@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday, 10 June 2014

အနာဂတ်သာသနာရေး အပိုင်း(၇၃) သန္ဓေအသစ်တည်ပုံ


သန္ဓေအသစ်တည်ပုံ
ပြခဲ့သောနည်းဖြင့် ရှေးဘ၀ စုတေခါနီး၌ ကံဖြစ်စေ, ကမ္မနိမိတ်ဖြစ်စေ, ဂတိနိမိတ်ဖြစ်စေ ထင်လာပြီး၍ စုတေစိတ်(တစ်ဘ၀အတွက် နောက်ဆုံးစိတ်) ဖြစ်ပြီးသည်နှင့် တစ်ဆက်တည်းပင် ယခုဘ၀၌ ၀ိညာဉ်အသစ်သည် ရှေးသင်္ခါရကံကြောင့် အသစ်ဖြစ်ရတော့၏၊ ထိုသို့ ကံကြောင့် အသစ်ဖြစ်ရသော ၀ိညာဉ်ကို “ပဋိသန္ဓေစိတ်”ဟု ခေါ်၏။
[ဘ၀ဟောင်း၌ နောက်ဆုံး စုတေစိတ် ဖြစ်ပြီးသောအခါ နောက်ထပ် အဆက်အစပ် မရှိလျှင် ထိုသတ္တ၀ါသည် ပြတ်စဲရချေတော့မည်၊ ထိုသို့ မပြတ်စဲရအောင် နောက်ထပ် ဆက်စပ်သောစိတ်ဟု ဆိုလိုသည်၊ ပဋိ-တစ်ဖန် (ထပ်၍) + သန္ဓိ-ဆက်စပ်သောစိတ်၊ ထိုပဋိသန္ဓေစိတ် ဖြစ်ခြင်းကို “သန္ဓေတည်ခြင်း”ဟု ခေါ်စမှတ် ပြုကြသည်။]
          ဆက်ဦးအံ့…“ရှေးကံ (သင်္ခါရ)”ဟူရာ၌ “ရှေး”ဟူရာဝယ် ရှေးလွန်လေပြီးသော တစ်ဘ၀မျှကို မဆိုလို၊ ရှေးဘ၀ပေါင်းများစွာက ပြုခဲ့ဖူး၍ အကျိုးပေးခွင့် မရသဖြင့် ထိုသူ့သန္တာန်ဝယ် သတ္တိဓာတ်ခံ အနေအားဖြင့် တည်လျက်ရှိသော ကံအားလုံးတွင် အခွင့်သင့်ရာ ကံသင်္ခါရတစ်ခုခုကြောင့် ယခုဘ၀၌ ပဋိသန္ဓေ၀ိညာဉ်သစ် ဖြစ်ရသည်ဟု ဆိုလိုသည်။

အနာဂတ်သာသနာရေး အပိုင်း(၇၂) ဂတိနိမိတ်ထင်ပုံ



ဂတိနိမိတ်ထင်ပုံ        
ကံအားလျော်စွာ ရောက်ရမည့် နောက်ဘ၀ကို “ဂတိ”ဟု ခေါ်၏၊ ထိုဂတိ၌ တွေ့ကြုံရမည့် အာရုံနိမိတ်ကို “ဂတိနိမိတ်”ဟုခေါ်သည်၊ သတ္တ၀ါတို့ ရောက်ရမည့် နောက်ဘ၀ ဂတိသည်
၁။ ဒေ၀ဂတိ-နတ်ဗြဟ္မာဘ၀,
၂။ မနုဿ ဂတိ-လူ့ဘ၀,
၃။ နိရယဂတိ-ငရဲသားဘ၀,
၎။ ပေတဂတိ-ပြိတ္တာ ဘ၀ (တစ္ဆေ, မှင်စာ, အစိမ်း, သရဲ, သဘက်, ဘီလူး, အသုရကာယ် ခေါ် ပြိတ္တာအကြီးစားများသည် ဤ ပေတဂတိ၌ ပါဝင်ကြသည်၊)
၅။ တိရစ္ဆာနဂတိ - တိရစ္ဆာန်ဘ၀ (အခြေ လေးချောင်းရှိသော သားကောင်များ, အခြေနှစ်ချောင်းရှိသော ငှက်များ, အခြေမရှိသော မြွေ စသည်နှင့် ငါး လိပ်စသော ရေသတ္တ၀ါတို့ ပါဝင်ကြ၏၊ ဤသို့ ငါးမျိုးရှိသည်။

          နတ်ဘ၀ ရောက်ရမည့်သူ၌ ဘုံဗိမာန် ဥယျာဉ် ရေကန် နတ်သမီး နတ်သားစသည် ထင်လာ၏၊ လူ့ပြည်ရောက်မည့်သူ၌ အမိဝမ်းရေ ထင်လာ၏၊ တိရစ္ဆာန်ဖြစ်မည့်သူ၌လည်း တိရစ္ဆာန် အမိ၏ ၀မ်းရေ ထင်လာဖွယ်ရှိ၏၊ ငရဲရောက်ရမည့်သူ၌ ငရဲမီး စသည် ထင်လာ၏၊ ပြိတ္တာဖြစ်မည့်သူ၌ မိမိတို့ ဖြစ်ရမည့် တော တောင် စသောအရပ် ထင်လာ၏၊

ဖူးမြော်ကြပါကုန် မဟာမုနိဘုရားကြီးသမိုင်း ပုံတော်စုံ ( ဦးမောင်မောင်တင်)


ဒီတစ်ခါတော့ ဘလော့ဂ်မိတ်ဆွေများအတွက် မဟာမုနိသမိုင်းလင်္ကာလေးကို မျှဝေပေးလိုပါတယ်။ မဟာမုနိ ရုပ်ရှင်တော်ကား ကမ္ဘာကလေးစားရသော သမိုင်းဝင် ရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ မန္တလေးမြို့၏ ကျက်သရေဆောင် အဓိကရ ထင်ရှားသော ဘုရားတစ်ဆူလည်း ဖြစ်သည်။ မန္တလေးသို့ ရောက်သူတိုင်း မဟာမုနိ သို့ မရောက်လျှင် မန္တလေးသို့ ရောက်သည်ဟုပင် မဆိုထိုက်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် များသာမက မန္တလေးသို့ ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင်လျှင် မဟာမုနိ ဘုရားရှင်တော် စံတော်မူရာ ဂန္ဓ ကုဋိကျောင်းတော်သို့ သွားရောက်၍ ဦးခိုက်ပူဇော်ခြင်း လှူဒါန်းခြင်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ကြသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated