သတ်ဖြတ်ခံရသူများ ဖြစ်ကြသည်။

မေတ္တာစက်ကွင်း

တရားအားထုတ်ရင်း မမှန်ကန်တဲ့အတွေးများ။

      တစ်ချို့ပုဂ္ဂိုလ်က ဈာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေး ပေါ်လာတတ်
ကြပါတယ်။ အားထုတ်နေသူရဲ့စိတ်မှာတွေးမိတာက....စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း
ဒီစိတ်၊ ၀တ်ချင်တာလည်း ဒီစိတ်၊ ကြည့်ချင်မြင်ချင်တာလည်း ဒီစိတ်၊ ကာမဂုဏ်ခံစားချင်တာလည်း
ဒီစိတ်၊ စိတ်မရှိရင်အေးမှာပဲ၊ ဒီစိတ်က နေရာတကာဆောင်နေတယ်၊ စိတ်က တော်တော် ဆိုးတယ်၊

ဒီစိတ်တွေမပါရင် ကောင်းမှာပဲဆိုပြီးတော့ စိတ်ကို မုန်းတီးပြီးတော့ “နောင်ဘ၀ စိတ်မရပါစေနဲ့” လို့
ဆန္ဒပြုကြတယ်။ စိတ်မပါဖို့ရာ ဆန္ဒပြုပြီး သေဆုံးသွားတဲ့အခါ အဲဒီပုဂ္ဂိုလ်ဟာ အသညသတ္တ ဆိုတဲ့
ဗြဟ္မာကြီး သွားဖြစ်ကြတယ်။ အဲဒီ ဗြဟ္မာကြီးက ဘာနဲ့တူတုန်းဆိုတော့ ရုပ်တုကြီးတွေလိုပေါ့။

မိဘကို လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်နည်း။

၁။ သဒ္ဓါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဓါတရားရှိလာအောင်။
၂။ သီလ မဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။
၃။ ဒါန မပြုဖြစ်တဲ့ မိဘတွေ ဒါနပြုဖြစ်လာအောင်။
၎။ တရား အားမထုတ်ဖြစ်သေးတဲ့ မိဘတွေ တရားအားထုတ် ဖြစ်လာအောင် ပရိယာယ်နဲ့ပဲ

    ဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ်ဖြစ်၊ ဖန်တီးစီစဉ်ပေးရပါမယ်။ မိဘကို နည်းမျိုးစုံနဲ့ ကျေးဇူးဆပ်
    နေတဲ့ သားသမီးကို မင်္ဂလာတရားက သူရဲ့ကြောင်းကျိုးအားလျော်စွာ ကျေးဇူးပြုသွားပါ
    မှာပါ။

Wednesday 6 May 2015

နေရာတကာ မနောက်လေနဲ့ ... ခုဇ္ဖုတ္တရာ





နေရာတကာ မနောက်လေနဲ့ ... ခုဇ္ဖုတ္တရာ
မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာဝတီမိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မ တစ်ယောက်ရှိ၏။ ၎င်းအမည်မှာ ခုဇ္ဖုတ္တရာ (ခါးကုန်း) မည်၏။ ၎င်းအား မိဖုရားမှ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။ တစ်နေ့ ပန်းသည်၏ အိမ်၌ မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ် ကြုံကြိုက်၍ ပန်းဝယ်လာသူ ကျွန်မသည် တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေသော် အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန် တည်လေ၏။

သူဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ဗဟုသုတ ဧတဒဂ် ရပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါးရဲ့ ခိုင်းဖတ် ကျွှန်ဖြစ်နေရပြီး ခါးကုန်းနေပါတယ်။ ဘာကြောင့် ဖြစ်ရတာလည်း လို့ မေးစရာရှိပါတယ်။
သူဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက သူဌေးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။ ညနေခင်း ရေချိုးပြီး တဲ့အချိန် သနပ်ခါးလူးပြီးတော့ မှန်ရှေ့မှာ အလှပြင်နေတယ်။ အဲဒီအချိန်မှာ ရဟန္တာ ဘိက္ခူနီမတစ်ပါး၊ အိမ်ရောက်လာတယ်။ ဘိက္ခုနီမ ရောက်လာတော့ သနပ်ခါးလူးနေရင်းနဲ့ သူ့ရဲ့ ပေါင်ဒါဘူး၊ မိတ်ကပ်ဘူးလေး က သူနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ အဲဒီ နေရာကလည်း ခုန ဘိက္ခုနီမနဲ့ နီးတယ်။ အဲဒီတော့ သူက ထပြီးမယူချင်တာနဲ့ ပျင်းတာနဲ့...

ဥပုသ်၏အနှစ်သာရနှင့် ဥပုသ်ရက်သတ်မှတ်ပုံ။

         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့  ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
လိုအပ်ပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီးစောင့်တတ်ကြပါ

တယ်။ ဒါပေမဲ့ ဥပုသ်စောင့်ခြင်း၏ ရည်ရွယ်ချက်၊ အဓိပ္ပါယ်ကစပြီး အကျိုးကျေးဇူးပါ အလေးအ
နက်သိဖို့ လိုပါတယ်။
         ဥပုသ်စောင့်တယ် ဆိုတဲ့ နေရာမှာ ဗုဒ္ဓဘာသာတင် မကဘူး အခြားအခြားသော ဘာသာ
တွေကလည်း ဥပုသ်စောင့်တယ်ဆိုတဲ့ ဝေါဟာရကိုသုံးကာ အသံတူများ ရှိကြပါတယ်။ တစ်ခါ
တစ်ရံ အသံတူသော်လည်း အဆံမတူဘူး ဆိုတာလို ရည်ရွယ်ချက် အနှစ်သာရပိုင်းမှာ ကွာခြား
မှုတွေ အများကြီးရှိပါတယ်။ အခြားဘာသာတွေလည်း သူတို့ရည်ရွယ်ချက်နဲ့သူ အသံတူဥပုသ်
စောင့်ကြပါတယ်။

ဘုရားအလောင်းမီးဖွားစ စကားပြောသောသုံးဘဝ

သန္ဓေယူခါ၊ ဆယ်လကြာသော်
မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်
ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်
နတ်လူအောင်မြို့ လမ်းပါကို။
(ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုး၊ လယ်တီဆရာတော်ဘုရားကြီး)

***************************************************************
မဟာသက္ကရာဇ် ၆၈ ခု
ဥတုဂိမှာန ကဆုန်လပြည့် သောကြာနေ့
ဤနေ့ နံနက်အခါ၌ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်တို့ကြားတွင် ရှိသော လုမ္ဗိနီ အမည်ရှိသည့် မင်္ဂလာအင်ကြင်းဥယျာဉ်တော်သည် အမြစ်ရင်းမှ အခက်ဖျားတိုင်အောင် အလုံးစုံ တစ်ခဲနက် ပင်လုံးကျွတ် ပွင့်ခြင်းသို့ ရောက်၏။

လူတို့ ဦးခေါင်းထား၍ အိပ်ရမည့်အရပ်


 


 ရှေးကလူကြီး များသည် မိမိတို့ နေရမည့်အိမ် ဆောက်လုပ် ရာတွင် မည်သည့် အရပ်ကို မျက်နှာပြု ရသည်ဖြစ်စေ ဘုရားစင် ထားရှိရမည့် အရပ်၊ အိပ်လျှင် ဦးခေါင်းပြု ရမည့်အရပ် မျက်နှာတို့ကို ရွေးချယ်လေ့ ရှိကြသည်။ ဖြစ်သလို အိမ်ဆောက်ခြင်း၊ နေထိုင် အိပ်စက်ခြင်း မရှိကြပေ။ ရှေးလူကြီး များ၏ အသက်ရှည်ရာ အနာမဲ့ကြောင်း ဓလေ့ကောင်း များကို လေ့လာ ဖော်ထုတ် လိုက်နာခြင်း အားဖြင့် အကျိုး ယုတ်စရာ အကြောင်း မရှိပေ။ သိပ္ပံနည်း မကျဟု ဆိုကြသူများ ရှိသော်လည်း သိပ္ပံပညာ ထွန်းကား လာသည်နှင့် လူ့သက်တမ်း များ တိုလာ သည်မှာလည်း စဉ်းစားစရာ အချက် ဖြစ်ပေသည်။ ရှေးထုံးကိုလည်း မပယ်နှင့် ဈေးသုံးလည်း မလွယ်နှင့် ဟူသော စကားသည် အမှန်ပင် ဖြစ်သည်။

ကိုယ့်ဘ၀ကြီးကို ပြောင်းသွားအောင် လုပ်ပေးနိုင်တဲ့တရား။

     ဒို့များ....ခုလိုအခြေအနေ တရားလမ်းကြောင်းပေါ်ထိရောက်အောင် တရားတစ်ပုဒ်နာ
ခဲ့ဘူးတယ်။ အဲဒီတရားကြောင့်.... သာသနာဘောင်သို့ ရောက်ခဲ့တယ်။ အဲဒီတရားကြောင့်
.......တရားအားထုတ်ဖြစ်တယ်။  တရားထိုင်ဖြစ်တယ်။  တရားရပ်ဖြစ်တယ်။  အမြဲတမ်း
တရားအကြောင်း စဉ်းစားဖြစ်တယ်။ တရားတစ်ပုဒ် နာခဲ့ရလို့၊ အဲဒီတရားတစ်ပုဒ် တရား
တစ်ခွန်းကြောင့် .. တို့များ ..... တအားကြီးပြောင်းလဲသွားတယ်။

      ဘယ်လိုပုဂ္ဂိုလ် ဟောတဲ့တရားလဲ၊ ဘယ်လိုတရားလဲ၊ ကိုယ့်ဘ၀ကြီးကို ပြောင်းသွား
အောင် လုပ်ပေးနိုင်တဲ့တရား ဘယ်တရားလဲဆိုရင် လက်တစ်ဖြန့်မှာ အကုသိုလ် ကုဋေ
တစ်သိန်းဖြစ်တယ်ဆိုတဲ့တရား၊ လက်တစ်ဖြန့်မှာ အကုသိုလ်ကုဋေတစ်သိန်း ဖြစ်တယ်လို့          
 ပြောတဲ့အခါ...  ကြောက်လိုက်တာ အကုသိုလ်ဆိုတာ မကောင်းဘူး၊ အကုသိုလ်ဆိုတာ
 အပြစ်ပေးတယ်၊ အကုသိုလ်ဆိုတာ ဆိုးကျိုးပေးတယ် လို့ ...  အခုလိုပြောသလောက်ကို
 မသိသေးဘူး၊ ဘယ်တုန်းဘယ်တုန်းကများ အကုသိုလ်ကို ကြောက်ခဲ့သလဲ၊ ကိုယ်လဲမသိ။

ဇဋိလ၏ မှားယွင်းခဲ့သော သံသရာခရီး။

         သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခ ရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ သံသရာခရီး သွားနေတဲ့ ပုဂ္ဂိုလ်
တိုင်းဟာ အမှားလုပ်မိတတ်ကြပါတယ်။ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အကြောင်းအကျိုး
အမှန်တရားကို မသိတာကအဓိကပါ။ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီး မသိတတ်ကြပါ။

ခွဲခြားမသိတဲ့ အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာကျတော့ မလုပ်မိခြင်း
ဖြစ်နေကြပါတယ်။ မသိလို့ အဆိုးကို အကောင်းထင်ပြီး လုပ်မိတတ်တတ်ကြပါတယ်။
         သူတော်ကောင်းတို့ သိကြတဲ့အတိုင်း ဇောတိကတို့၊ ဇဋိလတို့၊ မေဏ္ဍကတို့ ဆိုပြီးတော့
အင်မတန် ထင်ရှားတဲ့ သူဌေးတွေပါ။ အဲဒီထဲက ဇဋိလရဲ့အမေဟာ သူဌေးသမီး တစ်ယောက်ပါ၊
ဝိဇ္ဖာဓိုရ်နဲ့ တိတ်တိတ်ပုန်းမွေးလို့ ဇဋိလဟာ သူဌေးသားဖြစ်ပေမယ့် သူမွေးလာတာ  ဖအေမပေါ်  
ဘူး။ တိတ်တိတ်ပုန်းမွေးတယ် ဆိုကတည်းက လူမသိရဲလို့ ဇဋိလလေး မွေးလာတဲ့အခါ အိုးထဲ
ထည့်ပြီး မြစ်ထဲမျှောချလိုက်တယ်။ မြစ်အောက် ရေချိုးနေတဲ့ အမျိုးသမီးနှစ်ယောက်က ဆယ်ယူ
ကြပါတယ်။ နောက်တော့ သူ့ကံအားလျော်စွာ အိမ်နောက်ဖေးမှာ ရွှေတောင်ပေါက်တဲ့ သူဌေး
ကြီး ဇဋိလဖြစ်သွားပါတယ်။

Tuesday 5 May 2015

မယ်တော်မာယာ၏ အံ့ဖွယ် ၁၂ ပါး။

၁။ တကွမ်းစားအိုးမှ ဘယ်အခါမျှ ထမင်းမလျော့သောအိုးကို ရရှိခြင်း။
၂။ အနာနှိပ်စက်သူအား ကိုင်တွယ်လျှင် အနာပျောက်ကင်းခြင်း။
၃။ အလိုရှိမှု ကိုင်တွယ်သော ၀တ္ထုမှန်သမျှ ရွှေဖြစ်ခြင်း။
၎။ မျိုးစေ့ သစ်စေ့ကို စိုက်လျှင် ချက်ချင်း သီးပွင့်ခြင်း။
၅။ ရေ အလိုရှိက တောင်ထိပ်က ရေထွက်ခြင်း။

ကမ္မဌာန်း အခြေခံတရား ၁၅ ပါး (ကမ္မဠ္စာနုပစာရတရား)။

၁။ ကမ္မဌာန်းအလုပ် အားထုတ်နိုင်စွမ်းရှိခြင်း။
၂။ ကိုယ်နှုတ်ဖြောင့်မတ် ရိုးသားခြင်း။
၃။ တည်ကြည်သောစိတ် ရှိခြင်း။
၎။ ပညာရှိစကားကို နာယူလွယ်ခြင်း။
၅။ နူးညံ့သိမ်မွေ့စွာ နေထိုင်လေ့ ရှိခြင်း။

၆။ အလွန်မာန မကြီးခြင်း။
၇။ ရောင့်ရဲလွယ်ခြင်း။
၈။ အဆာမကျယ် မွေးမြူလွယ်ခြင်း။

ကောဌာသ (၃၂) ပါး။

၁။ ကေသာ = ဆံပင်။
၂။ လောမာ = အမွေး။
၃။ နခါ = ခြေသည်းလက်သည်း။
၎။ ဒန္တာ = သွား။
၅။ တစော = အရေ။

၆။ မံသံ = အသား။
၇။ နှာရု = အကြော။
၈။ အဌိ = အရိုး။
၉။ အဌိမိဉ္ဇံ = ရိုးတွင်းချဉ်ဆီ။
၁၀။ ၀က္ကံ = အညှို့။
၁၁။ ဟဒယံ = နှလုံး။

အတိတ်နိမိတ်ယုံကြည်မှု

ကြွက်သည် အ၀တ်၏ အနားနှစ်ဖက်ကိုခဲမူ စီးပွားလျှော့အံ့။
လေးထောင့်အနားကိုခဲမူ စီးပွားတက်အံ့။
အ၀တ်၏ ကြွင်းသောနေရာကိုခဲမူ ဘေးဖြစ်အံ့။
ကြွက်သည် (လူကိုခဲမူ) လက်ကိုခဲမူ ရွှေငွေရအံ့။
ခြေကိုခဲမူ လာဘ်ရအံ့။
သလုံးကိုခဲမူ ရောဂါရအံ့။
(သုတသနိကျမ်း)

ထေရ၀ါဒပိဋကတ်တော်ကို ဓမ္မရတနာအဖြစ် ကိုးကွယ်သော မြန်မာနိုင်ငံ၌
ရသေ့တို့၏ စိတ်ဖြေရာ ကျမ်းစာများကို ဆိုနိုင်သော အတိတ်ဟော၊ နိမိတ်ဟောကျမ်းများလည်း ဖြစ်ထွန်းခဲ့သည်မှာ နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့ပေပြီ။
ဗြဟ္မဏပုဏ္ဏားတို့၏ ကျမ်းစာများဖြစ်သော ယင်းကျမ်းစာများ၏ သြဇာသက်ရောက်မှုကလည်း မသေးငယ်လှပေ။ အဘယ့်ကြောင့်ဆိုသော် ရှေးမြန်မာအများစုသည် အတိတ်နိမိတ်တို့အပေါ်၌
ယုံကြည်မှု ကြီးမားခဲ့သောကြောင့်ဖြစ်ပါ၏

(Accident) မတော်တဆဖြင့် ဒီအချိန်မှာကွယ်လွန်သွားသော်။

      ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ဖြုတ်စရာ မလိုဘူး၊  လိုလို့ဖြည့်စရာ
လဲမရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့်လန့်တိုက်တဲ့သူကမှ အပြစ်ပြော
စရာမရှိဘူး။
      မဟာနာမ်က နေ့လယ်နေ့ခင်း ဆိုရင် ဘုရားကျောင်းကိုသွား၊ ညနေဆိုရင်ပြန်နဲ့  တနေ့
တော့.. ဘုရားရှင်ကိုလျှောက်တယ် = ဘုန်းတော်ကြီး မြတ်စွာဘုရား တပည့်တော်တို့ ကပိလ

ဝတ်ပြည်က စည်ပင်လိုက်တာဘုရား လူတွေလဲပြည့်ညှပ် တိရစ္ဆာန်တွေကလဲ ပြည့်ညှပ်နေတာ
ပဲဘုရား။ မြို့ကလဲစည်ကားလိုက်တာ ယာဉ်၊ ရထားတွေကလဲ အများကြီး မြင်းတွေရော ဆင်
တွေရော၊ အိုး ...... လမ်းကြီးလမ်းငယ်၊ လမ်းသွယ်လမ်းမ၊ ပြည့်ညှပ်နေတာပဲ၊ သွားတာလာ
တာတောင် မနည်းကြည့်ရှောင်ပြီး သွားနေရပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားက အရှင်ပုဏ္ဏကိုပေးတဲ့ ကမ္မဌာန်းတစ်ပုဒ်။

       ဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းက အရှင်ပုဏ္ဏဆိုတာ ရှိပါတယ်။ တစ်နေ့တော့
မြတ်စွာဘုရားဆီလာပြီး “ အရှင်ဘုရား တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့် ဆုံးမသြ၀ါဒ
တရားလေး ဟောပေးပါ, အရှင်ဘုရား ဟောထားတဲ့အတိုင်း တပည့်တော်ဟာ အားတက်သရော
ကြိုးကြိုးစားစားနဲ့ လိုက်နာကျင့်သုံးပါ့မယ် ” လို့ ဘုရားကို လျှောက်ပါတယ်။ ဒါနဲ့ မြတ်စွာဘုရား
က ကမ္မဌာန်းတစ်ပုဒ် ပေးလိုက်ပါတယ်။

ဂုဏ်တော်ပုတီးစိပ် အင်္ဂါ ၅ ပါး။

၁။ စိတ်တည်ကြည်ရမည်။
၂။ ပုတီး၌ စိတ်မရောက်စေရ။
၃။ မြတ်စွာဘုရားကို ထင်မြင်အောင် အာရုံပြုရမည်။
၎။ ဂုဏ်တော်ကို ပွားခိုက် လိုသောဆုကို တောင်းရမည်။
၅။ ထို မြတ်စွာဘုရားအား အချိန်တိုတိုအားဖြင့် ရှိခိုးရမည်တို့ ဖြစ်ပါတယ်။

ဆရာတော်ကြီးလို စိတ်ထားလေးများ။

       မတ္တရာဆရာတော်ဆိုတာ ပဉ္စမသင်္ဂါယနာတင် ဒါယကာ မင်းတုန်းမင်းကြီး လက်ထက်တုန်း
ကရှိခဲ့ပါတယ်။ အရာရာမှာ အကောင်းဘက်ကတွေးပြီး သည်းခံလေ့ရှိပါတယ်။ သည်းခံတဲ့နေရာ အ
ကောင်းမြင်တဲ့နေရာမှာ နာမည်ကြီးလို့  အဲဒီဆရာတော်ကြီးကို စမ်းကြည့်ကြပါတယ်။ တစ်နေ့ကျ
တော့ ဆွမ်းကိုပျော့အောင် ချက်ထားပါတယ်။ အဲဒီတော့..ဆရာတော်ကြီးက “အေး..ဒီနေ့ဆွမ်းက

ပျော့နေတယ်၊ ၀ါးရသက်သာလို့ ကောင်းတာပေါ့ကွယ်” တဲ့။ အဲဒါနဲ့ ပျော့တာမပြောရင် မာရင်ဘာ
ပြောမလဲဆိုပြီး ဆွမ်းကိုမာမာချက်တော့..“အေး..ဒီနေ့ဆွမ်းက မာမာတောင့်တောင့်လေး စားရ
တာပေါ့” လို့ပြောပြန်ပါတယ်။ ဒါနဲ့ တစ်နေ့ကျတော့ ဆားလေးလေးငန်ငန် ချက်ပြီးဆွမ်းကပ်တော်
“ဒီနေ့..ဆားငန်ငန်လေးလေးနဲ့ဆိုတော့ အစာပိုကြေတာပေါ့” လို့ ပြောပါတယ်။ ဆားငန်ရမလား
ဆိုပြီး စိတ်မဆိုးဘဲ ဆားငန်သည့်အတွက်ကြောင့် အစာပိုကြေတာပေါ့တဲ့။ နောက်တစ်ရက်ကျတော့
ဆားမပါဘဲချက်ကာ ဆွမ်းကပ်လိုက်တော့ “အေး..ဒီနေ့ ရေငတ် သက်သာတာပေါ့” လို့ ပြောပြန်ပါ
တယ်။ စိတ်ဆိုးဆူပူတာ မရှိပါ။

ဝစီပိတ်အကျင့်ဟူသည်


ဗုဒ္ဓဘာသာဝင်အများစုသည်
ဝစီပိတ်ကျင့်သူကို သူတော်စင်၊ သူတော်မြတ်ဟု ထင်မှတ်တတ်ကြ၏။
ဝစီပိတ်ကျင့်သူ ပုဂ္ဂိုလ်ထံသို့ သူ့ထက်ငါအလျင်အမြန်ချဉ်းကပ်ကြသည်။
ဝစီပိတ်ကျင့်သူကို လှူသော် ပို၍အကျိုးရှိသည်၊ ပို၍ကုသိုလ်ရသည်ဟု ယုံကြည်လျက်
ရက်ရက်ရောရော ပေးလှူတတ်ကြ၏။
ထိုသို့သော အခြေအနေတွင်
"၀စီပိတ်ကျင့်သူများ"၊ "၀စီပိတ်ကျင့်သူဟု ဆိုသူများ" တိုးပွားလာတော့၏။


ဝစီပိတ်အကျင့်သည် လာဘ်လာဘတို့ စုပြုံတည်မှီရာ ဟူ၍ဖြစ်လာသောအခါ
"၀စီပိတ်အကျင့်" ကို သာသနာတော်အကျင့်ပမာ
သဘောထားပြီး ကျင့်ကြံသူများ ပေါ်ပေါက်လာချေတော့သည်။
    
ဝစီပိတ်အကျင့်ဟူသည်-
         (၁) သာသနာတော်ဆိုင်ရာ ကျင့်စဉ်လော။
         (၂) မြတ်စွာဘုရားက "၀စီပိတ်" ကျင့်ရန် ညွှန်ကြားတော်မူခဲ့ပါ၏လော၊
         (၃) ၀စီပိတ်အကျင့်သည် သာသနာတော်အတွက်
အကျိုးကျေးဇူးတစ်စုံတစ်ရာကို ပေးဆောင်နိုင်စွမ်းရှိပါ၏လော။

Saturday 2 May 2015

"သလ္လေခသုတ် အဓိဋ္ဌာန်စကား (၄၄-ပါး)"




  • **************************************
    ၁။ ငါသည် ရက်စက်ကြမ်းကြုတ်သူ မဖြစ်စေရ။
    သနားကြင်နာတတ်သူ ဖြစ်ရမည်။
    ၂။ ငါသည် သူများအသက် သတ်ဖြတ်သူ မဖြစ်စေရ။
    သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။
    ၃။ ငါသည် သူများဥစ္စာ ခိုးယူသူ မဖြစ်စေရ။
    ခိုးယူခြင်းမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။
    ၄။ ငါသည် မမြတ်သောအကျင့်ကိုကျင့်သူ မဖြစ်စေရ။
    မြတ်သောအကျင့်ကို ကျင့်သူသာ ဖြစ်ရမည်။
    ၅။ ငါသည် လိမ်ပြောတတ်သူ မဖြစ်စေရ။
    အမှန်အတိုင်း ပြောတတ်သူသာ ဖြစ်ရမည်။

ဒုက္ခ ၇ မျိုး

၁. ဒုက္ခ ဒုက္ခ
၂. ဝိပရိဏာမ ဒုက္ခ
၃. သင်္ခါရ ဒုက္ခ
၎. ပဋိစ္ဆန္န ဒုက္ခ
၅. အပ္ပဋိစ္ဆန္န ဒုက္ခ
၆. ပရိယာယ ဒုက္ခ
၇. နိပ္ပရိယာယ ဒုက္ခ
၁.ကိုယ်​ထဲမှာ နာကျင်​ကိုက်​ခဲခြင်း အခံရခက်​တဲ့ ကိုယ်​ဆင်းရဲ
စိတ်​ထဲမှာပူပင်​ခြင်း ၊ စိတ်​ညစ်​ခြင်း ၊ နှလုံးမသာခြင်း ကတစ်​မျိုး  စသည်​ဖြင့်​ ကိုယ်​ဆင်းရဲ စိတ်​ဆင်းရဲ ကို ဒုက္ခဒုက္ခ
၂. ကိုယ်​ချမ်းသာ (ကာယိကသုက္ခ) ၊ စိတ်​ချမ်းသာ ( ​စေတတိက သုခ) ​တွေ  ရုတ်​တရက်​ ပျက်​စီး ဆုံးရှုံး သွားရင်​ အလွန်​ပူပင်​ ရတတ်​တယ်​ ဝိပရိဏာမ ဒုက္ခ
၃. မ​ကောင်းမဆိုး ရိုးရိုးပဲဖြစ်​​နေတဲ့ ဥ​ပေက္ခာ ကသူ့သ​ဘောအရ အမြဲ တည်​ ​နေတာမဟုတ်​ဘူး .... အလယ်​အလတ်​တိုင်းဖြစ်​​စေချင်​ရင်​ သူ့ဆိုင်​ရာအ​ကြောင်းအရာ ​တွေဖြင့်​ မပြတ်​ပြုပြင်​​ပေးရလို့်​ တာဝန်​​လေးတာဆင်းရဲတာ ..တနည်းအားဖြင့်​ သင်္ခါရ ဒုက္ခ လို့​ခေါ်တယ်​ သင်္ခါရ ဒုက္ခ
၎. မထင်​ရှားတဲ့ဆင်းရဲ ဥပမာ (သူတစ်​ပါး နားကိုက်​ သွားနာ ​ခေါင်းကိုက်​ခြင်း တို့သည်​ ​မေးကြည့်​လို့ ခံစား​နေရတဲ့သူ ​ပြောမှသာသိရတယ်​ ... အဲ့ဒီလို ဆင်းရဲဟာ ဖုံးကွယ်​ထားသလို ပင်​ မြှပ်​​နေ လို​ ) ပဋိစ္ဆန္န ဒုက္ခ
၅. ဓားခုတ်​ လှံထိုးခံရခြင်း စသည့်​ အနာဆင်းရဲ က​တော့ ထင်​ရှား​ပေါ် ​နေတဲ့အတွက်​ အပ္ပဋိစ္ဆန္န ဒုက္ခ လို့​ခေါ်တယ်
၆. ကိုယ်​ဆင်းရဲ စိတ်​ဆင်းရဲ ကိုဖြစ်​​စေနိုင်​တဲ့ ရုပ်​ နာမ်​ သ​ဘောတရားဟူသမျှ​တွေဟာပင်​ကိုယ်​ကမဆင်းရဲ​သော်​လည်း ဆင်းရဲ ၏အ​ကြောင်း ဖြစ်​လို့ ပရိယာယ ဒုက္ခ
၇. မုချဆင်းရဲ ​သော ဒုက္ခ ဒုက္ခ ကို​တော့ နိပ္ပရိယာယ ဒုက္ခ
မဟာစည်​ဆရာ​တော်​ ဘုရားကြီး၏ ဓမ္မစကြာတရား​တော်​မှ ​ကူးယူသည်

အရိယာတို့ ရှောင်ကြဉ်သည့် မကောင်းမှု(၁၄)ပါး



သူကြွယ်သား- အရိယာ သာဝက သည် ညစ်ညူးသော ကံလေးပါးကို ပယ်အပ်ကုန်၏။
လေးပါးသောအကြောင်းတို့ ဖြင့် မကောင်းမှုကို မပြု၊စည်းစိမ် ပျက်စီးကြောင်း ခြောက်ပါး
တို့ ကို မမှီဝဲ။ ထို အရိယာသာဝကသည် ဤသို့  တစ်ဆယ့်လေးပါးသော မကောင်းမှု မှ
ကင်းသည်ဖြစ်၍ အရပ်ခြောက်ပါးတို့ ကိုလုံခြုံစေလျှက် ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော
လောကကို အောင်မြင်နိုင်ခြင်းငှာ ကျင့်၏။။  ထိုအရိယာသာဝက ၏ ဤ ပစ္စုပ္ပန် လောက
သည်လည်းကောင်း၊ တမလွန် လောကသည်လည်းကောင်း နှစ်သက်အပ်၏။. ထိုအရိယာ
သာဝကသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌  ကောင်းသော လားရာဖြစ်သော
နတ်ပြည်လောကသို့ ရောက်၏။
ညစ်ညူးသော ကံလေးပါး.။..။
ထို အရိယာ သာဝကသည် အဘယ်ညစ်ညူးသော ကံလေးပါးတို့ ကို
ပယ်အပ်သနည်း ဟူမူကား။
(၁)သူ့ အသက်သတ်ခြင်းသည် ညစ်ညူးသောကံမည်၏။
(၂)မပေးသည်ကို ခိုးယူခြင်းသည် ညစ်ညူးသော ကံမည်၏။
(၃)ကာမ ဂုဏ်တို့ ၌ မှားယွင်းစွာ ကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏။
(၄)မဟုတ်မမှန်ပြောခြင်းသည် ညစ်ညူးသောကံမည်၏။
ထို အရိယာသာဝက သည်ဤ ညစ်ညူးသော ကံလေးပါးတို့ ကို ပယ်အပ်ကုန်၏။
(မပြုလုပ်ပဲ ရှောင်ကြဉ်အပ်ကုန်၏။)
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated