@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 11 November 2014

အဟိရိကအကြောင်း (ကိုယ့်ကျင့်အဘိဓမ္မာ - ၅)


အဟိရိကအကြောင်း

မရှက်ခြင်းသဘောသည် အဟိရိကတည်း။ ထို့ကြောင့် "အဟိရိက-မရှက်စွတည့်"ဟု ဆိုခဲ့သည်။ အကုသိုလ်ဒုစရိုက်ဟူသမျှ မစင်ဘင်ပုပ်နှင့်တူ၏။ အဟိရိကကား ရွာဝက်ကြီးနှင့်တူလေသည်။
ချဲ့ဦးအံ့-မစင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်း၏၊ မတော်တဆ လူးမိပြန်လျှင် ပရိသတ်အလယ်မှာ ရှက်ဖွယ်ရာကြီးတည်း၊ သို့သော် မစင်ကို အမွန်မြတ်အစာဟုထင်နေသော ရွာဝက်ကြီးသည်ကား ထိုမစင်ကို မစက်ဆုပ် မရွံရှာ၊ မစင်လူးနေရမှာလည်းမရှက်၊ မစင်ထဲ၌လူးကာလှိမ့်ကာ မစင်များများစားရသည်ကိုပင် ဂုဏ်တစ်မျိုးတက်သည်ဟု မှတ်ထင်လေသည်။

ထို့အတူ ပါဏာတိပါတ စသော ဒုစရိုက်တရားစုသည် သူတော်ကောင်းတို့၏ သဘောဖြင့်ကြည့်လျှင် အင်မတန် စက်ဆုပ်ရွံရှာဖွယ်ကောင်း၏၊ မတော်တဆ ပြုမိပြန်လျှင်လည်း သူတော်စင်ပရိတ်သတ်တို့၏ အလယ်မှာရှက်ဖွယ်သာ ဖြစ်၏၊ သို့သော် အဟိရိကသဘောထား ထိုဒုစရိုက်တို့ကို စကဆုပ်ရွံရှာခြင်းလည်း မရှိ၊ မပြုမိသော်လည်း မရှက်တတ်ချေ၊ စင်စစ်မှာ အဟိရိကသမား အရှက်မရှိသူများအလယ်၌ ဒုစရိုက်များများ ပြုနိုင်သည်ကိုပင် "ကြီးကျယ်သော ဂုဏ်တစ်မျိုး"ဟု မှတ်ထင်နေလေသည်။

မောဟဖြစ်လျှင် ဤအဟိရိက သဘောလည်းပါဝင်လာသဖြင့် ပညာရှိများကင် ဒုစရိုက်မှုကို မရှက်တမ်း ပြုမိကြလေသည်၊ ဤစကား မှန်-မမှန် ပညာရှိအခေါ်ခံရသူကိုယ်တိုင်ပင် ကိုယ်တွေ့အမှုများဖြင့် စဉ်းစား၍ ကြည့်ကြပါလေ။


မောဟအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၄)


မောဟ ၂-မျိုး

မသိတတ်ခြင်းသဘောသည် မောဟတည်း။ ထို့ကြောင့် “မသိတတ်ဘိ-မောဟသိလော့”ဟု ဆိုခဲ့သည်။ ထိုမောဟသည် အနုသယမောဟ၊ ပရိယုဋ္ဌာမောဟ ဟု ၂-မျိုးရှိ၏။ အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း၊ ကိန်းအောင်းနေခြင်းဟု အဓိပ္ပာယ်ရှိ၏။ ပရိယုဋ္ဌာန-ဟူသော ပါဠိကား ထကြွခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် သတ္တ၀ါတို့၏ သန္တာန်တွင် အစဉ်တစိုက် လိုက်ပါနေသော မောဟသည် အနုသယမောဟမည်၏။ တစ်ခါတစ်ရံ စိတ်နှင့် တွဲဖွက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာနမောဟ မည်၏။

အနုသယမောဟ

အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သော ဓာတ်သတ္တိပါရှိသကဲ့သို့ ထို့အတူသတ္တ၀ါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင် ဖုံးကွယ်တတ်သော ဓာတ်သတ္တိတစ်မျိုး ပါရှိလေသည်။ ထိုဓာတ်သတ္တိကို အနုသယမောဟ ဟုခေါ်၏။ ဤအနုသယမောဟ၏ ဖုံးကွယ်ထားမူကြောင့် ပုထုဇဉ်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ၊ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်း တပ်တပ်ထင်ထင် မသိမြင်ကြချေ။

စေတသိက်အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၃)


စေတသိက်က စိတ်ကိုခြယ်လှယ်ပုံ 
စိတ်အကြောင်းကို ပြရာဝယ် “စိတ်ကောင်း, စိတ်ဆိုး”ဟု ပြခဲ့ပါပြီ။ သို့သော် စိတ်သည် အာရုံကို သိဖို့ရန်ကိစ္စ တစ်ခုသာ ရှိသောကြောင့် သူ့ချည်းသက်သက် အကောင်းအဆိုး မကွဲပြားနိုင်ချေ။ စေတသိက်အမျိုးမျိုးနှင့် အတူဖြစ်ရသောကြောင့် ထိုစေတသိက်အများ၏ အကောင်းအဆိုး လိုက်၍ စိတ်သည်လည်း စိတ်ကောင်း စိတ်ဆိုး ဖြစ်ရပေသည်။ “စိတ်ကောင်းစိတ်ဆိုး ၂-မျိုးကွဲဖို့ရန် ယှဉ်ဖက် စေတသိက်များက ခြယ်လှယ်၍ ထားကြသည်”ဟု ဆိုလိုသည်။

ဥပမာ-ရေသည် ပင်ကိုအနေအားဖြင့် အရောင်တစ်မျိုးတည်းသာ ရှိသော်လည်း ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ၊ ဆေးနက်တို့နှင့် ရောစပ်မိသောအခါ၌ ရေနီ၊ ရေ၀ါ၊ ရေပြာ၊ ရေနက် ဖြစ်ရတော့သကဲ့သို့တည်း။ ထို့ကြောင့် စိတ်ကောင်းစိတ်ဆိုးဟု နားလည်ဖို့ရာ စေတသိက်တို့၏ အကြောင်းကိုလည်း ဆက်လက်၍ လေ့လာသင့်ကြပေသည်။

စိတ်အကြောင်း (ကိုယ့်ကျင့်အဘိဓမ္မာ-၂)

 
အာရုံကို သိတတ်သော သဘောသည် စိတ်
ငါတို့သည် ဟိုဟာသိ သည်ဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြသည်။ ထိုသို့ အာရုံတွေကို သိတတ်သော သဘောကို “စိတ်” ဟုခေါ်သည်။ “သိ” ဆိုသော်လည်း ဉာဏ်ဖြင့်သိသော အသိမဟုတ်၊ အာရုံကို ရအောင် ယူနိုင်ခြင်းကိုပင် “အသိ” ဟုခေါ်သည်။

အာရုံ ၆-ပါး၊ အသိ ၆-မျိုး ၁။ အဆင်း အရောင်ဟူသမျှ = ရူပါရုံ ၂။ အသံ ဟူသမျှ = သဒ္ဒါုရုံ ၃။ အနံ့ ဟူသမျှ = ဂန္ဓာရုံ ၄။ အရသာ ဟူသမျှ = ရသာရုံ ၅။ အတွေ့ ဟူသမျှ = ဖောာဋ္ဌဗ္ဗာရုံ ၆။ ကြွင်းသော သိဖွယ်ဟူသမျှ = ဓမ္မာရုံ

ရူပါရုံကို မြင်သောအခါ၊ မြင်သိ - သိသောစိတ် ဖြစ်၏။ သဒ္ဒရုံကို ကြားသောအခါ၊ ကြားသိ - ကြားသောစိတ်၊ ဂန္ဓာရုံကို နံသော၊ မွှေးသောအခါ နံသိ၊ မွှေးသိ - သိသောစိတ်၊ ရသာရုံကို အရသာခံသောအခါ၊ အရသာသိ - သိသောစိတ်၊ တစ်စုံတစ်ခုကို တွေ့ထိရသောအခါ၊ အတွေ့အထိ သိ - သိသောစိတ်၊ တစ်စုံတစ်ခုကို တွေ့ထိရသောအခါ၊ အတွေ့အထိ သိ - သိသောစိတ်၊ ထိုအာရုံငါးပါးနှင့်တကွ ကြွင်းသော အကြောင်းအရာတွေကို သိသောအခါ ဆိုင်ရာကို သိသောစိတ်များ ဖြစ်ကြလေသည်။ ဤသို့ ဆိုင်ရာအာရုံကို ရအောင်ယူနိုင်ခြင်းသည် စိတ်၏ သိခြင်းပင်တည်း။

ပရမတ္ထဟူသည် ကိုယ်ကျင့်အဘိဓမ္မာ ( ၁ )

ပရမတ္ထတရား ၄-ပါး 
ပရမတ္ထဆိုသည်မှာ ပါဠိစကားတည်း။ မြန်မာလို “မြတ်သောအနက်သဘော” ဟုဆိုလိုသည်။ “မြတ်”ဆိုသည်မှာလည်း “မွန်မြတ် - မြင့်မြတ် - ကောင်းမြတ်” ဆိုသော အမြတ် မဟုတ်၊ ပင်ကိုသဘောအတိုင်း မဖောက်ပြန် မပြောင်းလဲဘဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။ (ပရမ = မြတ်သော + အတ္ထ= အနက်သဘော၊ ပရမတ္ထ = မြတ်သော အနက်သဘော။ ဤပရမတ္ထသဘောကို “ပရမတ်” ဟုလည်း ခေါ်၏) ထိုပရမတ္ထတရားကား - စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် အားဖြင့် ၄-ပါးရှိသည်။


မဖောက်ပြန်ပုံ 
စေတသိက်တရားတို့၌ လောဘ ဒေါသများ ပါရှိ၏၊ လောဘသည် လိုချင်ခြင်းသဘော၊ ဒေါသကား ခက်ထန်ခြင်း သဘောပင်တည်း။ လောဘသည် ပညာရှိသူတော်ကောင်း၏ သန္တာန်မှာ ဖြစ်ဖြစ်၊ သူယုတ်မာ သန္တာန်မှာ ဖြစ်ဖြစ်၊ ခွေးသန္တာန်မှာ ဖြစ်ဖြစ် လိုချင်သော သဘောမှ ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်း မရှိချေ။ ထို့အတူ ဒေါသ၏ ခက်ထန်ခြင်း သဘောလည်း မည်သူ့ သန္တာန်မှာ ဖြစ်ဖြစ် မဖောက်ပြန် မပြောင်းလဲချေ။ အခြားသော ပရမတ္ထတရားတို့ မပြောင်းလဲကြပုံကိုလည်း ဤနည်းအတိုင်းသိပါ။


ဤသို့လျှင် ပရမတ်သဘောတို့သည် မျက်နှာကြီးငယ် ရွေးချယ်လိုက်စားခြင်း မရှိဘဲ မူရင်းအတိုင်း ထင်ရှားမြဲဖြစ်သောကြောင့် မိမိ သူတစ်ပါးတို့၏ စိတ်နေစိတ်ထားကို အမှန်အတိုင်း သိနိုင်ဖို့ရာ ယခုလမ်းညွှန်ပြမည့် ပရမတ်သဘောများကို ကြိုကြိုးစားစား လေ့လာသင့်ကြပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၄၈) နိဂုံးချုပ်လင်္ကာ


နိဂုံးချုပ်လင်္ကာ
ကျမ်းပြီးမှတ်ထုံး, ကမ္ပတ်ဖုံး၍, နိဂုံးအခန်း, လက်ရုံးတန်းပိမ့်၊  …ခေတ်ဆန်းခုနှောင်း, လူအပေါင်းကား, မကောင်းကိုးကွယ်, ကောင်းကိုးကွယ်ဟု, ညာဘယ်မခြား, မပြုငြားဘဲ, စဉ်းစား ဝေဖန်, ကျိုးရှိတန်မှ, လျော်ကန်ရုံမျှ, ကိုးကွယ်ကြလိမ့်။
ဗုဒ္ဓမြတ်စွာ, သာသနာကို, ကောင်းစွာကြိုတင်, မပြုပြင်သော်, အမြင်မှိန်မှေး, အထင်သေး၍, ယဉ်ကျေးဖွယ်ရာ, အဖြာဖြာနှင့်, ဘာသာဝါဒ, ဟူသမျှတို့, စစကုန်သုဉ်း, ပြုတ်ပြုတ်ပြုန်းလိမ့်။
ထွတ်ဘုန်းသာသနာ, မှိန်သောခါဝယ်, ထွေရာကောင်းနိုး, ၀ါဒမျိုးဖြင့်, အကျိုးမတည့်, ဖြစ်ပြန်ခဲ့မူ, တကဲ့ တိုင်းကြီး, ပြည်အနီး၌, တိုင်းသီး ပြည်နယ်, မျက်နှာငယ်လိမ့်။
သို့နှယ်ကြောင်းရာ, စုပေါင်းကာဖြင့်, ကောင်းစွာမြော်ညှိ, ဆင်ခြင်မိ၍, တို့၏နယ်မြေ,  တို့အမွေနှင့်,  တို့မေဘာသာ,  သာသနာကို, တို့သာ ကြံ့ကြံ့, စောင့်ရှောက်အံ့ဟု, ခံ့ခံ့မားမတ်, စိတ်ထား မြတ်ဖြင့်, နာဂတ်သာသနာ, ရေးအရာကို, တွေးကာသိုက်မြိုက်, ရေးသားလိုက်၏။
သိထိုက်သိရာ, သိပြီးခါဝယ်, စဉ်လာထင်မြင်, ပြင်ကာဆင်လျက်, စည်ပင်သာယာ, သာသနာနှင့်, မြန်မာပြည်ထောင်, တိုးတက်အောင်လျှင်, ခေါင်းဆောင်ရှေ့သွား, ရှင်လူများတို့, ခွဲခြား မေတ္တာ, မထားပါဘဲ, များစွာခိုသင်း, ငုံးခပင်းတို့, မကြင်းကိုယ်စီ, ပိုက်ကိုချီသို့, ညီညီကြိုးကုတ်, အားသွန်ထုတ်က, ဗုဒ္ဓသာသနာ, ပြည်မြန်မာသည်, ကမ္ဘာထုတ်ချင်း ထွင်းလိမ့်သောဝ်။   
အနာဂတ်သာသနာရေးပြီးပြီ။

ဘုရားလောင်း သူတော်ကောင်းတို့ တောင်းသောဆုတောင်းများ။

       ဘုရားလောင်း သူတော်ကောင်းတို့ တောင်းသောဆုတောင်းများမှာ======
       ဤသည့်ပုည၊ ကုသလကြောင့်၊ အမတခေမံ၊ ပြည်နိဗ္ဗာန်သို့၊ လျင်မြန်ထုတ်ချောက်၊ ရောက်စေသော်။
     ဤသည့်ပုည၊ ကုသလကြောင့်၊ အမတခေမံ၊ ပြည်နိဗ္ဗာန်သို့၊ လျင်မြန်ထုတ်ချောက်၊ မရောက်သေးငြား၊
ဘ၀များစွာ၊ ဖြစ်သောခါဝယ်.........

၁။  အကုသိုလ်ဆယ်ပါး၊ မပွားဒုစရိုက်၊ ကိုယ်၌မီးကြီး၊ ဖျက်ဆီးတတ်ငြား၊ ဤသုံးပါးကို၊ ရှောင်ရှားကြဉ်ဖဲ၊
     ဆက်တိုက်လွဲ၍၊ စွန့်ရှဲပစ်ခွါ၊ နိုင်စေသော်။
၂။  ကုသိုလ်ဆယ်ပါး၊ တရားသုစရိတ၊ သတ္တအကျော်၊ ခုနှစ်ဖေါ်နှင့်၊ သူတော်ဥစ္စာ၊ မှန်စွာတရား၊
     ရှစ်ပါးမဂ္ဂင်၊ မြဲပင်စွဲနေ၊ မသွေဥပါယ်၊ သုံးဆယ်ရှစ်ဖြာ၊ မင်္ဂလာကို၊ မကွာကိုယ်၌၊ မြဲစေသော်။
၃။  အပါယ်လေးပါး၊ မလားငရဲ၊ ဆင်းရဲတစိ၊ မရှိရောဂါ၊ ရှင်းရှင်းကွာ၍၊ အဌာရသ၊ သိပ္ပမလွတ်၊
     ကြွင်းမဲ့တတ်သား၊ ပိဋကတ်ဗေဒင်၊ သင်သင်ရာရာ၊ မြင်ကာကြားကာ၊ အရာရာကို၊ မကြာခဏ     
     တတ်စေသော်။
၎။  အမျိုးကောင်းသား၊ ကျော်ထင်ရှားလျက်၊ ယောက်ျားစင်စစ်၊ ဆက်တိုင်းဖြစ်၍၊ အပြစ်များစွာ၊
     ငါးဖြာရန်သူ၊ မပြုဝံ့ရှောင်း၊ သူတော်ကောင်းနှင့်၊ အလောင်းတကာ၊ တောင်းကုန်ရာသား၊ ပတ္ထနာဆု၊
      အာယုဝဏ္ဏ၊ သုခဗလ၊ ပဋိဘာန၊ ဘ၀မခြား၊ စက်လေးပါးနှင့်  ငြားစေသော်။
၅။  ဘုန်းသမ္ဘာနှင့်၊ ပညာပြည့်စုံ၊ ကုံလုံဥစ္စာ၊ လှူဒါဝေငှ၊ ဒသပါရမီ၊ အညီဖြည့်စွမ်း၊ နိဗ္ဗာန်လမ်းကို၊
     တန်းတန်းမတ်မတ်၊ မချွတ်လျင်ဆော၊ ရောက်စေသော်။ ။
{၁၉၈၃-ခုနှစ်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ သင်ခန်းစာမှ
 ကောက်နုတ်ရေးသားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

သာသနာတော်အတွက် လူကောင်းလူတော်များ ပေါ်ထွက်လာရေး။

       ပညာတတ်သော်လည်း ကိုယ်ကျင့်တရား မရှိပါက လူတော်လူကောင်းတစ်ယောက် ဖြစ်မလာနိုင်ပါ။
သို့ဖြစ်၍ ကြီးပြင်းလာသောအခါ အထူးလိုအပ်လှသော  အခြေခံ ကိုယ်ကျင့်တရားကို ငယ်ရွယ်နုနယ်စဉ်မှ
စ၍ လိုအပ်ပါသည်။

         ဘုရားအပေါ်  လေးနက်သော ယုံကြည်မှု၊  တရားအပေါ်  ခိုင်မြဲသော ယုံကြည်မှု၊  သံဃာအပေါ်
ကြည်လင်သော ယုံကြည်မှု ရရှိဖို့ လိုပါသည်။ ရတနာသုံးပါး အပေါ်၌ ခိုင်ခိုင်မြဲမြဲ သက်ဝင်ယုံကြည်မှု ရှိသူ
သည် ကိုယ်ကျင့်တရားရှိသူ ဖြစ်လာနိုင်ရုံမျှမက ဗုဒ္ဓဘာသာနှင့် စပ်သော  မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ
တို့ကိုလည်း မြတ်နိုးသူ ဖြစ်လာမည်မှာ သေချာပါသည်။
         ယခုအခါ၌ ကိုယ်ကျင့်တရား မဲ့သူများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာနေထိုင်  ကျင့်ကြံသူများသည်
ရတနာသုံးပါး အပေါ်၌ သိရှိနားလည် သက်ဝင်ယုံကြည်မှု နည်းပါးကြောင်း လေ့လာတွေ့ရှိ နိုင်ကြပါသည်။
အမှန်စင်စစ် ယင်းကဲ့သို့ ဘာသာယဉ်ကျေးမှု အသိဉာဏ် အခြေခံ မရှိရှာကြသည့်အတွက်ကြောင့်ပင် ယခု
လို အကျင့်စာရိတ္တ ဆုတ်ယုတ်မှုများ ဖြစ်နေကြခြင်း ဖြစ်ပါသည်။ ဤအချက်ကို အဓိက အရေးတကြီး ပြု
ပြင်ရန် လိုအပ်နေပါသည်။
         အချို့  မိဘ၊ ဆရာ၊ ဆရာမများက “ ခုကာလ ကလေးသူငယ်တွေ ပေါ့ပေါ့နေ၊   ပေါ့ပေါ့စားတွေ၊
မကြိုးစားချင်ကြဘူး၊ လိုချင်စိတ် မရှိကြဘူး ” စသည်ဖြင့် ယိုးမယ်ဖွဲ့ ပြောတတ်ကြပါသည်။  “ ခေတ်ကြီး
ကိုက လုပ်လို့မရပါဘူး။ ”  ဟူ၍လည်း လက်မြှောက်အရှုံးပေး ထွက်ပြေးလိုကြသည်။ ဤသည်တို့မှာ မိမိ၏
မအောင်မြင်မှုကို ကာကွယ်လိုမှုကြောင့်ပင် ဖြစ်ပါသည်။
         လူငယ်လူရွယ်တို့သည် လူ့ဘ၀ ပမာဏပျိုးခါစ အချိန်ပိုင်းဖြစ်၍ သူတို့အဖို့ တွေ့သမျှ၊ ကြားသမျှ၊
အသစ်တွေ  အဆန်းတွေချည်း   ဖြစ်နေပေသည်။  သူတို့ မသိ မမြင်  မကြားဖူးသော  အရာတို့ကလည်း
အသင်္ချေ အနန္တ ရှိနေသေးသည်ကို သတိပြုရမည်။ မိမိက လူကြီးတစ်ဦးဖြစ်၍ သိရ၊ ကြားရမှုတွေ ရိုးနေ
သဖြင့်  လူငယ်လူရွယ်တို့အားလည်း  မိမိလို  သဘောထားကာ  သမန်ကာလျံကာ   ပြောတတ်ကြသည်။
သမန်ကာလျံကာ သင်တတ်ကြသည်။ ဤသို့ ပြုလုပ်သောအခါ လူငယ်တို့၏ ချင်ရဲမပြေ တော့ပေ။
        လူ့ဘ၀ပဏာမပျိုးစ လူငယ်လူရွယ်တို့အား သွန်သင်ရာ၌ နားလည်လွယ် သဘောပေါက်စေရန်=
၁။ ကြည်ညိုဖွယ်ရာ ရတနာသုံးပါး။ ။ ဗုဒ္ဓဘာသာဆိုလျှင် လူဖြစ်စေ၊ ရှင်ဖြစ်စေ၊ ရတနာသုံးပါး အပေါ်၌
အလေးအနက်  သက်ဝင် ယုံကြည်မှု ရှိနေဖို့ လွန်စွာလိုအပ်ပေသည်။  အထူးသဖြင့်   မိမိ၏ ဗုဒ္ဓမြတ်စွာ
ဘုရား အပေါ်၌  အပြည့်အ၀ ယုံကြည်ချက် ရှိနေရပေမည်။ သို့မှသာ သာသနာရေး၌ ခိုင်မြဲမည်  ဖြစ်ပေ
သည်။ ဤကဲ့သို့ ခိုင်မြဲစေရန်မှာ ကလေးဘ၀ ငယ်ရွယ်စဉ်ကတည်းက ဗုဒ္ဓဘာသာကို အရိုးစွဲသွားအောင်
သင်ကြားပေးဖို့  လိုအပ်ပေသည်။  ယခုခေတ်တွင်  ရှေးခေတ်ဘုန်းကြီးကျောင်း သင်ခန်းစာများ   တိမ်
ကောလာသည့်အတွက်  ဗုဒ္ဓဘာသာ  အခြေမခိုင်သူများ များပြားလာခြင်း   ဖြစ်ပေသည်။   ထို့ကြောင့်
ကြည်ညိုဖွယ်ရာ ရတနာသုံးပါး အကြောင်းကို လေ့လာသင်ကြားရမည် ဖြစ်ပေသည်။
၂။ လိမ္မာဖွယ်ရာ ဆုံးမစာများ။ ။ ဆုံးမစာများသည်  ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှု ပင်စည်ကြီး၏   ရေ
သောက်မြစ်ပင် ဖြစ်ပေသည်။ ယဉ်ကျေးလိမ္မာသော လူကောင်းတစ်ယောက် ဖြစ်လာရေးအတွက် အရေး
ပါးဆုံးသော သင်ခန်းစာများပင် ဖြစ်ပေသည်။
၃။ ဘ၀ရေးရာ သိစရာများ။ ။ လောကနီတိကို ယခုခေတ် လူငယ်ပိုင်း၌ သင်ကြားဖူးသူ  နည်းပါးလာပြီ
ဖြစ်သည်။ သို့သော် သူတို့သည် လောကသားများကား ဖြစ်ကြပေ၏။ လောကသားများ ဖြစ်ကြပါလျက်
လောက၏နီတိ (သို့မဟုတ်) လောက၏လမ်းညွှန်ကို မသိကြခြင်းသည်ကား ကွယ်ခြင်း၊ ကန်းခြင်းတမျိုး
ပင် ဖြစ်လေသည်။ သို့ဖြစ်၍ ဘ၀ရေးရာ သိစရာများကို တစုတရုံးတည်း သိရှိလေ့လာနိုင်ရန် လောကနီ
တိကို သင်ကြားဖို့ လိုပေသည်။ လောကနီတိတတ်သူသည် လောက၌ နေတတ်သူ ဖြစ်ပေလိမ့်မည်။
         ဗုဒ္ဓဘာသာသည် သဘောတရား၌  အလေးအနက် တည်ဆောက်ထားသော    ဘာသာဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍  အခြေခံ ကောင်းကောင်းရစေရန် ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော
တရားတော်များကို လေ့လာရန် လိုအပ်၏။ထိုသို့သော အခြေခံကောင်းကို ငယ်စဉ်ကတည်းကပင်ထိတွေ့
လာလျှင် အထုံပါရမီဖြစ်ပြီး ကြီးပြင်းလာသောအခါ ပိုမိုရင့်ကျက် လာနိုင်မည်ဖြစ်သည်။
         လူငယ်လူရွယ်၊ ရင်သွေးငယ်များ ကြီးပြင်းလာသောအခါ ဗုဒ္ဓတရားတော်နှင့်အညီ  ကိုယ်ကျင့်တ
ရားကောင်းမွန်ပြီး လူတော်လူကောင်း ဖြစ်လာစေရန် မိမိတို့က၀ိုင်းဝန်း  ကြိုးပမ်းခြင်းဖြင့်  ဆန္ဒပြည့်ပြီး
ဗုဒ္ဓဘာသာ သာသနာတော်အတွက် လူကောင်းလူတော်များ ပေါ်ထွက်လာမည် ဖြစ်ပါသတည်း။ ။
{ ၁၁-၁-၁၉၈၃ အင်္ဂါနေ့၊ ပညာရေးအဖွဲ့ငယ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏  ဆရာများအတွက်
  မှာထားချက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော ဓမ္မမှတ်ကျောက်။

         ရှင်ဥပါလိမထေရ်ကို ဟောကြားပေးခဲ့တဲ့ ဓမ္မမှတ်ကျောက် တစ်ခုကတော့ =
၁။ ဧကန္တနိဗ္ဗိဒါယ။  ။ သင်္ခါရတရားတွေအပေါ်မှာ သာယာစရာဆိုတာ မတွေ့တော့ဘဲနဲ့ သံသ
          ရာဝဋ်ဆင်းရဲကြီးကို ငြီးငွေ့လာမယ်။ ငြီးငွေ့မှုကို မဖြစ်စေဘူးဆိုရင် ကိုယ်ကျင့်နေ
          တဲ့ တရားဟာ တရားစစ်မဟုတ်သေးဘူး။

၂။ ၀ိရာဂ        ။  ။ မြတ်စွာဘုရား ဟောထားတဲ့ တရားတော်ဟာ ကာမဂုဏ်အာရုံဆိုတဲ့ တပ်
           မက်မှုတွေ လျော့နည်းသွားရမယ်။ သံသရာမှာ တွယ်တာမှုတွေ လျော့နည်းသွားရ
           မယ်။  နောက်ဆုံး ကင်းသွားနိုင်တဲ့ အနေအထားရှိရမယ်။ ကျင့်လေလေ တပ်မက်မှု
           တွယ်တာမှုတွေ လျော့လာလေလေ ဖြစ်ရမယ်။
၃။ နိရောဓ     ။  ။ ကိလေသာဆိုတဲ့ လောဘတွေ ဒေါသတွေ မာန်မာနတွေ ချုပ်ငြိမ်းသွားရ
           မယ်။ မငြိမ်းဘဲနဲ့တိုးလာတယ်ဆိုရင် တရားဟာ တရားစစ်တရားမှန်မဟုတ်သေးဘူး၊
           ကိုယ့်သန္တာန်မှာ မာန်မာနတွေ တက်လာတာဟာ တရားစစ် မဟုတ်ဘူး၊ ဒါတွေမဖြစ်
           အောင် ဖယ်ရှားပစ်မှ တရားစစ်ဖြစ်ပါမယ်။
၎။ ဥပသမ    ။  ။ တရားတစ်ခုဟာ ကျင့်ကြံလိုက်တာနဲ့ ငြိမ်းအေးသွားတယ်၊ တရားကို အ
           ကြောင်းပြုပြီးတော့ စိတ်ထဲမှာ ပူပင်တာတွေ သောကတွေ နည်းသွားတယ်၊ ဘယ်လို
           ပြဿနာမျိုးနဲ့တွေ့တွေ့ စိတ်ထဲမှာ မပူပင်တော့ဘူး၊ ငြိမ်းနေတယ်၊ တရားနှလုံးသွင်း
           ပြီး နေနိုင်တယ်။
၅။ အဘိညာ  ။  ။ သိမြင်မှုတွေက ထူးခြားလာတယ်၊ အရင်ကသိမြင်မှုတွေနဲ့ မတူဘူး၊ ရှင်း
          ရှင်းလင်းလင်း သိလာတယ်၊ ဒုက္ခသစ္စာကိုလည်း ကောင်းကောင်ကြီး သိလာတယ်။
          နိဗ္ဗာန်ရဲ့ သဘောသဘာဝကိုလည်း ကောင်းကောင်းကြီး သိလာတယ်၊ အဘိဉာဉ်ဆို
          တဲ့ ထူးခြားတဲ့ အသိဉာဏ်ကို ရတယ်။
၆။ သမ္ဗောဓ ။  ။ သစ္စာလေးပါးကို မှန်မှန်ကန်ကန် သိလာတယ်၊ အဲဒီလို ထူးခြာတဲ့ဓမ္မ အသိ
          တွေ ဖြစ်လာပြီ ဆိုလို့ရှိရင် တရားအသိ မရှိတုန်းက တစ်မျိုး၊ တရားအသိ ရှိပြီးတဲ့အ
         ချိန်က တစ်မျိုးဆိုပြီး ပြောင်းလဲလာတယ်။ အချိုးအစားက ဒီအတိုင်းပဲဆိုရင် တရားမ
         ရသေးဘူးလို့ မှတ်ရမှာပဲ။ အချိုးအစားတွေ ပြောင်းသွားပြီ၊ သိမ်မွေ့လာတယ်၊ နူးညံ့
         လာတယ်၊ အပြောအဆိုတွေကလည်း အင်မတန် ယဉ်ကျေးလာတယ်။
၇။ နိဗ္ဗာနာယ။  ။ နိဗ္ဗာန်ကို လက်ရှိတွေ့သွားတဲ့ အနေအထားမျိုး ရှိရမယ်။ ဒါ အဆင့်အလွန်
         မြင့်သွားပြီပေါ့။ ဘုရားတရားတော် ဆောင်ကြဉ်းသွားတာက သံသရာဝဋ်ဒုက္ခ သင်္ခါရ
         တရားတွေကို ငြီးငွေ့လာတဲ့သဘော ရှိရမယ်။ ဒီတရား ကျင့်လိုက်တဲ့အခါ ခါတိုင်းလို
         ကာမဂုဏ် အာရုံတွေနဲ့ မပျော်တော့ဘူး။ တရားကိုသိရင် အခြေအနေက ပြောင်းလဲ
         သွားတယ်။ အရင်တုန်းက ပွဲကြိုက်တယ၊် အခု ပွဲမကြိုက်တော့ဘူး။ အရင်တုန်းက အ
         ရပ်ထဲမှာ ကျယ်ကျယ်လောင်လောင် ပြောတယ်၊ ကြမ်းကြမ်းတမ်းတမ်း ပြောတယ်၊
         အခု အဲဒီလို မပြောတော့ဘူး။ အရင်တုန်းက သံယောဇဉ်တွေ သိပ်ကြီးတယ်၊  အခု
         တော့ သိပ်မထားတော့ဘူး။ အဲဒီလို ကွဲပြားခြားနားမှုတွေ ရှိလာလို့ရှိရင် ဗုဒ္ဓမြတ်စွာက
         တကယ့်တရားစစ်လို့ ဟောကြားထားပါတယ်။
       ဒါကြောင့်မို့ တရားဓမ္မ လေ့လာ ကျင့်ကြံ အားထုတ် နေကြသော ဓမ္မမိတ်ဆွေတို့ကလည်း
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်သို့ ရရောက်နိုင်ရန်မှာ    မြတ်စွာ
ဘုရားဟောကြားထားသော တရားဓမ္မများသာ ဖြစ်ပါတယ်လို့   နားလည်သဘောပေါက်ကြပြီး
ဓမ္မမှတ်ကျောက်ကို ကိုယ်စီဆောင်ကာ ကျင့်ကြံနိုင်ကြလျက် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီ  ကိုယ်ငှ
မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။
{သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌၊
   ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဓမ္မမှတ်ကျောက် တရားတော်ကို
    ကိုးကား ရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုရန် ကုသိနာရုံသို့ ကြွခြင်းအကြောင်း ၃ ပါး။

၁။ မဟာသုဒဿနသုတ် ဟောတော်မူလိုသောကြောင့် လည်းကောင်း။
၂။ သုဘဒ္ဒရဟန်း  ရဟန္တာဖြစ်လတ္တံကို သိတော်မူခြင်း။
၃။ ဓာတ်တော်ကြောင့် ၇ -ပြည်ထောင် မင်းတို့ စစ်ဖြစ်မည့်အရေးကို ဆရာဒေါနပုဏ္ဏားက

    စစ်မဖြစ်အောင် တားနိုင်မည်ကို သိခြင်းတို့ ဖြစ်ပါတယ်။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
      (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated