@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Monday 3 August 2015

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်း ဆိုတာ ၀ါတွင်း ကာလ(မိုးကာလ)၌ မိမိတို့ ကျောင်းအသီးသီးတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော် များအား လှူဒါန်းသည့် သင်္ကန်းလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ါဆိုသင်္ကန်းကို ၀ဿာဝါသိက သာဋိက လို့ ဟောထား ပါတယ်။

ပါဠိ အင်္ဂလိပ် အဘိဓာန် မှာတော့ a cloak for use in the rainy season လို့ဖွင့်ပြတယ်။ တိပိဋက ပါဠိ အဘိဓာန်က ၀ဿာဝါသိက မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက အ၀တ်(သင်္ကန်း) မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ ရှိသော ရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ဆိုပါတယ်။
ဒီနေ့ခေတ်မှာတာ့ များသောအားဖြင့် ၀ါမဆိုမီ ကာလမှာ ၀ါဆို သင်္ကန်းဆိုပြီး ကပ်လှူလေ့ ရှိတယ်။ဝါဆိုသင်္ကန်း ကပ်လှူပွဲဆိုပြီး ဘုရားဟော ကျမ်းဂန်များမှာတော့ တိုက်ရိုက် မလာပါဘူး။ ဆက်စပ် နှီးနွှယ်လို့ ယူနိုင်တဲ့ story background လေးကတော့ . . .

နမော တဿ နဲ့ ဗုဒ္ဓဘာသာ


“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ပါဠိစကားတော်ကို ဗုဒ္ဓဘာသာများ ရင်းနှီးပြီးသား၊ ရဖူးပြီးသား ဖြစ်ကြပါတယ်။ အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားရှိခိုးတိုင်း၊ ဘာသာရေး အခမ်းအနားများရှိတိုင်း ရွတ်ဆိုအသုံးပြု နေကြသလို ဘာသာရေး စာအုပ်များရဲ့ အဖွင့်စာမျက်နှာများမှာလည်း အမြဲတမ်း ရေးသားအသုံးပြုလေ့ ရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီစကားတော်ဟာ ဗုဒ္ဓဘာသာတွေအတွက် လူတိုင်းနီးပါး ရနေတဲ့ စကားတော်လို့ ဆိုခြင်းဖြစ်ပါတယ်။



♦ တိုက်ရိုက်ပြောရရင် ဒီစကားတော်ဟာ ဘုရားရှိခိုးတဲ့ ဘုရားရှိခိုးပါပဲ။ အဓိပ္ပါယ်က “ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသော တရားတော်တို့ကို မဖောက်မပြန် ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော ထိုမြတ်စွာဘုရားရှင်အား ရှိခိုးပါ၏” ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ခက်တာက တစ်ခါတစ်လေ နှုတ်တက်ရနေ၊ ရွတ်နေပေမယ့် ဒီဘုရားရှိခိုးကို ဘုရားရှိခိုးမှန်းမသိ၊ ဘာအဓိပ္ပါယ်မှန်း မသိဘဲဖြစ်နေကြတဲ့ သူတွေရှိသလို ဘာသာရေး အခမ်းအနားတွေမှာ အခမ်းအနားအဖွင့် အနေနဲ့ ရွတ်ဆိုကြတဲ့ အခမ်းအနားအဖွင့် တစ်ခုလို့ပဲ ထင်နေတတ်တဲ့သူတွေလည်း ရှိနေတဲ့အချက်ပဲ ဖြစ်ပါတယ်။
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated