မိမိနှင့်အတူဖြစ်ကြသော စိတ်စေတသိက်များကို စေ့ဆော်ခြင်းသည် စေတနာတည်း။ ထို့ကြောင့် “စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု
ဆိုခဲ့သည်။ ထင်ရှားစေဦးအံ့ - အာရုံတစ်ခုကို စိတ်က ယူရာ၌ ဖဿက ထိုအာရုံကို
ထိ၏။ ဝေဒနာက ခံစား၏။ သညာက မှတ်၏။ ဤသို့ စသည်ဖြင့် နောက်၌ပြမည့် ဧကဂ္ဂတာ၊
ဇီဝိတိနြေ္ဒ၊ မနသိကာရတို့လည်း ဆိုင်ရာ တာဝန်ကို ရွက်ဆောင်လျက် စိတ်နှင့်
တစ်ပြိုင်နက်ဖြစ်ကြသည်။ လောဘ၊ ဒေါသ စသော မကောင်းတရား၊ သဒ္ဓါ၊ သတိစသော
ကောင်းသော တရားများလည်း စိတ်ကအာရုံယူရာတွင် ပါဝင်ကြသည်။
ထိုသို့ ဆိုင်ရာယှဉ်ဖက် စေတသိက်များနှင့်အတူ
စိတ် အာရုံကိုယူရာ၌ မည်သည့် စေတသိက်မျှ နောက်ချန်၍ မနေရစ်ရ၊ မည်သည့်
စေတသိက်မျှလည်း မိမိ တာဝန်ကို မလစ်လပ်စေရ။ အားလုံးစေတသိက်မျှလည်း မိမိ
တာဝန်ကို မလစ်လပ်စေရ။ အားလုံးစေတသိက်များသည် စိတ်နှင့်အတူ အာရုံကို
စေ့စေ့စပ်စပ် ကပ်နေသလိုဖြစ်အောင် ယူကြရ၏။ ထိုသို့ အာရုံနှင့်
စိတ်စေတသိက်တို့ စေ့စပ်မိအောင် နိုးဆော်သော တရားကား အခြားမဟုတ်၊
ဤစေတနာပင်တည်း။ ထို့ကြောင့် “ စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။