@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 20 May 2015

ကိလေသာ နိုးကြွစေသော၊ လူ့ ရွာဘုရားပွဲ။

   ဘာသာရေးပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများကို ရှေးအစဉ်အလာအရ ကျင်းပလာခဲ့ကြရာ၊ ဘာသာရေး
အရ အနှစ်သာရရှိရှိ ထိထိမိမိ ဆောင်ရွတ်ရမည့်အစား ပျော်ပွဲရွှင်ပွဲနှင့်( အချို့ သောဒေသတွင် လောင်းက
စားပွဲ ) တို့ လွှမ်းမိုးနေကြသည်ကို ကြားသိနေရပါသည်။ ဓမ္မရေးရာ ကိစ္စရပ်များတွင် ပျော်ပွဲရွှင်ပွဲတို့ 
နေရာယူ လွမ်းမိုးလာသည်မှာ ဗုဒ္ဓဘာသာဝင်များအဖို့  ကောင်းသောလက္ခဏာ မဟုတ်ပါ။ ဘာသာရေး
ဦးတည်ချက်ကို တိတိကျကျ ပီပီပြင်ပြင် ချမှတ်ရပါမည်။ ထေရ၀ါဒ ဘာသာရေး ဦးတည်ချက်နှင် လွှဲချော်    

နေလျှင် လျော်ကန်သင့်မြတ်မည် မဟုတ်ပါ။
      ဘုရားရှင်၏ သီလ၊ သမာဓိ၊ ပညာ၊ ဂုဏ်တော် ကျေးဇူးတော်များကို နှလုံးသွင်း ပူဇော်သည့် ဘုရား
ပွဲတွင် အငြိမ့်၊ ဇတ်၊ ဆိုင်း၊ ဗီဒီယို၊ ရုပ်ရှင်၊ ပျော်ပွဲရွှင်များ လောင်းကစားပွဲများ ထည့်သွင်း ကျင်းပခြင်း
သည် မြတ်စွာဘုရားကို ပူဇော်ရာ မကျပါ။ ကိလေသာ နိုးကြွစေသော ပျော်ပွဲရွှင်ပွဲ၊ မငြိမ့်၊ ဇတ်၊ ဆိုင်း၊
လောင်းကစား စသည်တို့ ဖြင့် ဘုရားပွဲ ကျင်းပခြင်းသည်၊ "တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ ရွာဘုရားပွဲ။ "

အဆိုကို မှန်ကန်ကြောင်း ထောက်ခံရာ ရောက်သွားပါမည်။ ထေရ၀ါဒ ဗုဒ္ဒ္ဓဘာသာ အနေဖြင့် လက်မခံနိုင်
ပါ။ ဦးတည်ချက်နှင့် အနှစ်သာရ ထိထိမိမိ အကျိုးရှိရှိ အောင်မြင်ဖြစ်ထွန်းရန် လိုပါသည်။
      ဘုန်းကြီးပျံပွဲ တို့ ၌လည်း အငြိမ့်၊ ဇတ်၊ ဆိုင်း၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းခြင်းတို့ သည် ပျံလွန်တော်
မူပြီးသော ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးအား ပူဇော်ရာ မရောက်ပါ။ ထေရ၀ါဒီထေရ်အရှင်မြတ်ကြီး
များသည် ကိလေသာပွားစေသည့် ပျော်ပွဲရွှင်ပွဲများကို မနှစ်မြို့ ကြပါ။ ဆရာတော်ကြီးများ ပျံလွန်တော်မူ
သောအခါ ဆရာတော်ကြီးများကို အကြာင်းပြုလျက် ပွဲလန်းသဘင် များထည့်ခြင်းသည် ဆရာတော်ကြီး
များ၏ ဂုဏ်ကျေးဇူးကို ဆပ်ရာမရောက်သည့်အပြင် မသိတတ်ရာ ရောက်ပါသည်။
      ဘာသာရေးပွဲ မှန်သမျှ ဓမ္မနှင့် လျော်ညီစွာ ကျင်းပသင့်ပါသည်။ ဘာသာရေးပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီး
ပျံပွဲတို့ ကို အကြောင်းပြုပြီး အသောက်အစား၊ လောင်းကစား၊ ပျော်ပွဲရွှင်ပွဲများ ပြုကြခြင်းမှာ ဘာသာရေး
ကို မကြည်ညို မရိုသေရာရောက်ပြီး ဘာသာခြားတို့ အမြင်နှင့် အထင်သေးဖွယ် ဖြစ်စေပါသည်။
      ဘုရားပွဲ၊ ဘုန်းကြီးပွဲ၊ ဘာသာရေး အခန်းအနားပွဲများတွင် ပြုပြင်ဖွယ်ရာများ ရှိနေကြောင်း ကန်လည်
ဆရာတော်ကြီးက ==  “ ဘုရားပွဲ လုပ်ရပ်တွေမှာလည်း ဘုရားဖူးကြတာနဲ့  မတူကြတော့ဘူး။ အရောင်းအ
ဝယ်ပွဲ၊ အကြည့်အရှုပွဲလို့ သာ ပြောဖို့ ကောင်းတော့တယ်။ အများက ဒီလိုချည်းဖြစ်ကုန်ပြီ။ ဘုန်းကြီးပျံပွဲ
တွေရော ပျံပွဲမဟုတ်၊ ဖြုန်းပွဲ၊ ပျော်ပွဲ၊ ရိုက်ပွဲ၊ သတ်ပွဲတွေ ဖြစ်ကုန်ကြပြီ။ သာရေးနာရေး ပွဲတွေမှာလည်း
မနေသာဘဲ မျက်နှာကြီး ရွေးချယ်ပွဲ၊ ဂုဏ်လိုပွဲ၊ ပကာသန ပြိုင်ပွဲ၊ မျိုးတွေသာ ဖြစ်နေကြပြီ။ " ။
 {မင်းနန်(မော်ကျွန်း)၏ ကန်လည်ဆရာတော်ကြီး ဩ၀ါဒ ကို ကိုးကားရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated