@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 4 June 2014

အနာဂတ်သာသနာရေး အပိုင်း(၅၈) မဂ္ဂသစ္စာရှင်းလင်းချက်



မဂ္ဂသစ္စာရှင်းလင်းချက်
“မဇ္ဈိမပဋိပဒါ” ဟူသော နာမည်ဖြင့် ပြခဲ့သော မဂ္ဂင်ရှစ်ပါးကိုပင်“မဂ္ဂသစ္စာ” ဟု ခေါ်၏၊ [မဂ္ဂ=နိဗ္ဗာန်သို့ ရောက်ကြောင်းလမ်း+သစ္စာ=အမှန်၊] သမ္မာဒိဋ္ဌိ အစရှိသော တရားရှစ်ပါးသည် မိမိသန္တာန်၌ ဖြစ်ပေါ်လာ သောအခါ၌ အရိယာအဆင့်သို့ တိုးတက်တော့၏၊ ထိုအရိယာ အဆင့်သို့ ရောက်လျှင် နိဗ္ဗာန်ကို ထင်ထင်ရှားရှား (မျက်စိဖြင့် မြင်ရသလို) မြင်နိုင်ပြီ၊ ချဲ့ဦးအံ့သမ္မာဒိဋ္ဌိသည် ကံနှင့်ကံ၏အကျိုး လောက်ကိုသာ သိမြင်နိုင်သော ကမ္မဿကတာသမ္မာဒိဋ္ဌိ, အနိစ္စ ဒုက္ခ အနတ္တဟု ရုပ်နာမ်တရားကို ရှုနိုင် သိမြင်နိုင်သော ၀ိပဿနာ သမ္မာဒိဋ္ဌိအပြင် မဂ္ဂသစ္စာ အဆင့်အတန်းသို့ ရောက်သော မဂ္ဂ သမ္မာဒိဋ္ဌိလည်း ရှိသေး၏။
          ထိုသုံးမျိုးတွင် ရှေ့နှစ်ပါးကို မဇ္ဈိမပဋိပဒါအခန်း၌ ပြခဲ့ပြီ၊ ရုပ် နာမ် ခန္ဓာကို အနိစ္စ ဒုက္ခ အနတ္တဟု ၀ိပဿနာသမ္မာဒိဋ္ဌိဖြင့် ရှုဖန် များလာသော် ကိလေသာ အနောက်အကျုတွေ စိတ်အစဉ်မှာ ကင်း၍ (၀ိပဿနာသမ္မာဒိဋ္ဌိ အဖြစ်မှ အဆင့်အတန်း တိုးတက် ရင့်သန်ကာ)  မဂ်ဉာဏ် အဖြစ်သို့  ရောက်သော  (မဂ္ဂသစ္စာတွင်ပါဝင်သော) မဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်လာ၏၊ ဤနည်းအားဖြင့် အဆင့် အတန်း မြင့်၍ ရင့်သန်လာသော မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်အစစ် ဖြစ်ရကား “မဂ္ဂသစ္စာ”ဟု အမည်ရလေသည်။

အနာဂတ်သာသနာရေး အပိုင်း(၅၇) သန္တိသုခကို အတ္တလည်း မခံစား

 
သန္တိသုခကို အတ္တလည်း မခံစား
တချို့ကမူ သန္တိသုခကို မှန်းဆ၍ သဘောပေါက်ကြ၏၊ သို့သော် “ရုပ်လည်း မဟုတ်, နာမ်လည်းမဟုတ်၊ ရုပ်နာမ်ချုပ်၍ အနှစ် အမြုတေကဲ့သို့ ကျန်နေသော အတ္တရှိ၏၊  ထိုအတ္တသည် သန္တိသုခကို ခံစား၏”ဟု တွေးဆကြ၏၊  တရားတော်အလို အတ္တဆိုသော အရာသည်ပင် မရှိသောကြောင့် ထိုအတွေးအဆသည် အတွေးအဆမျှသာ ဖြစ်၏၊ မခံစားရဘဲ ချမ်းသာပုံကို ဥပမာတစ်မျိုးဖြင့် ပြဦးအံ့…
          အလွန်စည်းစိမ်ကြီးသော လူချမ်းသာတစ်ယောက်သည် တီးကြ မှုတ်ကြ ကခုန်ကြနှင့် ယုယဖျော်ဖြေသူကလေးများ၏ အလယ်မှာ ထည်ထည်ဝါ၀ါ အိပ်ပျော်နေ၏၊ ဆင်းရဲသား လယ်သမားကလေး တစ်ယောက်ကား နေပူကျဲတောက် သစ်ပင်အောက်၌ လယ်ကန်သင်းရိုးကို ခေါင်းအုံးကာ အိပ်ပျော်နေရှာ၏၊  အိပ်ပျော်ချိန်၌ ထိုနှစ်ယောက်လုံးပင် ဘာမျှ မခံစားကြရ၊ အိပ်ရာမှ နိုးကြသော် ကိုယ်စီကိုယ်င “အိပ်ရ-ကောင်းလိုက်တာ”ဟု ကျူးရင့်ကြ၏၊ ဘာ ကောင်းသလဲ၊ အေးငြိမ်းချမ်းသာသော အကောင်းပင် မဟုတ်ပါလော၊ ထိုအကောင်းကို မည်သည့် အတ္တမျှ မခံစားပါ။

အနာဂတ်သာသနာရေး အပိုင်း(၅၆) သုခ နှစ်မျိုး



အသင်္ခတဓာတ်   ကမ္မဋ္ဌာန်းပေါက်၍ ရဟန္တာအဖြစ်သို့  ရောက်နေသူ၏သန္တာန်၌ (သမုဒယသစ္စာခန်း၌ ပြအပ် ခဲ့သော) တဏှာသည် လုံးဝမရှိတော့၊ တဏှာမရှိလျှင် နောက်ဘ၀ ခန္ဓာအသစ်ကို မလိုလားတော့ချေ၊ ကံကြောင့် ခန္ဓာအသစ် ဖြစ်ရသော်လည်း ထိုကံသည် သူ့ချည်းသက်သက် ခန္ဓာအသစ်ဖြစ်အောင် ပြုစီမံခြင်းငှာ မစွမ်းနိုင်၊ တဏှာအဖော် ပါမှသာ စီမံနိုင်သည်၊
ထို့ကြောင့် ရဟန္တာသန္တာန်၌ ရှိသမျှ ကောင်းမှုတွေသည် (အသီး မသီးသော လေပွင့်များကဲ့သို့) နောင်သံသရာဝယ် ခန္ဓာအသီးကို မသီးစေနိုင်တော့ရကား ရဟန္တာတို့၏ နောက်ဆုံးရုပ်နာမ် ချုပ်သည် နှင့် တစ်ပြိုင်နက် (စုတေသည်နှင့်တစ်ပြိုင်နက်) ရုပ်နာမ်ခန္ဓာအဆက် မရှိတော့ဘဲ အသင်္ခတဓာတ်သာ တည်ရစ်တော့သည်။ [အသင်္ခတ= ကံလည်း မပြုရ, စိတ် ဥတု အာဟာရလည်း မပြုရဘဲ + ဓာတု = အေးငြိမ်းခြင်းသဘောကို ဆောင်နေသောဓာတ်။]
အရိယာဖြစ်လျှင် မြင်ရပြီ
ဗုဒ္ဓမြတ်စွာသည် ထိုအသင်္ခတဓာတ်ဖြစ်သော နိရောဓသစ္စာကို ဗုဒ္ဓဖြစ်ခါနီးဝယ် သစ္စာ လေးပါးကို မဂ်ဉာဏ်လေးပါးဖြင့် မြင်တုန်းကပင် မြင်ခဲ့ရပြီ၊ ထိုနိရောဓသစ္စာနိဗ္ဗာန်ချမ်းသာကို ဖလသမာပတ် ၀င်စားတော်မူကာ မကြာ မကြာ ခံစားတော်မူ၏၊ ပရိနိဗ္ဗာန်စံတော် မူခါနီး၌လည်း စုတိတော် မရောက်မီ ဈာန်သမာပတ် ၀င်စားတော် မူ၏၊ ထိုသို့ မ၀င်စားမီ ထိုဖလသမာပတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုကာ လွန်စွာချမ်းသာတော်မူသည်၊ အခြားအရိယာများလည်း ထိုဖလ သမာပတ်ဖြင့် မိမိ၏ နိဗ္ဗာန်ကို အာရုံပြုကာ ချမ်းသာတော်မူနိုင်ကြပေသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated