@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Friday 14 November 2014

ဣဿာအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၈)

 
 
" ဣဿာအကြောင်း"


ငြူစူခြင်း၊ မနာလိုခြင်း သဘောတို့သည် “ဣဿာ”ပင်တည်း။
ထို့ကြောင့် “ဣဿာလျှံမူ၊ လွန်ငြူစူ၏” ဟုဆိုခဲ့သည်။ သူတစ်ပါးလှကြောင်း၊ ဥစ္စာပေါကြောင်း၊ ပညာတတ်ကြောင်း၊ အကျင့်ကောင်းကြောင်း စသော ဂုဏ်သတင်းများ ပြောပြလာလျှင် မနာလိုခြင်း (နားမထောင်လိုခြင်း) နားမထောင်လိုရုံသာမကတော့ဘဲ “ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့၊ သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့” စသည်ဖြင့် နူတ်ခမ်းစူကာ၊ ပါးစပ်ရွဲ့ကာ၊ မျက်စောင်းထိုးကာနှင့် ပြောဆိုကဲ့ရဲ့တတ်ခြင်းသည် ဣဿာသဘောချည်းတည်း။ [ကျေးရွာသားတို့ ကဲ့ရဲ့ရာ၌ကား “ဒီထန်းသီးမူတ်မျိုးတော့ ဘယ်ထန်းပင်အောက်မဆို ကောက်လို့ ရနိုင်တယ်”ဟု ဆိုလေ့ရှိ၏။]

ဥပါယာသအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၇)

ဆွေမျိုး ဂုဏ်သိန် စည်းစိမ်ဥစ္စာ စသော သမ္ပတ္တိတို့ တစ်ခုခု ပျက်စီးသည့်အခါတို့၌ ပြင်းစွာဖြစ်သော ဒေါသကို “ဥပါယာသ”ဟု ခေါ်၏။ ရိုးရိုးဒေါသဖြစ်သောအခါ စိတ်ဆိုး၏။ သတ်ဖြတ်ချင်၏။ ဤဥပါယာသဟုခေါ်သော ဒေါသဖြစ်သောအခါ၌ကား လွန်စွာ စိတ်ပူပန်၏။ ပူပန်သော စိတ်၏ အပူဓာတ်သည် နှလုံးသွေးကို အရှိန်ဟပ်သဖြင့် နှလုံးသွေးမှ ဖြာ၍ကျသော သွေးများသည် အကြောသို့လျှောက်ကာ တစ်ကိုယ်လုံး ထူပူပြီးလျှင် မေ့မြော၍ပင် သွားတတ်၏။ အပူလုံးဆို့ကာ တက်သွားတတ်သည်။

ဆွေမျိုးတစ်ယောက်ပျက်စီးရာ၌ ငိုသံထွက်လာသော ပရိဒေ၀သည် အလွန်အမင်း ပြင်းထန်လာသောအခါ မငိုနိုင်တော့ဘဲ တက်သွား၏။ ထိုထက်သွားခြင်းကား ဥပါယာသဒေါသ၏ စနက်ပင်တည်း။ ထို့ကြောင့် ဥပါယာသသည် သောကပရိဒေ၀ တို့ထက် အပူပြင်းလေသည်။ သောက၏ ပူပုံသည် ဆီချက်ရာ၌ အိုးအတွင်းမှာ ကျက်နေခြင်းနှင့် တူ၏။ ပရိဒေ၀၏ငိုသံ အပြင်သို့ လျှံပုံသည် ဆီကျက်၍ ဝေတက်လျှံလာခြင်းနှင့် တူ၏။ ဥပါယာသ၏ ပူလောင်ပုံကား ကျန်သမျှဆီတွေ ကုန်ခန်းအောင် ကျက်နေခြင်းနှင့် တူသည်။

ဒုက္ခ, ဒေါမနဿအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၆)

ကိုယ်ဆင်းရဲမူကို “ဒုက္ခ”၊ စိတ်ဆင်းရဲမူကို “ဒေါမနဿ” ဟုခေါ်၏။ အသွားအလာ၊ အလုပ်အကိုင်၊ အနေအထိုင်၊ ကျပ်တည်းကျဉ်းမြောင်းမူ၊ ရောဂါဝေဒနာဒဏ်ကို ခံစားနေရမူ၊ အရိုက်အနှက်ခံရမူ၊ တစ်စုံတစ်ခုနှင့် ထိခိုက်မူ စသည်တို့ကြောင့် ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်ခြင်းသည် ဒုက္ခချည်းတည်း။ ယခုလောက၌လည်း ကိုယ်ခန္ဓာ နာကျင်လျှင် “အလိုလေး-ဒုက္ခ ဒုက္ခ”ဟု ညည်းညူကြလေသည်။ ထိုသို့ ခန္ဓာကိုယ် ဆိုင်းရဲသော်လည်း ပါရမီဖြည့်တော်မူရာ၌ မဟော်သဓာ၊ ဝေဿန္တရာဘ၀ စသည်တို့ဝယ် ကိုယ်ခန္ဓာ မသက်သာဘဲ ဆင်းရဲဒုက္ခ ရောက်တော်မူခဲ့၏။ သို့သော် သတ္တ၀ါတို့၏ အကျိုးကို မျှော်ကိုးရင်း စေတနာကြောင့် စိတ်ဆင်းရဲမူ ဒေါမနဿကား မဖြစ်ခဲ့ပါ။



စိတ်ဆင်းရဲမူ၊ စိတ်မချမ်းသာမူ၊ စိတ်ညစ်မူ၊ စိတ်ပျက်မူ စသည်ဖြင့် စိတ်မှာဖြစ်နေသော ဒုက္ခစုကိုပင် “ဒေါမနဿ”ဟု ခေါ်ရလေသည်။ ဤဒေါမနဿ ဝေဒနာသည် စိတ်မှာ စွဲကပ်လာသော ရောဂါတစ်မျိုးပင် ဖြစ်၏။ ထို့ကြောင့် “သူ့အကြောင်း ကြားရတာ စိတ်ထဲမှာ နာလွန်းလို့ ငါ့အား သူ့အကြောင်း မပြောလာပါနဲ့” စသည်ဖြင့် စိတ်မချမ်းသာမူကိုပင် “စိတ်နာ”ဟု ပြောဆိုကြလေသည်။ ဤကဲ့သို့ စိတ်မချမ်းသာတိုင်း၊ စိတ်နာတိုင်းလည်း ကိုယ်ဆင်းရဲချင်မှ ဆင်းရဲမည်။ ခြွေရံပေါကြွယ် စည်းစိမ်လယ်မှာ ကိုယ်ခန္ဓာ ချမ်းမြပါလျက် ဓမ္မစကြာတရားတော်လာ “ယံ ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ = ရတာမလို၊ လိုတာမရ” ဖြစ်နေကြရသူတို့၏ ဒုက္ခလည်း ဤဒေါမနဿပင်တည်း။ ဤဒေါမနဿ၏ ဆင်းရဲပုံသည် ခန္ဓာကိုယ် ဆင်းရဲပုံထက် လွန်ကဲပြင်းပြ၏။ ရွှေဘုံပေါ်မှာ စံနေရသော်လည်း ဒေါမနဿဒဏ်ကို မခံနိုင်ကြ၍ ရွှေဘုံပေါ်မှ ဆင်းကာ တူပျော်ပျော် ယှဉ်တွဲလျက် တဲအိုထဲ၌ ကိုယ်ဆင်းရဲဒဏ်ကို ခံနိုင်ကြလေသည်။

သောကအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၅)


ဝမ်းနည်းမူကို “သောက”ဟုခေါ်သည်။ နောက်၌ ပြမည့် ဒေါမနဿ ဝေဒနာ စေတသိက်ကိုပင် ၀မ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာ ဖြစ်ရာ၌ “သောက”ဟုခေါ်လေသည်။ ဤသောကဖြစ်တိုင်း ဒေါသလည်း ပါနေသောကြောင့် ဒေါသနှင့်စပ်၍ သောကအကြောင်းကိုလည်း သိသင့်သည်။ သောက၏ ၀မ်းနည်းမူသည် ယခု လူတို့၌ များပြားလှချေ၏။ မိမိနှင့် ချစ်ခင်နေသော ဆွေမျိုးစသည်တို့ ပျက်စီး၍ ၀မ်းနည်းရခြင်း၊ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရူံး၍ ၀မ်းနည်းရခြင်း၊ မိမိအကျိုးကို လိုလားသော မိတ်ဆွေများ၌ ဥစ္စာစည်းစိမ်ပျက်၍ ၀မ်းနည်းရခြင်းများသည် သောကချည်းတည်း။


ဒေါမနဿ တစ်မျိုး
“သောက”ဟု ထင်မှားနေသော ဒေါမနဿ တစ်မျိုးလည်း ရှိသေး၏။ ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း၊ အရပ်တစ်ပါးသွားသောအခါ ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်း၊ ကလေးသူငယ် လူမမယ်အတွက် အရာရာမှာ စိုးရိမ်ခြင်း ဤသို့ စသည်ဖြင့် စိုးရိမ်ကြောင့်ကြမူများရုံတွင်မက “ငါမရှိလျှင် သူတို့တော့ ခက်ရစ်တော့မှာပဲ”ဟု နောက်ဆက်တွဲ စိုးရိမ်မူတို့မှာ သောကမဟုတ်၊ ရိုးရိုး ဒေါမနဿသာတည်း။

ပရိဒေဝအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၄)


 

ငိုကြွေးမူကို “ပရိဒေ၀”ဟုခေါ်၏။ ဤပရိဒေ၀ဟူသည် “ငိုသံ”ပင်ဖြစ်၏။ သို့သော် ထိုငိုသံ ဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာ ဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်ထားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မူကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မူကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ ခေါ် ငိုကြွေးသော အသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။ ငိုကြွေးလို့ အကျိုးရှိရဲ့လား

မက္ခအကြောင်း နှင့် ပဠာသအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၃)


ဒေါသနှင့်စပ်၍ အများဖြစ်သော မက္ခ-ပဠာသ-သောက-ပရိဒေ၀-ဒုက္ခ-ဒေါမနဿ-ဥပါယာသ တို့သဘောကိုလည်း မှတ်သင့်ပါသည်။ ထိုတွင် “မက္ခ”ဟူသည် သူ့ကျေးဇူးကို ချေဖျက်တတ်၊ ကျေးဇူးကန်းတတ်သော ဒေါသမျိုးတည်း။ ငယ်ရွယ်စဉ်ကပင် မိဘကျေးဇူး၊ ဆရာသမားကျေးဇူး၊ မိတ်ဆွေကောင်းကျေးဇူး စသည်ဖြင့် သူတစ်ပါးတို့က ပြုထားသော ကျေးဇူးတွေ ရှိတတ်ပေသည်။ ထိုကျေးဇူးများကို ကျေးဇူးဟုမထင်၊ ကျေးဇူးလည်း မတင်နိုင်ဘဲ “ငါ့မှာ သူကျေးဇူးဘာရှိလို့လဲ”ဟု ချေဖျက်တတ်၊ ကျေးဇူးကန်းတတ်ကြလေသည်။


အချို့ကား ကျေးဇူးကန်းရုံတွင်သာမက၊ သားရေပေါ်အိပ်ပြီး သာရေနားစားကာ ကျေးဇူးရှင်ကိုပင် ကျေးစွပ်တတ်ကြသေးသည်။ ထိုသူမျိုးကို “မိတ္တာဒုဗ္ဘိ=မိတ်ဆွေပြစ်မှားသူ-လူယုတ်မာ”ဟု များစွာ အပြစ်ဆိုလေသည်။ “သူတစ်ပါးကျေးဇူး” ဟူသည်မှာ ကြွေးတင်သလို တင်နေသော အရာတစ်မျိုးတည်း။ ထိုကျေးဇူးကို အတုံ့ပြန်၍ မဆပ်နိုင်သည့်အတွက် မဆပ်ရသေးသော်လည်း ကျေးဇူးရှင်မှန်းကို အသိအမှန်ပြုကာ ကျေးဇူးတင်မိစေရမည်။ ဆပ်နိုင်သည့်နေ့ ဆပ်ခွင့်ကြုံသည့် နေ့၌ကား မြိန်မြိန်ရှက်ရှက်နှင့် နှစ်သက်ကျေနပ်စွာ ပြန်၍ ဆပ်ကြရမည်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated