@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 10 August 2015

သာသနာနှင့် နက္ခတ်ဗေဒင်

 
 
ဗုဒ္ဓနှင့်ဗေဒင် အလွန်ပင်ဆန့်ကျင်

ပုဂံပြည်တွင် အုပ်ချုပ်ခဲ့ဖူးသော ပုပ္ပါးစောရဟန်းမင်းသည် အရည်းကြီးလူထွက်
ဖြစ်၍ ဗေဒင်နှင့် မှော်ပညာကို ကျွမ်းကျင်လိမ္မာသည်။ နတ်နှင့်နဂါးကိုလည်း ကိုးကွယ်သည်။ သူ့လက်ထက်မှစ၍ ဗေဒင်နှင့်မှော်ပညာအထွတ်အထိပ်သို့ရောက်၍ နတ်နှင့်နဂါးကိုးကွယ်မှုမှာလည်း ယခုထက်တိုင် တွင်ကျယ်လာခဲ့သည်။

နဂါးကိုးကွယ်မှုသည် ပုပ္ပါးဘက်တွင် အကြီးအကျယ် ဖြစ်နေသဖြင့် နှောင်းခေတ်ဘု
ရင်များက တိရစ္ဆာန်နဂါးကို ကိုးကွယ်တာနှင့်စာလျှင် လူကဖြစ်သော နတ်စိမ်းကိုကိုးကွယ်တာက တော်သေးသည်ဟုယူဆကာ ပန်းပဲမောင်တင့်တယ် မောင်နှမ
အကြောင်း ထိုးဇာတ်တစ်ခုရေးပြီး ရုပ်တုနှင့်တကွ ဖောင်ဖြင့်မျှောလိုက်ရာမှ အစပြု၍ နဂါးကိုးကွယ်မှုအစား နတ်ကိုးကွယ်မှုဝင်ရောက်လာကြောင်း စစ်ကိုင်းဦးဘိုး
သင်း၏ သူ့အမြင်သူ့အတွေး စာအုပ်တွင် ဖတ်ရှုလိုက်ရပါသည်။

အနော်ရထာမင်းလက်ထက်မှစ၍ ကွယ်ပျောက်ခဲ့ရသော နဂါးကိုးကွယ်မှုသည်
ယခု အချိန်အထိ အမြစ်ပြတ်ခြင်း မရှိသေးချေ။ အဘယ့်ကြောင့်ဆိုသော် အထက်မြန်မာပြည်ရှိ အချို့ကျေးရွာများသည် ရှင်ပြုသည့်အခါ နဂါးကိုရှင်လောင်းပြသည်ဟုဆိုကာ ရွာအနောက်ဘက်တံခါးသို့ သွားလေ့သွားထရှိသည်ကို တွေ့နေရသေးသောကြောင့်ပင်။ အထင်ရှားဆုံးသော အချက်တစ်ခုသည်ကား ခရီးသွား၊အိမ်အပြောင်းအရွှေ့ လုပ်ကြသည့်အခါ နဂါးခံတွင်းမ၀င်မိရန်တတ်နိုင်သမျှ
ရှောင်ကြဉ်ကြခြင်းပင် ဖြစ်၏။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated