တည်ငြိမ်ခြင်း ငြိမ်သက်ခြင်း သဘောသည် ဧကဂ္ဂတာတည်း။ ထို့ကြောင့် “ဧကဂ္ဂတ္တာ၊ တည်ငြိမ်စွာသား”ဟု ဆိုခဲ့သည်။ ဤ ဧကဂ္ဂတာကို “သမာဓိ”
ဟုလည်း ခေါ်ကြသည်။ ဧကဂ္ဂတာခေါ်သော သမာဓိ၏ အစွမ်းကြောင့် စိတ်သည် အာရုံကို
ယူသောအခါ အာရုံတစ်ခု၌ အတော်ကြာအောင် ထပ်ကာထပ်ကာ ယူနိုင်၏။ ထို့ကြောင့်
ဤသမာဓိကို လေငြိမ်ရာ၌ ထွန်းထားသော မီးတောက်၏ ငြိမ်သက်နေပုံကဲ့သို့
အာရုံတစ်ခု၌ တည်တံ့သော (တည်ကြည်သော) ငြိမ်သက်သော တရားဟု ဆိုရပေသည်။
ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုကို ယူနေရာ၌ ထိုအာရုံတစ်ခုအပေါ်မှာ ကြာရှည်စွာ ထပ်၍ထပ်၍ အာရုံပြုနိုင်လျှင် “သမာဓိရပြီး၊ သမာဓိဓာတ်ခံအားကောင်းလာပြီ”ဟု
ပြောစမှတ်ပြုကြ၏။ ထိုသမာဓိ ဓာတ်ခံအားကောင်းသူသည် အနေအထိုင် တည်ကြည်၏။
အပြောအဆိုလည်း တည်ကြည်၏။ သွားလာရာ၌လည်း ဣနြေ္ဒရ၏။ ပေါင်းသင်းဆက်ဆံရာ၌လည်း
တည့်မတ်၏။ သို့ရာတွင် စွဲမိစွဲရာ အာရုံကိုကား စွဲလမ်းတတ်လေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment