လောကသားအားလုံး၏ အနှိုင်းမဲ့ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် ဘုန်းတော်
အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူပါတယ်။ ဘုရားရှင်၏ ဂုဏ်ကျေးဇူး
တော်များကို အောက်မေ့နှလုံးသွင်းနေစဉ်၊ ဘုရားရှင်ကို သတိရနေစဉ်တွင် အတွင်းသန္တာန်၌ အ
ပူအညစ်များ ကင်းဝေးဖြူစင် နေပါတယ်။ ဘုရားရှင်ကို သတိရနေသောစိတ်က မကောင်းသော
အကုသိုလ်များ မပြုမိအောင် တားဆီးနိုင်စွမ်း ရှိပါတယ်။
တစ်ခါတုန်းက ဘုရားအလောင်းတော်ဟာ တိလောက၀ိဇယမင်းကြီး ဖြစ်ခဲ့ဖူးပါတယ်။ တိ
လောက၀ိဇယမင်းကြီးဟာ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ ပုံဖေါ်ပြီး ရှိခိုးပါတယ်
နောက်... ဝေဇယန္တာဆိုတဲ့ အထပ်ပေါင်း များစွာရှိတဲ့ ကျောင်းတော်ကြီးကို စိတ်ကူးနဲ့ ဆောက်
လိုက်ပါတယ်။ ကျောင်းဆောင်ကြီးထဲမှာ မြတ်စွာဘုရားထိုင်ဖို့ ရွှေပလ္လင်၊ သံဃာတော်တွေထိုင်ဖို့
အခင်းတွေ၊ သောက်သုံးဖို့ ရေအိုးတွေ၊ နေဖို့ အခန်းတွေ စသည်ဖြင့် ကျောင်းတစ်ခုမှာ လိုအပ်
တာတွေ အကုန် ပုံဖေါ်လိုက်ပါတယ်။