@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 27 May 2014

ဓာရဏသုတ် (ပါဠိတော်) (မြန်မာပြန်)


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။

၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗွံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဥာဏာနုပရိဝတ္တံ၊ သဗ္ဗံ ၀စီကမံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗံ္ဗ မနောကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ။

၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ပညာယ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ၊

၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဒ၀ါ၊ နတ္ထိ ရ၀ါ၊ နတ္ထိ အ,ဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အ,ဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ၀စီကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံ ဓာရဏံ အ,မိတံ အ,သမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။

ဂုဏ်တော်ကွန်ချာ


၁။ သော ဘဂ၀ါ ဣတိပိ အရဟံ၊ အရဟံ ၀တ သော ဘဂ၀ါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊
ပထမော ၀ဇီရပါကာရော၊ သော ဘဂ၀ါ ဣတိပိ အရဟံ။

သောဘဂ၀ါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံမည်တော်မူပါပေ၏။
သောဘဂ၀ါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ၀တ၊ စင်စစ် ဧကန်အမှန်မလွဲ၊ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။
အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သရဏံ ကိုးကွယ်အားထားရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပူဇော်ပါ၏။
အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သိရသာ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် နမာမိ ရှိခိုးကန်တော့ပါ၏။
ပထမော ရှေးဦးစွာသော ၀ဇိရပါကာရော အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂ၀ါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံ မည်တော်မူပါပေ၏။

တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး လက်စွဲပြုသော ခရီးသွားဂါထာ



တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသသည် သာသနာ့အာဇာနည် ရဟန်းထူး၊ ရဟန်းမြတ်တပါး ဖြစ်သည်။
ဆရာတော်ကြီးသည် ပထမဦးဆုံး ပေါ်ထွက်ခဲ့သော တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်ရ အရှင်မြတ်ဖြစ်သည်။ ၁၉၅၃-ခုနှစ် သက်တော် ၄၂-နှစ်၊ သိက္ခာတော် ၂၂-၀ါတွင် တိပိဋကစာမေးပွဲကြီးကို အောင်မြင်တော်မူခဲ့သည်။

ဆရာတော်ကြီးသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာဇာတိ ဖြစ်သည်၊ ခမည်းတော်မှာ သူကြီးဦးဆုံ၊ မယ်တော်မှာ ဒေါ်ဒေါ်ဆင် ဖြစ်သည်။ ၁၂၇၃-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁-ရက် ဗုဒ္ဓဟူးနေ့ (၁-၁၁-၁၉၁၁) တွင် ဖွားမြင်တော်မူသည်။

ဆရာတော်လောင်းလျာသည် အသက် ၇-နှစ်အရွယ်တွင် ရှင်သာမဏေပြုသည်။ ထို့နောက် ၁၂၉၂-ခုနှစ်တွင် ရဟန်းပြုတော်မူသည်။ သက်တော် ၆၈-နှစ် (၁၉၇၉)တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် သက်တော် ၇၃-နှစ် (၁၉၈၄)တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ခံရသည်။ သက်တော် ၈၀-ပြည့် (၁၉၉၁)တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခံရပြန်သည်။ သက်တော် ၈၁-နှစ်အရောက် ၁၃၅၄-ခုနှစ် (၁၉၉၃)တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။

ဆရာတော်ကြီးပြုစုခဲ့သော ကျမ်းများတွင် မဟာဗုဒ္ဓ၀င် ကျမ်းကြီးသည် ထင်ရှားကြီးကျယ်ခိုင်ခံ့လှသည်။ အတွဲပေါင်း ၆-တွဲ (အုပ်ရေရှစ်အုပ်) ရှိသည်။ ယင်းကို ဆရာကြီးဦးကိုလေး (ဇေယျာမောင်)က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။

၃၈-ဖြာ မင်္ဂလာ




( မင်္ဂလာ တရားတောင်း )
ဗဟူဝေဒါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်နှင့်လူတို့သည် စင်ကြယ်သော နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂-နှစ်ကြာမျှ ကြံစည်တွေးတော ပါသော်လည်း မသိနိုင်ကြပါကုန်။ ထိုမင်္ဂလာတရားကို ရှင်းလင်းဟောကြား ပေးသနားတော်မူပါဘုရား။

( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ
၁။ လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း။
၂။ ပညာရှိကို မှီဝဲဆည်းကပ် ပေါင်းသင်းခြင်း။
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၂၄-ပစ္စည်း စည်းချဂါထာ


အန္တရယ်ကင်း ၂၄-ပစ္စည်း စည်းချနည်းကို ယုံကြည်စွာ ပြုလုပ်လိုသူများအတွက် ဖော်ပြလိုက်ပါသည်။
တနင်္ဂနွေနေ့ စည်းချလိုလျှင် အရှေ့မြောက်ထောင့် တနင်္ဂနွေထောင့်မှ စရွတ်ပါ၊ အရှေ့မြောက်ထောင့်ကို လက်ညှိုးထိုး၍၄င်း, စိတ်မှ မှန်း၍၄င်း ဟေတုပစ္စယော, အာရမ္မဏပစ္စယော, အဓိပတိပစ္စယော- ဟု ပစ္စည်းသုံးခု ရွတ်ပါ။

ထိုမှ တနင်္လာထောင့် အရှေ့အရပ်တွင် အနန္တရပစ္စယော, သမနန္တရပစ္စယော, သဟဇာတပစ္စယော,ဟု သုံးခုရွတ်ပါ။

ဤသို့ဖြင့် အရှေ့တောင်ထောင့် အင်္ဂါထောင့်တွင် သုံးခု။
တောင်ဘက် ဗုဒ္ဓဟူးထောင့်တွင် သုံးခု။
အနောက်တောင်ထောင့် စနေထောင့်တွင် သုံးခု။
အနောက်ဘက် ကြာသပတေးထောင့်တွင် သုံးခု။
အနောက်မြောက်ထောင့် ရာဟုထောင့်တွင် သုံးခု။
မြောက်ဘက် သောကြာထောင့်တွင် သုံးခု။

ခန္ဓာငါးပါး ရှဝ်လုံးဘွဲ့ မြန်မာဂါထာ



ခန္ဓာငါးပါး ရှဝ်လုံးဘွဲ့ မြန်မာဂါထာ

၁။ ရူပံ ဤရုပ် ၊ ရေမျြုပ်သဏ္ဍာန် ။
အနိစ္စပဲ ၊ မမြဲအမှန် ။
မကင်းဘဲမို့ ၊ ဆင်းရဲပူပန် ။
အနတ္တ ၊ မှတ်ကြ ဧ၀ကန် ။
၂။ ဝေဒနာစက် ၊ ရေပွက်သဏ္ဍာန် ။
အနိစ္စပဲ ၊ မမြဲအမှန် ။
မကင်းဘဲမို့ ၊ ဆင်းရဲပူပန် ။
အနတ္တ ၊ မှတ်ကြ ဧ၀ကန် ။
၃။ သညာနာမ်မှတ် ၊ တံလျှပ်သဏ္ဍာန် ။
အနိစ္စပဲ ၊ မမြဲအမှန် ။
မကင်းဘဲမို့ ၊ ဆင်းရဲပူပန် ။
အနတ္တ ၊ မှတ်ကြ ဧ၀ကန် ။

မဟာစည် ဆရာတော်ဘုရားကြီး၏ ဆုတောင်း အမျှဝေ




ဤသို့ပြုရ, မြတ်ပုညကြောင့်, ချမ်းမြအေးကြည်, ဘေးမဲ့မည်သည်, ရွှေပြည် ထုတ်ချောက်, လမ်းမကောက်ဘဲ, ရောက်ရပါလို, ထိုထိုဘ၀, ကျင်လည်ရလဲ, ဒုက္ခဘေးဒဏ်, ရန်မာန်အပေါင်း, မကောင်းဟူသမျှ, မတွေ့ရဘဲ, သဗ္ဗဣစ္ဆာ, မင်္ဂလာကို, ရွယ်ကာ တ-တိုင်း ရစေသော်။
ယနေ့ယခု, ပြုပြုသမျှ, မြတ်ဘာဂကို, မိဘဆရာ, မျိုးသဟာနှင့်, ကိုယ်မှာ စောင့်ကြပ်, ကိုယ်စောင့်နတ်က, အရင်းစ၍, ရှိသမျှလုံးစုံ, ဘုံသုံးဆယ့်တစ်, ဖြစ်ဖြစ်သမျှ, ဝေနေယျတို့, ရကြပါစေ, ပေးငှဝေသည်, များထွေ သာဓု ခေါ်စေသော်။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော
သာဓု သာဓု သာဓု ( သုံးကြိမ် )

စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း-မတည်ခြင်းအကြောင်း



 
စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း မတည်ခြင်း၏အကြောင်းတို့ကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။။

ရဟန်းတို့-

၁။ ပျောက်သွားသော ပစ္စည်းဥစ္စာကို မရှာဖွေခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
ရှာဖွေခြင်းသည် ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။

၂။ ဆွေးမြည့်ယိုယွင်းသည်ကို မပြုပြင်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
ပြုပြင်ခြင်းသည် ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။

၃။ အတိုင်းအရှည်မသိ သုံးစွဲစားသောက်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
အတိုင်းအရှည်သိကာ သုံးစွဲ စားသောက်ခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။

၎။ သီလမရှိသူကို အကြီးအကဲအရာ၌ ထားခြင်းသည် စီးပွားဥစ္စာ ကြာမြင့်စွာ မတည်ခြင်း၏အကြောင်း ဖြစ်ပေသည်။
သီလရှိသူကို အကြီးအကဲအရာ၌ ထားခြင်းသည် စီပွားဥစ္စာ ကြာမြင့်စွာ တည်ခြင်း၏အကြောင်း ဖြစ်ပေသည်။ ဟု ဟောကြားတော်မူခဲ့ပါသည်။ ( အံ-၁၊ ၅၇၂ )

သာဓုခေါ်လိုသော နတ်ဗြဟ္မာများ



တချိန်သောအခါက တာဝတိံသာနတ်ပြည် နတ်သဘင်အစည်းအဝေး၌ အမေးပုစ္ဆာပြဿနာ လေးခု ပေါ်ပေါက်ခဲ့၏။
နတ်များ အမျိုးမျိုးကြံဆ၍ အဖြေရှာကြသော်လည်း တဆယ့်နှစ်နှစ်တိုင်တိုင် အဖြေမတွေ့ ဖြစ်နေကြ၏။
ထိုပုစ္ဆာလေးခုကား-
၁။ အလှူဟူသမျှတွင် မည်သည့်အလှူက အမြတ်ဆုံးနည်း။
၂။ အရသာဟူသမျှတွင် အဘယ်အရသာသည် အမြတ်ဆုံးနည်း။
၃။ မွေ့လျှော်မှုများတွင် အဘယ်မွေ့လျှော်မှုသည် အမြတ်ဆုံးနည်း။
၎။ တဏှာကုန်ခြင်းကို အဘယ်ကြောင့် အမြတ်ဆုံးဟု ဆိုရသနည်း။

နောက်ဆုံးတွင် နတ်မင်းကြီးလေးဦးထံ သွားရောက်မေးမြန်းကြ၏။ သိကြားမင်းထံ သွားရောက်မေးမြန်း၏။ မဖြေဆိုနိုင်ကြလေ။
တညတွင် သိကြားမင်းနှင့် နတ်အပေါင်းသည် ဇေတ၀န်ကျောင်းတော်သို့ လာရောက်၍ ဘုရားရှင်အား လျှောက်ထားမေးမြန်းကြလေသည်။

နေ့စဉ် မင်္ဂလာဖြင့် မျက်နှာသစ်နိုင်ကြပါစေ



စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်-ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည်။
အမှုမဲ့ အမှတ်မဲ့ စဉ်းစားလျှင် သတ်မည်, ခိုးမည်, စသော စိတ်ယုတ်စိတ်ယိုင်းများ မထားသဖြင့် မိမိသည်ကား မကောင်းမှုအကုသိုလ်မှ ကင်းသည်-ဟု ထင်မှတ်ရန်ရှိသည်။
သို့သော် ပိသုဏ, ဖရုသ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ စသော နှုတ်မှု စိတ်မှုတို့သည်လည်း ဒုစရိုက်တွင် အပါအ၀င်ဖြစ်ရာ ထိုသိမ်မွေ့သော ( ဖြစ်ရန် လွယ်ကူသော ) မကောင်းမှုများကိုလည်း မဖြစ်ပွားစေရန် သတိတရား ထားရမည် ဖြစ်ပါသည်။

ထို့ကြောင့် တနေ့တာအဖို့တွင် တတ်နိုင်သလောက် အရိယဓမ္မသီလ လုံခြုံစေရန် အိပ်ရာထ မျက်နှာသစ်ချိန်မှစ၍ ကုသိုလ်တရား ပွားများရန် နှိုးဆော်လိုက်ပါသည်။ မင်္ဂလာနှင့် မျက်နှာသစ်ခြင်းဖြင့် တနေ့တာကို စတင်လိုက်ပါက တနေ့လုံး စိတ်သန့်ရှင်းလျက် မျက်နှာကြည်လင်ပြီး တွေ့မြင်ရသော လူတကာကို စိတ်ရွှင်လန်း ကြည်နူးစေပါလိမ့်မည်။

နံနက်အိပ်ရာထတွင် ရေကြည်ရေအေးတခွက် ခပ်ယူပြီးနောက် ဤသို့ဆောင်ရွက်ရန် ဖြစ်ပါသည်။

အသောကကျောက်တိုင်များ



ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးယုံကြည်သက်ဝင်သူ ဖြစ်သည်။ 

အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။ သူသည် ဗုဒ္ဓသာသနာထွန်းကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက်ထူထားခဲ့သည်။

အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာအနီးတွင် ကျောက်တိုင်ကြီးတခု စိုက်ထူခဲ့သည်။
ထိုကျောက်တိုင်ထိပ်ပေါ်တွင် နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။

အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။

ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့သည်။

ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန်သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် မြင်းရုပ်ကို ထားရှိခြင်း ဖြစ်သည်။


ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက်ရာနေရာ ဖြစ်သည်။ 

ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို ထားရှိခြင်းဖြစ်သည်။


ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီးတတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာတရားတော်ကို ဟော်တော်မူသောနေရာ ဖြစ်သည်။ 

ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင်ထားသည်။

"ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊ ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ ပြုလုပ်ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ခြင်္သေ့ရုပ်ကို ထားရှိခြင်းဖြစ်သည်။

စိုးရိမ်ခြင်းကင်းအောင် ဘယ်လိုလုပ်မလဲ


                      
“ဒေါသ”ကို ပယ်သတ်လိုက်ခြင်းဖြင့် ဘယ်တော့မှ မစိုးရိမ်ရတော့ပါ။
“ကောဓံ ၀ဓိတွာ န ကဒါစိ သောစတိ။”

စိုးရိမ်တယ်ဆိုတာ အမျက်ဒါသရှိနေလို့ပါ။ အချို့လူတွေကတော့ ဒေါသဆိုတာ မျက်နှာတွေ
ခက်ထန်လာပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်းပေါက်ကွဲတာလို့ သိထားကြပါတယ်။
တကယ်တော့ “စိုးရိမ်ကြောက်လန့်”တာဟာလည်း
 
ဒေါသကြောင့်ဖြစ်တာပါပဲ။ ဒေါသရဲ့လက္ခဏာပေါ့။ ဒေါသရှိနေလို့ပေါက်ကွဲတယ်။ဒေါသရှိနေလို့
 ကြောက်တယ်။ စိုးရိမ်တယ်။ ဒေါသမရှိရင် ပေါက်လည်း မပေါက်ကွဲတော့ဘူး။
ကြောက်လည်းမကြောက်တော့ဘူး။ စိုးလည်း မစိုးရိမ်တော့ပါဘူး။
 
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated