@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Thursday, 30 October 2014

သမာဓိ၏ အကျိုးတရား များ




- သာသနာ၏ အနှစ်တရားတို့တွင် " သမာဓိ " သည်လည်း
တစ်ခုအပါအ၀င်ဖြစ်သည်။ " သမာဓိ " သည် မြန်မာတို့နှင့်
ရင်းနှီးကျွမ်းဝင်သော ပါဠိဝေါဟာရဖြစ်သည်။
၁ ။ သမာဓိ၏ အဓိပ္ပာယ်
သမာဓိ၏ တဟ်အာရုံတည်းမှာသာ စိတ်ရှိခြင်း၊
တည်ကြည်ခြင်းဖြစ်၏။ စိတ်ကို အာရုံအမျိုးမျိုးသို့
မပျံ့လွင့် မပြေးသွားစေဘဲ တစ်အာရုံတည်းမှာသာ
ကောင်းစွာထားနိုင်ခြင်း(သမာဓာန)သည် သမာဓိ၏
သဘောအဓိပ္ပာယ်ပင်ဖြစ်သည်။

၂ ။ သမာဓိ၏ အမည်အမျိုးမျိုး
သမာဓိ၏ အမည်များ အမျိုးမျိုးရှိပါသည်။ သမာဓိရကာမျှ
ဖြစ်သော ဟီနသမာဓိ(ယုတ်ညံ့သောတည်ငြိမ်မှု)၊ လွန်စွာ
မပွားများရသေးသော မဇ္ဈိမသမာဓိ(အလယ်အလတ်
တည်ငြိမ်မှု)၊ ကောင်းမွန်နိုင်နင်းစွာ ပွားများပြီးသော
(ပဏီတ သမာဓိ( မြင့်မြတ်သောတည်ငြိမ်မှု) စသည်ဖြင့်
သမာဓိအမျိုးမျိုးကို ၀ိသုဒ္ဓိမဂ် စသည်တို့၌ ဖော်ပြထားပါသည်။
၃ ။ သမာဓိထူထောင်နည်း
သမာဓိအလုပ်သည် စိတ်ကူးယဉ်အလုပ်မဟုတ်၊ နှုတ်ဖြင့်
ပြောယုံသာပြောရသော အလုပ်လည်းမဟုတ်၊ လက်တွေ့ အလုပ်
ဖြစ်သည်။ သမထ၊ ၀ိပဿနာ တစ်မျိုးမျိုးကို လက်တွေ့ကျင့်ကြံ
ရှုပွားမှသာ သမာဓိကိုရရှိနိုင်ကြမည်ဖြစ်သည်။

သာသနာပြုခြင်းနှင့် လွဲမှားနေကြသူများ။

        သာသနာပြုခြင်း ဆိုသည်မှာ သာသနာတော် အဓွန့်ရှည် တည်တန့်ရေးအတွက် ဆောင်
ရွက်ရသည့် သာသနာ့ကိစ္စဖြစ်သည်။ ဗုဒ္ဓဘာသာ အများစုသည်  သာသနာပြုဖို့ရန် အလွန်စိတ်
ဝင်စားကြ၏။ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း အလွန်လေးစားကြ၏။ ထို့ကြောင့် သာသနာပြု

အမည်ခံ ပုဂ္ဂိုလ်များကို နားကပ်၊ ဆွဲကြိုးကအစ ကိုယ်၌၀တ်ဆင်ထားသော ရတနာများကို ချွတ်
ပြီး လှူတတ်ကြ၏။  သာသနာပြုလိုလျှင်၊ သာသနာပြု ပုဂ္ဂိုလ်များကို တကယ် လှူဒါန်းလိုလျှင်
သာသနာ၏ အဓိပ္ပါယ်ကို ဦးစွာသိရမည် ဖြစ်၏။
         သာသနာဟူသည်-- အဆုံးအမပင် ဖြစ်၏။ မည်သူ၏ အဆုံးအမနည်းဟု ဆိုလျှင် ဗုဒ္ဓ၏
အဆုံးအမပင် ဖြစ်၏။  ဗုဒ္ဓက မည်ကဲ့သို့ ဆုံးမခဲ့သနည်း။  သီလ၊ သမာဓိ၊ ပညာ  သိက္ခာသုံးပါး
မိမိသန္တာန်မှာ  ဦးစွာတည်အောင် ကြိုးစားဖို့ ဆုံးမ၏။ ဘုရား၊ တရား၊ သံဃာ  ရတနာသုံးပါးကို
ယုံကြည်ကြရ၏။ ဤသည်မှာ မိမိသန္တာန်ကို  ဦးစွာသာသနာပြုခြင်း  မည်၏။

ရထားထိန်း။

        ရဟန်းတော်တွေ သစ်ပင်မခုတ်ရ ဆိုတဲ့ ပညတ်ချက်နဲ့ ပတ်သက်ပြီးတော့ ရုက္ခစိုးတစ်ဦးရဲ့
ဒေါသ ထိန်းနိုင်ပုံကို မြတ်စွာဘုရားက ဟောထားတာရှိပါတယ်။ “ မြင်းရထားမောင်းတဲ့ ပုဂ္ဂိုလ်ဟာ
မြင်းရဲ့ဇတ်ကိုနိုင်အောင် ထိန်းနိုင်ပေမယ့် တကယ့်ရထားထိန်းလို့ မခေါ်နိုင်ဘူး။ ကိုယ့်ဒေါသကို
ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်မှ တကယ့်ရထားထိန်းလို့ ခေါ်နိုင်တယ် ” လို့ မြတ်စွာဘုရားက ဟောထားတာ

ရှိပါတယ်။
         တစ်ခါတုန်းက ရဟန်းတော်တစ်ပါးက ကျောင်းဆောက်ဖို့ရန်အတွက် ကြီးမားတဲ့ သစ်ပင်
ကြီးတစ်ပင်ကို ခုတ်လှဲပါတယ်။ လှဲတဲ့အခါမှာ အဲဒီသစ်ပင်ရဲ့ ဘုံဗိမာန်မှာရှိနေတဲ့ ရုက္ခစိုးနတ်က
“ အရှင်ဘုရား ကိုယ့်အတွက် အဆောက်အအုံ လုပ်ချင်တာနဲ့ တပည့်တော်ရဲ့ အဆောက်အအုံကို
မဖျက်ဆီးပါနဲ့ ” လို့ ပြောတော့ ကျောင်းဆောက်မယ့်ကိုယ်တော်က နားမထောင်ဘူး။
         အဲဒီတော့ ရုက္ခစိုးက ခုတ်မည့်နေရာကို သူ့ရဲ့သားငယ်လေး ရှေ့ကကာထားလိုက်ရင် ဒီ
ကိုယ်တော် ခုတ်မှာမဟုတ်ဘူးထင်ပြီး ခုတ်မည့်နေရာမှာ သူ့သားလေးကို ထားလိုက်တယ်။ ဟိုကိုယ်
တော်ကလည်း အားနဲ့ခုတ်ချလိုက်တဲ့အချိန်မှာ မထိန်းနိုင်တော့ဘဲနဲ့ ရုက္ခစိုးသားလေးလက်မောင်း
ခုတ်မိသွားလို့ အရင်းကနေ ပြတ်သွားပါတယ်။
        ဒီနေရာမှာ စဉ်းစားစရာက ရုက္ခစိုးကြီး ကိုယ်တိုင်ကလည်း မခုတ်ပါနဲ့လို့ ပြောပါတယ်။ ရုက္ခ
စိုးရဲ့သားငယ်လေးကို မြင်ရက်သားနဲ့ ခုတ်လိုက်တယ်ဆိုတော့ ရုက္ခစိုးကြီး ဘယ်လောက် စိတ်ဆိုး
သွားမလဲ။ ဒါနဲ့ ရုက္ခစိုးကြီးကလည်း သူရဲ့တန်ခိုးပါဝါနဲ့ အဲဒီရဟန်းကို အဲဒီနေရာမှာပဲ သတ်လိုက်
တော့မလို့ စိတ်ဖြစ်လိုက်တဲ့ အချိန်မှာ “ ဒေါသ ” ကို ပြန်ပြီးတော့ ထိန်းလိုက်ပါတယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated