@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။
Monday 31 August 2015
အစွမ်းထက်ဆုံးအဆင့် မေတ္တာဈာန်။
        မေတ္တာပို့တဲ့အခါမှာ  “ ပိယပုဂ္ဂလ ” ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးရပါမယ်။
ရွေးပြီးနောက်  “ ကျန်းမာပါစေလို့ပဲ  ပြောပြော၊  ချမ်းသာပါစေလို့ပဲ ပြောပြော၊   အရာခပ်သိမ်း
အဆင်ပြေပါစေလို့ပဲ ပြောပြော ”   ဘာပဲပြောပြော ကိုယ်ကြိုက်တဲ့ တစ်ခုခုကို      ပြောလို့ ရပါ
တယ်။ မေတ္တာပို့မယ့် ပုဂ္ဂိုလ်ကို ရွေးပြီးတဲ့အခါ ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးမှာ   ထို
ပုဂ္ဂိုလ်ရဲ့မျက်နှာ စိတ်ထဲမှာ ပေါ်လာအောင် ပုံဖေါ်လိုက်ပါ။ ပုံဖေါ်လို့ မရဘူးဆိုလို့ရှိရင် သူ့ရဲ့ဓာတ်
ပုံလေးတစ်ခု ကိုယ့်ရှေ့မှာ ထားပြီးတော့ ပုံဖေါ်လိုက်ပါ။ သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာ ကြည်နူးနေတဲ့
မျက်နှာလေးကို ကြည့်ပြီးတော့ “ အစဉ်ထာဝရ ပြုံးနိုင်ပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊   ရွှင်
လန်းပါစေ ” ဆိုပြီး အဲဒီစိတ်ကလေး ထပ်တလဲလဲ ဖြစ်နေအောင် မေတ္တာထပ်ကျော့နေရပါတယ်။
တစ်နာရီလုပ်ရင် တစ်နာရီလုံး ထပ်ကျော့နေရပါတယ်။ (ပွတ်ပေး) မေတ္တာပို့နေရပါတယ်၊ အဲဒါကို
လေ့ကျင့်နေတယ်လို့ ခေါ်ပါတယ်။
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့။
လက်ထက်တော်အခါက ရဟန်းတော်ငါးရာတို့ မြတ်စွာဘုရားထံမှ ကမ္မဌာန်းတရားကို ယူဆောင်
၍ တောအုပ်တစ်ခုတွင် ၀ါဆိုဝါကပ်တော်မူကြပါတယ်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့်
နေရာဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုးခြောက်လှန့်ကြသောကြောင့် တရားကိုဖြောင့်
အောင် နှလုံးမသွင်းနိုင်ဘဲ စိတ်ဓာတ်တွေခြောက်ခြားပြီး ၀ါတွင်းကာလမှာပင် မြတ်စွာဘုရားရှိရာ
သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်သွားကြပါတယ်။
         မြတ်စွာဘုရားက မေတ္တာလက်နက်ကို ယူဆောင်ပြီး တောအုပ်သို့ ပြန်သွားကြရန် တိုက်
တွန်းပြီး မေတ္တာသုတ်ဒေသနာကို ဟောကြားပေးလိုက်ပါတယ်။ ရဟန်းတော်တို့၏ မေတ္တာဓာတ်
ကြောင့် နတ်များက ချစ်လာကြပြီး အေးချမ်းစွာ နေတော်မူကြရပါတယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။
Gold price estimated