@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 25 May 2015

သားသမီးသုံးမျိုး

အတိဇာတံ အနုဇာတိ၊ ပုတ္တမိစ္ဆန္တိ ပဏ္ဍိတာ။
အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော
မြတ်စွာဘုရား ဟောတော်မူတယ်။

- အတိဇာတ သားသမီးတစ်မျိုး
- အနုဇာတ သားသမီးတစ်မျိုး
- အဝဇာတ သားသမီးတစ်မျိုး ဆိုပြီး
သုံးမျိုးဟောတော်မူခဲ့ပါတယ်



(၁) "အတိဇာတသားသမီး"
မိဘများရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိပြီးစွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့စောင့်ရှောက်တတ်၍
မိဘတို့ထက် အကျင့်သီလ အာစာရဂုဏ် လိမ္မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အတိဇာတသားသမီးလို့ ခေါ်ပါတယ်။အလွန်မြင့်မြတ်တဲ့ သားသမီးမျိုးပင်ဖြစ်၏။ ထင်ရှားအောင်ပြောရရင် သာသနာတော်မှာ ရှင်ရဟန်းအဖြစ်ဖြင့်မိဘ၏ ကျေးဇူးတရားများကို ပေးဆပ်နေသော သားသမီးမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ

၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။



၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

အသံကိုလုပ်၍ တရားဟောရာ၌ အပြစ် ၅ ပါး။

     အသံကို ဆွဲကာငင်ကာ တမင်သာယာအောင်လုပ်၍ တရားဟောရာ၌ အပြစ် ၅- ပါးကို
ဘုရားရှင် ဟောတော်မူသည်မှာ==
၁။ မိမိအသံကို မိမိပြန်၍ သာယာသော် တဏှာဖြစ်၏။
၂။ ကြားနာသူတို့မှာလည်း ထိုကဲ့သို့ တဏှာဖြစ်၏။
၃။ လူကြီးလူကောင်းတို့က “ငါတို့သီချင်းဆိုသလို ဘုရားသားတော် အခေါ်ခံနေသော ဘုန်းကြီး
   များလည်း သီချင်းဆိုကြတာပါပဲ” ဟု စွတ်စွဲ ကဲ့ရဲ့တတ်၏။
၎။ တရားဟောရင်း အသံလုပ်လိုသော ဇောကြောင့် မိမိသမာဓိလည်း ပျက်၏။
၅။ နောင်လာနောင်သား မလိမ်တမာ ကိုယ်တော်ကလေးများကလည်း “အသံလုပ်၍ ဟောရသည်”
    ဟု အတုလိုက်တတ်ကြသည်။ ။
{ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ  
  တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated