အခန်း - ၁
စိတ်ဖြစ်ပုံကို လေ့လာခြင်း
ဒီကနေ့ည ပကိဏ်းပိုင်းမှာ
လာရှိတဲ့ အကြောင်းအရာ၊ ဝီထိပိုင်းမှာ လာရှိတဲ့ အကြောင်းအရာနဲ့ ဝီထိမုတ်ပိုင်းမှာ လာရှိတဲ့
အကြောင်းအရာ အဲဒီအပိုင်း ၃-ပိုင်းမှာ လာရှိတဲ့ အကြောင်းအရာများကို တစ်ခုနှင့်တစ်ခု
ဆက်စပ်ပြိး သိသာရုံ မြင်သာရုံ သိလွယ်မြင်လွယ်အောင် ဟောကြားပြသမှာ ဖြစ်ပါတယ်။
အခုဟောတဲ့
အဘိဓမ္မာမြတ်ဒေသနာဆိုတာ မိတ်ဆက် introduction အနေနဲ့ ဟောထားတာ၊ ရှေ့မှာ လေ့လာစရာတွေ
အများကြီးရှိသေးတယ်ဆိုတာ စိတ်ထဲမှာ မှတ်ထားပါ။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူတဲ့ တရားဓမ္မတွေက
အလွန်ကျယ်ဝန်းတယ်၊ အထူးသဖြင့် အဘိဓမ္မာကျမ်းကြီးက အလွန်ကျယ်ဝန်းတယ်။
“စိတ်အကြောင်းကို လေ့လာခြင်း” ဆိုတဲ့ စိတ်ပိုင်းမှာ စိတ်အကျဉ်း-၈၉ သို့မဟုတ် အကျယ်
-၁၂၁ ဘယ်လိုဖြစ်တယ်ဆိုတာကို အပိုင်း-၁မှာ ဟောထားပြီးပြီ၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ယှဉ်တွဲဖြစ်ပေါ်လာတဲ့
စေတသိတ်အမျိုးအစား ၅၂-မျိုးနဲ့ စိတ် စေတသိတ်ယှဉ်တွဲပုံကို ပြတာက စေတသိတ် ပိုင်းလို့
ဆိုတယ်။








