@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Wednesday 20 April 2016

"မြတ်စွာဘုရား မိန့်တော်မူခဲ့သည့် သားသမီးသုံးမျိုး"


************************************

Buddha, Dhamma, Sangha - ရတ်ပိပြကာ's photo.

အတိဇာတံ အနုဇာတိ၊ ပုတ္တမိစ္ဆန္တိ ပဏ္ဍိတာ။
အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော။
မြတ်စွာဘုရား ဟောတော်မူတယ်။

အတိဇာတ သားသမီးတစ်မျိုး၊
အနုဇာတ သားသမီးတစ်မျိုး၊
အဝဇာတ သားသမီးတစ်မျိုး ဆိုပြီး သုံးမျိုးဟောတော်မူခဲ့ပါတယ်။

၁။ အတိဇာတသားသမီး
မိဘများရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိပြီး စွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့စောင့်ရှောက်တတ်၍ မိဘတို့ထက် အကျင့်သီလ အာစာရဂုဏ် လိမ်မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အတိဇာတ သားသမီးလို့ ခေါ်ပါတယ်။ အလွန်မြင့်မြတ်တဲ့ သားသမီးမျိုးပင်ဖြစ်၏။
ထင်ရှားအောင် ပြောရရင် သာသနာတော်မှာ ရှင်ရဟန်း အဖြစ်ဖြင့် မိဘ၏ ကျေးဇူးတရားများကိုပေးဆပ်နေသော သားသမီးမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။
ရှင်ရဟန်းဆိုတည်းက သီလအားဖြင့် မိဘတို့စောင့်ထိန်းနေသော ငါးပါးသီလ ရှစ်ပါးသီလထက်၊ ၂၂၇သွယ်သော သိက္ခာပုဒ်များစောင့်ထိန်းနေခြင်းသည်ပင် အကျင့်သီလအားဖြင့် မြင့်မြတ်နေမည်သာဖြစ်၏။ ထိုသားသမီးမျိုးကို အတိဇာတ သားသမီးလို့ ခေါ်ပါတယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated