@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 11 November 2014

သာသနာတော်အတွက် လူကောင်းလူတော်များ ပေါ်ထွက်လာရေး။

       ပညာတတ်သော်လည်း ကိုယ်ကျင့်တရား မရှိပါက လူတော်လူကောင်းတစ်ယောက် ဖြစ်မလာနိုင်ပါ။
သို့ဖြစ်၍ ကြီးပြင်းလာသောအခါ အထူးလိုအပ်လှသော  အခြေခံ ကိုယ်ကျင့်တရားကို ငယ်ရွယ်နုနယ်စဉ်မှ
စ၍ လိုအပ်ပါသည်။

         ဘုရားအပေါ်  လေးနက်သော ယုံကြည်မှု၊  တရားအပေါ်  ခိုင်မြဲသော ယုံကြည်မှု၊  သံဃာအပေါ်
ကြည်လင်သော ယုံကြည်မှု ရရှိဖို့ လိုပါသည်။ ရတနာသုံးပါး အပေါ်၌ ခိုင်ခိုင်မြဲမြဲ သက်ဝင်ယုံကြည်မှု ရှိသူ
သည် ကိုယ်ကျင့်တရားရှိသူ ဖြစ်လာနိုင်ရုံမျှမက ဗုဒ္ဓဘာသာနှင့် စပ်သော  မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ
တို့ကိုလည်း မြတ်နိုးသူ ဖြစ်လာမည်မှာ သေချာပါသည်။
         ယခုအခါ၌ ကိုယ်ကျင့်တရား မဲ့သူများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာနေထိုင်  ကျင့်ကြံသူများသည်
ရတနာသုံးပါး အပေါ်၌ သိရှိနားလည် သက်ဝင်ယုံကြည်မှု နည်းပါးကြောင်း လေ့လာတွေ့ရှိ နိုင်ကြပါသည်။
အမှန်စင်စစ် ယင်းကဲ့သို့ ဘာသာယဉ်ကျေးမှု အသိဉာဏ် အခြေခံ မရှိရှာကြသည့်အတွက်ကြောင့်ပင် ယခု
လို အကျင့်စာရိတ္တ ဆုတ်ယုတ်မှုများ ဖြစ်နေကြခြင်း ဖြစ်ပါသည်။ ဤအချက်ကို အဓိက အရေးတကြီး ပြု
ပြင်ရန် လိုအပ်နေပါသည်။
         အချို့  မိဘ၊ ဆရာ၊ ဆရာမများက “ ခုကာလ ကလေးသူငယ်တွေ ပေါ့ပေါ့နေ၊   ပေါ့ပေါ့စားတွေ၊
မကြိုးစားချင်ကြဘူး၊ လိုချင်စိတ် မရှိကြဘူး ” စသည်ဖြင့် ယိုးမယ်ဖွဲ့ ပြောတတ်ကြပါသည်။  “ ခေတ်ကြီး
ကိုက လုပ်လို့မရပါဘူး။ ”  ဟူ၍လည်း လက်မြှောက်အရှုံးပေး ထွက်ပြေးလိုကြသည်။ ဤသည်တို့မှာ မိမိ၏
မအောင်မြင်မှုကို ကာကွယ်လိုမှုကြောင့်ပင် ဖြစ်ပါသည်။
         လူငယ်လူရွယ်တို့သည် လူ့ဘ၀ ပမာဏပျိုးခါစ အချိန်ပိုင်းဖြစ်၍ သူတို့အဖို့ တွေ့သမျှ၊ ကြားသမျှ၊
အသစ်တွေ  အဆန်းတွေချည်း   ဖြစ်နေပေသည်။  သူတို့ မသိ မမြင်  မကြားဖူးသော  အရာတို့ကလည်း
အသင်္ချေ အနန္တ ရှိနေသေးသည်ကို သတိပြုရမည်။ မိမိက လူကြီးတစ်ဦးဖြစ်၍ သိရ၊ ကြားရမှုတွေ ရိုးနေ
သဖြင့်  လူငယ်လူရွယ်တို့အားလည်း  မိမိလို  သဘောထားကာ  သမန်ကာလျံကာ   ပြောတတ်ကြသည်။
သမန်ကာလျံကာ သင်တတ်ကြသည်။ ဤသို့ ပြုလုပ်သောအခါ လူငယ်တို့၏ ချင်ရဲမပြေ တော့ပေ။
        လူ့ဘ၀ပဏာမပျိုးစ လူငယ်လူရွယ်တို့အား သွန်သင်ရာ၌ နားလည်လွယ် သဘောပေါက်စေရန်=
၁။ ကြည်ညိုဖွယ်ရာ ရတနာသုံးပါး။ ။ ဗုဒ္ဓဘာသာဆိုလျှင် လူဖြစ်စေ၊ ရှင်ဖြစ်စေ၊ ရတနာသုံးပါး အပေါ်၌
အလေးအနက်  သက်ဝင် ယုံကြည်မှု ရှိနေဖို့ လွန်စွာလိုအပ်ပေသည်။  အထူးသဖြင့်   မိမိ၏ ဗုဒ္ဓမြတ်စွာ
ဘုရား အပေါ်၌  အပြည့်အ၀ ယုံကြည်ချက် ရှိနေရပေမည်။ သို့မှသာ သာသနာရေး၌ ခိုင်မြဲမည်  ဖြစ်ပေ
သည်။ ဤကဲ့သို့ ခိုင်မြဲစေရန်မှာ ကလေးဘ၀ ငယ်ရွယ်စဉ်ကတည်းက ဗုဒ္ဓဘာသာကို အရိုးစွဲသွားအောင်
သင်ကြားပေးဖို့  လိုအပ်ပေသည်။  ယခုခေတ်တွင်  ရှေးခေတ်ဘုန်းကြီးကျောင်း သင်ခန်းစာများ   တိမ်
ကောလာသည့်အတွက်  ဗုဒ္ဓဘာသာ  အခြေမခိုင်သူများ များပြားလာခြင်း   ဖြစ်ပေသည်။   ထို့ကြောင့်
ကြည်ညိုဖွယ်ရာ ရတနာသုံးပါး အကြောင်းကို လေ့လာသင်ကြားရမည် ဖြစ်ပေသည်။
၂။ လိမ္မာဖွယ်ရာ ဆုံးမစာများ။ ။ ဆုံးမစာများသည်  ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှု ပင်စည်ကြီး၏   ရေ
သောက်မြစ်ပင် ဖြစ်ပေသည်။ ယဉ်ကျေးလိမ္မာသော လူကောင်းတစ်ယောက် ဖြစ်လာရေးအတွက် အရေး
ပါးဆုံးသော သင်ခန်းစာများပင် ဖြစ်ပေသည်။
၃။ ဘ၀ရေးရာ သိစရာများ။ ။ လောကနီတိကို ယခုခေတ် လူငယ်ပိုင်း၌ သင်ကြားဖူးသူ  နည်းပါးလာပြီ
ဖြစ်သည်။ သို့သော် သူတို့သည် လောကသားများကား ဖြစ်ကြပေ၏။ လောကသားများ ဖြစ်ကြပါလျက်
လောက၏နီတိ (သို့မဟုတ်) လောက၏လမ်းညွှန်ကို မသိကြခြင်းသည်ကား ကွယ်ခြင်း၊ ကန်းခြင်းတမျိုး
ပင် ဖြစ်လေသည်။ သို့ဖြစ်၍ ဘ၀ရေးရာ သိစရာများကို တစုတရုံးတည်း သိရှိလေ့လာနိုင်ရန် လောကနီ
တိကို သင်ကြားဖို့ လိုပေသည်။ လောကနီတိတတ်သူသည် လောက၌ နေတတ်သူ ဖြစ်ပေလိမ့်မည်။
         ဗုဒ္ဓဘာသာသည် သဘောတရား၌  အလေးအနက် တည်ဆောက်ထားသော    ဘာသာဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍  အခြေခံ ကောင်းကောင်းရစေရန် ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော
တရားတော်များကို လေ့လာရန် လိုအပ်၏။ထိုသို့သော အခြေခံကောင်းကို ငယ်စဉ်ကတည်းကပင်ထိတွေ့
လာလျှင် အထုံပါရမီဖြစ်ပြီး ကြီးပြင်းလာသောအခါ ပိုမိုရင့်ကျက် လာနိုင်မည်ဖြစ်သည်။
         လူငယ်လူရွယ်၊ ရင်သွေးငယ်များ ကြီးပြင်းလာသောအခါ ဗုဒ္ဓတရားတော်နှင့်အညီ  ကိုယ်ကျင့်တ
ရားကောင်းမွန်ပြီး လူတော်လူကောင်း ဖြစ်လာစေရန် မိမိတို့က၀ိုင်းဝန်း  ကြိုးပမ်းခြင်းဖြင့်  ဆန္ဒပြည့်ပြီး
ဗုဒ္ဓဘာသာ သာသနာတော်အတွက် လူကောင်းလူတော်များ ပေါ်ထွက်လာမည် ဖြစ်ပါသတည်း။ ။
{ ၁၁-၁-၁၉၈၃ အင်္ဂါနေ့၊ ပညာရေးအဖွဲ့ငယ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏  ဆရာများအတွက်
  မှာထားချက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated