@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday, 11 August 2015

ကြေးစားကုသိုလ်။

            ဗုဒ္ဓဘာသာဝင် မြန်မာအများစုသည် အလှူဒါန၌ မွေ့လျော်ကြပါတယ်။ ကုသိုလ်ကံ၏
ကောင်းကျိုးပေးမှုနှင့် အကုသိုလ်ကံ၏ မကောင်းကျိုးပေးမှုကို ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ
ဘာသာတွေထဲမှာကို အတော်လေးခရီးရောက်နေပြီလို့ ထင်ရတဲ့ ပုဂ္ဂိုလ်များကိုယ်တိုင် ကံ၊ ကံ၏
အကျိုးနဲ့ ပတ်သက်လို့ ယုံကြည်တာနဲ့ မျှော်လင့်တောင်းတတာကို မကွဲပြားကြပါ။ လုံးထွေးနေ

တတ်ကြပါတယ်။ မြတ်စွာဘုရားက ယုံကြည်တဲ့ သဒ္ဓါတရား ဖြစ်ဖို့သာ တိုက်တွန်းခဲ့ပြီး မျှော်လင့်
တောင့်တတဲ့(လောဘ) ဖြစ်ဖို့ တိုက်တွန်းခဲ့တာ မဟုတ်ပါ။ လိုချင်တဲ့ လောဘ ခြံရံနေတဲ့တိဟိတ်
ဥက္ကဌကံလည်း မဖြစ်တော့ပါ။
           ကောင်းမှုကုသိုလ်ပြုရာ၌ တန်ရာတန်ရာ ကောင်းကျိုးကို ရကြစမြဲပါ။ စည်းစိမ်ဥစ္စာတွေ
ဆိုတာ စိန်၊ရွှေ၊ရတနာ တန်ဘိုးကြီးပစ္စည်းတွေလို့ ဘယ်လိုပဲ အမွှမ်းတင်နေတင်နေ ရုပ်ဝတ္ထုမှန်သ
မျှကို “အဟေတု= အဟိတ်တရား” လို့ခေါ်ပါတယ်။ အဟိတ်တရားဆိုတာ ပဌာန်းဒေသနာနည်းအ
ရ ရေသောက်မြစ် မပါတဲ့ ပစ္စည်းမျိုး ဖြစ်ပါတယ်။ သဘောကတော့ ကိုင်းချိုးပြီး ထိုးထားတဲ့ ပန်း
ပွင့်မျိုးလိုပါ။ မညှိုးခင် အလှကြည့်လို့ ရပါတယ်။ မျိုးဆက်ဖြစ်အောင် အသီးကိုတော့ မဖြစ်စေနိုင်
ပါ။ ပစ္စည်းဥစ္စာ ဆိုတာလည်း ပစ္စည်းနဲ့လူ တစ်ခုခုက ခွဲခွာမသွားသေးခင်ဘဲ အသုံးပြုလို့ ရပါမယ်။
ကံပါရမီ မျိုးဆက် မဖြစ်နိုင်ပါ။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated