@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Tuesday 11 August 2015

ကြေးစားကုသိုလ်။

            ဗုဒ္ဓဘာသာဝင် မြန်မာအများစုသည် အလှူဒါန၌ မွေ့လျော်ကြပါတယ်။ ကုသိုလ်ကံ၏
ကောင်းကျိုးပေးမှုနှင့် အကုသိုလ်ကံ၏ မကောင်းကျိုးပေးမှုကို ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ
ဘာသာတွေထဲမှာကို အတော်လေးခရီးရောက်နေပြီလို့ ထင်ရတဲ့ ပုဂ္ဂိုလ်များကိုယ်တိုင် ကံ၊ ကံ၏
အကျိုးနဲ့ ပတ်သက်လို့ ယုံကြည်တာနဲ့ မျှော်လင့်တောင်းတတာကို မကွဲပြားကြပါ။ လုံးထွေးနေ

တတ်ကြပါတယ်။ မြတ်စွာဘုရားက ယုံကြည်တဲ့ သဒ္ဓါတရား ဖြစ်ဖို့သာ တိုက်တွန်းခဲ့ပြီး မျှော်လင့်
တောင့်တတဲ့(လောဘ) ဖြစ်ဖို့ တိုက်တွန်းခဲ့တာ မဟုတ်ပါ။ လိုချင်တဲ့ လောဘ ခြံရံနေတဲ့တိဟိတ်
ဥက္ကဌကံလည်း မဖြစ်တော့ပါ။
           ကောင်းမှုကုသိုလ်ပြုရာ၌ တန်ရာတန်ရာ ကောင်းကျိုးကို ရကြစမြဲပါ။ စည်းစိမ်ဥစ္စာတွေ
ဆိုတာ စိန်၊ရွှေ၊ရတနာ တန်ဘိုးကြီးပစ္စည်းတွေလို့ ဘယ်လိုပဲ အမွှမ်းတင်နေတင်နေ ရုပ်ဝတ္ထုမှန်သ
မျှကို “အဟေတု= အဟိတ်တရား” လို့ခေါ်ပါတယ်။ အဟိတ်တရားဆိုတာ ပဌာန်းဒေသနာနည်းအ
ရ ရေသောက်မြစ် မပါတဲ့ ပစ္စည်းမျိုး ဖြစ်ပါတယ်။ သဘောကတော့ ကိုင်းချိုးပြီး ထိုးထားတဲ့ ပန်း
ပွင့်မျိုးလိုပါ။ မညှိုးခင် အလှကြည့်လို့ ရပါတယ်။ မျိုးဆက်ဖြစ်အောင် အသီးကိုတော့ မဖြစ်စေနိုင်
ပါ။ ပစ္စည်းဥစ္စာ ဆိုတာလည်း ပစ္စည်းနဲ့လူ တစ်ခုခုက ခွဲခွာမသွားသေးခင်ဘဲ အသုံးပြုလို့ ရပါမယ်။
ကံပါရမီ မျိုးဆက် မဖြစ်နိုင်ပါ။
          တောင့်တတဲ့ လောဘ အကုသိုလ် အခြံအရံကင်းတဲ့ ကုသိုလ်မျိုးက တိဟိတ်ဥက္ကဌဖြစ်လို့
အပြင်အပ ပစ္စည်းဝတ္ထုကျိုးကိုသာမကဘူး တိဟိတ်ပဋိသန္ဓေလို့ခေါ်တဲ့  ဉာဏ်မျိုးစေ့ပါတဲ့ ဘ၀ကို
ဖြစ်စေတတ်လို့ ကံပါရမီတွေ တစ်ဆင့်ထက်တစ်ဆင့် ရင့်စေနိုင်ပါတယ်။ ဈာန် မဂ်ဖိုလ်ကို ရနိုင်ပါ
တယ်။ ကွာခြားမှုကတော့ များပါတယ်။
         လောကစည်းစိမ် ချမ်းသာတွေကို တောင့်တပြုလုပ်တဲ့(၀ဋ္ဋနိဿတ) ကုသိုလ်မျိုးက  သာ
သနာပမှာလည်း အချိန်မရွေး ပြုလုပ်ခွင့် ရနိုင်ပါတယ်။ လောကုတ္တရာ နိဗ္ဗာန်ကို  ရည်မှန်းပြုလုပ်
တဲ့ (၀ိဝဋ္ဋနိဿိတ) ကုသိုလ်မျိုးဆိုတာ သာမန်ပုဂ္ဂိုလ်တွေအဖို့ အခုလို သာသနာတွင်းနဲ့ ကြုံတုန်း
ကာလတွင်သာ ပြုလုပ်ခွင့် ရှိကြတာပါ။
         စည်းစိမ်ချမ်းသာတွေကို တောင့်တပြုလုပ်တဲ့ ကုသိုလ်ဆိုတာကို “ ကြေးစားကုသိုလ် ” မျိုး
ဖြစ်ပါတယ်။ ခေတ်ကာလစကားနဲ့ နားလည်လွယ်အောင် အဓိပ္ပါယ် ပြန်ရရင် အဖိုးအခအတွက် အ
လုပ် လုပ်သူကို ကြေးစားလို့ ပြောကြပါတယ်။ အခုခေတ် ကမ္ဘာ့အားကစား လောကမှာ ကြေးစား
အားကစားသမားတွေကို ““ပရော်ဖက်ရှင်နယ်”” ဆိုပြီး လူတွေက သိပ်အထင်ကြီးကြပါတယ်။ အ
ခုလည်း ကုသိုလ်လို့ ဆိုပေမယ့် တမူ မထူးပါ။ အထင်ကြီးအောင်၊ နာမည်ကြီးအောင် လှူဒါန်းနေ
ကြတာ ရှိပါတယ်။
         သူ့ရည်မှန်းချက်က လောကီစည်းစိမ်ဆိုတဲ့ အဖိုးအခကို လိုချင်လို့ လုပ်တာပါ။ အဖိုးအခကို
တောင်းပြီး လုပ်တဲ့သူဟာ ကိုက်ညီမှ သူတောင်းတဲ့ အဖိုးအခပဲ အလွန်ဆုံးရပါမယ်။ ဒီထက်ပိုပြီး
သူဌေးက ဆုပေးသလို အပိုဆု မပေးပါ။
         ပါရမီကုသိုလ်ဆိုတာ လောကတန်ဖိုးနဲ့ ဘာမှ ကြေးမဖြတ်ထားတဲ့အတွက် ကြေးစားမဟုတ်
ပါ။ ကြေးစားမဟုတ်လေလေ ကြေးကများလေလေပါ။ ဘုရားအလောင်းတော်ကြီးက  သူပြုသမျှ
ကုသိုလ်တွေအတွက် ဘာကြေးမှ မစားခဲ့လို့ ကြေးတွေပွားလိုက်တာ  ဘုရားဖြစ်ခါနီး  နောက်ဆုံး
တစ်ဘ၀သာလိုတော့တဲ့အချိန် တုသိတာနတ်ပြည်မှာ နတ်စည်းစိမ်ကို တ၀ကြီး   ခံစားတော်မူပါ
တယ်။ အဲဒီလိုကြေးပွားတဲ့ ကုသိုလ်မျိုးမှ လောကရဲ့ အတိုင်းအတာ ပမာဏတွေကို ကျော်လွန်တဲ့
လောကုတ္တရာ မဂ်ဖိုလ် နိဗ္ဗာန်ထိ အကျိုးပေးတတ်ပါတယ်။
         တရားချစ်ခင် ဓမ္မမိတ်ဆွေတို့ကလည်း ကြေးစားကုသိုလ်မျိုး မဖြစ်ရအောင် သတိထားရ
မယ်ဆိုတာ နားလည်သဘောပေါက်ကြပြီး ကောင်းမှုကုသိုလ်ပြုရင်း မြင့်သထက် မြင့်၊ မြတ်သ
ထက်မြတ် နိုင်တဲ့ နိဗ္ဗာန်ချမ်းသာကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
  {ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း) ၏ စိန်ခေါ်ရင် တိမ်ပေါ်ရောက်ရမယ်နှင့် မထေရ်မြတ်တို့
     စကားဝိုင်း မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
 (ကဏ္ဍအသီးသီးမှ ပရော်ဖက်ရှင်နယ်များကို အဆိုးမြင်ခြင်း မဟုတ်ပါ။ တရားသဘောသဘာဝ
   ဖြင့်သာ ဖတ်ရှုကြပါ။)
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated