@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Sunday 28 September 2014

အနာဂတ်သာသနာရေး အပိုင်း(၁၄၄) ဂိုဏ်း ပါတီစိတ် မထားသင့်



ဂိုဏ်း ပါတီစိတ် မထားသင့်
တစ်နိုင်ငံလုံး  တစ်သာသနာလုံး  တစ်နယ် တစ်မြို့ တစ်ရွာလုံးစသော အများအကျိုး ဆောင်သူတို့သည်… အများနှင့် ဆိုင်သော အလုပ်၌ ဂိုဏ်းစိတ် ပါတီစိတ်စသော သံယောဇဉ် ခင်တွယ်စိတ်များ မထားသင့်ပါ၊ ရှင်းပြပါဦးမည်၊ သံဃာတော်ပိုင်း၌ ဂိုဏ်းချင်း, တိုက်တာချင်း, ကျောင်းချင်း ခွဲခြား၍ စိတ်ထားမှု, လူဝတ်ကြောင်ပိုင်း၌ ပါတီခွဲခြား၍ စိတ်ထားမှုသည် အလွန်ကျဉ်းမြောင်းသောစိတ်, မေတ္တာကရုဏာ ပျံ့နှံ့ဖို့ရာ နယ်ကျဉ်းသော, ဣဿာ မစ္ဆရိယ တိုးပွားစေသောစိတ်သာ ဖြစ်၏၊ ထိုစိတ်မျိုး ရှိနေသူသည် “အများကြီးပွားအောင် ဆောင်ရွက်ပါသည်”ဟု နှုတ်က ပြောသော်လည်း အလုပ် သဘောမှာမူ မိမိဆိုင်ရာ ကြီးပွားမှုကိုသာ ပြုလျက်ရှိတတ်၏၊ ထိုသူ့သန္တာန်မှာ အခြား ဂိုဏ်းပါတီ၏ ကြီးပွားမှုကို ၀န်တိုသော မစ္ဆရိယနှင့် တကယ်ကြီးပွားပြန်လျှင် မနာလိုသော ဣဿလည်း ဖြစ်တော့မည်သာ။

အနာဂတ်သာသနာရေး အပိုင်း(၁၄၃) ကျမ်းစာပြုပြင်ရိုက်နှိပ်ရေး



ကျမ်းစာပြုပြင်ရိုက်နှိပ်ရေး
ယခုအခါ မြန်မာနိုင်ငံ၌ ကျမ်းစာပုံနှိပ်ပုံသည် ရှေးခေတ်က ပေစာတို့ကို ကူး၍ ရိုက်နှိပ်ခဲ့ရသောကြောင့် အဖြတ် အခွဲ အချဲ အခြားမရှိ၊ ပြတ်သိပ်လျက် ရှိနေ၏၊ စာအုပ်ချုပ်ပုံ ဖုံးပုံမှစ၍ ပြုပြင်ဖွယ်လည်းများစွာ ရှိနေ၏၊ အနာဂတ်ကာလ၀ယ် ပထမတန်းကျောင်းတိုက်နှင့် တက္ကသိုလ်တိုက် ဆရာတော်များသည် ထိုကျမ်းစာပြုပြင်ရိုက်နှိပ်ရာ၌ အားလုံးလိုပင် အကူအညီရကြပေလိမ့်မည်၊ ထို့ပြင် မရိုက်နှိပ် ရသေးသော အဋ္ဌကထာ ဋီကာများကိုလည်း ရိုက်နှိပ်ရပေဦးမည်၊ အနာဂတ်ကာလ၌ စာသင်တိုက်တိုင်းဝယ် ပိဋကတိုက်လည်း တည်ရှိ ရတော့မည် ဖြစ်၍ နည်းသစ်ဖြင့် ရိုက်နှိပ်အပ်သမျှ ပါဠိတော်, အဋ္ဌကထာ, ဋီကာများကို ထိုပိဋကတိုက်၌ ထားရန် ဆိုင်ရာဂေါပကအဖွဲ့က တာဝန်ယူနိုင်ကြလိမ့်မည်၊ ရိုက်နှိပ်သည့်အခါ၌မူ အစိုးရ စရိတ်ဖြင့် ရိုက်နှိပ်၍ အရင်းကျသမျှကိုသာ လက်မှတ်ထိုးယူကြရန် အစိုးရကပင် စီမံသင့်သည်။
မှတ်ချက်။                 ။ ဆဋ္ဌသင်္ဂါယနာတင်စဉ်က တာဝန်ခံဆရာတော်များသည် နိုင်ငံအရပ်ရပ်မှ ကျမ်းစာရိုက်နှိပ်ပုံကို ကြည့်ကာ မိမိတို့ ကျမ်းစာကိုလည်း ခေတ်မီအောင် ပြင်ဆင်ရိုက်နှိပ်စေပြီး ဖြစ်သည်။

အနာဂတ်သာသနာရေး အပိုင်း(၁၄၂) လောကနိဗ္ဗာန် ရွာကလေး၊ တောရောမြို့ပါ ပြုပြင်ရေး

လောကနိဗ္ဗာန် ရွာကလေး
အနာဂတ်သာသနာရေး တစ်ကျမ်းလုံး ပြီးဆုံးခါနီးဝယ် ပညာရေးဝန်ကြီးစောစံဘိုးသင်ပြောသော စကား၌ ကပ္ပလီရွာကလေးသည် မြန်မာပြည် တစ်ပြည်လုံးက အတုယူထိုက်သော ရွာကလေး ဖြစ်ပါတယ်၊ ထို ရွာမှာ ခိုးသား ဓားပြ မရှိပါ၊ အိမ်တံခါးဖွင့်ပြီး အိပ်နိုင်ပါတယ်၊ ရွာသားအချင်းချင်း ဆက်ဆံပေါင်းသင်းမှု အထူးရှိတယ်၊ ဈေးဆိုင်မှာ ရောင်းသူမရှိတဲ့အခါ အ၀ယ်လာလျှင် ၀ယ်သူက ချိန်တွယ်ပြီး ကျသင့်သော ပိုက်ဆံကို ထားခဲ့ပါတယ်။
          ထိုရွာကလေးသည် ၁၉၂၈-ခု (ခရစ်သက္ကရာဇ်)နှစ်က ““ဘီရှော့”” မည်သော အင်္ဂလိပ်ခရစ်ယာန်ဘုန်းကြီး နေထိုင်သွား၍ ထိုဘုန်းကြီးကပင်  ပြုပြင်ပေးသွားပါတယ်၊  တစ်ယောက်နှင့် တစ်ယောက်…ငြူစူခြင်း စောင်းမြောင်းခြင်း (ပါဠိလို ဣဿာ) မရှိကြပါ၊ ယခုအခါ ထိုရွာသူရွာသားတို့ သမ၀ါယမနည်းကို ထွင်လိုက်ကြပြန်ပြီ၊ သုံးအိမ် ထောင်စုပေါင်း၍ ထမင်းတစ်အိုးတည်း ချက်ကြပါတယ်၊
(ထင်း ရေစသည် အကုန်သက်သာ၍ အိမ်သူ သုံးယောက်ကုန်မည့်နေရာမှာ တစ်ယောက်တည်းသာ ကုန်ပါတော့တယ်၊) ထိုကဲ့သို့ ဖြစ်လာတာကို မေးတော့… “ကျွန်တော်တို့ စိတ်ပြောင်းသွားကြပြီ၊ နောက်ကို လူတွေရဲ့စကားကို (နိုင်ငံရေးသမားကို ဆိုလိုဟန် တူသည်၊) နား မထောင်တော့ဘူး၊ ဘုရားစကားကိုသာ နားထောင်ကြတော့မယ်၊ လူတွေရဲ့စကားကို နားထောင်လျှင် ကျုပ်တို့လူတွေ ပဋိပက္ခ (ဆန့်ကျင်ဘက်) ဖြစ်ကြလိမ့်မယ်”ဟု ပြောကြပါတယ်။

အနာဂတ်သာသနာရေး အပိုင်း(၁၄၁) ကျေးရွာပြုပြင်ရေး


ကျေးရွာပြုပြင်ရေး
ရွာတိုင်း ရွာတိုင်း၌ ကျောင်းထိုင်ပုဂ္ဂိုလ်နှင့် ရွာသူကြီးကောင်းများ ရရှိလျှင် ထိုပုဂ္ဂိုလ် နှစ်ဦးလုံးပင် တစ်ရွာလုံး၏ မိဘလည်းဟုတ်, ဆရာလည်းဟုတ်သော အခြေအနေ၌ တည်ရှိစေ၍ ရွာသူရွာသားတို့၏ စီးပွားရေး ကျန်းမာ ရေး လိမ္မာရေး တတ်သိနားလည်ရေးများအတွက် တာဝန်ခံများ ဖြစ်စေသင့်၏၊ [ရွာသူကြီးသည် သူ့အတွက်  စီးပွားရေးလုံလောက်သူ ဖြစ်သင့်၏၊]
ကျေးရွာပြုပြင်ရမည့်ကိစ္စများကား…
၁။ အိမ်ဆောက်ပုံ, လူသွားလမ်း, လှည်းသွားလမ်း ထားပုံမှ စ၍ ရွာကို ဖုန်မထူစေဘဲ လှပသောရွာ ဖြစ်စေရန်၊
၂။ ရေတွင်းရေကန်များ၌ တစ်နှစ်ပေါက်အောင် လုံလောက်စွာ ရေရရှိစေရန်၊ [အ၀ီစိတွင်းရှိလျှင် ကောင်း၏၊]
၃။ အစားအသောက် အနေအထိုင်မှစ၍ အများကျန်းမာရေးနှင့် ဆန့်ကျင်သောအရာများကို တားဆီးပေးရန်၊

အနာဂတ်သာသနာရေး အပိုင်း(၁၄၀) ဥပုသ်စောင့်၊ လက်ထပ်မင်္ဂလာ



ဥပုသ်စောင့်
ဘာသာရေးကိစ္စများကို ပြုပြင်ရာ၌  ယခုခေတ် ဥပုသ်စောင့်ပုံများကိုလည်း စဉ်းစားထိုက်၏၊ ကျေးရွာများ၌ ဥပုသ်စောင့်ဖို့ ကျောင်းသို့ လာပြီးနောက် သီလ မယူသေးမီ ရောက်တတ်ရာရာ စကားကိုသာ ပြောကြ၏၊ သီလ ယူပြီးသောအခါ အိမ်ပြန်ထမင်းစားပြီးလျှင် လူကြီးများ ကျောင်း ဘုရား ဇရပ်သို့ ပြန်လာကြ၍ အိပ်သူ အိပ်, ထွေရာလေးပါး စကား စမြည် ပြောသူက ပြောကြသည်၊ တရားစကားပြောသူ, တရားစစ် တရားမှန်ကို နာခံဆွေးနွေးမေးမြန်းသူကား ရာခိုင်နှုန်း ဆယ်ယောက် ထက် များမည် မဟုတ်ချေ၊ မြို့ကြီး ပြကြီး၌ကား သာ၍ ဆိုးရွား လှသော အချက်ရှိ၏၊ ၀ါတွင်းကာလများ၌ ဥပုသ်နေ့များမှာ သက်သတ်လွတ် ဆားဟင်းလောက်ကိုသာ စားသောက်၍ ဥပုသ် စောင့်ထိုက်ပါလျက် ယခုအခါ၌မူ အဖိတ်နေ့၌ နွား, ၀က်, ကြက်တွေ ပို၍ သေကြရရှာလေသည်။
          ထိုအသားများကို ၀ယ်ယူချက်ပြုတ်ကြပြီးလျှင် ဥပုသ်နေ့၌ အသိုက်အ၀န်းကောင်းနှင့် မိမိတို့ နီးစပ်ရာ ကျောင်း, ဇရပ်, ဘုရားသို့ တပျော်တပါး သွားရောက်၍ စားသောက်ကြလေတော့၏၊ ထိုကဲ့သို့ ဥပုသ်စောင့်ပုံမှာ ပျော်ပွဲစားထွက်ခြင်း တစ်မျိုးတည်း၊ “အချို့သော အမျိုးသမီးကလေးများလက်၌ လောကီဝတ္ထုစာအုပ်များပင် အဆင်သင့် ပါလာတတ်ကြသော”ဟူ၏၊

Friday 19 September 2014

မစ္ဆရိယ-၅မျိုးနှင့် ၄င်းတို့၏ ဆိုးကျိုးများ


မကောင်းသော အခြင်းအရာအားဖြင့် ဖြစ်တဲ့ စိတ်၏ဖောက်ပြန်ခြင်းသဘောအားဖြင့် ကိုယ့်စည်းစိမ်၊ ကိုယ့်ဥစ္စာ၊ ကိုယ်ပိုင်ဆိုင်သည့်အရာတို့၌  ဝန်တိုမှု သဘောကို မစ္ဆရိယဟု ခေါ်ပါတယ်။ ကိုယ်ပိုင်ဆိုင်သည့် အရာများကို သူတစ်ပါး ကြားရသွားမှာ၊ မြင်သွားမှာ သိသွားမှာ ရသွားမှာကို မလိုလားတဲ့ သဘောမျိုးပါ။
“အတ္တာနော သမ္ပတ္တိ`ံ မစ္ဆရတီတိ မစ္ဆရော” ယောပုဂ္ဂလော-အကြင်ပုဂ္ဂိုလ်သည်၊ အတ္တနော သမ္ပတ္တိ`ံ- ကိုယ့်စည်းစိမ်ကို၊ မစ္ဆရတိ-ဝန်တိုတတ်၏။ ဣတိတသ္မာ-ထို့ကြောင့်၊ သောပုဂ္ဂလော- ထိုပုဂ္ဂိုလ်သည်၊ မစ္ဆရော-မစ္ဆရမည်၏။
“မစ္ဆရဿ ဘာဝေါ မစ္ဆရိယံ (ဘာဝတဒ္ဓိတ်)”- မစ္ဆရဿ-ကိုယ့်စည်းစိမ်ကို ဝန်တိုသော ပုဂ္ဂိုလ်၏၊ ဘာဝေါ-အဖြစ်တည်း။ မစ္ဆရိယံ-ကိုယ့်စည်းစိမ်ကို ဝန်တိုသော ပုဂ္ဂိုလ်၏ အဖြစ်။
ထိုမစ္ဆရိယသည် ၅-မျိုးရှိပါတယ်။
၁။ အာဝါသမစ္ဆရိယ၊ ၂။ ကုလမစ္ဆရိယ၊ ၃။ လာဘမစ္ဆရိယ၊ ၄။ ဝဏ္ဏမစ္ဆရိယ၊ ၅။ ဓမ္မမစ္ဆရိယဆိုပြီး ၅-ပါး ဖြစ်ပါတယ်။

Tuesday 16 September 2014

ဋ္ဌာန်းနှစ်ပင် တစ်ပင်စိုက်ပါ - ရဝေနွယ် (အင်းမ)


PDF Print E-mail

            ဋ္ဌာန်းနှစ်ပင် တစ်ပင်စိုက်ပါ

                          ရဝေနွယ် (အင်းမ)   

   



 
 
                  “လူရယ်လို့ဖြစ်လာရင် ဋ္ဌာန်းနှစ်ပင်ထဲက  တစ်ပင်တော့  စိုက်ရတယ်”

                                                                           (စစ်ကိုင်း ပဋ္ဌာန်းသိပ္ပံဆရာတော်)

ထန်းပင်လို့ပြောလိုက်ရင် အဇူဇာကျောင်းဝင်ခါနီး လမ်းတစ်လျှောက်မှာ တန်းစီစိုက်ထားတဲ့ထန်းပင်တွေ
ကို ပထမဆုံး ပြေးမြင်မိပါတယ်။လမ်းထဲဝင်လိုက်တာနဲ့ မွန်ပြည်နယ်ကျိုက်မရောမြို့လေးကိုရောက်သွား
ရသလိုပါပဲ။

တစ်ခါတလေ အဇူဇာကျောင်းလာတဲ့အခါ လမ်းပျောက်နေရင် ထန်းပင်တွေ စိရရီရှိနေတဲ့လမ်းမြင်လိုက်
ရမှပဲ စိတ်အေးရတော့တာပါ။အဇူဇာကျောင်းလာတိုင်းမကြာခဏလမ်းပျောက်နေတတ်လို့ပါ။ ကိုယ်က
ထန်းပင်နဲ့တူလို့ ထန်းပင်လို့ ပြောလိုက်ရပေမယ့် ထန်းပင်တော့ ဟုတ်ဟန်မတူပါဘူး။  သူ့ရဲ့အခေါ်အဝေါ်
တစ်ခုတော့ ရှိနေမှာပါ။ 

ထန်းပင်စိုက်ဖို့ပြောတော့ ကိုယ့်ကျောင်းမှာပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာပဲဖြစ်ဖြစ်တစ်ပင်မကပါဘူး။ ကြိုက်သ
လောက်စိုက်လို့ရပါတယ်။ ပဋ္ဌာန်းသိပ္ပံဆရာတော်ပြောတဲ့ ဋ္ဌာန်းနှစ်ပင်ဆိုတာက သစ်ပင်မျိုးနွယ် ထန်းပင်
ကို ပြောတာမဟုတ်ပါဘူး။ ကမ္မဋ္ဌာန်းဆိုတဲ့ဋ္ဌာန်းပင်ရယ်၊ ပဋ္ဌာန်းဆိုတဲ့ ဋ္ဌာန်းပင်ရယ်ကို ပြောတာပါ။ လိုရင်း
ကတော့  ကမ္မဋ္ဌာန်းရယ်၊ ပဋ္ဌာန်းရယ်ပါ။

Saturday 13 September 2014

ဒါနသဘောရှစ်မျိုးနှင့် ဒါနစွမ်းရည်များ

 
 
ဒါနဆိုသည်မှာ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ ဝေငှခြင်း၊ မျှတခြင်း၊ ဖြည့်စွက်ခြင်း၊ ချီးမြှောက်ခြင်း၊ ထောက်ပံ့ခြင်း၊ ကူညီခြင်း၊ လှူဒါန်းခြင်းအနက်ရ၏။ အလှူဒါနဖြစ်မြောက်ရန် စေတနာဖြင့်ပေးလှူခြင်းသည်လည်း ဒါနမည်၏။ အဘိဓမ္မာနည်း အရ ပေးလှူကြောင်းဖြစ်သော စေတနာနှင့်ယှဉ်သော အလောဘကိုလည်း ဒါနဟုခေါ်သည်။ ဒါနပြုခြင်းသည် အလောဘ လောလမရှိသောစိတ်ဖြစ်၏။ တွယ်တာမှုကင်းသော အလောဘ စိတ်ရှိသူ၌သာ ဒါန စင်စစ်ဖြစ်၏။
ဒါနသဘောရှစ်မျိုး
၁။ အလှူခံပုဂ္ဂိုလ်အိမ်သို့လာသည်ဖြစ်၍ လောကဝတ္တရားအရပေးလှူုခြင်း။
၂။ မပေးလှူသည်ရှိသော် အလှူခံပုဂ္ဂိုလ်က အန္တရာယ်ပြုမည်ကို ကြောက်၍ပေးလှူခြင်း၊ (အပါယ်ငရဲကျရောက်ခံရမည့်အရေး အကဲ့ရဲ့ခံရမည့်အရေးကို ကြောက်၍ ပေးလှူခြင်းမျိုးလည်း အကျုံးဝင်၏)။
၃။ မိမိကပေးလှူသည်ရှိသော် တစ်ဖန်ပြန်၍ သူကလည်းပေးလိမ့်မည်ဟု မျှော်ကိုး၍ပေးလှူခြင်း၊

"သိမှတ်ဖွယ်ရာ သောတာပန်အမျိုးအစား(၂၄)မျိုး"

 
ယခုခေတ်အခါသည် ဝိပဿနာထွန်းကားလာသော အခါဖြစ်ပေသည်။ ဝိပဿနာ ထွန်းကားသည့်အားလျော်စွာ အားထုတ်ဖို့ရာ အခွင့်အခါအချိန်ရကြသော ပုဂ္ဂိုလ်တို့က ဝိပဿနာတရားကို တတ်နိုင်သမျှ အားထုတ်နေကြပြီး၊ အားထုတ်ဖို့ရာ အခွင့်အခါ မကြုံနိုင်သေးသည့်ပုဂ္ဂိုလ်တို့ကလည်း ဝိပဿနာတရားအားထုတ်သောအခါ လိုက်နာဖွယ်ရာ အခြေခံများကို မှတ်သားလေ့လာလျက်ရှိကြပေသည်။ အားထုတ်သောအခါမှာလည်း အနည်းဆုံး သောတာပန်ဖြစ်အောင် အားထုတ်မည်ဟု ရည်မှန်းချက်ထားကြသည့် ပုဂ္ဂိုလ်တို့က များကြပေသည်။
မိမိတို့ရည်မှန်းချက်ထားကြသည့်အတိုင်း ယခုဘဝမှာပင် သောတာပန်ဖြစ်လိုကြသော ပုဂ္ဂိုလ်တို့သည် ဝိပဿနာတရားကို အားထုတ်ကြရပေသည်။ဝိပဿနာအားထုတ်ကြသော အခါ မိမိတို့၏ ပါရမီဓာတ်ခံနှင့် အကျင့်ပဋိပဒါအားလျော်စွာ သောတာပန်တို့သည် အမျိုးအစားအားဖြင့် (၂၄)မျိုးကွဲပြားသွားကြပေသည်။

ယခုဘဝမှာ သောတာပန်ဖြစ်နိုင်သည့် ပါရမီဓာတ်ခံ ပါလာသော ပုဂ္ဂိုလ်အချင်းပင် တူကြပါသော်လည်း ဝိပဿနာတရားအားထုတ်သောအခါမှာတော့ တစ်ဦးနှင့်တစ်ဦး တရားတွေ့ပုံချင်းမတူကြပေ။ ကွဲပြားလျက်ရှိကြပေသည်။ အချို့သော ပုဂ္ဂိုလ်များက တရားသဘောများကို ထင်ထင်ရှားရှား တွေ့မြင်ကြသော်လည်း အချို့သောပုဂ္ဂိုလ်များက မထင်မရှား မပြတ်မသား တွေ့မြင်ကြပေသည်။ တရားသဘောများကို မထင်မရှား မပြတ်မသား တွေ့မြင်ကြရသော ပုဂ္ဂိုလ်တို့သည် ယခုဘဝမှာ မိမိသည် သောတာပန်မဖြစ်နိုင်ဟု ထင်မြင်ကာ စိတ်ဓာတ်များ ကျဆင်းသွားတတ်ကြပေသည်။ ဤကဲ့သို့ စိတ်ဓာတ်များ မကျဆင်းသွားရအောင် မိမိတို့ဖြစ်ရမည့် သောတာပန်အမျိုးအစားများကို သိထားသင့်လှ၏။

"မတိုင်ပင်အပ်သူ ရှစ်ဦး၊တိုင်ပင်မှုတွင် မလုံခြုံ စိတ်မချရသူကိုးဦး"

 
 
၁။ ရာဂလွန်သူ
၂။ စိတ်ခတ်ထန်သူ
၃။ တွေဝေထိုင်းမှိုင်းသူ
၎။ ထောင်လွှားတတ်ကြွသူ
၅။ လိုချက်တက်မက်ရှိသူ
၆။ ပျင်းရိသူ
၇။ မိမိတစ်ဦးတည်းသာ ကြံစည်တတ်သူ။
၈။ မိုက်မဲသောသူ ဟူ၍ဖြစ်သည်။
ထိုရှစ်ဦးတို့ကို တိုင်ပင်မိခြင်းဖြင့် အကျိုးပျက်တတ်ခြင်းကား ဤသို့ဖြစ်၏။

ဆွမ်း+ရေ+ပန်း+မီးကပ်လှူပူဇော်ပုံနှင့် အကျိုးတရားများ

 
 
ဆွမ်းတော်ကပ်ပုံ။
မနှိုင်းယှဉ်အပ်သော ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား အဆင်း၊အနံ့၊
အရသာနှင့်ပြည့်စုံသော ဤ မွန်မြတ်သော ဆွမ်းတော်ကို လှူဒါန်းဆက်ကပ်ပါ၏အရှင်ဘုရား။ဤဆွမ်းလှူရသော
ကောင်းမှုကြောင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏အရှင်ဘုရား။
ဤဆွမ်းလှူရသော ကောင်းမှု၏ အဖို့ကို မိဘ၊ဆရာသမား အစထားလျက် များပြားလှကုန် အလုံးစုံသော သတ္တဝါ
တို့အား အမျှ အမျှ ပေးဝေပါကုန်၏။အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်။
(မှတ်ချက်)။ ။သစ်သီးလှူသောအခါ "ဆွမ်း" နေရာ၌ သစ်သီးကိုပြောင်းလဲဆိုပါ။
ဆွမ်းလှူရကျိုးငါးပါး
(၁)။အသက်ရှည်ခြင်း။
(၂)။အဆင်းလှခြင်း။
(၃)။ခွန်အားဗလကြီးခြင်း။
(၅)။ဥာဏ်ပညာကြီးခြင်း။
ဆောင်။ ။သက်ရှည်၊ဆင်းလှ၊ချမ်းသာရ၊ဗလ ဥာဏ်ပညာ။

ဝိပတ္တိတရားလေးပါး



ဆိုင်ရာအကြောင်းများ၏ ချွတ်ယွင်းမှုကို ဝိပတ္တိဟုခေါ်ပါတယ်။သတ္တဝါတို့၏ သန္တာန်မှာ ရှေးရှေးဘဝပေါင်း
များစွာက ပြုခဲ့သော ကံတို့သည် အလွန်များပြားရကား အကျိုးပေးရန် အခွင့်မသာ၍ အကျိုးမပေးရသေး
သမျှ ခန္ဓာအစဉ်မှာ အမြဲပါရှိသောကြောင့် သမ္ပတ္တိဆိုက်သောအခါ ကုသိုလ်ကံအကျိုးပေးခွင့်သာသလို
ဝိပတ္တိဆိုက်သောအခါ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့်သာလေသည်။

ဝိပတ္တိတရားလေးပါးရှိပါတယ်။အဲဒါဘာတွေလဲဆိုတော့
(၁)။ဂတိဝိပတ္တိ = ရရှိသောဘဝ မကောင်းခြင်း(ချွတ်ယွင်းချင်း)။
(၂)။ဥပဓိဝိပတ္တိ = ရုပ်အဆင်းမလှခြင်း။(ဥပဓိချွတ်ယွင်းခြင်း)။
(၃)။ကာလဝိပတ္တိ = အခါကာလမကောင်းခြင်း(ချွတ်ယွင်းခြင်း)။
(၄)။ပယောဂဝိပတ္တိ = ဥာဏ်ဝီရိယစသော ပယောဂ မရှိခြင်း။ ဆိုပြီးလေးပါးရှိပါတယ်။

"အဖ-သတ်မင်းများနှင့် မဟာသက္ကရာဇ် သာသနာနှစ် ကောဇာသက္ကရာဇ် ဖြေကြားချက်"

မဟာသက္ကရာဇ်ဆိုသည်မှာ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက အသုံးပြုသော သက္ကရာဇ်ပါ။ မြတ်စွာဘုရားရှင်၏ ဘိုးတော် အဉ္ဇနမင်းကြီးနှင့် ဒိဗ္ဗစက္ခုအဘိညာဉ်ရ ကာလဒေဝီလရသေ့တို့ ထားခဲ့တဲ့နှစ်ပါ။ မြတ်စွာဘုရားရှင်ကို မဟာသက္ကရာဇ် (၆၈)မှာ ဖွားတော်မူပြီး မဟာသက္ကရာဇ် (၁၄၈)မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ပထမသင်္ဂါယနာတင်၍ အဇာတသတ်မင်းက အရှင်မဟာကဿပ ထံသို့ အရှင်ဘုရား သင်္ဂါယနာတင်မှစ၍ သာသနာတော်သက္ကရာဇ် အသစ်ထားလိုသည်ဟု လျှောက်ထားသော် အရှင်မဟာကဿပက ခွင့်ပြုသည်ဖြစ်၍ ဘိုးတော် အဉ္ဇနမင်းနှင့် ကာလဒေဝီလရသေ့ တို့ထားခဲ့သော မဟာသက္ကရာဇ် ၁၄၈ခု ရှိသည်ကို တပေါင်းလကွယ် တနင်္ဂနွေတွင် စုထား၍ ထို ၁၄၈ခုကို မပျောက်ပျက်ရအောင် ပရမတ္ထဗိန္ဒု သင်္ချာအဋ္ဌဗေဒသက ကိန်းဟုထား၍ ဘိုးတော်အဉ္ဇနမင်း၏ သက္ကရာဇ် ၁၄၉-ခု တန်ခူးလဆန်းတစ်ရက် တနင်းလာနေ့ကို အစပြု၍ သာသနာတော်သက္ကရာဇ်-တစ်ခုဟု အဇာတသတ်မင်း ထားသတည်း။

"ဘဝဆက်တိုင်း ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့"

ဦးဇင်း တပည့်တော် သိချင်တာလေး တစ်ခုရှိလို့ပါ အကျယ်လေးဖြေပေးပါ ဘုရား။ တပည့်တော်မလေဘာသာရေးတွေတစ်စိုက်မတ်မတ်လုပ်လာရင်း တရက်တပည့်တော်မတွေးမိတယ် အတွေးလွန်တယ်ဘဲပြောရမလား တပည့်တော်မလေ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေရတာကိုအရမ်းကျေနပ်သလို မြတ်စွာဘုရားကိုလဲကြည်ညိုပြီးရင်း ကြည်ညိုမဝနိုင်ပါဘူး တပည့်တော်တွေးမိတယ် ငါအခုအပါယ်တံခါးပိတ်အောင်မနဲကြိုးစားနေရတယ် ရုန်းကန်နေရတယ် နိဗ္ဗာန်ဆိုတာတပည့်တော်နဲ့အဝေးကြီးမှာ ရှိနေသေးတယ်ဆိုတာလဲသိပါတယ် အပါယ်တံခါးတော့ပိတ်အောင်ဒီဘဝမှာရအောင်ကြိုးစားမယ် ရုန်းမယ်ပေါ့ ဒါပေမဲ့တစ်ခုအတွေးလွန်ပီးဘာသွားကြောက်မိလဲဆိုတော့ ကဲ ငါနောင်ဘဝအပါယ်တံခါးဝကတော့လွှတ်ခဲ့ပါပြီ သေလွန်ပီးနောင်ဘဝလူဘဝလူခန္ဓာပြန်ရခဲ့သည်ရှိသော် ကြုံရအုန်းမာဘဲလေ ခန္ဓာပြတ်အောင်မှမလုပ်နိုင်သေးဘဲကိုးအရှင်ဘုရား ငါလူ့ဘဝပြန်ရလို့ ပဋိသန္ဓေ တည်တဲ့အခါ ဘာသာခြားအမိဝမ်းထဲဝင်စားရရင်ငါတော့ဒုက္ခဘယ်လိုလုပ်ပါ့မလဲပေါ့ တစ်ယောက်ထဲအတွေးတွေလွန်ပြီးကြောက်နေတာပါဘုရား

ပိဏ်တပါတ်-ဆွမ်း (ဆွမ်းလောင်းလှူခြင်းအကျိုးတရား) ရှင်းတမ်း"

နေ့စဉ်မပြတ်ဆွမ်းလောင်းတာကို သိမ်သပတ် ဆွမ်းလို့ ခေါ်တာ စာလုံးပေါင်းနဲ့ အဓိပ္ပာယ် ရှင်းပြပေးပါဘုရား အကျိုးကျေးဇူး အတိုကောက်ရော ဘုရား။ (မေမြန်မာ)

ဒကာမကြီး မေးခွန်းလေးအတွက် ဦးဇင်း ကျေးဇူးတင်ပါတယ်။ “မြတ်စွာဘုရားမှာ စိန်၊ ကျောင်းမှာသိမ်၊ သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာပိဏ်” ဆိုပြီး အဆိုရှိပါတယ်။ ဘုရားမှာ စိန်ဖူးတော်ဟာ အမြင့်မြတ်ဆုံး၊ ကျောင်းအဆောက်အဦးများမှာ သာသနာပြန့်ပွားအောင် ဆောင်ရွတ်ပေးနေတဲ့ သိမ်က အမြတ်ဆုံး၊ သင်္ကန်းမှာဆို တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှ တစ်ကျောင်း၊ တစ်ကျောင်းမှာမှ တစ်ကြိမ်သာ ခင်းခွင့်ရတဲ့ ကထိန်သင်္ကန်းက အမြတ်ဆုံးဖြစ်သလို ဆွမ်းမှာလည်း နေ့စဉ် အာစိဏ္ဏကံ အမြဲမပြတ် လှူဒါန်းနေတဲ့ ဆွမ်းဟာလည်း အမြတ်ဆုံးဖြစ်ပါတယ်။ ဒါကို ပိဏ္ဍပါတ (ပိဏ်တပါတ်) (သို့) နိစ္စဘတ် လို့ခေါ်ပါတယ်။ မြန်မာလိုပြန်ရင် “သပိတ်၌ခံရ၍ ရသောဆွမ်း” A Collection of alms. Food received in the alms-bowl of a Buddhist monk လို့ ဖွင့်ပါတယ်။ နေ့စဉ် နေ့တိုင်း လောင်းလှူတဲ့ အလှူကိုတော့ ပိဏ္ဍပါတ-ဒါန (သပိတ်ထဲသို့ ထည့်၍ ဆွမ်းလှူခြင်း) လို့ဆိုပါတယ်။

"သုညကမ္ဘာ"ဆိုတာဘာလဲ?


"သုညကမ္ဘာ"ဆိုတာလူတွေ နတ်တွေ ဗြဟ္မာတွေ မရှိဘဲ တိတ်ဆိတ်နေတဲ့ကမ္ဘာကြီးဖြစ်နေတယ်လို့ အချို့ကထင်ကြပါတယ်။ သည် အထင်ဟာမမှန်ပါ။
လူတွေ နတ်တွေ ဗြဟ္မာတွေသာမဟုတ် အပါယ်လေးဘုံသားတွေလည်း အပြည့်အနှက် ရှိနေပါတယ်။ ဒါဖြင့် ဘာကြောင့် "သုညကမ္ဘာ" လို့ခေါ်ရတာလဲလို့ မေးဘွယ်ရာရှိနေပါတယ်။
သတ္တဝါတွေ မရှိလို့ "သုညကမ္ဘာ" ခေါ်တာမဟုတ်ပါ။ မြတ်စွာဘုရားလည်းပွင့်တော်မမူ မြတ်စွာဘုရားရဲ့ သာသနာတော်လည်းမရှိ သုန်းဆိတ်နေတဲ့ ကမ္ဘာကြီးကိုခေါ်ပါတယ်။
ထို "သုညကမ္ဘာ"ကြီးမှာ အပါယ်လေးဘုံ၌လည်း အပါယ်ဘုံသားတွေ အဟောင်းအသစ်မပြတ် ပြောင်းလဲဖြစ်ပေါ်လျက်ရှိနေပါတယ်။ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်တွေမှာလည်း လူတွေ နတ်တွေ ဗြဟ္မာတွေ အဟောင်းအသစ်မပြတ်မစဲ ပြောင်းလဲဖြစ်ပေါ်လျက်ပင် ရှိနေပါတယ်။
သည်လိုဖြစ်ရတာ ဘာကြောင့်လဲလို့စဉ်းစားဘွယ်ရာ ရှိပါတယ်။
အပါယ်ရောက်ကြောင်း "အကုသိုလ်"တရားတွေ……
လူ့ပြည် နတ်ပြည်ရောက်ကြောင်း "ဒါန သီလ" တွေ…

Monday 8 September 2014

ခေါင်းဆောင် မတင်ထိုက်သူများ



“ဂဏန်း-ပုတ်သင်၊ ၀ါးပင်-နွားသိုး၊ လိပ်မျိုး- ခွေးအ၊ ဤခြောက်ဝ-နာယက မတင်ထိုက်။

၁။ ဂဏန်း = လက်မ ထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း
၃။ ကိုင်းပင် = လေသင့်ရာ ယိမ်းတတ်ခြင်း
၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း
၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း
အထက်ပါ ၆-မျိုးသည် ခေါင်းဆောင်မတင်ထိုက်သူများဖြစ်သည်

၁။ ဂဏန်း=ဂဏန်းနဲ့ တူတဲ့ လူစားမျိုး ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

Friday 5 September 2014

“လူတော်နှင့်လူကောင်း”

 

မြတ်စွာဘုရားရှင်လက်ထက်တော်က“ဧကူဒါန”လို့ အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။
ဧကူဒါန ကို ပုဒ်ခွဲရင် ဧက-ဥဒါန ပါ။အဓိပ္ပာယ်ကတော့ ဥဒါန်းဂါထာ တစ်ပုဒ်ပဲရပြီး
အဲဒီ “ဂါထာ တစ်ပုဒ်ကိုပဲ အမြဲရွတ်ဆိုလေ့ရှိသူ”လို့ အဓိပ္ပာယ်ရပါတယ်။

ဒါပေမယ့် ဧကူဒါနမထေရ်ဟာ ဂါထာတစ်ပုဒ်ပဲရပေမယ့် အဲဒီ ဂါထာတစ်ပုဒ်က ပြောတဲ့
အတိုင်း လိုက်နာကျင့်ကြံတဲ့သူပါ။နည်းနည်းသိပေမယ့် သိသလောက်လေးကိုပဲ
အတိအကျ လိုက်နာကျင့်သုံးသူပါ။အဲဒီလို အသိနဲ့အကျင့် ထပ်တူကျသွားလို့လည်း
မကြာခင်ကာလမှာပဲ “ရဟန္တာမထေရ်”တစ်ပါးဖြစ်သွားခဲ့ရပါတယ်။

ဧကူဒါနမထေရ်ဟာ တောထဲမှာ တစ်ပါးထဲနေပြီးသူရတဲ့ဂါထာလေးတစ်ပုဒ်ကိုပဲ ဥပုသ်နေ့
ရောက်လာပြီဆိုရင် ရွတ်ဆိုဟောပြောလေ့ ရှိပါတယ်။

ဧကူဒါနမထေရ်က ဂါထာလေးကို မရွတ်ခင်တောထဲမှာနေကြတဲ့ နတ်အားလုံးကိုလည်း
တရားနာဖို့ အမြဲဖိတ်ခေါ်လေ့ရှိပါတယ်။ဧကူဒါနမထေရ် ဂါထာလေးရွတ်ပြီးလို့ဆုံးတာနဲ့
တောထဲမှာနေကြတဲ့နတ်အားလုံးက ၀ိုင်းပြီးသာဓုခေါ်ကြပါတယ်။ နတ်တွေရဲ့သာဓု
ခေါ်သံဟာ တစ်တောလုံး ဟိန်းထွက်သွားလေ့ ရှိပါတယ်။

Wednesday 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၈၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၈

Dr နန္ဒမာလာဘိဝံသ

အတ္ထိပစ္စယော


အတ္ထိပစ္စယောဆိုတာ ပစ္စုပ္ပန်ခဏ တကယ်ထင်ရှားရှိတဲ့ အခိုက်အတန့်မှာ (အကြောင်းတရားတွေကလည်း ထင်ရှားရှိနေတယ်၊ အကျိုးပြုရမယ့်သဘာဝတရားကလည်း ထင်ရှားရှိနေတယ်၊) အဲဒီလို ထင်ရှားရှိနေတုန်းမှာ ထင်ရှားရှိနေတုန်းဖြစ်တဲ့ အကျိုးတရားကို အထောက်အကူပြုနေတဲ့ပစ္စည်းကို အတ္ထိပစ္စည်းလို့ ဆိုတယ်။

အတ္ထိဆိုတာ ရှိနေခိုက် ကျေးဇူးပြုတယ်လို့ ဒီလိုပြောရမယ်၊ အကြောင်းတရားကလည်း ရှိနေရမယ်၊ အကျိုးတရားကလည်း ရှိနေရမယ်၊ ဒီတော့ ရှိနေပြီးသားကို ကျေးဇူးပြုတယ်ဆိုလို့ရှိရင် ထုတ်လုပ်တယ်လို့ မဆိုလိုဘူးပေါ့။

အကြောင်းတရားဆိုတာ ၂မျိုး ရှိတယ်၊ ဇနက - ဖြစ်စေတတ်တဲ့အကြောင်းတရား Producing cause လို့ခေါ်တယ်။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၇၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၇

Dr နန္ဒမာလာဘိဝံသ

ဝိပ္ပယုတ္တပစ္စယော

“၀ိပ္ပယုတ္တပစ္စယော” ဆိုတာ သမ္ပယုတ္တပစ္စယောနဲ့ ဆန့်ကျင့်ဘက် အဓိပ္ပာယ် မှတ်ယူရမှာ ဖြစ်တယ်။ ပဋ္ဌာန်းပစ္စည်းတွေထဲမှာ ယုဂဠပစ္စယ အစုံအစုံပစ္စည်းတွေ ရှိတယ်၊ အစုံအစုံပစ္စည်းတွေက ဘာတွေလဲ ဆိုလို့ရှိရင် “ကမ္မပစ္စယော, ၀ိပါက ပစ္စယော” ဒါကလည်း အစုံတစ်ခုပဲ၊ “ပုရေဇာတပစ္စယော, ပစ္ဆာဇာတ ပစ္စယော” ဆိုတာ ဒါကလည်း အစုံတစ်ခုပဲ၊ ထို့အတူပဲ “သမ္ပယုတ္တပစ္စယော, ၀ိပ္ပယုတ္တပစ္စယော” အစုံပဲ၊ “အတ္ထိပစ္စယော, နတ္ထိပစ္စယော” ဒါလည်း အစုံပဲ၊ “၀ိဂတပစ္စယော အ၀ိဂတပစ္စယော” ဒါလည်း အစုံပဲ၊ ဆန့်ကျင်ဖက်တွေဖော်ပြပြီး အကြောင်းတရားတွေကို မြတ်စွာဘုရားက ရှင်းထားတယ်။

မနေ့က သမ္ပယုတ္တပစ္စယော ဟောခဲ့တယ်၊ အတူတကွ ပေါင်းစပ်ထားလိုက်တာ၊ ပေါင်းစပ်ထားမှန်း မသိရအောင်, တစ်ခုတည်းကဲ့သို့ ထင်ရအောင် အချက် ၄ ချက်ကို အခြေပြုပြီး ပေါင်းစပ်ထားတယ်၊ ***သမ္ပယုတ္တပစ္စယော - မှီရာဝတ္ထုချင်းတူတယ်၊ ပြုရာအာရုံချင်းတူတယ်၊ ဖြစ်တဲ့အချိန်ချင်းတူတယ်၊ ပျက်သွားတဲ့ အချိန်ချင်း တူတယ်ဆိုတော့ အများကိုပေါင်းစပ်ထားပေမယ့်လို့ တစ်ခုတည်းလို့ ထင်ရအောင် တည်ရှိနေတဲ့ ဒီသဘာဝတရားတွေဟာ အပြန်အလှန် အထောက်အကူပြုပြီး နေကြတယ်ဆိုတာကို ရှင်းလင်းဟောကြားခဲ့တာ ဖြစ်ပါတယ်။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၆၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၆

Dr နန္ဒမာလာဘိဝံသ

သမ္ပယုတ္တပစ္စယော

သမ္ပယုတ္တပစ္စယော မှာ ရှေးဦးစွာ သမ္ပယုတ္တဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။ ပါဠိစကားလုံးတွေဟာ အင်မတန်တိကျ သေချာတဲ့အဓိပ္ပာယ်မျိုးကို ဖေါ်ပြတယ်၊ စကားလုံးအဓိပ္ပာယ်ကို ဖေါ်ပြတာနဲ့ပဲ အဒီပစ္စည်းအကြောင်းကို အတော်အသင့် နားလည်ပြီးသား ဖြစ်သွားနိုင်တယ်၊ သမ္ပယုတ္တကို ပ ဒ သုံးခုနဲ့ ဖွဲ့စည်းထားတယ်၊ သံ ဆိုတာ ပုဒ်တစ်ခု၊ ပ ဆိုတာက ပုဒ်တစ်ခု၊ ယုတ္တ ဆိုတာက ပုဒ်တစ်ခု၊ ပေါင်းလိုက်တော့ သမ္ပယုတ္တလို့ ဖြစ်တယ်၊ “ပဒ” လို့ဆိုတာ အသီးသီးအဓိပ္ပာယ်ရှိတဲ့ စကားလုံးတွေကို ခေါ်တယ်၊ မြန်မာလိုက “ပဒ” ကို ပုဒ်လို့ ပြောလိုက်တော့ မြန်မာစကားမှာ အဓိပ္ပါယ် အမျိုးမျိုးတွေ ရှိတယ်၊ ဒီတော့ “ပဒ” ဆိုတဲ့စကားကို အသုံးပြုပြီးတော့ပြောရင် ပိုရှင်းတာပေါ့၊ ပဒဆိုတာ အနက် အဓိပ္ပာယ်ရှိတဲ့စကားလုံး၊ အနက်ကို ဖေါ်ပြနိုင်တဲ့စကားလုံး ဖြစ်တယ်။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၅၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၅

Dr နန္ဒမာလာဘိဝံသ


မဂ္ဂပစ္စယော

မဂ္ဂဆိုတာ သာမန်အားဖြင့် လမ်းကြောင်းလို့ အဓိပ္ပာယ်ရတယ်၊ လူတွေလျှောက်လှမ်းစရာ လမ်းကြောင်း၊ ယာဉ်တွေ သွားစရာလမ်းကြောင်း၊ တစ်စုံတစ်ခုဘက်ကို ဦးတည်ပြီး သွားနေတဲ့ လမ်းကြောင်းမှန်သမျှကို “မဂ္ဂ” လို့ ခေါ်တယ်၊ မဂ္ဂပစ္စယော ဆိုတဲ့နေရာမှာ မဂ္ဂ ဟာ မဂ် ဖိုလ် နိဗ္ဗာန်လမ်းနဲ့သာ သက်ဆိုင်တာ မဟုတ်ဘူး၊ ငရဲသွားတဲ့လမ်းကြောင်းကိုလည်း မဂ္ဂ လို့ ခေါ်တာပဲ၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံသွားတဲ့ လမ်းကြောင်း၊ အကုသိုလ်ဖြစ်စရာ လမ်းကြောင်းကိုလည်းပဲ မဂ္ဂလို့ ခေါ်တာပဲ၊ ဒီတော့ မဂ် ဖိုလ် ဆိုတာမှာပါတဲ့ မဂ္ဂထက် မဂ္ဂပစ္စယော မဂ္ဂက ပိုပြီးတော့ အဓိပ္ပာယ်ကျယ်ပြန့်တယ်လို့ ဒီလို မှတ်ရမယ်၊ ဒါက ရှေးဦးစွာ မှတ်ထားရမယ်။

မဂ္ဂဆိုတာ လမ်းကြောင်းပဲ၊ ဥပမာ - သမထကျင့်စဉ်ကျင့်လို့ ဈာန်ရလာတယ်ဆိုရင် အဲဒီဈာန်တရားဟာ ဗြဟ္မာ့ပြည်သွားဖို့ လမ်းကြောင်းပဲ၊ အဲဒါကိုလည်း မဂ္ဂလို့ပဲ သုံးတာပဲ၊ ဒါနကောင်းမှု သီလကောင်းမှု ဘာဝနာကောင်းမှု၊ ဒီကောင်းမှုတွေဟာ နတ်ပြည်ရောက်ကြောင်း (သို့မဟုတ်) သုဂတိရောက်ကြောင်း လမ်းကြောင်းသဖွယ်ဖြစ်လို့ ဒီကုသိုလ်တွေကိုလည်း မဂ္ဂလို့ပဲ ခေါ်တာပဲ၊ ဒီတော့ မဂ္ဂဆိုတာ တစ်စုံတစ်ခုသောအရပ်သို့ ဦးတည်ပြီးသွားနေတဲ့ လမ်းကြောင်း မှန်သမျှဟာ ဒီနေရာမှာ မဂ္ဂပစ္စယောလို့၊ လမ်းကြောင်းပမာ ကျေးဇူးပြုတတ်တဲ့ သဘာဝတရားတဲ့။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၄)၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၄)

Dr နန္ဒမာလာဘိဝံသ

ဈာနပစ္စယော

ဗုဒ္ဓမြတ်စွာက အကြောင်းတရားတွေကို ၂၄ ပစ္စည်းနဲ့ ရှင်းပြတော်မူခဲ့တယ်၊ ဒီကနေ့ ဈာနပစ္စယော ဟောမယ်၊ ဈာနပစ္စယောဆိုတာ “ဈာန်အင်္ဂါတို့၊ တူစွာဖြစ်ငြား၊ ရုပ်နာမ်များကို၊ ရှုစားစေမှု၊ သတ္တိစုဖြင့်၊ ကျေးဇူးပြုငြား၊ ဈာနပစ္စည်းတရားလည်းကောင်း” ဆိုတဲ့အတိုင်း အာရုံကိုကပ်ပြီးရှုခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့ မြတ်စွာဘုရား ဟောတော်မူခဲ့တယ်။

ဈာနဆိုတဲ့စကားလုံးကို မြန်မာလိုပြန်တဲ့အခါ အဓိပ္ပာယ်မပြန်ဘူး၊ ဈာနကို ဈာန်လို့ ဒီလိုပဲပြန်ကြတယ်၊ ဈာန်ဆိုတဲ့စကားလုံးကို အကြောင်းပြုပြီး မြန်မာစကားတွေထဲမှာ ဈာန်ဝင်စားတယ်၊ ဈာန်ပျံတယ်ဆိုတဲ့ ဝေါဟာရတွေ ပေါ်လာခဲ့တယ်၊ အာရုံတစ်ခုတည်းပေါ်မှာ ကျရောက်တည်နေတယ်ဆိုတဲ့ ဧကဂ္ဂဆတာ သမာဓိတဲ့၊ အဲဒီသဘာဝတရားငါးခုတို့ရဲ့အပေါင်းကို ဈာနလို့ ခေါ်တယ်၊ တစ်ခုစီကို ဈာနလို့ မခေါ်ဘူး၊ ၀ိတက် ၀ိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာ သို့မဟုတ် သုခဥပေက္ခာ။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၃)၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၃)

Dr နန္ဒမာလာဘိဝံသ

ဣန္ဒြိယပစ္စယော

“ဣန္ဒြိယ” ကို မြန်မာလို ဣနြေ္ဒလို့ ပြန်ဆိုကြတယ်၊ ဣနြေ္ဒဆိုတဲ့ မြန်မာစကားဟာ ပါဠိက ဆင်းသက်လာတယ်၊ “ဣနြေ္ဒကောင်းတယ်၊ ဣနြေ္ဒမကောင်းဘူး၊ ဣနြေ္ဒရရ နေပါ” စသည်ဖြင့် မြန်မာမှာ ဒီစကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးကြတယ်၊ အမျိုးသမီးတွေနဲ့ ပတ်သက်လို့လည်း “မိန်းကလေးတို့ဣနြေ္ဒ ရွှေပေးလို့မရ” ဆိုတဲ့စကားလုံး သုံးကြတယ်၊ မြန်မာ့ကျင့်စဉ်နဲ့ ပတ်သက်လို့ “ဣနြေ္ဒကို စောင့်ထိန်းတယ်၊ ဣနြေ္ဒသမ္ပတ္တိနဲ့ ပြည့်စုံတယ်” စသည်ဖြင့် ဣနြေ္ဒကို ရည်ညွှန်းပြီး ပြောလေ့ ရှိကြတယ်။

စာပေကျမ်းဂန်မှာ ဣနြေ္ဒငါးမျိုး၊ ဣနြေ္ဒ ၆ မျိုး၊ ဣနြေ္ဒ ၂၂ မျိုးလို့ ဒီလို ပြထားတာ ရှိတယ်၊ သူ့နေရာလေးနဲ့သူ သဘောပေါက်နားလည်ဖို့တော့ လိုတယ်ပေါ့နော်။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၂)၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၂)

Dr နန္ဒမာလာဘိဝံသ

အာဟာရပစ္စယယော

အာဟာရပစ္စယောဆိုတာ ရုပ်နာမ် ၂ ရပ်ကို တည်တံ့အောင် ထောက်ပံ့ပေးနိုင်တဲ့ စွမ်းရည်သတ္တိလို့ ဒီလိုအဓိပ္ပာယ်ရှိတယ်၊ များသောအားဖြင့် အာဟာရဆိုရင် စားသောက်စရာလို့ အသိများကြတယ်၊ စားစရာအာဟာရမျှကိုသာ ဒီနေရာမှာ အာဟာရပစ္စည်းလို့ ခေါ်တာ မဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကျိုးတရားတွေကို စွမ်းဆောင်မှုပေးနေတဲ့ အကြောင်းတရားတွေကိုလည်း အာဟာရ။

စွမ်းဆောင်တယ်ဆိုတဲ့နေရာမှာ သာမန်ထက် ထူးကဲပြီး စွမ်းဆောင်တာ၊ ဒါကြောင့်မို့ အာဟာရပစ္စည်းနဲ့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ သက်ဆိုင်ရာ အကျိုးတရားများကို လွန်စွာစွမ်းဆောင်နိုင်တဲ့ အကြောင်းတရားလို့၊ သက်ဆိုင်ရာအကျိုးတရားများကိ
ု လွန်စွာ စွမ်းဆောင်နိုင်တဲ့ အကြောင်းတရားသည် အာဟာရပစ္စည်းလို့ ဒီလိုမှတ်ရမယ်။
အကြောင်းတရား သာမညကို ပြောတာမဟုတ်ဘူး၊ လွန်ကဲစွာစွမ်းဆောင်နိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့ အကြောင်းတရားတွေလို့ ပြောတာ။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၁)၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၁)

Dr နန္ဒမာလာဘိဝံသ

ဝိပါကပစ္စယော

“၀ိပါက” အကျိုးတရား၊ ၀ိပါက ကို မြန်မာလို “အကျိုးတရား” လို့ ပြန်သလို ငါဠိစကားလုံးနောက် လိုက်ပြီးတော့ “၀ိပါက်” လို့လည်း အသုံးပြုကြသေးတယ်၊ ၀ိပါက်လို့ ရေးတဲ့အခါ အသံထွက်ကို ကြည့်မယ်ဆိုရင် စာလုံးပေါင်း မှားတတ်တယ်၊ ၀ိပါက ပုဒ်မှာ ကကြီးသတ်လိုက်ရုံပဲ ၀ိပါက်။

ပါဠိလိုဖတ်ရင် “ပ” စောက်သံ ပီပီသသ ဖတ်ရတယ်၊ မြန်မာတွေရဲ့ အသံနေ အသံထားအတိုင်း သွားတဲ့အခါ ၀ိပါက ဆိုတုန်းက ပစောက်သံ ပီသော်လည်း ၀ိပါက်လို့ဆိုတဲ့အခါ “ဘ” ကုန်းသံ ဖြစ်သွားတယ်၊ ရှေ့စာလုံးကိုကြည့်ပြီးတော့ ဒါက အသံရဲ့ ပြောင်းလဲမှုပေါ့၊ မြန်မာစကားမှာ ရှိတယ်၊ “ရေးတော့အမှန် ဖတ်တော့အသံ”၊ ဒါ ဘယ် language ဘယ် ဘာသာ စကားမှာပဲဖြစ်ဖြစ် ဒီလိုပဲရှိတယ်၊ မြန်မာဘာသာမှ မဟုတ်ဘူး။

ဒီမှာလည်း “၀ိပါက” ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုလိုက်တဲ့အခါ “၀ိဘက်” တဲ့။ “ကာလ၀ိဘက် နောက်ပိုးတက်” ဆိုပြီး အကျိုးဝိပါက်ကို ခံစားရတယ်၊ ၀ိပါက၀ဋ်က မလွတ်ကြဘူးတဲ့။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၀)၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၀)
Dr နန္ဒမာလာဘိဝံသ

ကမ္မပစ္စယော
ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ အများအားဖြင့် ကံအကြောင်းကို ပြောလေ့ရှိကြတယ်။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း၊ ကံ ကံ၏ အကျိုးကို သိမြင်ခြင်းဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဟာ ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေခံ ခံယူချက် ဖြစ်ပါတယ်။ ကံ ကံ၏အကျိုးကို လက်မခံဘူး၊ ကံ ကံ၏အကျိုးကို ငြင်းပယ်တယ်ဆိုရင် မိစ္ဆာဒိဋ္ဌိအမြင်ပဲ၊ အကုသိုလ်မနောကံ ၃ မျိုးမှာပါတဲ့ မိစ္ဆာဒိဋ္ဌိက ဘာကိုပြောတာတုန်းဆိုရင် ကံ ကံ၏အကျိုးကို ငြင်းပယ်တာ၊ သို့မဟုတ် ကံ၏ အကျိုးကို ငြင်းပယ်တာကို ပြောတာ၊ နတ္ထိကဒိဋ္ဌိလို့ ဆိုတယ်၊ အခြား မိစ္ဆာဒိဋ္ဌိတွေနဲ့ သွားမရောစေနဲ့။

မနောကံထဲမှာပါတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာ ပါဠိတော်အဖွင့်တွေထဲမှာ “ကတမာ စ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ” လို့ ဆိုပြီး ရှင်းပြတယ်၊ “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ” ၊ ဒိန္နံ - ပေးလှူကြောင်း ဒါနစေတနာရဲ့အကျိုးတရားသည်၊ နတ္ထိ - မရှိတဲ့၊ စကားလုံးအနေနဲ့ကတော့ ဒိန္နံ - ပေးလှူခြင်းသည် နတ္ထိ - မရှိတဲ့၊ ပေးလှူခြင်းကို ငြင်းပယ်တာ မဟုတ်ဘူး၊ ပေးလှူခြင်းဒါနစေတနာရဲ့ အကျိုးတရားကို ငြင်းပယ်တာ၊ ဒါနကိုပဲ ဒီနေရာမှာ ၃ မျိုး ခွဲပြီး ပြောတယ်၊ ယိဋ္ဌ ဆိုတာ ပူဇော်တာ၊ ဟုတ ဆိုတာ လက်ဆောင်ပဏ္ဏာပေးတာမျိုး၊ အကုန်လုံး ပေးကမ်းတာချည်းပဲ၊ ဒါနကုသိုလ် ဒါနစေတနာရဲ့ အကျိုးတရားကို ငြင်းပယ်တယ်၊ လက်မခံဘူးဆိုရင် ကံရဲ့အကျိုးတရားကို ငြင်းပယ်တာပဲ။

ပဋ္ဌာန်းမြတ်ဒေသနာတရားတော် အပိုင်း ၉၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတရားတော် အပိုင်း ၉
Dr နန္ဒမာလာဘိဝံသ

အာသေ၀နပစ္စယော

အာသေ၀နဆိုတာ အဖန်ဖန်အထပ်ထပ် မှီဝဲခြင်း၊ အဖန်ဖန် အထပ်ထပ် စွမ်းရည်တွေရအောင် လေ့ကျင့်ခြင်း၊ အဖန်ဖန်အထပ်ထပ် ဖြစ်ပေါ်ခြင်းဆိုတဲ့ အဓိပ္ပာယ်၊ “အာ” ဆိုတာ အဖန်ဖန် အထပ်ထပ်၊ “သေ၀န” မှီဝဲတယ်၊ ဖြစ်ပေါ်တယ်၊ ဘယ်အရာပဲဖြစ်ဖြစ် တစ်ကြိမ်တစ်ခါတည်း ဖြစ်ရင် စွမ်းရည်သတ္တိက မထက်ဘူး၊ အကြိမ်ကြိမ် လုပ်ကြရတယ်၊ စာကျက်တာတောင်မှပဲ အကြိမ်ပေါင်းများစွာ ဆိုရတယ်၊ နမော တဿ အကြိမ်ပေါင်းများစွာ ဆိုထားတဲ့အခါ စွမ်းရည်သတ္တိတွေက ထက်နေလို့ အိပ်ရာက နှိုး ဆိုခိုင်းတောင် နမော တဿ လွဲမယ်မထင်ဘူး။

အာသေ၀နသတ္တိဆိုတာ ကျေညက်နေတဲ့ စာပေတစ်ခုဟာ သတိမထားဘဲနဲ့ ရွတ်ဆိုလည်း လွဲချော်သွားတယ် မရှိဘူး၊ လမ်းကြောင်းက ဖြောင့်နေတာ၊ ဘာဖြစ်လို့ လမ်းကြောင်းက ဖြောင့်တာလဲ၊ အာသေ၀န အထပ်ထပ်လုပ်ထားလို့၊ အထပ်ထပ် လုပ်ထားတော့ ခေါက်ရိုးကျိုးသွားတာ၊ ခေါက်ရိုးကျိုးသွားတော့ စွမ်းရည် သတ္တိတွေက ပြည့်ဝတာ။

ပဋ္ဌာန်းမြတ်ဒေသနာတရားတော် အပိုင်း ၈၊ Dr နန္ဒမာလာဘိဝံသ

ပဋ္ဌာန်းမြတ်ဒေသနာတရားတော် အပိုင်း ၈
Dr နန္ဒမာလာဘိဝံသ

ပစ္ဆာ - နောက်မှ ၊ ဇာတ - ဖြစ်ပြီးတဲ့အခါမှာ ၊ ပစ္စယော - ကျေးဇူးပြုတယ်၊ နောက်မှဖြစ်ပြီး ကျေးဇူးပြုတဲ့တရားဆိုတော့ အကျိုးတရားက အရင်ပေါ်နေတယ်၊ အကြောင်းတရားက နောက်မှဖြစ်လာပြီး အကျိုးတရားကို အထောက်အကူပြုတယ်၊ အကြောင်းအကျိုးလို့ ပြောရပေမယ့်လို့ သူ့ကြောင့်ဖြစ်တဲ့အကျိုးတော့ မဟုတ်ဘူး။

အဲဒီတော့ ပဋ္ဌာန်းတရားမှာ အကြောင်းနဲ့အကျိုးလို့ ဆိုတဲ့စကားဟာ ပိုကျယ်ပြန့်တယ်လို့ ဒီလိုမှတ်ရမယ်၊ မြန်မာစကား အကြောင်းနဲ့အကျိုးဆိုလို့ရှိရင် အကြောင်းတရားသည် အကျိုးတရားကို ဖြစ်စေတတ်တယ်၊ အကျိုးတရားသည် အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတယ်၊ ဒီလိုရှိတယ်။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၇၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၇
Dr နန္ဒမာလာဘိဝံသ

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၇ ၊ ပုရေဇာတ ပစ္စယော ၊ ဗုဒ္ဓမြတ်စွာက သိသာထင်ရှားအောင် ပုရေဇာတ ပစ္စယောဆိုတာ အင်မတန်ထင်ရှားတဲ့ လူတိုင်းလူတိုင်း နေ့စဉ်ကြုံတွေ့နေရတဲ့ လူတိုင်း လူတိုင်းမှာ ပါရှိနေတဲ့ မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်ဆိုတဲ့ ပသာဒရုပ် ငါးပါး (သို့မဟုတ်) ၀တ္ထုရုပ်များကို ပုရေဇာတပစ္စည်းလို့ ထိုအခြေခံ ၀တ္ထုတွေကို အခြေပြုပြီးတော့ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ် ဆိုတာတွေ ဖြစ်ရတယ်။ ထိုရုပ်နဲ့နာမ် သဘာဝတရားနှစ်ခုဟာ ပုရေဇာတသတ္တိနဲ့ ရုပ်တရားက နာမ်တရားကို ပုရေဇာတသတ္တိနဲ့ အထောက်အကူပြုထားတယ် ဆိုတဲ့ သဘောတရားကို မြတ်စွာဘုရားက ထင်ရှားသိသာအောင် ဟောကြားထားတာ ဖြစ်ပါတယ်။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၆၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၆
Dr နန္ဒမာလာဘိဝံသ

အခုဒီကနေ့ဟာ ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၆ လို့ အဲဒီလို ဟောတဲ့ထဲမှာ ပစ္စယနိဒ္ဒေသလို့ ခေါ်တဲ့ ၂၄ ပစ္စည်းကို မကျဉ်းမကျယ်ချဲ့ဖွင့်ပြီးတော့ ပြတဲ့အခန်းကို အဓိကပဓါနထားပြီးတော့ ဟောကြားခဲ့တယ်။ ထိုပစ္စယနိဒ္ဒေသအခန်းနဲ့ ခပ်ဆင်ဆင်တူပြီး ထိုပစ္စယနိဒ္ဒေသအခန်းထက် ကျယ်ဝန်းတဲ့ ပညာဝါရကိုလည်းပဲ တစေ့တစောင်းလှမ်းကြည့်ပြီးတော့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပစ္စယနိဒ္ဒေသနဲ့ပညာဝါရဆိုတာ ဒီကဏ္ဍနှစ်ရပ်ဟာ ပစ္စယနိဒ္ဒေသကအကျဉ်း ပညာဝါရကအကျယ်လို့ ဒီလို နားလည်ရမယ်။ အဲတော့ သိပ်အကျဉ်းလည်းမဖြစ်ရလောက်ေ
အာင် သိပ်အကျယ်ကြီးလည်း မဖြစ်ရလောက်အောင် မဖြစ်ရလေအောင် ပဋ္ဌာန်းတရားကြီးရဲ့ သဘာဝကို အနည်းငယ် ရိပ်စားမိအောင် တို့ရဲ့ နေ့စဉ်ဘ၀ကို ပဋ္ဌာန်းတရားကြီးနဲ့ ဘယ်လိုဆက်သွယ်နေတာကို သိရှိနားလည်အောင် ဘုန်းကြီးတို့ ကြိုးစားပြီးတော့ ဟောတယ်။
ဟေတုပစ္စယောကနေစတင်ဟောခဲ့တာ ဥပနိဿယပစ္စယောထိအောင် ရှင်းလင်းဟောပြပြီးသား ဖြစ်ပါတယ်။ အခုဒီကနေ့ည ပုရေဇာတပစ္စယောဆိုတာကို ဟောပါမယ်။ စကားလုံးရဲ့ အဓိပ္ပာယ်ကို ရှေးဦးစွာ ရှင်းရမယ်။ ပုရေဇာတ …. ပုရေဆိုတာ ရှေးဦးစွာ ကြိုတင်ပြီးတော့ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဇာတဆိုတာ …. ဖြစ်နှင့်နေတဲ့ ပစ္စယ …. အကြောင်းတရားတဲ့။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၅၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၅

Dr နန္ဒမာလာဘိဝံသ

ဒီကနေ့ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယောလို့ ဒီပစ္စည်းတွေကို အကျဉ်းချုံးပြီးတော့ ဥပနိဿယပစ္စယောကို အကျယ်ဟောပေးပါ့မယ်။

အနန္တရပစ္စယောဆိုတာက ရှေ့စိတ်နဲ့နောက်စိတ် ရှေ့စိတ်နဲ့နောက်စိတ်ဟာ အခြားအကွယ်မရှိပဲနဲ့ ကျေးဇူးပြုတယ်။ အနန္တရဆိုတာ - န အန်တရ ကြားထဲမှာ အခြားတစ်ပါးတရားမခြားဘူးဆိုတဲ့ အဓိပ္ပာယ်ကိုပြောတာ။ Mental Process လို့ ခေါ်တဲ့ ၀ီထိကို ကြည်မယ်ဆိုယင် မျက်စိကို အဆင်းအာရုံလေးက လာတိုက်လိုက်လို့ မျက်စိတံခါးကို ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ကလေးက ဖွင့်ပေးလိုက်တယ်။ အဲဒီ ပဉ္စဒွါရ၀ဇ္ဇန်းစိတ် ပြီးသွားတာနဲ့တစ်ပြိုင်နက် စက္ခုဝိညာဏ်စိတ် ချုပ်သွားတာနဲ့တစ်ပြိုင်နက် သမ္ပဋိစ္ဆိုင်း လက်ခံတဲ့စိတ် ၊ လက်ခံတဲ့ သမ္ပဋိစ္ဆိုင်း စိတ် ချုပ်သွားတာနဲ့ သန္တီရဏစိတ်၊ ဒီလို Mental Process မှာ အစဉ်အတိုင်းသွားနေတာ။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၄၊ Dr နန္ဒာမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၎

Dr နန္ဒာမာလာဘိဝံသ

ပဋ္ဌာန်းမြတ်ဒေသနာအပိုင်း၎မှာ အဓိပတိပစ္စယော … ၂၄ပစ္စည်းထဲက လွှမ်းမိုးကြီးစိုးတဲ့ အဓိပတိပစ္စယောကို ရှင်းလင်းပြီးတော့ ဟောကြားပါမယ်။

လူ့ရဲ့စိတ်ကိုလွှမ်းမိုးကြီးစိုးနေတဲ့နေရာမှာ သဘာဝတရားလေးခုဟာ လူ့ရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးထားတတ်တယ်။ ကျန်တဲ့သဘာဝတရားတွေက ဒီလောက်မလွှမ်းမိုးဘူး။ ဒီမှာပါတဲ့ သဘာဝတရားလေးမျိုးဟာ လူ့ရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးတတ်တယ်။ တစ်ဖက်ကလည်း အာရုံတွေမှာ အချို့ချို့သောအာရုံများက စိတ်ကိုလွှမ်းမိုးကြီးစိုးနိုင်ခြင်းမရှိဘူး။

အချို့ချို့သောအာရုံများက လူ့ရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးနိုင်တယ်တဲ့။ ဒါကြောင့်လည်း အဓိပတိပစ္စယောကို - အဓိပတိပစ္စယော အတူဖြစ်ပြန် ရုပ်နှင့်နာမ်ကိုတဲ့ ဧကန်လွှမ်းမိုးကြီးစိုးနိုင်ဘိ အဓိပတိတရား …။ ကြီးစိုးနိုင်တဲ့အဓိပတိတရား
ဆိုတာ ဆန္ဒတို့၊ ၀ီရိယတို့၊ ၀ီမံသာတို့၊ စိတ္တတို့၊
စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ဒီစေတသိက်၃မျိုးနဲ့ စိတ်ဓာတ်ဟာ နာမ်တရားတွေကို ကြီးစိုးလွှမ်းမိုးထားနိုင်တယ်။ အဓိပတိကို နှစ်ပိုင်းခွဲပြီးတော့ ကြည့်ရမှာ ဖြစ်ပါတယ်။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၃၊ Dr နန္ဒာမာလာဘိဝံသ

 
 
ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၃

Dr နန္ဒာမာလာဘိဝံသ

အာရမ္မဏပစ္စယော - ထိုအာရမ္မဏပစ္စယောကို ပစ္စယုဒ္ဒေသပါဠိမှာ ပါဠိအပြည့်အစုံဟောထားတယ်။ ထိုအာရမ္မဏပစ္စယောရဲ့ အာရမ္မဏပစ္စည်းဆိုတဲ့နေရာမှာ အာရမ္မဏဆိုတဲ့ပုဒ်က - အာ - ဆိုတာ = လာရောက်ပြီးတော့၊ ရမ္မဏ = မွေ့လျော်တယ် ။ လူတွေရဲ့စိတ်ကလေးဟာ (စိတ်လို့ပြောလိုက်ယင် စေတသိက်လည်းပါတယ်လို့မှတ်ထားပေါ့။) ၊ လူတွေရဲ့ စိတ်ကလေး အတွေးတွေဟာ ဆိုင်ရာအာရုံစီကိုသွားရောက်ပြီးတော့ ပျော်မွေ့နေကြတယ်။ အာရုံမရှိပဲနဲ့ လူ့ရဲ့စိတ်ဟာ ဘယ်တော့မှ မဖြစ်ဘူးး။ နေ့စဉ်နဲ့အမျှ လူတွေပြောနေကြတဲ့ စိတ်ဟာ အာရုံပေါ်မှီပြီးတော့ ဖြစ်တယ်။ ဒါကြောင့်မို့လို့ လူ့စိတ်ထဲမှာ အဓိက အကြောင်းတရားတခုက ဘာတုန်းဆိုယင် ဒီ အာရမ္မဏပစ္စည်း ပဲ ။

အဲဒီ အာရမ္မဏကိုပဲ အဓိပ္ပာယ် တစ်မျိုးနဲ့ပြောလို့ ရှိယင် အာလမ္ဗဏ စိတ်ကလေးဟာ ဘာနဲ့ အလားသဏ္ဍာန်တူတုန်းဆိုယင် မသန်စွမ်းတဲ့လူနဲ့အလားသဏ္ဍာန်တူတယ်။ မသန်စွမ်းတဲ့လူတစ်ယောက်ဟာ ကြိုးတန်းတို့ တုတ်ကလေးတွေတို့ကို အားပြုပြီးမှ ထလို့ရတယ်။ စိတ်ကလေးဟာလည်း အာရုံပေါ်ကိုမှီတွယ်ပြီးတော့မှသာ ထနိုင်တယ်တဲ့။ အာရုံမရှိပဲနဲ့ စိတ်မဖြစ်ဖူးလို့ ဒီလိုပြောလိုတာ။

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၂ ၊ Dr နန္ဒာမာလာဘိဝံသ



ပဋ္ဌာန်းတရားကိုစာပေအနေနဲ့လေ့လာသူများအနေနဲ့ ပစ္စည်း၊ ပစ္စယုပ္ပန် တို့ကို ရှေးဦးစွာမှတ်ရမယ်။ ပစ္စည်းဆိုတာ အကြောင်းတရား၊ ပစ္စယုပ္ပန်ဆိုတာ ထိုအကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးတရား သို့မဟုတ် ပစ္စယုပ္ပန်ဆိုတာ - (ပစ္စည်းတရား အကြောင်းတရားကနေ) ကျေးဇူးပြုထားတဲ့ အကျိုးတရားလို့ ဒီလို အဓိပ္ပာယ်ရတယ်။ ပစ္စယဆိုတဲ့စကားလုံးကို မြန်မာလိုပစ္စည်းလို့ပြန်လိုက်တာ၊ အကြောင်းတရားလို့ပြောတာ။ ဒီမှာ ပစ္စည်းဆိုတာ အထောက်အကူပြုတဲ့ အကြောင်းတရားလို့ အဓိပ္ပာယ်ရတယ်။ ပစ္စယုပ္ပန်ဆိုတဲ့ စကားလုံးက ပစ္စယုပ္ပန္နဆိုတဲ့ စကားလုံးက ဖြစ်ပေါ်လာတာဖြစ်လို့ အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးတရား သို့မဟုတ် အကြောင်းတရားကနေ ကျေးဇူးပြုထားတဲ့တရားလို့ ဒီလို အဓိပ္ပာယ်ရတယ်။

ဟေတုပစ္စည်းဆိုတာ ဘယ်သူ့ခေါ်တာတုန်းဆိုယင် ဟိတ်ခြောက်ပါးကိုခေါ်တယ်။ ဟိတ်ခြောက်ပါးလို့ဆိုတာ အဘိဓမ္မာသင်ဖူးတဲ့သူတွေအနေနဲ့တော့ ဒီလောက်ပြောလိုက်ယင်သိတယ်ပေါ့။ အဘိဓမ္မာမသင်ဖူးးတဲ့သူတွေအနေ
နဲ့တော့ ဟိတ်ခြောက်ပါးဆိုတာ ဘာတွေပါလိမ့်လို့ ဒီလိုထင်ကောင်းထင်လိမ့်မယ်။
ဟေတုဆိုတဲ့ အဓိပ္ပာယ်က အကျိုးတရားတွေကို ရှင်သန်နေအောင် ဖွံ့ဖြိုးတိုးတက်နေအောင် ခိုင်မာနေအောင် ကျေးဇူးပြုနေတဲ့ အကြောင်းတရားလို့ အဓိပ္ပာယ်ရတယ်။

ပဋ္ဌာန်းမြတ်ဒေသနာတော် ၁ ၊ ဒေါက်တာနန္ဒာမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် ၁

ပဋ္ဌာန်းဆိုတဲ့ ပဋ္ဌာန ရဲ့အဓိပ္ပာယ်က ဘာလဲဆိုယင် ပ = အမျိုးမျိုး လို့အဓိပ္ပာယ်ရတယ်။ ဋ္ဌာန = အကြောင်းတရားတွေ။ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် စုပေါင်းပြီးတော့ အကျိုးတရားတွေ ထုတ်လုပ်နေပုံကို အကြောင်းအမျိုးမျိုးကို ရှင်းလင်းပြတဲ့ ဒေသနာတော်ကြီးကို ပဋ္ဌာနလို့ ဒီလိုနံမည်ပေးတာဖြစ်တယ်။

နောက်တနည်းက ပဋ္ဌာနဆိုတဲ့ စကားလုံးသည် ခွဲချမ်းစိတ်ဖြာကြည့်ရှုခြင်းဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ၀ိဘဇ္ဇနတ္ထ (ပါဋ္ဌိစကားလုံးမသေချာပါ) မြတ်စွာဘုရားက အရာခပ်သိမ်းကို ခွဲခြားစိတ်ဖြာပြီး ဟောကြားလေ့ရှိတယ်။ သာမာန်ပုဂ္ဂိုလ်တွေက ကြည့်လိုက်ယင် တစ်ခုလို့ပဲမြင်ကြတယ်ပေါ့။ ဘာဖြစ်လို့တုန်းဆို ခွဲခြားစိတ်ဖြာနိုင်စွမ်းမရှိဘူး။ ပဋ္ဌာန်းဆိုတဲ့ ဒီအဘိဓမ္မာတွေဟာ အရာခပ်သိမ်းကို သဘာဝတရားတွေကို ခွဲခြမ်းစိတ်ဖြာပြီးတော့ မြင်လေ့ရှိတယ်၊ ဟောကြားတော်မူတယ်။

Monday 1 September 2014

ပဋ္ဌာန်း ​ဒေသနာ​တော်​ နာယူရန်​ ပင့်​ဖိတ်​ခြင်း

အနန္တ စက္ကဝါ​ဠေသု ၊ ဝသန္တ ​ဒေဝတာ ဂဏာ။
ပဋ္ဌာနံ ဓမ္မ ရာဇဿ ၊ သုဏန္တု သုခ ဝဍနံ ။
ပဋ္ဌာန သဝနကာ​လော အယံ ဘဒ္ဒန္တာ ။

အနန္တ စက္ကဝါ​ဠေသု = အဆုံးမထင်​များဖြင်​လှစွာ အနန္တစကြဝဠတို့၌

ဝသန္တ ​ဒေဝတာ ဂဏာ = က္ကုရိယာပထ ၊ မျှတ​နေငြား ၊ နတ်​ဗြဟ္မာ အများတို့သည်

ဓမ္မ ရာဇဿ = တရာမင်းသခင်​ဘုရားရှင်​၏
သုခ ဝဍနံ = ​လောကီ​လောကုတ္တရာ ချမ်းသာနှစ်​မျိုး ပွားတိုး​စေတတ်​​သော

ပဋ္ဌာနံ = နည်းပင်​လယ်​​ခေါ် ပဋ္ဌာန်း တရား​တော်​တို့ကို
သုဏန္တု = အာရုံ တစ်​ပါး စိတ်​မသွား​ဘဲ တရားကိုသာ စူးစိုက်​ စွာဖြင့်​ နာ​တော်​မူကြပါကုန်​​လော

ဘဒ္ဒန္တာ.= စည်း​ဝေးညီညာ ကြွ​ရောက်​လာငြား အို နတ်​ဗြဟ္မာ အ​ပေါင်းတို့

အယံ = ဤခါသမယ ဤကာလကား

ပဋ္ဌာန သဝနကာ​လော = အ​ကြောင်းအကျိုး နည်းမျိုးစုံဆန်း မြတ်​ပဋ္ဌာန်းကို ရွှင်​လန်းကြည်​သာ နာရမည့်​ အချိန်​အခါပါ​ပေတည်း

ဆရာမ ​ဒေါ်ခင်​သန္တာဦး ၏ ပ​ဋ္ဌာန်း​ဒေသနာ​တော်​ မှတ်စု ​စာအုပ်​မှ ကူးယူ​ဖော်​ပြပါသည်​ ။

ပဋ္ဌာန်း အမွှန်း


နီလာ နီလာ နိစ္ဆရန္တိ ၊ ပီတာ ပီတာ စ ရံသိယော ။
လောဟိတာ လောဟိတာ စာဘာ ၊ သြဒါတောဒါတရံသိယော ။

တမှာ တမှာ စ မဉ္ဇိဋ္ဌာ ၊ ပဘာသန္တိ ပဘဿရာ ။
ဧ၀ံ ဆဗ္ဗဏ္ဏရံသီ သော ၊ ဌာတု မေ ဘဂ၀ါ သိရေ ။

ပဋ္ဌာနံ-နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။ သမ္မသန္တဿ-အနုလုံ ပဋိလုံ အစုန်အဆန် အဖန်ဖန် ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏။
နီလာ-ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသောအရပ်ဌာနမှ။
နီလာ-ကြာညို ခွါညို, ရတနာအညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဗုဒ္ဓ၀င် ခုနစ်နေ့ ဘုရားရှိခိုး

၁။ သန္ဓေယူသောနေ့
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့---ကိန်းပါကို။
( မ )။

၂။ ဖွားမြင်တော်မူသောနေ့
သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့ စုံညီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့---လမ်းပါကို။ ( သိ )။

၃။ တောထွက်တော်မူသောနေ့
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်--ခန်းမှာကို။ ( ကြ )။

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated