@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Saturday 13 September 2014

ဝိပတ္တိတရားလေးပါး



ဆိုင်ရာအကြောင်းများ၏ ချွတ်ယွင်းမှုကို ဝိပတ္တိဟုခေါ်ပါတယ်။သတ္တဝါတို့၏ သန္တာန်မှာ ရှေးရှေးဘဝပေါင်း
များစွာက ပြုခဲ့သော ကံတို့သည် အလွန်များပြားရကား အကျိုးပေးရန် အခွင့်မသာ၍ အကျိုးမပေးရသေး
သမျှ ခန္ဓာအစဉ်မှာ အမြဲပါရှိသောကြောင့် သမ္ပတ္တိဆိုက်သောအခါ ကုသိုလ်ကံအကျိုးပေးခွင့်သာသလို
ဝိပတ္တိဆိုက်သောအခါ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့်သာလေသည်။

ဝိပတ္တိတရားလေးပါးရှိပါတယ်။အဲဒါဘာတွေလဲဆိုတော့
(၁)။ဂတိဝိပတ္တိ = ရရှိသောဘဝ မကောင်းခြင်း(ချွတ်ယွင်းချင်း)။
(၂)။ဥပဓိဝိပတ္တိ = ရုပ်အဆင်းမလှခြင်း။(ဥပဓိချွတ်ယွင်းခြင်း)။
(၃)။ကာလဝိပတ္တိ = အခါကာလမကောင်းခြင်း(ချွတ်ယွင်းခြင်း)။
(၄)။ပယောဂဝိပတ္တိ = ဥာဏ်ဝီရိယစသော ပယောဂ မရှိခြင်း။ ဆိုပြီးလေးပါးရှိပါတယ်။



(၁)။ဂတိဝိပတ္တိ(ရရှိသောဘဝ မကောင်းခြင်း)
အပါယ်လေးပါးကို ဂတိဝိပတ္တိဟုခေါ်၏။ထို ဂတိဝိပတ္တိ၌ ဖြစ်သောအခါ အကုသိုလ်ကံများ အခွင့်သာ၏။ ငရဲ
ကျရောက်သူ ပြိတ္တာဖြစ်သူတို့၌ အမြဲဒုက္ခရောက်၊အမြဲအနှိပ်စက်ခံ၊ အမြဲပူလောင်နေရသဖြင့် အကုသိုလ်ကံ
များဝိုင်း၍ အကျိုးပေးချင်တိုင်းပေးဖို့ အခွင့်သာကြပုံမှာဆိုဖွယ်မရှိ။အထိုက်အလျောက်သက်သာသေးရဲ့ဟု
ဆိုရသော တိရိစ္ဆာန်၌ပင် အစာငတ်ဖို့၊ ရေငတ်ဖို့၊ နေပူမိုးရွာ လွန်စွာဆင်းရဲဖို့၊တုတ်ဓားစသည်ဖြင့် အရိုက်
အနှက် အသတ်အဖြတ်ခံရဖို့၊ တစ်ကောင်နှင့်တစ်ကောင် နှိပ်စက်သတ်ဖြတ် စားသောက်မှု ထိုဒုက္ခစုကို ခံဖို့
ရန် အကုသိုလ်ကံတွေ အကျိုးပေး ခွင့်သာ၏။အလွန်သေးငယ်သော ပိုးမွှားတိရိစ္ဆာန်များ၌ကား သွားရင်း
လာရင်း သူကနင်း၊ငါကနင်းနှင့် သေခြင်းဆိုးဖြင့် သေဖို့ရန် အကုသိုလ်ကံတွေ အလွန့်အလွန် အခွင့်သာကြ
ပေသည်။ထို ဂတိဝိပတ္တိ ဆိုက်နေသောအခါ ရှေးရှေးဘဝက ကုသိုလ်ကံတွေ ပါရှိနေကြသော်လည်း
ကယ်ဆယ်ဖို့ရန် အခွင့်မရတော့ချေ။ဒါက ဂတိဝိပတ္တိဖြစ်ပါတယ်။


၂။ဥပဓိဝိပတ္တိ (ရုပ်ဆင်းမလှခြင်း၊ရုပ်ရည်ချွတ်ယွင်းခြင်း)
ဂတိဝိပတ္တိဖြစ်နေသော တိရိစ္ဆာန်တို့၌ ရုပ်အဆင်း မလှမူဟူသော ဥပဓိဝိပတ္တိကြောင့် ကုသိုလ်ကံ အခွင့်
မရသည်မှာ ဆိုဖွယ်ရာမရှိပြီ။ဂတိသမ္ပတ္တိဖြစ်သော လူ့ဘုံမှာပင် ဥပဓိဝိပတ္တိဖြစ်နေလျှင် ကုသိုလ်ကံ၏အကျိုး
ကိုရသင့်သလောက်မရဘဲရှိတတ်၏။အမျိုးမြတ် ဥစ္စာရှင်ပင်ဖြစ်သော်လည်း အမျိုးတူ ဥစ္စာတူသူတို့က
မကြည်ဖြူနိုင်ကြ။အလောင်းတော် ကုသမင်းကို ပဘာဝတီက တော်တော်နှင့် မကြည်ဖြူနိုင်ခြင်းမှာလည်း
ထင်ရှားသော သက်သေသာဓကကြီးပင်တည်း။ထိုသို့ ဥပဓိဝိပတ္တိဖြစ်နေသောအခါ အကုသိုလ်ကံတို့က
စွမ်းနိုင်သမျှ အကျိုးပေးသောကြောင့် အလောင်းတော် ကုသမင်းမှာ အိုးတော်လုပ်ရ၊ဖျာတော်ရက်ရ၊ပွဲတော်
ချက်ရနှင့် သွက်သွက်လည်အောင် ဒုက္ခခံလိုက်ရပါသေးသည်။သမီး ခင်ပွန်း(၂)ယောက် ရုပ်အဆင်းချင်း
ရှေ့သွားနောက်လိုက် မညီလျှင် ဥပဓိဝိပတ္တိဖြစ်နေသူကို အစေခံဟုပင် အထင်ခံရတတ်သေး၏။ရုပ်အဆင်း
မလှမှုဟူသော ဥပဓိ ဝိပတ္တိကား ဤမျှလောက်ပင်ဆိုးရွားလှချေသည်။


၃။ကာလဝိပတ္တိ(အခါကာလမကောင်းခြင်း)
မင်းဆိုး မင်းယုတ် ခေါင်းဆောင်အညံ့စားတို့ ရှေ့သွားဦးဆောင်လုပ်လျက် စိုးအုပ်နေရာ အခါကို
ကာလဝိပတ္တိ ဟုခေါ်၏။တိုင်းပြည် ပျက်သောအခါ တိုင်းပြည်ဝယ် စစ်ဖြစ်နေကြသော အခါများ၌လည်း
ကာလဝိပတ္တိ ပင်တည်း။ထိုကဲ့သို့ ကာလဝိပတ္တိ ကြုံရသောအခါ၌ ရှေးကပါလာခဲ့သော အကုသိုလ်ကံတို့
အခွင့်သာကြသည်။လူအများပင် ဆင်းရဲပြတ်သတ် ငတ်မွတ်ကြရ၏။ကုသိုလ်ကံ ကြီးမားသူတို့ပင်
ထိုကုသိုလ်ကံ ကြီးမားသူတို့ပင် ထိုကုသိုလ်ကံ အခွင့်မရဘဲ ရှိသမျှ ပုန်းရ၊လျှိုရ၊စားချင်တာ မစားရ၊ ချစ်သူ
နှင့် ကွဲရ၊ တချို့ မသေ လောက်သော ရောဂါကလေးတွေအတွက် သင့်တော်သောဆေး၊ ကုသပေးသည့်
ဆရာ မရသောကြောင့် သေရသည့်တိုင်အောင် ဒုက္ခရောက်ရလေသည်။


၎။ပယောဂဝိပတ္တိ(ဥာဏ် ဝီရိယ ကင်းမဲ့ခြင်း ချွတ်ယွင်းခြင်း)
ဥာဏ်ပညာကင်း၍ ဖျင်းအ ထိုင်းမှိုင်းမှု၊သတိကင်းပေါ့၊မေ့လျော့မှု၊ဝီရိယကင်း၍ ပျင်းရိမှုများသည် ပယောဂ
ဝိပတ္တိချည်းတည်း။ထို့ပြင် တစ်ယောက်အပေါ် တစ်ယောက် ဣဿာ မစ္ဆရိယ အားကြီးမှု၊အရာရာ၌ စိတ်တို
လျက် ဒေါသကြီးမှု၊မာန်မာနကြီးမှုများလည်း ကြီးပွားရေး၊စီးပွားရေးကို နှောင့်ယှက်တတ်သဖြင့် ပယောဂ
ဝိပတ္တိများပင်ဖြစ်ပါသည်။ယခု လူတို့ သန္တာန်၌ အကျိုးပေးခွင့် မရလျှင် မနေနိုင်လောက်အောင် ကြီးမား
သော အကုသိုလ်ကံများသည် အကျိုးပေးခဲ့ပြီး ဖြစ်သည်။ထိုအကုသိုလ်ကံကြီးများ လူတိုင်းရှိတော့မည်
မဟုတ်။သို့သော် ပယောဂဝိပတ္တိ ဖြစ်နေလျှင် မကောင်းကျိုးပေးမည့် အကုသိုလ်ကလေးများကား ကိုယ်စီ
ကိုယ်ငှ ပါရှိကြသည်။
ဥပမာ အမျိုးကောင်းသား သမီးများပီပီ ပညာတတ်အောင် သင်ခြင်း၊ဥစ္စာကို တရားနည်းလမ်းအတိုင်း
ရအောင် ရှာဖွေခြင်း၊ ကံ(၅)ပါးကို မကျူးလွန်ခြင်း၊စသည်ဖြင့် အပြစ်ကင်းအောင် နေသူတို့၌ အကုသိုလ်ကံ
ပါရှိသော်လည်း ထို အကုသိုလ်ကံက အကျိုးပေးခွင့် မရတော့ချေ။ငယ်ရွယ်စဉ်က ပညာကိုလည်းမသင်၊
ဥစ္စာရှာချိန်၌လည်း မတရားရှာဖွေ၏။ သို့မဟုတ် လုံးလုံးမရှာဘဲ နေ၏။ကံ(၅)ပါးကိုလည်း အခါအခွင့်
သင့်သလို ကျူးလွန်၏။ထိုသူ၌ ပယောဂဝိပတ္တိ ဆိုက်နေရကား တစ်နေ့နေ့မှာ အကုသိုလ်ကံများ ဧကန် မုချ
အကျိုးပေးခွင့်ရကြတော့မည်။
အချုပ်ကား အလွန်ကြီးမားသော ကုသိုလ် အကုသိုလ် ကံများမှတစ်ပါး များစွာသော ကုသိုလ် အကုသိုလ်
ကံတို့၏ အကျိုးပေးခွင့် ရမှု မရမှုမှာ ပယောဂ အပေါ်၌ အခြေစိုက်လျက်ရှိရကား ပယောဂ သမ္ပတ္တိ အမြဲရှိ
သူများ၌(ကံဇာတာ နိမ့်ခိုက်ပင် ဖြစ်စေကာမူ)အကုသိုလ်ကံ အခွင့်မရ၍ ကုသိုလ်ကံတွေသာ အခွင့်ရကြပေ
သည်။ပယောဂ ဝိပတ္တိရှိနေသူ၌ကား(ကံဇာတာ မြင့်နေတုန်း၌ ခွေးရူးကောင်းစား တစ်မွန်းတည့် ဆိုသလို
ကောင်းစားနေစေကာမူ) တစ်နေ့နေ့မှာ အကုသိုလ်အခွင့်သာ၍ ချုနာပါတေး ဘဝသို့ နိမ့်ကျရမည်သာ
တည်း။ဤအရာဝယ် ပယောဂဝိပတ္တိ ဖြစ်သည့်အတွက် အကုသိုလ်ကံ အခွင့်ရ၍ ပျက်စီးသူတွေကို မိမိတို့
ရပ်ရွာ အနီးအပါးမှာပင် ပုံပြင်ဝတ္ထုပမာ တွေနိုင်ပါသည်။
ကိုးကား။ ။အရှင်ဇနကာဘိဝံသ(ကိုယ်ကျင့်အဘိဓမ္မာကျမ်းမှ ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။)
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် အိန္ဒိယနိုင်ငံ)

Print Friendly and PDFPrintPrint Friendly and PDFPDF

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated