@font-face { font-family:'MON3 Anonta 1'; src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf'); } body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
ဤဆိုဒ်သို့ လာရောက်လေ့လာသူများ နှင့်အတူတကွ ၃၁ ဘုံကျင်လည်ကြကုန်သော ဝေနေများစွာ သတ္တဝါအားလုံး စိတ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်ဆင်းရဲခြင်းကင်းပါစေ ကိုယ်စိတ် နှစ်ဖြစ် ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ကျေပွန်စွာရွက်ဆောင် နိုင်ပါစေ ။

Saturday, 14 June 2014

အနာဂတ်သာသနာရေး အပိုင်း(၈၃) အနာဂတ်ဘေး တစ်နည်း


၂။ အနာဂတ်ဘေး တစ်နည်း
ဘိက္ခုတို့… ယခုအခါ မဖြစ်သေးဘဲ အနာဂတ်ကာလ၌ ဖြစ်မည့် ဘေးငါးမျိုး ရှိသေး၏၊ ထိုဘေးများကို သင်တို့ သိထားနှင့်ကြ, သိထားကြပြီးလျှင် ထိုဘေးတို့ကို စွန့်ပယ်နိုင်ဖို့ရာ ကြိုးစားကြရမည်။
ဘေးငါးမျိုးဟူသည်မှာ …
၁။       အနာဂတ်ကာလ၌  ရဟန်းတို့သည်  သင်္ကန်းကောင်းကောင်း အလိုရှိကြလိမ့်မည်၊ သင်္ကန်းကောင်းကောင်းကို အလိုရှိကြ သဖြင့် ပံသုကူဓုတင် ဆောင်ကြတော့မည်မဟုတ်၊ တောကျောင်း၌လည်း နေကြတော့မည် မဟုတ်၊ ရွာ, နိဂုံး, မင်းနေပြည်များ၌ နေထိုင်ကြ၍ သင်္ကန်းကောင်းကောင်း ရဖို့ရာ အမျိုးမျိုးသော မအပ်မရာ နည်းတို့ဖြင့် ရှာမှီးကြလိမ့်မည်။
၂။       အနာဂတ်ကာလ၌    ရဟန်းတို့သည်   ဆွမ်းကောင်းကောင်း အလိုရှိကြလိမ့်မည်၊  ဆွမ်းကောင်းကောင်း  စားလိုသဖြင့် ပိဏ္ဍပါတ် ဓုတင်ကိုလည်း မဆောင်, တောကျောင်း၌လည်း မနေကြ တော့ဘဲ ရွာ, နိဂုံး, မင်းနေပြည်များ၌ နေထိုင်ကြ၍ ဆွမ်းကောင်း, ဟင်းကောင်း, မုန့်ပဲသရေစာကောင်း ရဖို့ရာ အမျိုးမျိုးသော မအပ် မရာ နည်းတို့ဖြင့် ရှာမှီးကြလိမ့်မည်။

Sayadaw U Kumara: Maha Thamaya Sutta Recitation

အနာဂတ်သာသနာရေး အပိုင်း(၈၂) အနာဂတ်ဘေးငါးမျိုး



အနာဂတဘယသုတ်တော်
၁။ အနာဂတ်ဘေးငါးမျိုး
ဘိက္ခုတို့… ဤပြလတ္တံ့သော ဘေးတို့သည် ယခု (ထို သုတ်တော်ကို ဟောတော်မူချိန်မှာ) မဖြစ်သေးဘဲ နောင်အခါ ဖြစ်ကြလိမ့်မည်၊ ထိုဘေးများကို သင်တို့ သိထားနှင့်ကြ၊ သိပြီး၍ ထိုဘေးများ မပေါ် လာအောင် ကြိုးစားကြ၊ ထိုဘေးတို့ကား…
၁။ (မိမိကိုယ်ကို ဣနြေ္ဒရရနှင့် နေတတ်အောင် ပြုပြင်သောအားဖြင့်) ခန္ဓာကိုယ်၏ တိုးတက်ကြီးပွားမှုလည်း မရှိကြသော, သီလသိက္ခာ တိုးတက်မှုလည်း မရှိကြသော, စိတ်နေစိတ်ထား သမာဓိတိုးပွားမှု လည်း မရှိကြသော, လောကုတ္တရာပညာ တိုးပွားမှုလည်း မရှိကြ သော ရဟန်းတို့သည် သူတို့ကိုယ်တိုင် ဥပဇ္ဈာယ်ဆရာကြီးလုပ်ကာ အခြားသူတို့ကို ရဟန်းပြုပေးကြလိမ့်မည်၊ ထိုသို့ အရည်အချင်း မရှိသော ဥပဇ္ဈာယ်ဆရာတို့သည် မိမိတပည့်များ ကိုယ်နေ စိတ်ထား သီလ သမာဓိ ပညာတိုးပွားအောင် ဆုံးမနိုင်ကြတော့မည် မဟုတ်၊ ထိုတပည့်များလည်း ကိုယ်နေ စိတ်ထား သီလ သမာဓိ ပညာတရား တိုးပွားခြင်း မရှိဘဲ မိမိတို့၏ လက်အောက်တပည့်များကို ရဟန်းပြု ပေးကြလိမ့်ဦးမည်၊ ဤသို့ အဆက်ဆက် တရားပျက်ခြင်းကြောင့် ၀ိနည်းပျက်ပြားခြင်းဟူသောဘေး ပေါ်လာလိမ့်မည်။
၂။       ဤ (၂)နံပါတ်၌ နိဿရည်းဆရာ လုပ်၍ တပည့်များကို နိဿရည်းပေးခြင်းသာ ထူးသည်၊ [အရပ်တစ်ပါးမှ လာနေသော တပည့်များ၏ အမှီခံဆရာကို နိဿရည်းဆရာဟု ခေါ်၏။]
၃။       ခန္ဓာကိုယ်နှင့်   သီလ သမာဓိ ပညာ တိုးပွားမှု မရှိကြသောနောက်ခေတ် ရဟန်းတို့သည် အဘိဓမ္မာတရား, ဉာဏ်ရမှုနှင့် ယှဉ်သော တရားများကို ဟောကြသောအခါ မကောင်းသော စိတ်ထားဖြင့် သူတစ်ပါးတို့ကို ပုတ်ခတ် စော်ကားခြင်း, ပစ္စည်း ရအောင် ဟောခြင်းတို့ဖြင့် စိတ်ဆိုး စိတ်ညစ်တွေ ပေါ်ပေါက်၍ တရားစစ် သဘောမှန်ကို သိကြတော့မည် မဟုတ်၊ (ဥပမာ … သင်္ဂြိုဟ်စကားပြောရင်း ငြင်းကြ ခုံကြ ကိုယ်တတ်ကြောင်းပြကြ လာဘ်ရမှုများကို လိုလားကြသဖြင့် သဘောအမှန်ကို ဝေဖန် နားလည်မှု မရှိကြတော့ဘဲ သူတို့ကိုယ်တိုင်ပင် ပစ္စည်းလိုချင်သော လောဘ, သူတစ်ပါးကို စော်ကားသော ဒေါသတွေ ဖြစ်နေတော့ သကဲ့သို့တည်း။)
ဤဆိုက်တွင်ပါရှိသော posts များသည် တခြား ဆိုက်များမှ ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
ထို posts ပိုင်ရှင် များ ကို ကြိုတင် ခ္ဂင့် မတောင်း ပဲ ကူးယူခဲ့ မိသည်ကို ခွင့်လွှတ်ပေးပါရန် အထူး တောင်းပန် ပါသည် ။

Gold price estimated